Wednesday, September 11, 2013

တရုတ််ပြည်နှင့် မြန်မာ၊ အမေရိကန် - Reform to our Country (စီးပွားရေး)


ယခုမြန်မာပြည်ပြုပြင်ပြောင်းလဲရေးလုပ်နေသည်ကို သံသယဖြစ်နေသူများ၊ နောက်ကြောင်းပြန်သွားမည်စိုးရိမ်နေသူများ၊ ဦးသိန်းစိန်၊ဒေါ်အောင်ဆန်းစုကြည်တို့ကိုတော့ ယုံကြည်လာကြပြီဟု မျှော်လင့်ပါသည်။ ယခုဆောင်းပါးသည် စီးပွားရေးစိတ်ဝင်စားသူ လူငယ်၊လူကြီးများကို ရည်ရွယ်ပါသဖြင့် နိုင်ငံရေးစိတ်ဝင်စားသူများအတွက် ပေါ့ရွှတ်နေမည်ဖြစ်သည်။ စီးပွားနှင့်အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ၊ မြန်မာပြည်တွင်းတွင် တွင်ကျယ်နေသော ခရိုနီ၊မိုနိုပိုလီနှင့်စစ်အာဏာရှင်တဖြစ်လဲ၊ လက်ရှိစီးပွားလုပ်နေသောစစ်ခေါင်းဆောင်များအား ယှဉ်ပြိုင်ရန်နည်းလမ်းမှာ ပညာရေးနှစ်စီးပွားရေးသာဖြစ်သည်။ မြန်မာပြည်တွင်းတွင် ဝင်ရောက်မယှဉ်ပြိုင်နိုင်သော်လည်း စိတ်ပျက်စရာမလိုပါ။ ကမ္ဘာတွင်ကြီးကျယ်နေသော ဂျာမဏီ၊ဂျပန်၊အမေရိကန်နှင့်တရုတ်၊ကိုးရီးယားတို့လည်း ပြည်ပရောက်သူတို့နိုင်ငံ သားများ အားထုတ်ကြိုးပမ်းမှုသည် အရေးပါသောအခန်းကဏ္ဍတွင်ပါဝင်သည်။


ပြည်တွင်းတွင် သမ္မတဦးသိန်းစိန်အစိုးရအားထုတ်မှုနှင့်ဒေါ်အောင်ဆန်းစုကြည်ပံ့ပိုးမှုတို့ကြောင့်

၁။ မြန်မာပြည်တွင်း အမေရိကန်ဒေါ်လာများ လွတ်လပ်စွာကိုင်တွယ်၊ရောင်းဝယ်နိုင်ခြင်း

၂။ ကျပ်ငွေကို မှောင်ခိုဈေးပပျောက်သွားခြင်း၊ ငွေလဲနှုန်းတည်ငြိမ်လာခြင်း

၃။ လေဆိပ်အဝင်အထွက်များတွင် မြန်မာအချင်းချင်း ပြသနာမလုပ်တော့ခြင်း (သြော်..အမေရိကန်နိုင်ငံသားဆိုတော့ တော်တော်ကြာ ပြီပေါ့နော်…ဟူသော် နမိတ်ပြ၊ပိုက်ဆံတောင်းသည့် ဝန်ထမ်းများမရှိတော့ခြင်း)

၄။ မြန်မာ့ဆိပ်ကမ်းတွင်လည်း ကုန်အဝင်ထွက်များလွယ်ကူချောမွေ့လာခြင်း

၅။ ပြည်ပရောက်မြန်မာများအား 2012 မှစတင်ပြီးအခွန်ကောက်မှုရပ်စဲလိုက်ခြင်း (Singapore DTSG Double Tax မပေးရေးလှုပ်ရှားမှုအားမှတ်တမ်းတင်ပါသည်)။

၆။ နိုင်ငံတကာဘဏ်များ၊ ကုမဏီများ အခြေချလာခြင်း


နိုင်ငံရေးအားဖြင့်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့်အတိုက်ခံ NLD ပါတီအား လွှတ်တော်တွင်ပါဝင်ခွင့်ရစေခြင်း၊ အမေရိကန်သမ္မတအိုဘားမားနှင့်မြန်မာသမ္မတဦးသိန်းစိန်တို့ အပြန်လှန်လည်ပတ်ပြီးစီးခြင်း၊ သမ္မတဦးသိန်းစိန်နှင့်လွှတ်တော်ဥပဒေကော်မရှင်ဥက္ကဌ ဒေါ်အောင် ဆန်းစုကြည်တို့၏ ပြည်ပခရီးစဉ်များ၊ တိုင်းရင်းသားများနှင့်ငြိမ်းချမ်းရေး၊ (ကချင်ပြည်နယ်စစ်ပွဲ၂နှစ်တာရပ်ဆိုင်းခြင်း)။ သယံဇာတကျိန် စာများ ဖြစ်သည့် ကျောက်စိမ်း၊ ပုလဲ၊ ကြေးနီ၊ရွှေနှင့်သတ္တုများ၊ လျှပ်စစ်၊ လူသားများပြည်ပထွက်လုပ်ကိုင်မှုအရေး စသည်တို့မှာ ပိုမိုကောင်းမွန်လာသည်ကိုတွေ့ရသည်။


● အမေရိကန်နိုင်ငံနှင့် မြန်မာ

မြန်မာများ စစ်အာဏာရှင်အောက်တွင် ဖိနှိပ်အုပ်ချုပ်ခံရပြီး၊ မွဲတေနေစဉ် မည်သူ့ကိုကျေးဇူးတင်ရမည်နည်းဟူသော မေးခွန်းကိုဖြေရလျှင် တရုတ်ပြည်မဟုတ်ပါ..ဟု ဖြေလိုပါသည်။ နံပါတ်(၁)မှာ ထိုင်းနိုင်ငံဖြစ်ပြီး၊ နံပါတ်(၂)မှာ မလေးရှားနိုင်ငံဖြစ်သည်။ ထို့နောက် အမေရိကန်ကို နံပါတ်(၃)သတ်မှတ်ပြီး တရုတ်ကို နံပါတ်(၄)ဟုသတ်မှတ်လိုသည်။ အဘယ့်ကြောင့်တရုတ်ကို နံပါတ်(၁) မသတ်မှတ်ရသနည်း..ဆိုသော် တရုတ်သည် မြန်မာနိုင်ငံမှ သယံဇာတများကို မတရားဈေး၊ ရေနစ်ရာဝါးကူထိုး ဆိုသကဲ့သို့ ကမ္ဘာကအဆက်ဖြတ်ခံထားရသော မြန်မာစစ်အစိုးရအား ပစ္စည်းအကြွေး ဈေးကြီးစွာရောင်းပြီး၊ အတိုးကြီးစွာငွေချေး၊ သော ချစ်တီးကုလားထက်ပင်ဆိုးဝါးသည့် စီးပွားရေးအမြတ်ထုတ်မှုများဖြစ်သည်။ အထူးသဖြင့် အလွန်ဈေးကြီးလှသော တရုတ်စစ်တပ်မှ အဟောင်းစစ်လက်နက်၊ လေယဉ်၊ရေယဉ်၊သံချပ်ကာ၊အမြောက်၊ဒုံးပျံများကို ဈေးကြီးပေးဝယ်ပြီး ပိုက်ဘောမိသွားသော မြန်မာစစ်ခေါင်းဆောင်များအတွက် အမေရိကန်ကိုချဉ်းကပ်ခြင်းရသည်။ ထိုနည်းသာ သူတို့ဆွေမျိုးဆက်အတွက်သာမက၊ နိုင်ငံအတွက်လည်း အကောင်းဆုံးဖြစ်သည်ဟု သိရှိသွားဖြင်းဖြစ်သည်။ ထိုင်းနိုင်ငံနှင့်မလေးရှားနိုင်ငံတို့သည် အလုပ်လက်မဲ၊ဆင်းရဲမွဲတေနေသော မြန်မာများ သန်းပေါင်းများစွား (ထိုင်း – ၆သန်းခန့်၊ မလေးရှား-၁သန်းခန့်) အလုပ်ပေးပြီး၊ တရားမဝင်နေထိုင်ခွင့်ပေးခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ကျေးဇူးတင်ခြင်း အဆင့်(၁)၊ အဆင့်(၂) သတ်မှတ်ပါသည်။


အမေရိကန်သည် ၂၀၀၇ သဃာအရေးအခင်းနောက်ပိုင်း ထိုင်း၊မလေးရှားရှိ မြန်မာရွှေ့ပြောင်းအလုပ်သများများကို အလွန်မြောက်များစွာ လက်ခံ၊အလုပ်ပေး၊ဘဝသစ်ထူထောင်ပေးသော နိုင်ငံဖြစ်သည်။ အမေရိကန်ငွေစက္ကူတွင် IN GOD WE TRUST ဆိုသော စကားလုံး ရေးထားသည်။ ဘုရားသခင်သည် ဆင်းရဲသားနှင့်မုဆိုးမများကို ပြုစုစောင့်ရှောက်သူအား နှစ်သက်ပါသည်။ ထိုစိတ်ထားမျိုးရှိသော အမေရိကန်အစိုးရက မြန်မာစစ်အစိုးရကို မပြောင်းလဲနိုင်သော်လည်း၊ ကုလသမဂ္ဂအကူအညီဖြင့် ဒုက္ခသည်များစွာလက်ခံပေးသဖြင့် ကျေးဇူးကြီးပါသည်။ ရန်ကုန်တက္ကသိုလ်ကို အင်္ဂလိပ်များတည်ထောင်ခဲ့သော်လည်း အမေရိကန်လူမျိုး ဆရာကြီးယုဒသန်ကို မြန်မာ့အရေး အထူးလုပ်ဆောင်မှု ဂုဏ်ပြုသောအားဖြင့် ယုဒသန်ကောလိပ်ဟု စတင်တည်ထောင်ပေးခဲ့သည်။ ဆရာကြီးယုဒသန် Mr. Judson (ဂျပ်ဆန်) ဆိုသူမှာ ၁၈၁၂တွင် မြန်မာပြည်သို့ အမေရိကန်မစ်ရှင်အဖြစ် စတင်ရောက်ရှိခဲ့သည်။ သူသည် မြန်မာ-အင်္ဂလိပ်-ပါဠိ (၃)ဘာသာ အဘိဓါတ်ကိုပြုစုခဲ့သည်။ အလွန်ပျင်းစရာကောင်းလှပြီး အချိန်ကုန်လှသော အဘိဓါတ်ပြုစုခြင်းကို ဆရာကြီးလုံးဝမ လုပ်ချင်သော်လည်း တိုက်တွန်းသူများခြင်း၊ မြန်မာလူမျိုးများအတွက် အလွန်အကျိုးရှိခြင်းတို့ကြောင့် မိမိမလုပ်ချင်သော အလုပ်ကို နှစ်ပေါင်းများစွာ အဘိဓါန်ပြုစုခြင်းဖြင့် အချိန်ကုန်ခဲ့သည်။ ဆရာယုဒသန် ဟေဗရူနှင့်ဂရိဘာသာမှ မြန်မာဘာသာပြန်သော ခရစ်ယာန်သမ္မာ ကျမ်းစာ အုပ်သည် ယခုတိုင်၊ မြန်မာစာပေလိုက်စားသူများ အင်္ဂလိပ်-မြန်မာ ဘာသာပြန်ရေးအတွက် လက်စွဲစာအုပ်ဖြစ်သည်။ အင်္ဂလိပ်-မြန်မာ ဘာသာပြန်လေ့လာလိုသူများ www.burmesebible.com/zawgyi.htm တွင်လေ့လာနိုင်သည်။ ထိုအမေရိကန်လူမျိုး မစ္စတာဂျပ်ဆမ် အား အင်္ဂလိပ်-အမေရိကန်စစ်ပွဲကြောင့် အင်္ဂလိပ်အစိုးရက မနှစ်သက်ခဲ့ပါ။ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲဖြစ်ပြီး မြန်မာတို့စစ်ရှုံး၊ မော်လမြိုင်၊တနင်္သာရီများကို ပေးအပ်ရသော စစ်ပြေငြိမ်းစာချုပ်အား မြန်မာဘုရင်က ဆရာကြီးဂျပ်ဆမ်ကို ယုံကြည်သောကြောင့် စကားပြန်အဖြစ် အသုံးပြုခဲ့သည်။ အင်္ဂလိပ်ကလည်း ဆရာကြီးဂျပ်ဆမ်ကို ယုံကြည်သည်။ ၂ဖက်စလုံးယုံကြည်သော ဆရာကြီးဂျပ်ဆပ်မှာ အံ့ဘွယ်ဖြစ်သည်။ မြန်မာပြည်သို့ ထိုစဉ်ကအလွန်းဈေးကြီးသော ဂူဒင်းဘတ်ပုံနှိပ်စက်ကို တင်သွင်းပြီး၊ မြန်မာစာအုပ်များ စတင်ရိုက်နှိပ်သူဖြစ်သည်။ အင်္ဂလိပ်နှင့်မြန်မာများကို ဂုဏ်ပြုသည့်အနေဖြင့် ပထမဆုံးမြန်မာကောလိပ် Judson College ဟု အမည်ပေးခဲ့ပြီး ယခုအခါ ရန်ကုန်တက္ကသိုလ်ဖြစ်လာသည်။ ရန်ကုန်တက္ကသိုလ်၏ Symbol အမှတ်သညှာအဖြစ် ကဗျာဆရာ၊သီချင်းဆရာများကရေးဖွဲ့ခြင်း၊ ဓါတ်ပုံမှတ်တမ်းတင်ခြင်းများတွင် ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းရှိသော အင်းယားကန်၊ ဘွဲနှင်းသဘင်ခမ်းမ၊ သစ်ပုတ်ပင်၊ ဂျပ်ဆင်ဘုရားရှိခိုးကျောင်း…တို့ဖြစ်သည်။ မြန်မာလူမျိုးပထမဆုံး ဆရာဝန်၊ အင်ဂျင်နီယာကြီးများသည် အမေရိကန်နိုင်ငံတွင် ပညာသင်ကြားခဲ့သူများဖြစ်သည်။ ကချင်လူမျိုးများအတွက် ကချင်စာပေကို တီထွင်ပြီး၊ အဘိဓါန်ရေးသားခဲ့သူ အိုလာဟယ်ဆင် ဆိုသူမှာလဲ အမေရိကန်နိုင်ငံသားဖြစ်ပြီး၊ သူ့အုတ်ဂူမှာ အမေရိကန်၊အိုမဟာမြို့တွင်ရှိရာ အမေရိကန်ရောက်မြန်မာနိုင်ငံသား၊ ကချင်လူမျိုးများစွာ အိုမဟာမြို့တွင် နှစ်စဉ်တွေ့ဆုံအမှတ်တရပွဲများလုပ်နေဆဲဖြစ်သည်။


