Showing posts with label အရှေ့တောင်အာရှ. Show all posts
Showing posts with label အရှေ့တောင်အာရှ. Show all posts

Sunday, December 25, 2016

နိုင်ငံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် စင်ကာပူခရီးစဉ် ဒီဇင်ဘာ-၂၀၁၆


မိတ်ဆွေအချို့ ရဲ့ စင်ကာပူခရီးစဉ် DASSK images.
ဆောင်းပါးတခု
//////////
ဒေါ်အောင်ဆန်းစုကြည် စင်ကာပူမှာ မြန်မာ ၇၀၀၀ နဲ့ တွေ့ဆုံကြပါတယ်။ ယနေ့ဟာ ဗီဇာ မလိုပဲ မြန်မာများ စင်ကာပူကို ရက်၃၀ လာရောက်နိုင်တဲ့ ပထမဆုံးနေ့ မင်္ဂလာနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့အဖွဲ့ ရောက်လာချိန် ဖြစ်ပါတယ်။
အဂတိ (ခြစားမှု) တိုက်ဖြတ်ရေး စင်ကာပူ CPIB နဲ့ အထူးတွေ့ဆုံပါတယ်။
၃ရက်ကြာ ခရီးစဉ်ဖြစ်ပါတယ်။

မြန်မာကို ရင်းနှီမြှပ်နှံသူတွေ အများစုဟာ စင်ကာပူက တဆင့် လာကြမယ်ဖြစ်ပါတယ်။
.
.
.
မြန်မာပညာရှင်များနဲ့စီမံခန့်ခွဲသူများ
ပညာတတ် မြန်မာလူငယ်အများစု စင်ကာပူမှာ အလုပ်လုပ်နေသလို မြန်မာစီးပွား မြန်မာလုပ်ငန်းရှင်အများစုက စင်ကာပူအခြေပြု အနောက်နိုင်ငံများကို သွင်း/ထုတ်ကုန် လုပ်နေကြပါတယ်။ ဂျပန်ကား/စက်ပစ္စည်း တင်သွင်းသူများ စင်ကာပူကတဆင့် တင်သွင်းသလို ပဲ ဆန် လယ်ယာထွက်ကုန် တင်ပို့ရင်လဲ စင်ကာပူကတဆင့် တင်ပို့နေတာ အားလုံးအသိပါ။ မြန်မာပြည်ကို ရင်းနှီးမြှတ်နှံမှု ဒေါ်လာ၁၅ဘီလျံ နဲ့ တရုပ် ပြီးရင် ဒုတိယအများဆုံး ဖြစ်ပါတယ်။ မြန်မာပြည်မှာ ဟိုတယ်ကြီးတွေ ရုံးအဆောက်ဦတွေမှာ အများဆုံးရင်းနှီးထားပါတယ်။ အနာဂါတ် စက်မှုနည်းပညာ မြှတ်နှံမှုတွေလည် အစပိုင်းမှာ စင်ကာပူအခြေစိုက် အနောက်နိုင်ငံ ကုမ္ပဏီများက တဆင့် လာကြမယ် ဖြစ်ပါတယ်။
အရေးကြီးဆုံး အချက်က Human Resource ဆိုတဲ့ လူသားအရင်းအမြစ်ပါ။
မြန်မာနိုင်ငံ တည်ဆောက်ရာမှာ စင်ကာပူမှာ ပညာဆည်းပူးခဲ့တဲ့ မြန်မာလူငယ်များ အရှိန်ဟုန်ကြီးစွာ ပါဝင်လာနေပါပြီ။ လူကြီးတွေကတော့ မြန်မာပြည်ပြန်လာ အခြေမချနိုင်ပေမဲ့ စကာပူမှာ ပညာဆည်းပူး အလုပ်လုပ်ကိုင်ခဲ့သူ မြန်မာလူငယ် အမြောက်အများ မြန်မာပြည်ပြန်ရောက်နေကြပါပြီ။
လက်ရှိအခြေအနေမှာ မြန်မာပညာတတ်လူငယ်များစွာ စင်ကာပူမှာ အလုပ်လုပ် ကျောင်းတက်နေဆဲဖြစ်ပြီး ဒီအုပ်စုကြီးကို မြန်မာအစိုရသစ်က အသုံးချဖို့ ဒေါ်အောင်ဆန်းစုကြည် အစိုးရက ကြိုး စား နည်းလမ်း ရှာနေမှာပါ။
ဒီတခေါက် ဒေါ်အောင်ဆန်းစုကြည် စင်ကာပူကို နိုင်ငံခေါင်းဆောင်အဖြစ် ရောက်လာတော့ ၂၀၁၃ တုန်းကထက် အများကြီး ထူးခြားပါတယ်။ ရန်ကုန်တိုင်း ဝန်ကြီချုပ် ဦးဖြိုးမင်းသိန်း စင်ကာပူခရီးစဉ်ကတော့ အကြိုခရီးဖြစ်ပါတယ်။ အခု ဒေါ်အောင်ဆန်းစုကြည် စင်ကာပူရောက်မဆိုက် ပြောသွားတဲ့အတိုင်း ''နောင်နှစ်၂၀ ဆို မြန်မာ့စီးပွားရေးက စင်ကာပူကို ကျော်သွာမယ်'' ဆိုတာ အများကြီး ဖြစ်နိုင်ပါတယ်။
.
.
.
နိဂုံး
မြန်မာပြုပြင်ပြောင်းလဲရေးမှာ အဂတိ တဟုန်ထိုးနဲပါးသွာဖို့ နဲ့ မြန်မာ့စီးပွား တဟုန်ထိုး တိုးတက်ဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့အဖွဲ့ စင်ကာပူကနေ အဖိုးတန် Human Resource များစွာ ရှိမယ်။ စင်ကာပူရောက် မြန်မာများ ညီညွတ်စွာနဲ့ မြန်မာထွက်ကုန်များကို စင်ကာပူကတဆင့် မြှင့်တင်ဖို့ မြန်မာသံရုံးကိုလည်း ကော်မရှင်နာအဆင့် မြှင့်တင်နိုင်ဖို့ မျှော်လင့်မိပါတယ်။
ဇာနီကြီး
၁-၁၂-၂၀၁၆