ယခုတွင်အမေရိကန်သည် မြန်မာများနှင့်ဘယ်မျှအဆက်စပ်ရှိနေပါသနည်း…။ ရန်ကုန်စက်မှုတက္ကသိုလ် ပါမေက္ခဟောင်းဆရာကြီး တစ်ပါးက ပြောသည်မှာ၊ အင်ဂျင်နီယာ၊ဆရာဝန်များ ပြည်ပထွက်လာကြရာတွင် အရမ်းတော်သူများမှာ အမေရိကန်သို့ရောက်ရှိလာကြပြီး၊ အလုပ်ကောင်း၊ လစာကောင်းများရရှိနေကြသည်။ အတင့်တင့်တော်သူများမှာ စင်ကာပူတွင်လုပ်ကိုင်နေကြသည်။ တော်ပေမဲ့ ကြောက်ရွံစိုးရိမ်တတ်သူ၊ မစွန့်စားချင်သူများမှာ မြန်မာပြည်တွင်ကျန်ရစ်သည်…ဟုဆိုသည်။ ပညာတတ်များ၏ သားသမီးများသာမက စစ်အာဏာရှင်များ၏ သားသမီးများပါ အမေရိကန်သို့ ပညာသင်သွားနေကြဆဲဖြစ်ပါသည်။ ပညာရေး၊ စစ်ရေး၊ စီးပွားရေးတွင် အမေရိကန်သည် နောင်အနှစ်၅၀အထိ တရုတ်ပြည်က မကျော်နီုင်သေးဟု မြန်မာအစိုးရအတိုင်ပင်ခံအဖွဲ့ အစီရင်ခံစာကြောင့် မြန်မာစစ်အစိုးရ၊ အမေရိကန်သို့ချဉ်းကပ်ခြင်းဖြစ်ပေါ်လာသည်ဟု ဆိုသည်။ မည်သို့ဖြစ်စေ အမေရိကန်အလွန်အရေးပါကြောင်း မည်သည့်မြန်မာလူမျိုးမှ မငြင်းနိုင်ပါ။


● တရုတ်ပြည်နှင့် မြန်မာ

လက်ရှိတရုတ်ပြည်ကြီးတိုးတက်နေသည်မှာ အံ့မခန်းဖြစ်သည်။ မြန်မာလူမျိုးများစွာ တရုတ်ပြည်သို့အလည်ဖြစ်စေ၊ စီးပွားရေးဖြစ်စေ၊ အစိုးရဝန်ထမ်း၊ စစ်ပစ္စည်းဝယ်ဖြစ်စေ သွားရောက်ဖူးကြသည်။ အထူးသဖြင့် တရုတ်စီးပွာရေးသည် အမေရိကန်ကိုမှီပြီး တိုးတက်သွားသည်မှာ ငြင်းမရပါ။ အမေရိကန်သမ္မတနစ်ဆင် တရုတ်ခေါင်းဆောင် (ထိုစဉ်က မော်စီတုန်း၊ ချုအင်လိုင်း) တို့နှင့်တွေ့ဆုံပြီးနောက် တရုတ်စီးပွားပေါ်လစီပြောင်းသည်။ သို့သော် သိပ်မတိုးတက်သေး။ နိုင်ငံရေးကွန်မြူနစ်များက အဟန့်အတားဖြစ်နေ သည်။ ယခုမြန်မာပြည်တွင် စစ်အာဏာရှင်ဟောင်းတစ်စုက ပြုပြင်ပြောင်းလဲမှုမှုကို နောက်ပြန်ဆွဲနေသကဲ့သို့ဖြစ်ခဲ့သည်။ သို့သော် ၁၉၈၈တွင် မြန်မာပြည် ရှစ်လေးလုံးနိုင်ငံရေးလှုပ်ရှားမှုကြီးဖြစ်ခဲ့သည်။ မအောင်မြင်ခဲ့။ ၁၉၈၉တွင် ဆိုဗီယက်ရုရှားအင်ပါယာကြီးပြိုကွဲသွားပြီးး ရုရှားနိုင်ငံသည် နိုင်ငံရေး၊ စီးပွားရေးများပြောင်းလဲသွားသည်။ ၁၉၉၀တွင် တရုတ်ပြည် ဒီမိုကရေစီလှုပ်ရှားမှုကြီးဖြစ်လာပြီးနောက် တရုတ်ခေါင်းဆောင်တိန်ရှောင်ဖိန့်က ပြုပြင်ပြောင်းလဲမှုကို အလွန်လျှင်မြန်စွာ ပြုလုပ်နိုင်ခဲ့သည်။ မြန်မာပြည်သည် ၁၉၈၈တွင် ပြုပြင်ပြောင်းလဲခွင့်ရရှိခဲ့သော်လည်း မပြောင်လဲခဲ့သဖြင့် ကမ္ဘာအဆင်းရဲဆုံးဘဝသို့ ရောက်ခဲ့သော်လည်း၊ ၁၉၉၀နောက်ပိုင်း နိုင်ငံရေး၊ စီးပွားရေးပြောင်းလဲမှုများကို အမျိုးသားစိတ်ဓါတ်ဖြင့် လုပ်ဆောင်နိုင်ခဲ့သော တရုတ်ပြည်ကြီးသည် အနှစ်၂၀အတွင်း အံ့မခန်းဖြစ်လာသည်မှာ မျက်မြင်ကိုယ်တွေ့ဖြစ်သည်။


တရုတ်အစိုးရ၏ အဓိကလုပ်ဆောင်မှုမှာ တရုတ်ခေါင်းဆောင်မိသားစုများ စီးပွားရေးမလုပ်ရေးပင်ဖြစ်သည်။ မလုပ်ရဟု မတာမြစ်ထားသော် လည်း၊ စီးပွားရေးလုပ်သူ၊ မိသားစုကြောင့် နိုင်ငံရေးခေါင်းဆောင်များ လပ်စားမှုဖြင့် သေဒဏ်ပင်ပေးခြင်းများစွာကို အနှစ်၂၀ တရုတ်တရားဥပဒေစိုးမိုးရေးတွင် တွေ့မြင်ရသည်။ ယခု၂၀၁၃တွင် ထိပ်တန်းလပ်စားမှုကြီးမှာ တရုတ်ထိပ်တန်းခေါင်းဆောင် XB ဖြစ်သည်။ တရားစီရင်နေဆဲဖြစ်သည်။ သူက သူ့မိန်းမနှင့်အမေရိကန်သို့ထွက်ပြေးသွားသော သူတို့ပြည်နယ်ရဲမင်းကြီး Police Head တို့၂ယောက် ဖေါက်ပြားနေခြင်းကို တရားရုံးတွင်ဖွင့်ဆိုသည်။ တရုတ်အစိုးရသည် လပ်ပေး၊လပ်ယူမှုများကို အပြင်ထန်အရေးယူသော်လည်း ဝိသမလောဘသများအချို့မှာ အစိုးရခေါင်းဆောင်များနှင့်ပေါင်းပြီးလုပ်စားနေဆဲဖြစ်သည်။ အထူးသဖြင့် တရုတ်အစိုးရအဖွဲ့ဝင်များသည် ပညာတတ်ဖြစ်ရန် အားပေးသည်။ ပြည်ပရောက်တရုတ်အမျိုးသားများကို PR Permanence Residence အဖြစ်လက်ခံပြီး၊ တရုတ်ပြည်တွင် အိမ်မြေဝယ်ခွင့်ပေးသည်။ တရုတ်အစိုးရ၊ ပေါ်လစ်ဗျူရိုအဆင့်အထိ ပြည်ပရောက်တရုတ်လူမျိုးများကို နေရာပေးပါသည်။ မြန်မာနိုင်ငံကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတမဖြစ်ရန်အတွက် အိမ်ထောင်ဖက်၊ သားသမီးများ အခြားနိုင်ငံသားဖြစ်နေပါက သမ္မတမလုပ်ရဟု သတ်မှတ်ထားသဖြင့်၊ ပြည်ပရောက်မြန်မာ တတ်သိပညာရှင်များ၊ မြန်မာပြည်ပြန်လာ၊ နိုင်ငံရေးလုပ်ဖို့ မလွယ်လှပါ။ စီးပွားရေး၊ ပညာရေး ပဲလုပ်ရန်ရှိသည်။


လက်ရှိတရုတ်ပြည်ကို ကြည့်ပါက တရုတ်ကုန်ပစ္စည်းများသည် အပ်၊ ခရမ်းချဉ်သီးမှအစ ဒုံးပျံ၊ ဂြိုလ်တု၊ ကွန်ပြူတာ၊ တယ်လီဖုန်း၊ နာရီ၊အကျီအဆုံး တကမ္ဘာလုံးသို့ တင်ပို့ရောင်းချနေသည်။ ဥရောပနိုင်ငံများက ဘုံးဈေး EU ဖွဲ့ပြီး၊ တရုတ်ကုန်ပစ္စည်းများစွာ ရောက်မလာရန်ကြိုးစားသည်။ အမေရိကန်အစိုးရသည် ၂၀၀၈ စီးပွားကပ်အပြီးတွင် တရုတ်ကုန်ပစ္စည်းများက ဈေးချို၊ ဒလဟောဝင်နေခြင်းကို ကာကွယ်ရန်၊ အမေရိကန်နိုင်ငံသားများအား လစာအလွန်မပေးတော့ပဲ၊ ဆေးကု၊ခံစားခွင့် Benefits များကိုလည်း လျှော့ခကာ ချွေတာစုဆောင်းစေခြင်း၊ ပြည်တွင်ကုန်ထုတ်လုပ်မှုများကို တရုတ်ပြည်ဈေးနှုန်းနှင့်ယှဉ်နိုင်အောင် တရုတ်စက်ရုံများ အမေရိကန်ပြည်သို့ ရွှေ့ပြောင်းလာစေခြင်းများ အပြင်းအထန်လုပ်ဆောင်သဖြင့် အမေရိကန်စီးပွားရေး နလံထလာသည်။ အမေရိကားသည် အလွန်အံ့သြဘွယ်ဖြစ်သည်။ အလွန်များပြားလှသော သယံဇာတများကြွယ်ဝလှပြီး၊ ကမ္ဘာထိပ်တန်း တက္ကသိုလ်ကြီးများရှိသည်။ ကမ္ဘာ့စစ်အင်အားအကြီးဆုံးဖြစ်သောကြောင့် အမေရိကားသည် စစ်စရိတ် အလွန်များပြားနေခြင်းတစ်ခုမှာ အားနည်းချက်ရှိသည်။


မည်သို့ပင်ဖြစ်စေ ..အမေရိကန်သည် မြန်မာပြုပြင်ပြောင်းလဲမှုအတွက် နံပါတ်(၁) အရေးပါသော နိုင်ငံဖြစ်သည်။ အမေရိကန်ရောက် မြန်မာလူမျိုးများတွင် တာဝန်ရှိပါသည်။


● တရုတ်၊ အမေရိကန်နှင့်စီးပွားရေးလုပ်ရန်

မြန်မာ့လက်ရှိပြုပြင်ပြောင်းလဲမှု ၂နှစ်ခွဲခရီးတာတွင် ဥပဒေစိုးမိုးရေးကို ဦးစားပေးလုပ်ဆောင်သော်လည်း၊ ထုံးစံအတိုင်း ဖွံ့ဖြိုးဆဲနိုင်ငံများ၏ တတ်သိပညာရှင်များရှားပါးမှုကြောင့်၊ အဂတိလိုက်စားမှုများဖြင့် (အိမ်မြေဈေးအလွန်ကြီးသွားဖြင်းကဲ့သို့ စီးပွားရေးပြသနာများစွာ ရှိပါသည်။ နိုင်ငံခြားရင်းနှီးမြှတ်နှံမှုများကလည်း Infra Structure ဟုခေါ်သော Audit, Insurance များကို နိုင်ငံတကာအဆင့်မလုပ်နိုင်သေး။ ၂၀၁၅နောက်ပိုင်းမှာ လုပ်မည်ဆိုသဖြင့် စာရင်းစစ်များ အာဏာလုံးဝမရှိပါ။ မိမိရင်းနှီးသော စက်ရုံပစ္စည်းများအတွက် အာမခံ Insurance စနစ်လည်းမရှိသောကြောင့် ရင်းနှီးမြှတ်နှံသူများသည် ဗဟိုအစိုးရနှင့်သာ တိုက်ရိုက်စာချုပ်လုပ်ကိုင်ကြသည်။ ဒေသအစိုးရကို လုံးဝမယုံသဖြင့် နိုင်ငံခြားရင်းနှီးမြှတ်နှံသူ ဥပမာ .. စားသောက်ကုန်စက်ရုံများ၊ လျှပ်စစ်ဓါတ်အားပေးစက်ရုံများ … အသေးစား၊ အလတ်စားစက်ရုံရင်းနှီးမှုများ မလာကြသေးပါ။ Service Industry ဝန်ဆောင်မှုလုပ်ငန်းများသာ များပြားစွာရောက်လာကြသည်။ ထိုင်းနိုင်ငံမှာ စားသောက်ကုန်လုပ်ငန်းများစွာ ဝင်ရောက်လာသဖြင့် ထိုင်းနိုင်ငံသည် ယခုအခါ တရုတ်ပြီးလျှင် ဒုတိယအကြီးဆုံးရင်းနှီးမြှတ်နှံသူ ကန်ဒေါ်လာ ၃၀ဘီလျှံ စာရင်းပေါက်နေပြီဖြစ်သည်။ စာရင်းပေါက်သော်လည်း တကယ် ငွေ၊ပစ္စည်းများ တင်သွင်း၊လုပ်ကိုင်ရန် စောင့်ကြည့်နေသူများစွာလဲရှိသည်။ Infra Structure မြင်သာသော လျှပ်စစ်၊ ရေ၊ လမ်းပမ်းဆက်သွယ်ရေး၊ အခွန်အကောက်စနစ် စသည်တို့သည် လပ်စားမှုများ၊ ကြိုးနီစနစ် (အာဏာပြမှုများ) လွမ်းမိုးနေဆဲဖြစ်ပါသည်။


နိုင်ငံခြားနှင့်မြန်မာပြည် တိုက်ရိုက်စီးပွားရေးလုပ်ပါက ငွေ၊ ပစ္စည်း ပို့ပေးရေးတွင် ယုံကြည်မှု Trust Building အလွန်အရေးကြီးပါသည်။ ၂၀၁၀ မြန်မာအလုပ်သမားများ ဂျပန်ကခေါ်မည်ဆိုသဖြင့် အလုပ်ပွဲစားကုမ္ပဏီအုပ်စုတစ်ခု ဂျပန်နိုင်ငံရောက်သွားသည်။ ဂျပန်အစိုးရနှင့်ကုမ္ပဏီများက တစ်ပတ်ကြာဆွေးနွေးပြီး၊ နောက်ဆုံးနေ့တွင် ဂျပန်အစိုးရအလုပ်သမား တာဝန်ခံက စကားတခုပြောသည်။ Sorry, I don’t want Myanmar Manpower ဟူသောစကားကို ယဉ်ကျေးစွာပြောသည်။ ခင်ဗျားတို့က မြန်မာအလုပ်သများ တော်ကြောင်း။ အမိန့်နာခံကြောင်း၊ ပညာတတ်ကြောင်းတွေချည်းပြောနေတာ ..ငါတို့မယုံဘူး။ မင်းတို့က လေပဲကျယ်နေတယ်။ ငါတို့ယုံတာ မင်းတို့နိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်တစ်ယောက်ပဲ ရှိသလိုပဲ …ဟု ပြောသွားပါသည်။ ဘာပဲဖြစ်ပါစေ..ယခုအခါ ဂျပန်များယုံသော၊ လေမကျယ်သောလူများတွင် သမ္မတဦးသိန်းစိန်လည်း ပါဝင်သွားပြီဖြစ်သည်။


● အမေရိကန်ကို မြန်မာ၊ တရုတ်တို့ယုံကြည်ခြင်း

ကျနော် စင်ကာပူမှာနေသည်။ တရုတ်ပြည်မှ ကလေးအဝတ်အစားများ၊ မိန်မအဝတ်အစားများကို ကွာလတီကောင်းကောင်း၊ ဈေးနှုန်းချိုချိုဖြင့် တရုတ်ပြည်သို့ ကိုယ်တိုင်သွားရောက်ဝယ်ယူသည်။ DHL ဖြင့် စင်ကာပူသို့ ပြန်ပို့ပြီး အမြတ်၃ဆခန့်ဖြင့် ရောင်းချသည်။ မိမိပစ္စည်း အရည်သွေးကောင်းဖို့အတွက် ထုတ်လုပ်သူ တရုတ်စက်ရုံများကို ရွေးချယ်ရပါသည်။ တရုတ်ပြည်တွင်လည်း လူလည်ကြီးများစွာရှိသည်။ အမေရိကန်လူလည်ကြီး (အဖြူကောင်)က တရုတ်ပြည်တွင် စက်ရုံထောင်ပြီး တနပ်စား၊ အရည်သွေးနှိမ့်ပစ္စည်းများကို မြန်မာလူမျိုးကဲ့သို့ ဘုမသိ၊ဘမသိ စီးပွားရေးလုပ်သူများကို လိမ်စားနေသည်။ အမေရိကန်၊ စင်ကာပူမှ လာဝယ်ပါက သိပ်မလိမ်စားရဲကြပါ။ သူတို့လည်း ရေရှည်ရပ်တည်ဖို့ အမေရိကန်၊ ဥရောပဈေးကွက်ကို မှီနေရသဖြင့် အမေရိကန်၊ ဥရောပသို့ တင်ပို့ကုန်များကို အထူးအရည်သွေးကောင်းအောင် ISO များဖြင့် စနစ်တကျလုပ်ဆောင်သည်။ စင်ကာပူမှလာဝယ်လျှင် အသင့်တင့်လေးစားသော်လည်း၊ မြန်မာပြည်မှ တိုက်ရိုက်လာသာသူများကို အချဉ်ဖမ်းချင်သည်။ ထို့ကြောင့် စင်ကာပူမှငွေပေးချေပြီး၊ စင်ကာပူသို့ တင်ပို့စေသည်။ စင်ကာပူတွင် ဖေါက်ထုတ်စစ်ဆေးပြီးမှ တခြားနိုင်ငံသို့ ထပ်မံတင်ပို့သည်။ ဤပွဲစားနည်းလမ်းဖြင့် စင်ကာပူသည် ကမ္ဘာ့နိုင်ငံများ၏ ယုံကြည်မှုရရှိပြီး နေချင်း၊ညချင်း အနှစ်၄၀အတွင် ကမ္ဘာ့ထိပ်တန်းနိုင်ငံတစ်ခုဖြစ်လာသည်။


မိတ်ဆွေ အမေရိကန်နှင့်ဥရောပ၊ ဂျပန်၊ကိုးရီးယားမှာ နေသည်။ ပစ္စည်းများ တိုက်ရိုက် မြန်မာပြည်သို့ပို့ပါက စက်ပစ္စည်းများဆိုလျှင် အခွန်လွတ်ငြိမ်းခွင့်ပေးသည်ဟု မြန်မာအစိုးရက ပစ္စည်း၅၂၇မျိုး စာရင်းကျေငြာထားသည်။ သို့သော် …. ဆိပ်ကမ်းလုပ်ထုံးလုပ်နည်းများတွင် အရိုးစွဲနေသောနည်းလမ်းများ မပျောက်နိုင်ပါ။ နောက်၅နှစ်ကြာလည်း ပျောက်ဖို့မလွယ်ပါ။ မိမိပစ္စည်း တင်ပို့၊တင်သွင်းလိုလျှင့် ပွဲစားကုမ္ပဏီတစ်ခုကို ယုံကြည်စွာအပ်နှံငှားရမ်းလိုက်ချင်းနည်းသာ အကောင်းဆုံးဖြစ်သည်။ မိမိကိုယ်တိုင် ပစ္စည်းတင်ပို့၊ တင်သွင်း လုပ်ပါက အလွန်စိတ်ညစ်စရာကောင်းသည်။ ဥပမာ ဂျပန်ကားကို US$2000 ဖြင့်ဂျပန်တွင်ဝယ်သည်။ သင်္ဘောတင်သွင်းခ US$500 ပင်မပေးရ။ ရန်ကုန်ဆိပ်ကမ်းနှင့်ကားမှတ်ပုံတင်ခြင်းအလုပ်များတွင် အခွန်နှင့်အထွေထွေစရိတ် US$5000 ကျော်ကုန်သည်။ ကားဈေးကွက်တွင် US$15,000 ဖြင့်ရောင်း၊ဝယ်နေကြသည်။ Inflation ဖေါင်းပွမှုဆိုသည်မှာ လောလောဆယ် မြန်မာပြည်တွင် အလွန်ကြီးသည်။ အိမ်မြေဈေးကြီးသွားရခြင်းမှာ ဖေါင်းပွမှုဖြစ်သည်။ ရယ်စရာရေးရလျှင့် ဖေါင်းပွအောင်လုပ်သူများ မိမိခန္တာကိုယ်လည်း ဘီယာ၊ဝက်သားများဖြင့် ဖေါင်းပွပြီး ငွေဖိစီးမှုဖြင့် စောစောသေသွားနိုင်သည်။ သတိထားရန်ဖြစ်သည်။


အမေရိကန်ရှိမိတ်ဆွေ၊ မြန်မာပြည်သို့ ဘယ်ပစ္စည်း တင်ပို့မည်နည်း၊ မြန်မာပြည်ထွက်ပစ္စည် ဘယ်ပစ္စည်းအမေရိကန်သို့ တင်သွင်းမည်နည်း။ စဉ်းစားနေသူများစွာရှိသည်။ လက်တွေ့လုပ်ဖို့ အကြံကြီးကြံနေသူ လူဦးရေများသည်။ အချို့သူများက ..ဟာ ဘလူးလေဘယ် အလုံး၂၀လောက်၊ ဒန်ဟီးဆေးလိပ်၊ ကျူးဘားဆေးပြင်းလိတ်၊ အမေရိကန်က အိုင်ဖုန်း၁၀လုံး၊ အမျိုးသမီးအိတ် ၂၀လုံး မြန်မာပြည်သယ်သွားလိုက်။ ရန်ကုန်လေဆိပ်မှာအခွန်ပေးလိုက်ပြီး ရန်ကုန်မှာကိုယ့်မိတ်ဆွေတွေကိုပဲ ပြန်ရောင်း။ အမေရိကန်ကို အပြန်မှာ ငါးဖယ်၊ လဘက်၊ ပုဇွန်၊ သီဟိုစေ့၊ တတ်နိုင်ရင်  ကျောက်စိမ်း၊ပတ္တမြား၊ပုလဲ သယ်ပြန်သွား … ပေးစရာရှိတာပေးလိုက်၊ အိုကေတယ် ..ဟုပြောဆို၊ လုပ်ကိုင်နေသူများလည်း ရှိသည်။ ဒါမျိုး တရားမဝင်လုပ်သူများကို ကျနု်ပ် အားမပေး။


မြန်မာပြည်တွင် လခစားပြန်လုပ်ဖို့ မဖြစ်နိုင်ပါ။ စင်ကာပူ၊ အမေရိကန် လစာရရန် မြန်မာနိုင်ငံသို့ ရင်းနှီးမြှတ်နှံ၊ သွားရောက်လုပ်ကိုင်နေသော ကုမ္ပဏီကြီးများထံမှ အလုပ်ရရန် ချဉ်းကပ်ခြင်း၊ Job Fare များလုပ်ခြင်းဖြင့် လစာကောင်းကောင်း အလုပ်ရနိုင်သော်လည်း၊ မြန်မာလစာငွေဖြင့် ပေးလေ့ရှိသည်။ စင်ကာပူ၊အမေရိကန်လစာဖြင့် ပေးရန် မဖြစ်နိုင်သေးပါ။ ၂၀၁၅နောက်ပိုင်းမှ ဖြစ်လာနိုင်ပါသည်။ လောလောဆယ် တနိုင်လုပ်ရန် အကောင်းဆုံးမှာ တရုတ်ပြည်မှ အမေရိကန်၊ဥရောပသို့ တင်ပို့သော ပစ္စည်းများကို ရွေးချယ်ဝယ်ယူပြီး၊ မြန်မာပြည်သို့ တင်ပို့ရောင်းချသည့် တစ်နိုင်တစ်ပိုင် လုပ်ငန်း၊ ဒေါ်လာ ရာဂဏန်း၊ ထောင်ဂဏန်းမျှသာ ရင်းနှီးလုပ်ကိုင်၊ စမ်းသပ်ရန်ဖြစ်သည်။ ထိုအလုပ်ကို မြန်မာပြည်တွင်းမှ စီးပွားရေးလုပ်ငန်းရှင်များ မလုပ်နိုင်ကြပါ။ နိုင်ငံခြားအတွေ့အကြုံရှိသော ဦးတေဇ၊ ဦးဇော်ဇော်တို့၏ မိတ်ဆွေ၊ ဆွေမျိုးများကတော့ မြန်မာ-နိုင်ငံခြား တိုက်ရိုက်လုပ်ကိုင်နိုင်ပါသည်။ သူတို့မှာ စီးပွားရေးတွင် နိုင်ငံတကာမှယုံကြည်မှု ရထားပြီးဖြစ်သည်။ ကျနော်တို့ိလို အမျိုးလဲမတော်၊ ပိုက်ဆံအတင့်သင့်ရှိသူများ၊ အခုမှစပြီး စီးပွားလုပ်သူများအတွက် ယုံကြည်မှုရအောင် ၂နှစ်လောက် ကြိုးစားရပါဦးမည်။


ပစ္စည်းဈေးနှုန်းကို အလွယ်တကူစုံစမ်းနိုင်ပါသည်။ တရုတ်ဘီလျှံနာသူဌေးကြီး (ယခင်က စက်ဘီးစီးပြီး၊ တိုးရစ်ဂိုက်လုပ်ခဲ့သူ) တီထွင်ဖန်တီးခဲ့သော အလီဘာဘာအင်တာနက်  www.alibaba.com တွင် ဘာပစ္စည်းမဆို ဈေးနှုန်းနှင့်သတ်မှတ်ချက် Price & Specification အလွယ်တကူကြည့်နိုင်သည်။ ကြိုက်နှစ်သက်ပါက ခလုပ်နှိပ်ပြီး Quotation & Latest Price, Shipment ဈေးနှုန်း၊ တရက်တည်းနှင့်ရသည်။ ဈေးနှုန်းကြိုက်ပါက အရည်အသွေးစစ်ဆေးရန်ဖြစ်သည်။ ဒေါ်လာထောင်ဂဏန်းပစ္စည်းမှာယူမှုအတွက် တရုတ်ပြည်သို့သွားကြည့်ရန် မသင့်ပါ။ ဒေါ်လာသောင်းဂဏန်း ပစ္စည်းမှာလိုပါက သွားကြည့်ဖြစ်အောင်ကြည့်ရမည်။ ပစ္စည်းဝယ်ပြီး သင်္ဘော၊လေယာဉ် DHL ပေါ်တင်ပြီးသည်အထိ မိမိကိုယ်တိုင်လိုက်ကြည်ဖို့လိုသလို၊ မြန်မာပြည်ရောက်လျှင်လည်း ပစ္စည်းထုတ်ဖို့ မိမိကိုယ်တိုင် (သို့မဟုတ်-ယုံကြည်သူတစ်ဦး) လိုအပ်သည်။ လူလိမ်လူညာများသည် မိမိဘယ်လောက် ရိုးသားဖြောင့်မတ်သလဲအပေါ် မူတည်သည်။ မိမိသည် သောက်စား၊ ပျော်ပါး။ စီးပွားရေးသမားဖြစ်ပါက ဟေးလားဝါးလာ၊ မိတ်ဆွေများသာရရှိပြီး မိမိစီးပွားလုပ်ငန်းနှင့်ရင်းနှီးမြှတ်နှံမှု ဒေါ်လာသန်းဂဏန်းလည်း တခဏတွင်း ဆုံးရှုံးသွားနိုင်သည်။  လူလိမ်များကြောင့်ဖြစ်စေ၊ မိမိမကျွမ်းကျင်၊ပျော်ပါးစိတ်ထားကြောင့်ဖြစ်သည်။


တရုတ်ပြည်အကြောင်း အောက်ဖေါ်ပြပါ မြေပုံဖြင့် အစပြုလေ့လာရမည်ဖြစ်သည်။ မည်သည့်ပစ္စည်းသည် တရုတ်ပြည် မည်သည့်မြို့တွင် အမြောက်အများထုတ်လုပ်ကြသနည်း…ဆိုသည်မှာ လုပ်ရင်းကိုင်ရင်း ကြွမ်းကျင်၊ သိရှိသွားမည်ဖြစ်ပါသည်။ အချိန်ရလျှင် အမေရိကန်မှ တပတ်ရစ်စက်ပစ္စည်းများ မြန်မာပြည်သို့တင်ပို့ရေး၊ တပတ်ရစ် လျှပ်စစ်ဓါတ်အားပေးစက်ရုံငယ်များ၊ စားသောက်ကုန်စက်ရုံကလေးများ ဈေးနှုန်းချိုသာစွာဝယ်ပြီး၊ မြန်မာနိုင်ငံသို့တင်ပို့ခြင်းကို ရေးသားလိုပါသည်။ ဇော်အောင် (မုံရွာ) စက်တင်ဘာ ၁၂၊ ၂၀၁၃ (မိုးမခမှပြန်လည်ဖေါ်ပြသည်)။