စင်ကာပူမှမြန်မာများက ဒေါ်အောင်ဆန်းစုကြည်အား အမှတ်တရလက်ဆောင်ပေးစဉ်။



စင်ကာပူအကြီးကဲ လီရှန်လုန်းမှ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုတပ်ဖြင့် ကြိုဆိုစဉ်။



စင်ကာပူအကြီးကဲ ဝန်ကြီးချုပ်လီရှန်လုန်းမှ ဒေါ်အောင်ဆန်းစုကြည်ကို အမှတ်တရလက်ဆောင်။
(ဒေါ်အောင်ဆန်းစုကြည်မိခင် ဒေါ်ခင်ကြည် နှင့် လီရှန်လုန်းဖခင် လီရှန်လုန်း ဓါတ်ပုံလက်ဆောင်)။


စင်ကာပူနိုင်ငံသို့ ဗီဇာမပါပဲ ရက်ပေါင်း ၃၀ အထိ နေထိုင်ခွင့်ပြုကြောင်းကြေညာချက်ထုတ်ပြန်
စင်ကာပူ လူဝင်မှုကြီးကြပ်ရေး က မြန်မာနိုင်ငံသားများကို စင်ကာပူနိုင်ငံသို့ ဗီဇာမပါပဲ ရက်ပေါင်း ၃၀ အထိ နေထိုင်ခွင့်ပြုကြောင်းကြေညာချက်တစ်စောင်ကို ယနေ့ (၂၄/၁၁/၂၀၁၆) ရက်စွဲဖြင့် ထုတ်ပြန်သည်။
ယင်းကြေညာချက်မှာ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်း (Lee Hsien Loong) မြန်မာနိုင်ငံသို့ ဇွန်လ ၇ မှ ၁၀ ရက်အထိ သွားရောက်လည်ပတ်စဉ် နိုင်ငံတော်အတိုင်ပင်ခံနှင့်နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ကို သက်သေထား၍ စင်ကာပူ နှင့် မြန်မာတို့ သံတမန်နားလည်မှု စာချွန်လွှာကို လက်မှတ်ထိုးလဲလှယ်ချက်အရ ယခုဗီဇာကင်းလွတ်ခွင့်အားခွင့်ပြုခဲ့ခြင်းဖြစ်သည်ဟု ၎င်းကြေညာချက်ထဲတွင်ပါရှိသည်။
စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာန၏ တရားဝင်သတင်းထုတ်ပြန်ချက်အရ မြန်မာနိုင်ငံသား နှစ်သိန်းကျော် ဟာ စင်ကာပူ၌ နေထိုင် အလုပ်လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။ (Xinhua)
--------------------------------------

Wednesday, December 12, 2012

အမေရိကန်များ နှစ်၂၀ကြီးစိုးခဲ့တဲ့ ဗီယက်နမ်သို့ စင်ကာပူစက်မှုဇုံသွားဖွင့်ခြင်းမှ၊ မြန်မာအတွေ့ကြုံများ

ဗီယက်နမ်သို့အလုပ်သွားလုပ်ခြင်း နှင့် ဆောင်းပါးများ ကောက်နုတ်ချက်

ဗီယက်နမ်စစ် (၁၉၅၅-၁၉၇၅) အနှစ်၂၀ ကြာအောင် အမေရိကန်တို့ အင်အားကြီးမားစွာ၊ တရုပ်ကွန်မြူနစ်ရကြီးစိုးမှုကို တွန်းလှန်ပါဝင်စွတ်ဖက်ခဲ့သော်လည်း၊ အမေရိကန်စစ်သည် ၆သောင်းကျော် သေဆုံးပြီး၊ ၃သိန်းကျော် ဒဏ်ရာရခဲ့ပါသည်။  နောက်ဆုံးတွင် အမေရိကန်တို့ ခြေကုန် လက်ပမ်း ကျပြီး အောင်မြင်စွာနဲ့ ဆုက်ခွာလာခဲ့ရသည်။ ယခုအခါ ပြုပြင်ပြောင်းလဲမှု ၁၈နှစ်ခန့် ကြာပြီဖြစ်သော ဗီယက်နမ်တွင် စင်ကာပူနိုင်ငံမှ စက်မှုဇုံသွားဖွင့်ပါသည်။ မြန်မာအင်ဂျင်နီယာအဖွဲ့ ၈လကြာ စက်ရုံတည်ဆောက်မှု ပါဝင်လုပ်ကိုင်ရင်း မိုးမခ၊ မြန်မာစင်ကာပူ အင်တာနက်များမှာ ဆောင်းပါးအချို့ဖေါ်ပြခဲ့ပါသည်။ စာမြည်းအဖြစ် တင်ပြပါသည်။

<!--more->

မော်တော်ဆိုင်ကယ်မစီးတတ်လျှင် မဖြစ်သည့် ဗီယက်နမ်နိုင်ငံ Only In Vietnam ဓါတ်ပုံများဖြင့် စတင်ပါမည်။ ယခုဓါတ်ပုံများကို သင်မြင်သောအခါ ရယ်စရာဖြစ်နေပေမည် (သို့မဟုတ်) သြော်..ဟု တမ်းတပြီး