- See more at: http://moemaka.com/archives/38008#sthash.wb9X0FUH.dpuf

Thursday, August 8, 2013

Babylon စာအုပ်အညွန်းနှင့်မြန်မာများ၊ တိုးတက်ကြီးပွားရေး ၂၀၁၇

Babylon စာအုပ်အညွန်းနှင့်မြန်မာများ၊ တိုးတက်ကြီးပွားရေး ၂၀၁၇
ယခု သမ္မတအိုဘားမား၏ ပြုပြင်ပြောင်းလဲရေးဖြင့် အမေရိကန်စီးပွားရေးက ဥရောပနိုင်ငံများထက် ပိုမိုကောင်းမွန်လာပါတယ်။ ဥရောပနိုင်ငံများသည် အီးယူ EU ဥရောပအဖွဲ့အစည်းဖြင့် စုပေါင်းကာ အမေရိကန်နှင့်တရုပ်တို့ကို ကာကွယ်ရန်ကြိုးစားပေမဲ့လည်း၊ ငါဝါဒ၊ ကိုယ့်နိုင်ငံဝါဒကြောင့် အီးယူစီးပွားကျဆင်းရပါတယ်။ အင်္ဂလန်လည်း အီးယူက ထွက်သွားပြီး၊ သင်္ဘောသဌေးနိုင်ငံဖြစ်သော ဂရိနိုင်ငံသည် ဒေဝါလီခံရတယ်။ ပျော်ပါးစီးပွားနိုင်ငံဖြစ်သော ပြင်သစ်နိုင်ငံလည်း စီးပွားမကောင်းပါ။  ဂျာမဏီတစ်ခုသာ စီးပွားတောင့်တင်းသော်လည်း စုပေါင်းလုပ်ဆောင်ဖို့၊ ၂၀၁၇ အီးယူ ၂၈နိုင်ငံမှာ ပိုပြီးခက်ခဲနေကြပါတယ်။

အမေရိကန်ကတော့ အံ့သြဘွယ်သယံဇာတများစွာကို အစိုးရက စနစ်ကောင်း၊ လူတော်လူကောင်းများကြောင့် ကမ္ဘာ့အချမ်းသာဆုံး၊ ကမ္ဘာ့စစ်အင်အားအတောင့်တင်းဆုံး အဖြစ်၊ ဆက်လက်တည်ရှိနေဆဲဖြစ်ပါတယ်။ အမေရိကန်သမိုင်းမှာ အဆိုးဝါးဆုံး စတော့အိတ်ချိန်းဈေးကွက် ပျက်သွားသော Great Depression ၁၉၃၀ အချိန်က လူများအလုပ်လက်မဲ့ဖြစ်ပြီး၊ ကျောင်းပညာပဲတက်၊ စားသောက်၊အေးအေးဆေးဆေး နေခဲ့ကြသည်။ အေးအေးဆေးဆေး နေရအောင်လည်း အမေရိကန်အစိုးရနှင့်သူဌေးကြီးတချို့က ပြည်တွင်းဖူလှုံမှု၊ လယ်ယာ၊အလုပ်ရုံဘုံစခန်းများစွာ ဖန်တီးပေးနိုင်ပါတယ်။ ပြည်သူလူထု ငတ်ပြတ်မသွားနိုင်အောင် သယံဇာတနှင့်ပြည်သူနိတိ Moral Ethnic အခြေခံရှိပါတယ်။  တနည်းအားဖြင့် အမေရိကန်စစ္စတမ် ဆိုသော မြင့်မြတ်သည့်စိတ်ထားကို ပညာတတ်အသိုင်းဝိုင်းတွင် အသေရိုက်ထည့်ထားပြီးဖြစ်သည်။ ငွေစက္ကူတွင် In God We Trust ဟု ဘုရားသခင်ကို အားကိုးသည့် စိတ်ဓါတ်များဖြင့် အမေရိကန်ဒီမိုကရေစီစနစ်ကို စတင်ခဲ့ပါတယ်။ အခုအခါမှာ အမေရိကန်လည်း တရုပ်ပြည်၏ တိုးတက်၊လွှမ်းမိုးမှု အရိပ်အောက်ကို ကျရောက်မသွားဖို့ ကြိုးစားလုပ်ဆောင်နေရပါတယ်။

အမေရိကန်သမိုင်း၏ စီးပွားရေးကပ် ၂၀၀၈မှာ တဖန်ဖြစ်ခဲ့ပါတယ်။ ဘဏ်များစွာ ပြိုလဲပြီး၊ အိမ်မြေဈေးကွက်ပျက်စီးသွားချိန်ပြန်ပါတယ်။ အမေရိကန်မှာ  ဗီယက်နမ်များစွာ ၁၉၇၅ စစ်ဒုက္ခသည်အဖြစ် အခြေချခဲ့ကြပြီး လူဦးရေ၂သန်းခန့်အထိဖြစ်လာခဲ့ပါတယ်။  သူတို့ကြိုးစားမှုကြောင့် ဗီယက်နမ်-အမေရိကန်များစွာ ကြီးပွားတိုးတက်လာခဲ့ကြပါတယ်။  မြန်မာများစွာလည်း ၂၀၀၇ စစ်အာဏာရှင်ဒုက္ခသည်များအဖြစ် အမေရိကန်ကန်သို့ အခြေချခွင့်ရရှိခဲ့ပါတယ်။ ပထမမျိုးဆက်က ပညာမတတ်တော့ အလုပ်ကြမ်းတွေဲ့လုပ်ကြရပါတယ်။  နာက်မျိုးဆက်သစ် တစ်ခုမှာ သားသမီးတွေ ပညာတတ်၊လူလတ်တန်းစားများအဖြစ် တိုးတက်လာကြပါတယ်။ ရောက်ကာစမှာ အများစုမှာ စီးပွားရေးကြပ်တည်းမှုကို ခံနေရဦးမည်ဖြစ်ပေမဲ့ မိမိ မိသားစု လွတ်မြောက်ရန် အပျော်အပါးရှောင်ရှားပြီး အလုပ်ကြိုးစား၊ ချွေတာစုဆောင်းရပါတယ်။

၂၀၀၈ အမေရိကန်နိုင်ငံသားများ စီးပွားရေးအကြပ်တည်းခံနေရခြင်း
အမေရိကန်က အကြီးကျယ်ဆုံးဆိုတဲ့ နံပါတ်၁ City Group Bank တုံလှုပ်မှုတွေနဲ့အတူ နှစ်ပေါင်း ၄၀လောက်အကြွေးတင်နေတဲ့ US$ 7 Trillions (ဒေါ်လာသန်းပေါင်း ၇၀၀၀၀၀၀၀ ကျော်) ကနေ 11 Trillions ကိုရုတ်ချည်းတက်သွားပါတယ်။

ဘေဘီလုံမှ ဆိုတဲ့ ဖေမြင့်ဘာသာပြန်တဲ့ စာအုပ်ကတော့ ငွေစုဖို့ အားပေးပါတယ်။ အမေရိကန်ကတော့ အစိုးရက ငွေစုပါလို့ အော်နေပေမဲ့လည်း သူကိုယ်တိုင်က ငွေကို အရမ်းသုံးပြတယ်။ အထူးသဖြင့်တော့ နိုင်ငံရေးသြဇာ၊ ဒီမိုကရေစီ ဘာညာအော်ပြီး စစ်အင်အားတွေမှာ အထူးသုံးစွဲပြတယ်။ ပြည်တွင်းမှာလည်း လူ့အခွင့်အရေးဆိုပြီး ရှေ့နေနဲ့ဆရာဝန်ဆိုင်ရာ လုပ်ငန်းတွေမှာ ငွေအရမ်းသုံးပြီး မလိုတဲ့အလုပ်တွေ အသေးစိတ်ရှောက်လုပ်ပြတော့ ပြည်သူပြည်သားတွေလည်း ဖခင်အစိုးရလုပ်တဲ့အတိုင်းလိုက်လုပ်လိုက်ကြတာ ၂၀၀၈မှာ အစိုးရကိုယ်တိုင် ကယ်ပါဗျို့လို့ အော်ရတော့တယ်။ ဟို လွန်ခဲ့တဲ့ အနှစ်၂၀ တုံးက ရုရှားနိုင်ငံကြီး စီးပွားရေးဒဏ်ကြောင့်ယညူကလီယာတွေစွန့်ပြီး၊ နိုင်ငံငယ်များစွာ ကွဲထွက်သွားရတာ အမှတ်ရမိပါသေးတယ်။ အခုအမေရိကားကတော့ စီးပွားရေးအကြပ်အတည်းတွေကြုံတော့ နောက်ဆုံး လူဖြူတွေမနှစ်သက်လှပေမဲ့လည်း မတတ်သာပဲ လူမည်းသမ္မတ အိုဘားမား အနိုင်ရရှိပြီး ဂျော့ဘွတ်ခ်ျခမျာ မှားသွားပါတယ် တောင်းပန်ရင်း အမေရိကားသစ်ကို ၂၀၀၉မှာ ကြည့်ရပါဦးမယ်။ ဘာကြောင့် အမေရိကန်တွေ မွဲသွားပါသလဲဆိုတာကို အကြမ်းဖျဉ်း လူပိန်းတယောက်အမြင်နဲ့ တင်ပြချင်ပါတယ်။

၁။ စစ်အင်အားအတွက် အသုံးလွန်လွန်းခြင်း
၂။ လူအခွင့်အရေးကို အရမ်းများတဲ့အတွက် ယိုပေါက်တေကွို ပိတ်မရဖြစ်နေခြင်း
၃။ လူများကလည်း 
ထည်ထည်ဝါ၀ါနေလိုခြင်းကြောင့် ကားကြီးကြီး၊အိမ်ကြီးကြီး၊တီဗွီကြီးကြီးအကြွေးဝယ်နေကြခြင်း။

ဒီအချက်၃ချက်ကို ရေးသားပါမယ်။

ပထမ အချက်၂ချက်ကတော့ ငွေစု၊စီးပွားရေးလုပ်ကိုင်ခြင်းနဲ့ မဆိုင်တဲ့ အစိုးရပိုင်း၊ အဖွဲ့အစည်းဆိုင်ရာ ဖြစ်တဲ့အတွက် မထည့်တော့ပါဘူး။ နံပါတ်(၃) ကိုပဲ ရေးပါမယ်။ အထူးသဖြင့် မြန်မာများ ဖြစ်ပျက်နေပုံကို အကြမ်းဖျင်းဖေါ်ပြမှာဖြစ်တဲ့အတွက် တချို့လည်း တိုက်ဆိုင်သည်ရှိခဲ့သော် ထိုသူများကိုသာ ရည်ရွယ်ပါကြောင်း ကြိုတင်တောင်းပန်အပ်ပါတယ်။

၃။ လူများကလည်း မယောင်ရာဆီလူးအလုပ်များ၊ ကားကြီးကြီး၊အိမ်ကြီးကြီး၊တီဗွီကြီးကြီးနဲ့ ထည်ထည်ဝါ၀ါနေလိုခြင်း ..
အမေရိကားရောက်မြန်မာများ စိတ်နေသဘောထား
ကမ္ဘာ့အင်အားအကြီးဆုံးနိုင်ငံကို ရောက်လာတယ်ဆိုတော့ အလည်အပတ်ရောက်တာတောင် ရောက်ဖူးတယ်ဘ၀မြင့်သွားသေးတာပဲ။ တကယ်ရောက်ပြီး တကယ် Green Card, Citizen ဖြစ်သွားပြီဆိုရင်တော့ ပြောမနေပါနဲ့။ အရမ်းဘ၀မြင့်စရာကြီးပါပဲ။ ရောက်ဖူးသူတွေလဲ အမေရိကား Green Card ဘယ်လိုရအောင်ယူရင်ကောင်းမလဲ စဉ်းစားမိကြမှာပဲ။ ရဖိုကလည်း ပညာတတ် အပြစ်မကျူးလွန်သူဆိုရင် သိပ်ကြီးမခက်ခဲပါဘူး။  အမေရိကားရောက်ပြီး ၅နှစ်၊ ၁၀နှစ် ကြာတဲ့အခါ စုဆောင်းငွေနဲ့ အိမ်ပိုင်ဆိုင်နိုင်ဖို့လဲ သိပ်မခက်ခဲပါဘူး အထူးသဖြင့် ကာလီဖိုးနီးယား (အနောက်ဖက်ကမ်းခြေ) နဲ့ နယူးယောက်၊၀ါရှင်တန် (အရှေ့ပိုင်းကမ်းခြေ) များမှာ မြို့ကြီးပြကြီးဖြစ်လို့ အခြေချစရာကောင်းပါတယ်၊ ဒါပေမဲ့ မြန်မာများ အိမ်ပိုင်ဆိုင်ဖို့ တော်တော်ခက်တယ်၊ လူနေမှုစရိတ်နဲ့ အိမ်ဈေးတွေကြီးတာကိုး။ အလယ်ပိုင်း Texas တ၀ိုက်ပြည်နယ်များကတော့ လူနေမှုစရိတ် သိပ်မကြီး၊ အိမ်ဈေးလဲမကြီးတော့ စုဆောင်းမိတယ်၊ အိမ်ပိုင်ကြတယ်။ အလယ်ပိုင်းဒေသကတော့ စီးပွားရေးကပ်ဖြစ်လာလည်း သိပ်မခံရပါဘူး။ အိမ်ဈေးက တအိမ်ကို ၅သောင်းကနေ တသိန်းကျော်လောက်ပဲရှိတယ်။ ကာလီဖိုးနီးယားမှာ ၃သိန်းကနေ ၇သိန်းအထိဈေးရှိတယ်။ နယူးယောက်မှာတော့ ၂သိန်းကျော်ရှိတယ်။ ဘာပဲဖြစ်ဖြစ် အမေရိကား ဘယ်ပြည်နယ်ရောက်ရောက်ပါစေ အလုပ်လုပ်ခက တနာရီကို ဒေါ်လာ ၁၀ ပတ်ပန်းကျင်လောက်ရကြတော့ တလဆိုရင် ဒေါ်လာ ၁၅၀၀ နဲ့ ၂၅၀၀ ကြားမှာ လူတိုင်းရကြပါတယ်။

ဒါပေမဲ့ အများစုကတော့ မလောက်ငှကြပါဘူး။ ဘာကြောင့်လဲဆိုတော့ ဖြုန်းတဲ့အလုပ်ကို အားပေးနေတဲ့ အစိုးရလုပ်ပုံတွေကို အတုယူပြီး အကြွေးပေးတဲ့စနစ်နဲ့ အမေရိကန်တွေ တယောက်နဲ့တယောက်ပြိုင်ဆိုင်နေကြတာကြောင့်ပါ။ ဘယ်လို ငွေတွေကုန်သွားပါသလဲ ဆိုတာတော့ တော်တော်စိတ်ဝင်စားစရာကောင်းပါတယ်။

၁။ အိမ်အကြွေး (သို့မဟုတ်) အိမ်လခ ပေးရခြင်း
အိမ်ဈေးက ကြီးတော့ အမေရိကားမှာ စားစရိတ်နဲ့အစားအစာပေါပေမဲ့ နေစရိတ်ကတော့ အတောကြီးလှပါတယ်။ အိမ်စရိတ်ကို တလ ဒေါ်လာ ၂၀၀၀ ကနေ ၃၀၀၀ ကျော် ပေးရတော့တော်ရုံနဲ့ မခံနိုင်ပါဘူး။ လွန်ခဲ့တဲ့ ၅နှစ်လောက်က အလုပ်ရရင် အိမ်ဝယ်လို့ရတယ်။ တလကိုလစဉ် ၁၅၀၀လောက် ပေးရင် ရတယ်ဆိုတော့ အိမ်ထောင်လစာက တလကို ၅၀၀၀ကျော်လို့ အိမ်ဝယ်ပြီး၊ အိမ်မှာပဲ ငွေစုမယ်အကြံနဲ့ လက်ငင်းပေးငွေမရှိလဲ အိမ်ကောက်ဝယ်ပစ်ကြတယ်။ အိမ်ပိုင်တယ်ဆိုတော့ ပိုပြီး ဂုဏ်ရှိတာကိုး။ ဘဏ်ဆိုတဲ့ စီးပွားရေးသမားတွေကလည်း ငွေချေးစားတယ်။

ဘဏ်ရဲ့ အဓိကလုပ်စားတာကတော့ အတိုးယူတာပဲ။ အတိုးကို အများဆုံးယူမယ်။ အရင်းကို အနည်းဆုံး ဆပ်ခိုင်မယ်။ နှစ်ကြာကြာချေးစားမယ် ..နဲ ငွေချေးစားတဲ့အလုပ်ပဲ။ ဘဏ်ထဲမှာ ငွေစုတာလည်း သေချာပေါက်ရှုံတယ်ဆိုတာ လူတွေနားမလည်ကြဘူး။ ဘဏ်မှာ ငွေ၁၀၀ တနှစ်စုရင် အတိုးက ၁ရာနှုံးပဲပေးတယ်။ ရတဲ့အတိုးအပေါ် အစိုးရက ၃၀ရာနှုံးအခွန်ကောက်ပြီး ငွေဖေါင်းပွနှုံးက ၁၀ရာနှုံးလောက်ရှိတော့ ဒီနှစ် ငွေ၁၀၀က ထမင်း၁၀ခါ စားလို့ရပေမဲ့၊ နောက်နှစ်ဆိုရင် ၈ခါပဲ သွားစားလို့ရသွားပြီ။ ဒီတော့ စီးပွားရေးသမားတွေက ဘဏ်မှာပိုက်ဆံမထားဘူး၊ Property ၀ယ်ထားတယ်ဆိုတော့ ဟုတ်တယ်ဆိုပြီး အိမ်တွေ စဘော်မပေးရပဲ အကြွေးနဲ့ ၀ယ်ကြတယ်။ ၂၀၀၈၊ ၂၀၀၉ မှာ  အမေရိကန်မှာ အိမ်တွေပြန်အပ်လိုက်ကြတာ Morgage Industry ပြိုလဲကျသွားတော့တာပဲ။ အမေရိကားရောက် မြန်မာများစွာလဲ အိမ်ပြန်အပ်ရတဲ့ဘ၀ ရောက်သွားရှာတယ်။ အိမ်မအပ်ပဲ လစဉ်ပေးငွေကများပြီး၊ လစာက နည်းလာတော့ အိမ်ကို လူငှားတင်ရတော့တယ်။ အိမ်ကို ၂ခြမ်းခွဲပြီး ငှားစား .. အခန်းတွေကို မိတ်ဆွေတွေနဲ့ စုပေါင်းနေကြရတယ်။ အိမ်ရှင်မှာအမြက်မရှိဘူး။ ကိုယ်အိမ်နေတဲ့လူတွေ အလုပ်မပြုတ်ပါစေနဲ့ ဆုတောင်းနေရတယ်။ အိမ်မငှားရတော့ဘူးဆိုရင် အိမ်ရှင်က တလဆို၊တလ တော်တော်နစ်နာတာပေါ့။ စီးပွားရေးကပ်ဆိုတာ ဒါပါလား။ အားလုံး အကုန် နစ်နာနေတယ် ဆိုတဲ့အထဲ အလုပ်လုပ်သူ လူတန်းစားကတော့ အနားဆုံးပါပဲ။ ၂၀၀၉ နောက်ပိုင်း သမတအိုဘားမား လက်ထက်မှာ အိမ်ဈေးတွေ ပြန်ကျသွားပြိး၊ အလုပ်ကိုင်နဲ့စီးပွားပြန်ကောင်းလာပါတယ်။ ဒါပေမဲ့ အိမ်ဝယ်ဖို့ ဆိုတောတော့ အလုပ်အကိုင်သေချာမှပဲ ဘဏ်ကငွေချေးပြီးမှ ၀ယ်ရဲကြပါတော့တယ်။ ဘဏ်တွေကလည်း စီးပွားပျက်ကာလလို အလွယ်တကူ ငွေမချေးတော့ပါဘူး။

၂။ ကားအကြွေး နဲ့ Vacation, Outing ..
ကားကိုလည်း အမေရိကားရောက်သူများ မ၀ယ်မနေရ ၀ယ်ရရှာပါတယ်။ ကားမ၀ယ်ပဲ Public Transportation ဆိုရင် ဈေးကြီးတယ်။ အချိန်ကုန်မယ်။ ကားကို အသစ်၊အကောင်းစားကား ၀ယ်လိုက်ရင် အကြွေးနဲ့ဆို တလ ဒေါ်လာ ၆၀၀ ပဲပေးရတယ် ဆိုပြီး ၀ယ်ပြစ်လိုက်တယ်။ ကားဟောင်း တိုယိုတာ ၀ယ်ဖို့ ၅၀၀၀ မတတ်နိုင်တော့ အသစ်ကို ဒေါ်လာ ၆၀၀ပဲပေးပြီးဝယ်လိုက်တယ်။ လူ့အခွင့်အရေးဆိုတာ ဒါပဲကွ .. ကားအသစ်အနံ့တောင် မပျောက်ဘူး .. ပျော်ရွှင်စွာနဲ့ပေါ့။ နောက်တော့ လစဉ်ပေးရတာနဲ့ ကားမောင်းပြီး ဒဏ်ကြေးတွေ၊ ကားပြင်တာတွေ၊ ဓါတ်ဆီဖိုးတွေနဲ့ မထိန်းနိုင်ပဲ အရှိန်ကလွန်နေပြီး၊ အမေရိကန်က Vacation, Outing တွေက တယ်များတာပဲ။ အလုပ်ချိန်က တနေ့ ၈နာရီလောက်ပဲလုပ်ရတော့ ညပိုင်းဆို အားနေကြတယ်။ အားတော့ ဘာလုပ်သလဲဆိုရင် တီဗွီကြည့်တယ်။ အင်တာနက် အွန်လိုင်နဲ့ ဈေးဝယ်တယ်။ ရှော့ပင်စင်တာကြီးတွေကို သွားဝယ်ကြတယ်။ ၀ယ်ရမယ်ဆိုရင် လူတိုင်းအကြိုက်ပေါ့။ ပြီးတော့ ကိုယ့်မိသားစုနဲ့အတူ Vacation ထွက်ကြတော့တယ်။ အမေရိကားက ကြီးလွန်းတော့ ပြည်တွင်းမှာပဲ ကားမောင်းသွားရင်သွား၊ လေယာဉ်နဲ့သွားရင်လဲ အရှေ့ဖျား - အနောက်ဖျား လေယာဉ် ၈နာရီလောက်စီးရင်လဲ ဒေါ်လာ၁၀၀လောက်ပဲပေးရတယ်။ ဘတ်စကား၊ ရထားစီးရင် ပိုတောင်ဈေးကြီးတော့ ကားငှားပြီးမိသားစုခရီးထွက်ကြတယ်။ ဘယ်လောက်ပဲ ချွေတာသုံးစွဲပါစေ ခရီးထွက်ပြီဆိုရင် ငွေကုန်ပြီပေါ့၊ ခရီးကလည်း မထွက်လို့မဖြစ်ဘူး ..အားလုံးက Vacation ထွက်နေကျဆိုတော့ ခရီးမထွက်တဲ့လူ မျက်နှာငယ်ရတာပေါ့။ ပြီးတော့ အပြင်ထွက် စားသောက်ရင်လဲ တခါစား အနည်းဆုံ ၁၅ ဒေါ်လာ အထက်ရှိတယ်။ အမေရိကန်စစ္စတမ် အတိုင်း ကိုယ်စားတာကိုယ်ပေးရပေမဲ့ အပြင်မှာများများစားရင် များများငွေကုန်တာပဲ။ ချက်စားနိုင်ရင်တော့ သက်သာ၊ကောင်းကောင်းစားရပေမဲ့လဲ တလကို ၅ခါလောက်တော့ မိသားစု ထွက်စားရတာပဲ။ တခါစားရင် ၅၀ ၊ ၁၀၀ ကျော်ကုန်ပေမဲ့ လစာနဲ့ယှဉ်ရင် မထောင်းတာလှပါဘူး။



၃။ အခြားစရိတ်များ တယ်လီဖုန်း၊ အင်တာနက်၊ အ၀တ်အစား၊အသုံးအဆောင်
တယ်လီဖုန်းစရိတ်ကတော့ မြန်မာများအတွက် သာမက၊ အားလုံးအတွက် တော်တော်ကုန်ကျတယ်။ တလကို ရာနဲ့ချီကုန်တတ်တယ်။ အင်တာနက်ဖုန်းတွေဆိုရင် iPhone, Black Barry စသဖြင့် တော်တော်ကုန်ကျပေမဲ့ အမေရိကားမှာ လူတိုင်း အွန်လိုင်းနဲ့ ဆိုတော့၊ ကုန်ရမှာပေါ့။ တခြားအသုံးအဆောင်တွေကတော့ နေထိုင်၊အိမ်စရိတ်နဲ့စာရင် မဆိုစလောက်ပေမဲ့ .. ဒါတွေထက်ပိုကြောက်စရာကောင်းတဲ့ အသုံးစရိတ်ရှိသေးတယ်။


၎။ အပျော်အပါး၊  လောင်းကစား
အထူးသဖြင့် လူငယ်များနဲ့ လူကြီးယောင်္ကျားများအတွက် အကြီးမားဆုံးရန်သူကြီးပါပဲ။ အမေရိကားမှာ GPS ဆိုတဲ့ ခေတ်သစ်သံလိုက်အိမ်မြောင် နဲ့ ကားတစင်းရှိရင် ဘယ်နေရာမဆို အလွယ်တကူသွားနိုင်တယ်။ အဲဒီမှာ Carsino, Night Club ဆိုပြီးနှိပ်လိုက်ရင် ပေါမှပေါပဲ။ တမိုင်ပတ်ဝန်းကျင်မှာဆို အများကြီးရှိတယ်။ GPS မှာ မြေပုံ၊ တယ်လီဖုန်းနံပါတ် တွေပေါ်လာတယ်။ သဘောကတော့ ပျော်စရာ ငွေဖြုန်းစရာတွေဆို အများကြီးပဲ။ အရက်သောက်၊ ဘားကလပ်၊ အက Dancing .. ညပိုင်းဆိုရင် ဒါတွေပဲ။

ဆန်ဖရန်စစ္စကိုလိုနေရာမျိုးဆိုရင် အခြောက်ကပွဲရုံ၊ ယောင်္ကျားရှာကလပ်၊ အနှိပ်ခန်း၊ ကားစီနိုတွေ ပေါမှပေါ .. နောက်ဆုံးတော့ လူတွေကို အခမဲ့အလကားပေးတဲ့ ခရက်ဒစ်ကပ်ဆိုတဲ့ ကပ်ပြားလေးတွေကို လှိုင်လှိုင်သုံရင်းနဲ့ အကြွေးရရင် ဆင်တောင်ဝယ်တယ်ဆိုတဲ့အတိုင်း ငွေတွေသုံးရင်း၊ အလုပ်ကပြုတ်၊ အကြွေးတွေကများ ... ဆေးရုံတွေကလည်း အလကားလုပ်ပေးတယ်ဆိုပြီး တကယ်တော့ အလကားမရပဲ ခရက်တစ်ကပ်ကနေ ပိုက်ဆံတွေတောင်းလာတယ်။ ပေးနိုင်တုံးကတော့ ပေးနေပြီး ခရက်တစ်ကပ်ကုမ္မဏီတွေရဲ့ ငွေချေးပြီး၊ အတိုးအရမ်းအမြက်စားတဲ့ဒဏ်ကို နောက်ဆုံးကိုယ့်လစာနဲ့ အမှီမပေးနိုင်တဲ့အချိန်မှာ ဒေ၀ါလီလူမွဲဖြစ်ပြီး ..အိမ်ကိုအသိမ်းခံရမယ်ဖြစ်လာတယ်။ ယေင်္ကျားဆိုးပေမဲ့ ဇနီးသည်ဝင်ငွေကောင်းရင်တော့ အဖြစ်မဆိုးပေမဲ့၊ ဇနီးသည်က ၀င်ငွေမရှိရင်တော့ မလွယ်ပါဘူး။

အမေရိကားအစိုးရအကြွေးတင်သလို နိုင်ငံသားများလည်း အကြွေးတင်သွားရခြင်းကတော့ အမေရိကားရောက်တဲ့ မြန်မာများလည်း ပါဝင်နေကြပါပြီ။  ရီဘာပလက်ကင်ပါတီ ထောက်ခံတဲ့ ခရစ်ယန်မိရိုးဖလာများဖြစ်ပါတယ်။ အဲဒီဒေသတွေကိ ဘာသာရေးကိုင်းရှိုင်းကြတော့ စီးပွားရေးလောဘသိပ်မကြီးကြဘူ။ အိမ်ဈေးတွေလည်း သိပ်မကြီး .. လူတွေလဲ အလုပ်ကိုယ်စီရှိကြတယ်။ လစာတွေကလည်း သိပ်မကွာကြဘူး။ အထူးသဖြင့် ပျော်ပါးစရာတွေ သိပ်မပေါပဲ .. ရှော့ပင်စင်တာကြီးတွေလည်း ခပ်ဝေးဝေး၊ ကာစီနို၊ နိုက်ကလပ်တွေလည်း အများကြီးမရှိတော့ လူငယ်တွေလည်း သိပ်ကြီးမပျက်စီးကြသေးပါဘူး။ အဲဒီ အလယ်ပိုင် ပြည်နယ်တွေမှာတော့ ၀က်သတ်စက်ရုံ၊ အမဲသတ်စက်ရုံ၊ ကြက်၊ငါးစက်ရုံ Low Technology Factory ပေမဲ့ မတိမ်ကောတဲ့အလုပ်ဆိုတော့ အလုပ်ပြုတ်မှာမပူပင်ရပါဘူး။ ပြီးတော့ အိမ်ဈေးချိုတော့ ၂နှစ်လောက် ငွေစုလိုက်ရင် အိမ်ဝယ်နိုင်ကြပါတယ်။ ဒါကြောင့် ကာလီဖိုးနီးယာ။၊ နယူးယောက်က မြန်မာများလည်း အဲဒီပြည်နယ်ဘက်ကို ပြောင်းရွှေ့လာကြတာ အများကြီးတွေ့ရပါတယ်။


စီးပွားရေးအကြပ်တည်းက လွတ်မြောက်ရေး
အမေရိကန်တွေ ငွေပြန်စုနိုင်ရင် စီးပွားရေးနလံထူလာပါမယ်။  ငွေစုဆောင်းခြင်းလုပ်ငန်းကို အားပေးလာတဲ့ အမေရိကန်အစိုးရလုပ်ရက်တွေကို လိုက်နာရင်း..မိမိကိုယ်တိုင်က လိုအပ်တာနဲ့ လိုချင်တာ ခွဲခြားပြီး၊ စီးပွားရေးအကြပ်အတည်းက မြန်မြန်ထွက်နိုင်ဖို့ မျှော်လင့်ပါတယ်။ တကယ်ဖတ်သင့်ပြီး လက်တွေ့ကျင့်သင့်တာကတော့ဖေမြင့်ဘာသာပြန်တဲ့ ဘေဘီလုံမှအချမ်းသာဆုံးပုဂ္ဂိုလ် စာအုပ်ပါပဲ။
.
.
.
၂၀၁၇ မြန်မာနိုင်ငံဆင်းရဲမွဲတေမှု

မြန်မာနိုင်ငံ ၂၀၁၁ မှာ သမတဦးသိန်းစိန် ခေါင်းဆောင်ပြိး  ပြုပြင်ပြောင်းလဲမှုများ လုပ်ခဲ့ပါတယ်။ ချမ်းသာသူများ အလွန်ချမ်းသာသွားကြပေမဲ့၊ အခြေခံလူတန်းစားများ အရမ်းခက်ခဲသွားပါတယ်။ ပညာတတ် နဲ့ အလုပ်ကြိုးစားသူများအတွက် အခွင့်အလမ်းတွေ ပွင့်သွားပါတယ်။ ဈေးကွက်စိးပွားရေး စနစ်သစ်ကို အကောင်ထည်ဖော်တဲ့အချိန် မသိနားမလည်တဲ့ ပြည်သူလူထု၊ တောင်သူလယ်သမားများ ပိုမိုခက်ခဲလာတာကို တွေ့ရပါတယ်။ ၀ိသမ စိးပွားရေးသမားများက ကြီးစိုးလာတော့ တောင်သူလယ်သမားများ၊ အခြေခံလူတန်းစားများ အကြွေးတင်၊ လယ်ဆုံး၊ အိမ်ခြံမြေဈေးကြီးလာတော့ ရောင်းစား၊ ငွေလက်ထဲရှိလာတော့ သုံးစွဲမှုများဟာ ဖြုန်းသလို ဖြစ်သွားပြီး၊ ဆင်းရဲသားများ၊ လူလတ်တန်စားများ ပိုမိုဆင်းရဲသွားပါတယ်
.
အမေရိကားမျာ မြန်မာတွေ ကြုံတွေ့ရတဲ့

၁။ အိမ်အကြွေး (သို့မဟုတ်) အိမ်လခ ပေးရခြင်း
၂။ ကားအကြွေး နဲ့ Vacation, Outing ..
၃။ အခြားစရိတ်များ တယ်လီဖုန်း၊ အင်တာနက်၊ အ၀တ်အစား၊အသုံးအဆောင်
၎။ အပျော်အပါး၊ လောင်းကစား

အထက်ပါ ၄ချက်မှာ မြန်မာတွေက နံပါတ်(၂) ကားအကြွေးဝယ်စိးသူ ရှားပါတယ်။ မော်တော်ဆိုင်ကယ်ဝယ်စီးကြပါတယ်။ ရန်ကုန်နေထိုင်သူများကတော့ ဘတ်စကားခ၊ တက္ကစီခ တွေ ကုန်ပါတယ်။  အကုန်ကျဆုံးကတော့ အစားစရိတ်က ဖြစ်ပါတယ်။ အပြင်မှာ ၀ယ်မစားနိုင်ပါဘူး။ အိမ်မှာပဲ ချက်ပြုတ်စားကြပါတယ်။ ခက်တာက အပြင်အစားအစာများ အာသာပြေအောင် ၀ယ်စားတဲ့အတွက် ၀င်ငွေရဲ့ ၇၅% လောက်က အစားအသောက်ကုန်ကျစရိတ် ဖြစ်နေတဲ့ မြန်မာနိုင်ငံသား အများစုပါ။
.
မြန်မာနိုင်ငံသားများ စီးပွားရေးအခက်ခဲက လွတ်မြောက်ဖို့ နိုင်ငံတော်အစိုးရက စီးပွားရေးမဟာဗြူဟာ၊ နည်းဗြူဟာများနဲ့ ကြိုးစားနေပေမဲ့ အချိန်နှေးမယ်ဖြစ်ပါတယ်။ ကြီးပွားတိုးတက်လိုသူများအတွက်က ..
၁။ နိုင်ငံခြားသွားအလုပ်လုပ်နိုင်ရင် ချက်ချင်းလွတ်မြောက်နိုင်ပါတယ်။ မိမိမှာ အဆက်သွယ်၊ အရည်အချင်း နဲ့ ငွေကြေးရင်းနှီးရပါမယ်။
၂။ မြန်မာပြည်တွင်းက နိုင်ငံခြားကုမဏီမှာ အလုပ်ရရင်လဲ လစာကောင်းပါတယ်။
၃။ ကိုယ်ပိုင်စီးပွားရေး လုပ်နိုင်ရင် အကောင်းဆုံးဖြစ်ပေမဲ့၊ အပြောလွယ်သလောက်၊ တကယ်လုပ်ကြည့်တော့ မလွယ်လှပါဘူး။ ဒါကြောင့် ကိုယ်ပိုင်လုပ်ငန်း မလုပ်ခင် အစိုးရလခစား၊ ကုမဏီလခစား လုပ်ပြီး တတ်နိုင်သမျှ လုပ်ငန်းခွင့်အတွင်း၊ အပြင် ပညာဆည်းပူးနေဖို့၊ အလုပ်ကြိုးစားဖို့ပါပဲ။
.
ဇာနီကြီး
၂၃.ဇွန်.၂၀၁၇

Monday, July 8, 2013

CORRUPTION, BUDDHIST is NOT TERROR by USA Time Magazine

စာပေဟောပြောပွဲနှင့် အမေးအဖြေများ  (၇-ဇူလိုင်-၂၀၁၃၊ စင်ကာပူ)


ဆရာမ မသီတာ (စမ်းချောင်း) .. 
အနီး၊အဝေး ..ခေါင်းစဉ်ဖြင့်၊ မြန်မာများ နီးလျှက်ဝေးနေရခြင်းများကို ဂျင်နရေးရှင်းကွာခြားမှု၊ အိုင်ဒီယိုလိုဂျီ အတွေးခေါ်ကွားခြားမှု၊ လူမျိုး၊ဘာသာ၊နိုင်ငံရေးကွာခြားမှု၊ လွတ်လပ်ခွင့်လိုလားမှု စသဖြင့် အကြောင်းချက်များဖြင့် ပြောပါသည်။ လက်ရှိမြန်မာနိုင်ငံတွင် ပြည်တွင်းရေးကိုပဲ လူအများစိတ်ဝင်စားနေမှုများ၊ နိုင်ငံတကာစာပေများကို သူမ၏ အင်းစိန်ထောင်ကျစဉ် အတွေ့အကြုံအချို့နှင့်ယှဉ်ပါသည်။ လွတ်လပ်ခွင့်အတွက် နိုင်ငံခြားသို့ထွက်ခွာလုပ်ကိုင်လိုသူများအကြောင်း၊ ဘာကြောင့် နိုင်ငံခြားသို့ ယခုပြုပြင်ပြောင်းလဲချိန်အထိ မြန်မာပြည်တွင်ခေတ်စားနေဆဲဖြစ်နေကြောင်း၊ မိမိအတွက် နိုင်ငံ၃၀ခန့်သွားရောက်ခဲ့သော်လည်း မည်သည့်နိုင်ငံတွင်မှ မနေလိုကြောင်း၊ မြန်မာနိုင်ငံတွင်၊ မြန်မာပတ်စပို့ကိုသာ လိုလားစွာကိုင်လိုကြောင်း၊ အနီး-အဝေး ကွာခြားမှုများအတွက်

Sunday, May 26, 2013

သမ္မတ ဦးသိန်းစိန်နှင့် သမ္မတအိုဘားမားတို့ အိမ်ဖြူတော်၌ သမိုင်းဝင် တွေ့ဆုံ

20-May-2013
လောလောဆယ်တော့ ကမ္ဘာ့စီးပွားရေး၊နိုင်ငံရေး၊ပညာရေးနဲ့ဒီမိုကရေစီရေးတွေမှာ အမေရိကန်က နံပါတ်(၁) ဖြစ်ပါတယ်။ တရုပ်ပြည်ကြီး စီးပွားဖွင့်ဝါဒကို အမေရိကန်ထောက်ခံအားပေးမှုကြောင့် ကမ္ဘာနံပါတ်၂အဆင့်ကို တရုပ်ပြည်ရောက်လာပါတယ်။ အထူးသဖြင့် တရုပ်ကုန်ပစ္စည်းများကို အမေရိကန်က အခွန်လျှော့ပေးခြင်းအားဖြင့် တရုပ်စီးပွားရေးပို့ကုန်များ နေရာရခဲ့ပါတယ်။ အခုလည်း မြန်မာ့စီးပွားရေးပို့ကုန်များအတွက် အမေရိကန်မှာရှိတဲ့မြန်မာအဖွဲ့အစည်းများ မြန်မာထွက်ကုန်အမေရိကားပို့ရေးအတွက် ပူးပေါင်းလုပ်ဆောင်ဖို့ အရေးကြီးပါတယ်။ နိုင်ငံတကာကို ပြိုင်ဖို့ တစ်ဦးချင်းကြိတ်လုပ်လို့ မရတော့ပါ။ စုပေါင်းလုပ်ဆောင်မှ ရမှာပါတယ်။
အစိုးရနဲ့ဆက်စပ်တဲ့ အဖွဲ့၊ကုမဏီတွေချည်း

Saturday, March 9, 2013

ရေကြည်ရာမြက်နုရာ ရှာသောသူများသို့ နှင့် စင်္ကာပူရောက် မြန်မာများ ဘ၀ရှေ့ရေး



စွန့်စားရှာဖွေမြန်မာများအကြောင်း ၂၀၀၇ ဆောင်းပါး၂ပုဒ်ကို ပြန်လည်ဖေါ်ပြပါသည်။

ရေကြည်ရာမြက်နုရာ ရှာသောသူများသို့
အင်္ဂါနေ့၊ ဇူလိုင်လ ၀၁ ရက် ၂၀၀၈ ခုနှစ် ၁၉ နာရီ ၂၉ မိနစ် ဆောင်းပါး
၂၄ ရက် ဇွန်လ ၂ဝဝ၈ မှာ မဇ္ဈိမက ထုတ်ဝေခဲ့တဲ့ စာရေးဆရာ ဆန်းသစ် ရေးတဲ့ “စင်္ကာပူရောက် မြန်မာများ ဘဝရှေ့ရေး” ဆောင်းပါးကို ဖတ်မိပြီး၊ အလွန်အားကျတာကြောင့် ဒီစာကို ရေးပို့လိုက်ရပါတယ်။ စာပါ အကြောင်းအရာတွေ အလွန်ကောင်းပါတယ်။

နိုင်ငံခြားထွက်ပြီး တကယ် စွန့်စားလိုသူတွေ မဖြစ်မနေ ဖတ်သင့်တဲ့ စာတမ်းတခု ဖြစ်ပါတယ်။ အတွေ့အကြုံတွေကို သီးသန့်ခွဲပြီး တင်ပြပုံတွေလည်း မှတ်သားလောက်ပါတယ်။ ဆက်ပြီး တင်ပြဘို့လည်း ဖိတ်ခေါ်ပါတယ်။ အခုလို ပြည့်စုံတဲ့ စာတမ်းတစောင် ရှိနေရက်နဲ့ ကျနော်က ဘာ့ကြောင့် ရေးရပါသလဲလို့ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ ကျနော် အားဖြည့်ကူညီ မြေတောင်မြှောက်ပေးခြင်းသာ ဖြစ်ပါတယ်။ ဆရာလုပ်ခြင်း မဟုတ်ပါ ဆိုတာကို ရိုးရိုးပဲ ဝန်ခံပါရစေ။ 

စာရှုသူတွေ အထူးသဖြင့် နိုင်ငံခြားမှာထွက်ပြီး အလုပ်ရှာ စွန့်စားလိုသူတွေ သတိထားဘို့ <!--more-> အချက်ကလေးတွေကို ထပ်ဖြည့်လိုပါတယ်။ အောက်မှာ ကျနော် တင်ပြထားတဲ့ ယေဘုယျ အချက်ကလေးတွေဟာ ကျနော့် အယူအဆတွေ မဟုတ်ပါ။ ကမ္ဘာကျော် ဒဿနိက ဆရာကြီးတွေရဲ့ အယူအဆတွေသာ ဖြစ်ပါတယ်။ မူကွဲတွေ ရှိကောင်း ရှိပါမယ်။ ဘယ်မူက မှန်တယ် ဆိုတာကို ကျနော် ဉာဏ်မမီလို့ မသိပါ။ ဒဿနိက ဘွဲ့ရတယောက်လည်း မဟုတ်ပါ။ စွန့်စားရတော့မယ်၊ ဆုံးဖြတ်ရတော့မယ်ဆိုရင် အောက်ပါ အချက်လေးတွေကို သတိပြုပါ။

၁။ General Knowledge လို့ခေါ်တဲ့ အထွေထွေ ဗဟုသုတ ရှိရပါမယ်။ ရှိတဲ့သူနဲ့လည်း ဆွေးနွေး တိုင်ပင်ရပါမယ်။ အထူးသဖြင့် နိုင်ငံခြား အတွေ့အကြုံရှိတွေရဲ့ အတွေ့အကြုံတွေကို လေ့လာ မှတ်သားရပါမယ်။ ဒီအချက်ဟာ ရှင်းနေလို့ အထူးတင်ပြဘို့ မလိုတော့ပါ။

၂။ Common Sense သာမန်အသိဉာဏ် ရှိရပါမယ်။ ကိုယ့်အကြောင်းကို သူမသိသေးခင် ကိုယ်လိုချင်တာကို တောင်းဆိုခဲ့ရင်၊ သာမန် အသိဉာဏ်ရှိတဲ့သူ တယောက်လို့ ခေါ်နိုင်ပါသလား။

၃။ Skepticism လို့ခေါ်တဲ့ သံသယ အယူဝါဒလည်း ရှိသင့်သလောက် ရှိရပါမယ်။ ဒီလိုမဟုတ်ပါက လွယ်လွယ်နဲ့ အလိမ်ခံရပါမယ်။ အားလုံးကို သံသယ အယူဝါဒ မျက်စေ့နဲ့ စောင့်ကြည့်နေဘို့ မဟုတ်ပါ။ ဒါပေမဲ့ နိုင်ငံခြားမှာ အလိမ်ခံရရင် ဘဝပျက်ဖို့ ပြင်ထားရလိမ့်မယ်။ အထူးသဖြင့် မိန်းကလေးတွေ သတိထားရမယ်။

၎။ တရားသူကြီးတွေရဲ့ ငြင်အတိုင်း အလယ်လမ်းကြောင်း ရွေးပြီး ဆုံးဖြတ်နိုင်ရမယ်။ 

၅။ Decisive Settlement အထက်ပါ ပေတံတွေနဲ့ တိုင်းထွာပြီး ယတိပြတ် ဆုံးဖြတ်ချက် ချရမယ်။ 

စွန့်စားသူတွေရဲ့ လက်စွဲစာအုပ်မှာ အထက်ပါအတိုင်း ရေးထားတာကို အကျဉ်းချုံးပြီး ဖော်ပြပါတယ်။ ခေတ်စကားနဲ့ ပြောရရင်၊ ဉာဏ်ကို ပါးပါးလှီးပြီး အသုံးချနိုင်ရမယ်။ စာရေးဆရာ ဆန်းသစ် ရေးသားတဲ့ “စင်္ကာပူရောက်မြန်မာများ ဘဝရှေ့ရေး” ဆောင်းပါးဟာ ထမင်း ခွံ့ကြွေးနေတဲ့ ဆောင်းပါးမျိုး မဟုတ်ပါ (Spoon feeding) ၊ ကွယ်လွန်သူ ဆရာတင်မိုးရဲ့ “ဖန်မီးအိမ်” ကဗျာထဲက အပိုင်းလေးလို ...

ဖန်မီးအိမ်သည်
မငြိမ်မသက်၊ စိတ်ယောက်ယက်နှင့်
လမ်းပျက်တူရှု၊ လျှောက်လာသူကို
အားကူမျှသာထွန်းမည်တည်း။

အဘယ့်ကြောင့် အခုလို တင်ပြရသည်မှာ၊ မြန်မာပြည်ရဲ့ ပညာရေးစံနစ်ကြောင့် ဖြစ်ပါတယ်။ ထမင်းခွံ့ကြွေးတဲ့ စနစ်အောက်မှာ ကျောင်းသားတွေ ပြားပြားဝတ်အောင် ခံစားနေရပါတယ်။ လှေနံ ဓားထစ်မှတ်တဲ့ စနစ်မျိုးနဲ့ မူလတန်းကျောင်းက စပြီး ပညာရေးဝန်ကြီးအထိ “ပြန်မပြောနဲ့ ... ငါ ခွန့်ကြွေးတာ စား” ဆိုတဲ့ သံမှို ခေါင်းထဲမှာ ရိုက်သွင်းထားတာကြောင့် မြန်မာတွေ ပြည်ပမှာ အလုပ်လုပ်တော့ အခက်အခဲများစွာနဲ့ ကြုံတွေ့တော့တာပါပဲ။ တချိန်က အာရှထိပ်တန်း တက္ကသိုလ်တွေထဲမှာ အမြဲပါနေတဲ့ ရန်ကုန် တက္ကသိုလ်ကြီး အခု ဘယ်အဆင့်မှာ ရှိနေပါသလဲ။ ကမ္ဘာ့ အဆင့်အမီဆုံး တက္ကသိုလ် ၂ဝဝ မှာမပြောနဲ့၊ အာရှအဆင့် တက္ကသိုလ် ၂ဝဝ မှာတောင် မြန်မာ့တက္ကသိုလ် တခုမှ မပါဘူးဆိုတာ ယုံတမ်းစကား မဟုတ်ဘူးဆိုတာ ပညာရေးဝန်ကြီး ဒေါက်တာ ချမ်းငြိမ်း သိရဲ့လား။ မြန်မာကျောင်းသားတွေ စာမတော်လို့ မဟုတ်ပါ၊ စနစ်နဲ့ အုပ်ချုပ်သူတွေ မကောင်းလို့ပါလို့ပြောရင် အပေါ်နဲ့အောက် အဆင့်ဆင့် လက်ညိုးထိုးနေတော့မှာပဲ။

နာဂစ် လေမုန်တိုင်းကြောင့် ပြိုသွားတဲ့ မူလတန်းကျောင်းက အိမ်မဲ့ယာမဲ့ မိဘမဲ့ ကလေးတွေ ကျောင်းသွားအပ်တော့ ကျောင်းဝင်ကြေး တောင်းလွှတ်လိုက်တာကြောင့်၊ ကမ္ဘာ့ အစွန်အဖျားမှာ ရှိနေတဲ့ နယူးဇီလန်နိုင်ငံက မူလတန်း ကျောင်းသားတွေက အလှူငွေ ဝိုင်းထည့်ပြီး အဲဒီ ကျောင်းသားလေးတွေအတွက် ကျောင်းဝင်ကြေး ပို့ပေးတယ်ဆိုတာ သိရတော့ “ဗိုလ်ကြီးရယ် ... ကျမနွားကလေး ပြန်ပေးပါ” လို့ မပြောတော့ဘဲ၊ “နွားကြီးရယ် ကျမသားကလေး ကျောင်းအပ်ခွင့် ပေးပါ” လို့ ပြောရရင် လွန်မယ်မထင်ပါ။

ဒါပေမဲ့ ဒီဖြစ်ရပ်ဟာ ကမ္ဘာကျော်နေတာကြောင့် အောက်က ဆရာဆရာမတွေ လုပ်နေတာ ပညာရေးဝန်ကြီး မသိဘူး၊ မကြားဘူး ဆိုပြီး ဘူးခံနေလို့ မရပါ။ ဒုက္ခတွေ ပင်လယ်ဝေနေတဲ့ မူလတန်းကျောင်းသားလေးတွေ ကျောင်းဝင်ကြေးပေးဘို့ မလိုဘူး ဆိုတာလောက်တော့ ပညာရေးဝန်ကြီး ဆုံးဖြတ်နိုင်ခွင့် ရှိတယ်လို့ ထင်တယ်။ အဲဒါကို ကြပ်ပြေး နေပြည်တော်က ကက်ဘိနက်အထိ တင်ပြီး ဆုံးဖြတ်ချက် ရယူနေရရင်၊ ဒီနိုင်ငံရဲ့ ပညာရေးအဆင့် မီပါတယ်လို့ ပြောရင် ယုံတဲ့လူ အမှားပဲ”

ဒါပေမဲ့ မြန်မာတွေ စိတ်ပျက်ဖို့ မလိုပါ။ ပင်ကိုယ်က ခံနိုင်ရည်ရှိပြီးသား၊ လေ့ကျင့်ပြီးသား ဖြစ်နေတာကြောင့် လုပ်ငန်းခွင်မှာ မြန်မာလုပ်သား အများစုဟာ နာမည်ရပြီးသား ဖြစ်နေပါတယ်။ ကြိုးစားမှု၊ အနစ်နာခံမှုတွေကြောင့် တခြား နိုင်ငံသား အလုပ်သမားတွေနဲ့ စာရင် အလုပ်ရှင် အကြိုက်များပါတယ်။ တခုပဲ မြန်မာ အလုပ်သမားတွေရဲ့ အားနည်းချက်က နိုင်ငံနဲ့ လူမျိုးကို ထိလာရင် မြွေပွေးကြီးလို ထပေါက် ပစ်လိုက်တာပဲ။ အဲဒီတော့ နှစ်ဖက်စလုံး နစ်နာတာပဲ၊ အဲဒီလို ထပေါက်လိုက်မယ့်အစား ယဉ်ယဉ်ကျေးကျေးနဲ့ ဒို့ယဉ်ကျေးမှုအရ လူတယောက်ရဲ့ နိုင်ငံကို မစော်ကားပါဘူးလို့ ပြောလိုက်ရင် တီကောင်ကို ဆားနဲ့ တို့လိုက်သလို ဖြစ်သွားတဲ့ အလုပ်ရှင်တွေလို ချက်ချင်း ပြန်တောင်းပန်တာ မကြာခဏ တွေ့ရပါတယ်။ မယုံရင် စမ်းကြည့်ပါ။

အထက်ပါ လူမှုရေး ပြင်ဆင်မှုများနှင့်အတူ နိုင်ငံခြားမှာ အလုပ် ထွက်လုပ်လိုသူများအား ပိုမို အလုပ်ရလွယ်ပြီး အဆင်ပြေစေရန် တင်ပြလိုက်ပါတယ်။ ထို့အပြင် နယူးဇီလန်နိုင်ငံမှ ကျွမ်းကျင် အလုပ်သမားတွေ ခေါ်ယူနေကြောင်း အစိုးရရဲ့ ကြေညာစာကိုလည်း ဖော်ပြလိုက်ပါတယ်။ သင့်တော်သလို လျှောက်ထားနိုင်ပါတယ်။ ရေကြည်ရာ မြက်နုရာ ဆိုသလို၊ နယူးဇီလန် နိုင်ငံလောက် ရေကြည်တဲ့၊ မြက်နုတဲ့နိုင်ငံ ရှိမယ်မထင်ပါ။ လာကြည့်ပါက ပိုသိပါမယ်၊ အထူးပြောစရာ လိုမယ်မထင်ပါ။

မေတ္တာဖြင့်

မွန်ဦးမြေ



စင်္ကာပူရောက် မြန်မာများ ဘ၀ရှေ့ရေး
| ဗုဒ္ဓဟူးနေ့၊ ဇွန်လ ၂၅ ရက် ၂၀၀၈ ခုနှစ် ၀၀ နာရီ ၀၀ မိနစ်

စင်္ကာပူမှာ နှစ်ပေါင်းများစွာ နေခဲ့တဲ့ အတွေ့အကြုံနဲ့ မြန်မာပြည်၊ စင်္ကာပူ၊ ကမ္ဘာ့နိုင်ငံရေး အခြေအနေများကို လေ့လာသုံးသပ်ပြီး ဒီစာကို ရေးပါတယ်။ ကိုယ့်အမြင်နဲ့ရေးတော့ တဦးချင်းရဲ့ ဘ၀ အဖြစ်အပျက်တွေကို မသိတော့ ကိုယ်နဲ့ သင့်တင့်သလို ဆုံးဖြတ်နိုင်မှုမှာ အထောက်အကူ အနည်းအကျဉ်း ရတယ်သိရရင် ရေးရကျိုးနပ်ပါတယ်။

မြန်မာတွေ စင်္ကာပူ ရောက်လာတာကတော့ ကိုယ့်နိုင်ငံမှာ အဆင်မပြေလို့ပါပဲ။ ပိုချမ်းသာ၊ ကြီးပွား၊ ပညာတတ်လာအောင် စင်ကာပူ ထွက်လာသူကတော့ အနည်းအကျဉ်းပဲ ရှိမှာပါ၊ ကိုယ်နိုင်ငံတွင်းမှာ လစာငွေ ကောင်းရင် ၀င်ငွေနဲ့ထွက်ငွေ ဖူလုံလောက်ငရင် ပြည်တွင်းမှာပဲ နေမှာပါ။ ထားပါတော့။

အရင် အပိုင်း (၁) မှာတော့ လက်ရှိ ပေါ်ပင်ဖြစ်ရပ်များကို အခြေခံပြီး ရေးထားပါတယ်။ အခုအပိုင်းကတော့ ဘ၀ကိုမှန်ကန်စွာ ကြိုးစား တိုးတက်ချင်တဲ့ သူများအတွက် အထူးပြုပါမယ်။

အသက်အပိုင်းအခြားအလိုက် သတ်မှတ်ရရင်

၁။ အသက် ၂၀ နဲ့ ၃၀ ကြား လူငယ်ကျောင်းသား
၂။ အသက် ၃၀ နဲ့ ၄၀ ကြား ပညာအသင့်တင့်ရှိသူ လူငယ်
၃။ အသက် ၄၀ အထက် ပညာ၊ လုပ်ငန်းအတွေ့အကြုံ၊ လူမှုရေး အတွေ့အကြုံ ရင့်ကျက်စပြုတဲ့ လူကြီး စသဖြင့် ၃ ဆင့် ခွဲခြားချင်ပါတယ်။

၁။ အသက် ၂၀ နဲ့ ၃၀ ကြား လူငယ်ကျောင်းသား

တချို့ လူငယ်တွေကတော့ သူ့ရဲ့ မိဘ၊ မောင်နှမများ အားကိုးနဲ့ အမေရိကားကို အထူးသဖြင့် ပညာသင်ဖို့ ရောက်လာတာပါ။ မိဘ၊ ဦးလေးများက အမေရိကားကို စောစီးစွာ ရောက်နေတဲ့အတွက် ဂရင်းကဒ် (သို့မဟုတ်) အမေရိကန် နိုင်ငံသား ဖြစ်နေပြီဆိုတော့ သူတို့ရဲ့ နှလုံးသားကို ရပြီးသူ လူငယ်ခမြာ ဘာမှ ကြိုးစားစရာ မလိုဘဲ ဖြုတ်ကနဲ ရောက်လာပါတယ်။ မြန်မာတွေ အမေရိကား ရောက်ချိန်မှာ ကိုယ့်ဆွေမျိုးစာရင်းကို အင်မီဂရေးရှင်းမှာ ရေးတင်ရတော့ သူတို့ ချစ်ခင်တဲ့ တူ၊တူမ၊ မောင်နှမ နာမည်တွေကို ကောက်ရေး ထည့်ထားလိုက်တယ်။ အဲ - တနေ့ သူအဆင်ပြေတဲ့ အချိန်တော့ အမေရိကားကို အဲဒီလူတွေ ခေါ်ခွင့်ရတယ်။ ဒီတော့ သူတို့ကို ခေါ်ဖို့ တင်ပေးလိုက်တာကြောင့် ဘ၀ပေးကုသိုလ် (ရှေ့ဘ၀ ကံ၊ တနည်းအားဖြင့် ဘုရားသခင် ကောင်းချီးရရှိသူ) လူငယ်များ မြန်မာတိုင်း တမက်တမော သွားချင်တဲ့ အမေရိကားကို ရောက်လာရတယ်။

သူတို့ကိုတော့ အမေရိကား အရင်ရောက်နှင့်တဲ့ အဒေါ်၊ ဦးလေး၊ အမေ၊ အမေများက ကျောင်းပဲ တက်ခိုင်းတယ်။ ဒီလူငယ်တွေကလည်း အလုပ်ပဲလုပ်ပြီး ပိုက်ဆံရချင်တယ်။ အိမ်မှာထိုင်ပြီး စားသောက်၊ ပညာသင်၊ အဒေါ်ဦးလေး ပူညံ ပြောဆိုတာတွေ၊ အိမ်အလုပ်တွေ ဘယ်လုပ်ချင်မလဲ၊ ဒီတော့ ပါးစပ် အပြောမတတ်တဲ့ အဒေါ်ဦးလေးအိမ်က ထွက်ပြီး ကိုယ်ဖာသာ အပြင်မှာနေ၊ ကျောင်းမတက်တော့ဘဲ တလကို ဒေါ်လာ၂၀၀၀ လောက် ရတဲ့အလုပ်တွေမှာ ၀င်လုပ်တယ်။ ကားကောင်း ၀ယ်စီးတယ်။ အိမ်မှာ စတီရီယို ဟိုင်ဖိုင်၊ တီဗီတွေ ၀ယ်ယူ ဇိမ်ခံပြီး လောကကျေးကွန်ဘ၀ ရောက်သွားတယ်။ Rich Dad - Poor Dad စာအုပ်ကို ဖတ်ရင် ဒီလူငယ်များ သိပ်ကြိုက်ပေါ့။ လူတိုင်း သူဌေး ဖြစ်နိုင်တယ်။ မင်းလည်း သူဌေးဖြစ်မယ်ဆိုတဲ့ အယူအဆပါ။ ဟုတ်ပါတယ်။ သူဌေးအကျင့်အတိုင်း ကျင့်နိုင်ရင်တော့ သေချာပေါက် သူဌေးဖြစ်ပါတယ်။ ဒါပေမဲ့ မိဘ၊ ဆွေမျိုးက အစိုးရ၀န်ထမ်း၊ သာမန်လုပ်ငန်းရှင်၊ သာမန်ဘွဲ့ရ မိဘရဲ့ သားသမီးက ဘယ်လိုလုပ်ပြီး သူဌေးအကျင့် ရပါမလဲ။ သူဌေး (သို့မဟုတ်) သူဌေးသားနဲ့ သွားပေါင်းရင် သူတို့ကျွန်ဘ၀ပဲ ရောက်ရုံပဲဆိုတော့ သူဌေးကျွန် မဖြစ်ချင်တဲ့ ဒီလူငယ်လဲ သူဌေးမဖြစ်ဖို့ လမ်းများပါတယ်။

ကြုံလို့ပြောရရင် အခု အမေရိကားမှာ သမ္မတလောင်း အိုဘားမား တော်တော် နာမည်ကြီးနေပါတယ်။ လူမဲအမျိုးသား ပထမဆုံးသော သမ္မတလောင်းပဲ။ ဒီမိုကရက်တစ် ပါတီကြီးက အရင် သမ္မတကတော် ဟီလာရီ ကလင်တန်ကို အနိုင်ယူပြီး ရေပန်း အရမ်းစားနေပါတယ်။ နောက် နာမည်ကြီး လူမဲ အမျိုးသမီးကတော့ သမ္မတ ဂျော့ဘွတ်ခ်ျရဲ့ လက်စွဲ၊ အကြံပေး အရာရှိနဲ့ နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီစာ ရိုက်စ် ပါ။ အဲဒီလူမဲ နာမည်ကြီးတွေဟာ ငယ်စဉ်ဘ၀က အမေရိကားမှာ အနှိမ်ခံခဲ့ရပါတယ်။ သူတို့လည်း ဘ၀နာခဲ့တော့ လူဖြူတွေ လေးစားပြီး၊ တန်းတူအခွင့်အရေး ဖြစ်သွားအောင် ဘာလုပ်ရမလဲ စဉ်းစားတော့ သူတို့ရဲ့ အဖေပြောတယ် - ဆင်းရဲ၊ နှိမ့်ကျခြင်းက ထာဝရ လွတ်မြောက်အောင်  "ပညာကို အစွမ်းကုန်ကြိုးစား၊ လေ့လာလိုက်စားခြင်း"  တခုတည်းရှိတယ်လို့ ဆုံးမပြောဆိုခဲ့တယ်။

သူတို့ နှစ်ယောက်ကလည်း လက်ခံပြီး ငယ်ရွယ်စဉ်မှာပဲ ပညာကို ထွန်းပေါက်အောင် အရမ်းကြိုးစားတယ်။ နှိမ့်ချစွာ ဆရာကောင်းများနဲ့ ကြိုးစားတော့ အောင်မြင်မှုကို ရရှိတယ်။ အခုဆိုရင် လူဖြူတွေ ကြီးစိုးတဲ့ အမေရိကားမှာ  အစိုးရ ထိပ်တန်းရာထူးတွေကို လူမည်းတွေ ရယူနိုင်ခြင်းဟာ စံပြသက်သေ ဖြစ်ပါတယ်။ ရှေးကမ္ဘာဦးကတည်းက ကြိုးစားတဲ့ သူကိုပဲ မြှောက်စားတဲ့ ပုံသက်သေ ဥပမာတွေ အများကြီးပါ။

မိဘ ဆွေမျိုးမရှိပေမဲ့လည်း ကြိုးစားချင်တဲ့ စိတ်နဲ့ အမေရိကား ထွက်လာသူ၊ ရှိပါရက် မိမိဖာသာ ကြံဖန် ကြိုးစားထွက်လာတဲ့ လူငယ်တွေ အများကြီးပါ။ ဒီနေရာမှာ အကြံတခု ပေးချင်တာကတော့ မသွားခင်မှာ အသေအချာ လေ့လာစုံစမ်းပါ။ မေးမြန်းပါ။ စနစ်ကျတဲ့ ပြင်ဆင်မှု ပြုလုပ်ပါ။

ဒါကြောင့် အမှတ်စဉ် (၁) လူငယ်များကိုတော့ ပညာကြိုးစားဘို့ တိုက်တွန်းပါတယ်။ အမေရိကားကို ဗီဇာရဖို့ မိဘဆွေမျိုး ခေါ်မဲ့လူမရှိရင် အလွယ်ကူဆုံးကတော့ Student Visa နဲ့လာပါ။ လာပြီးရင် ကျောင်း ပြီးအောင် တက်ပါ။ ငွေရတဲ့ အလုပ်တွေနောက် မလိုက်ဘဲ ကျောင်းတနှစ်ကနေ ၄ နှစ်အထိ ပြီးအောင်တက်မယ် ရဲရဲဆုံးဖြတ်ပါ။ အမေရိကားမှာ ကျောင်းတက်ရင် Part Time အလုပ်လုပ်ခွင့် ရှိပါတယ်။ မိတ်ဆွေတဦးရဲ့ ဆန်ဖရန်စစ္စကို State University မှာ အာဖရိက ဂါနာ၊ အီသီယိုးပီးယားတွေက လာရောက် ကျောင်းတက်နေတဲ့ တက္ကသိုလ်ကျောင်းသား ၂ ယောက်ကို စကားပြောခွင့် ရပါတယ်။ သူတို့ကို တက္ကသိုယ်က တပတ်မှာ နာရီ ၂၀ အလုပ်လုပ်ခွင့် ပေးတယ်။ တက္ကသိုလ်က ဆရာတွေနဲ့လည်း အဆင်ပြေအောင်နေတော့၊ မိတ်ဆွေ တက္ကသိုယ်ဝန်ထမ်းရဲ့ ဌာနမှာပဲ အချိန်ပိုင်းဝင်လုပ်တော့ သက်သက်သာသာ ကွန်ပြူတာရှေ့ ထိုင်ပြီး တလ ဒေါ်လာ ၁၀၀၀ လောက် ရနေတယ်။ ထောက်ပံကြေး Grant ကလည်း အမေရိကားမှာ သိပ်မခက်လှဘူး။ မြန်မာဆိုရင် ပိုတောင် လွယ်သေးတယ်။ (မြန်မာတွေ စစ်အစိုးရ လက်အောက်မှာ တော်တော်ခံနေရတာ အမေရိကန်များ ဂရုဏာသက်တာ ရှိပါတယ်)။ ဒီတော့ အဲဒီကျောင်းသားတွေ အပြင် စားသောက်ဆိုင်၊ အလုပ်ရုံတွေမှာ သွားလုပ်စရာ မလိုတော့ဘူး။ သွားလုပ်ချင်ရင်လည်း အလုပ်ရှာရတာ လွယ်ပါတယ်။

Student ဗီဇာရရှိပြီး အမေရိကားကိုသာ အရင်ဝင်ခဲ့ပါ။ ကျန်တဲ့ အရာများကတော့ အမေရိကားက မြန်မာတွေကို သေချာပြောပြ အကူအညီ တောင်းရင် စာတကယ် ကြိုးစားမယ့် မြန်မာကျောင်းသားတွေကို ကူညီမယ့် အဖွဲ့အစည်း အများကြီး ရှိပါတယ်။ 

အပိုင်း (၁) မှာ ရေးခဲ့တာကို ဖြည့်စွက်ပြောရမယ်ဆိုရင်…

အမေရိကားမှာ H1 visa, Student visa, Business visa, Medication visa, Social Charity visa စတာတွေအနက် မြန်မာ Passport ကိုင်ဆောင်ထားသူတွေ အများဆုံး အသုံးချတဲ့ ဗီဇာကတော့ Student Visa ပါပဲ။ လူသိနည်းတဲ့ အမေရိကန် ပြည်နယ်လေးတခုက တက္ကသိုလ် တခုကို ကိုယ့်ကို ခင်မင်သူ တယောက်ရဲ့ Bank Statement တခုနဲ့ အဲဒီ တက္ကသိုလ်ရဲ့ Website ကတဆင့် ဆက်သွယ်ပြီး ကျောင်းဝင်ခွင့် တင်လိုက်ပါ။ အလွယ်တကူ ရပါတယ်။ ဘယ်တက္ကသိုလ်လဲတော့ ကိုယ်နဲ့ နီးစပ်သူတွေကို မေးပါ။ နယူးယောက်၊ ၀ါရှင်တန်၊ ဆန်ဖရန်စစ္စကို၊ လော့စ်အိန်ဂျလိ၊ ချီကာဂို စတဲ့မြို့ကြီးတွေ၊ ပြည်နယ်ကြီးတွေတော့ ယောင်ပြီး သွားမလျှောက်လိုက်လေနဲ့၊ ၀င်ခွင့် ရကောင်းရမယ် - အဲ ငွေကတော့ သောက်သောက်လဲ ကုန်သွားလိမ့်မယ်။

ဝင်ခွင့်ရကြောင်း တက္ကသိုလ်က တရားဝင်စာ တလ၊ နှစ်လ နဲ့ ရလိမ့်မယ်။ ရပြီးရင်တော့ စင်္ကာပူ အမေရိကန် သံရုံးကို သွားပြီး ဗီဇာလျှောက်ပေ တော့။  ဘယ်လိုလျှောက်ရမလဲဆိုတာ http://singapore.usembassy.gov/general_information.html  အင်တာနက် ၀ဘ်ဆိုဒ်မှာ အသေးစိတ် ရေးထားတယ်။ အမေရိကန်ကတော့ Talent တွေအတွက် လမ်းအများကြီး ရှိတယ်။ Google, Yahoo, Microsft, .. စတဲ့ ကမ္ဘာကျော်တွေ၊ ကမ္ဘာ့ အချမ်းသားဆုံး လူတွေရဲ့ တ၀က်လောက်ကလည်း အမေရိကားမှာ နေကြတော့ သဘောပေါက်နိုင်ပါတယ်။ အဲ - ပျက်စီး၊ ကျဆုံးတဲ့လူတွေလည်း အမေရိကန်မှာ ပိုဆိုးတယ်။ ကိုယ့်ကိုယ်ကို သိပ်အထင်ကြီးပြီး လူကြီး၊ သူငယ်ချင်းကောင်း စကားနားမထောင်ဘဲ ထင်ရာ ဇွတ်လုပ်သူများအတွက်တော့ ငရဲနိုင်ငံကြီးပေါ့။

၂။ အသက် ၃၀ နဲ့ ၄၀ ကြား ပညာအသင့်တင့်ရှိသူ လူငယ်

ဒီလူငယ်ကတော့ အိမ်ထောင်ကျပြီးသူ ဖြစ်ဖို့များပါတယ်။ အိမ်တောင်ကျပြီးသူ အများစုဟာ မြန်မာပြည်ကနေ စင်္ကာပူကို ပြောင်းရွှေ့လုပ်ကိုင်ပြီး အခြေကျနေသူ များပါတယ်။ စင်္ကာပူကနေ အမေရိကားကို ရွေ့တော့ ရွေ့ချင်ပေမယ့် နေ့စဉ် လုပ်ငန်းတွေ၊ အပျော်အပါးတွေနဲ့ အလုပ်များနေတာကြောင့် ထပ်မံ ရွေ့ပြောင်းဖို့ မလုပ်နိုင်ပါဘူး။

စင်္ကာပူရောက် မြန်မာများ နိုင်ငံခုန်ရန် ကြိုးစားနေတဲ့ အထဲမှာ နံပါတ် (၁) နိုင်ငံကတော့ သြစတြေးလျား ဖြစ်ပါတယ်ဆိုရင် လက်တွေ့နဲ့ ပိုကိုက်ညီပါတယ်။ အမေရိကားရောက် မြန်မာများက သိန်းဂဏန်းလောက် ရောက်နေပေမယ့် စင်္ကာပူကတဆင့် ရောက်သူတွေ အတော်နည်းပါတယ်။ သြစတြေးလျားက စင်္ကာပူရဲ့ ဘွဲ့နဲ့ လုပ်ငန်းအတွေ့အကြုံ (Singapore Certificates and Experience) ကို အသိအမှတ် ပြုပါတယ်။ သြစတြေးလျားရဲ့ Permanent Resident လျှောက်တဲ့ ပေါ်လစီအရ စင်္ကာပူမှာ ဘွဲ့တခုရပြီး ၃ နှစ်အထက် လုပ်သက်ရှိရင် အသက် ၄၅ နှစ်အောက်ကို အလွယ်တကူပဲ PR ပေးလိုက်ပါတယ်။ အေးဂျင့်ကတဆင့် လျှောက်ရရင် ပိုက်ဆံ ထောင်နဲ့ချီပြီး တော်တော်ကုန်တော့ ငွေအရင်းအနှီး မရှိသူတွေ Australia PR မလျှောက်ဖြစ်ဘူး။ လျှောက်ရင်လည်း တနှစ်အထက် ကြာတတ်ပါတယ်။ တချို့လည်း သြစတြေးလျားမှာ အလုပ်ရအောင်ရှာပြီး Work Permit ရမှ သွားတယ်။ ဟိုမှာနေပြီးမှ PR ဆက်လျှောက်တယ်။

သြစတြေးလျား ဗီဇာကလည်း စင်္ကာပူက ထုတ်ပေးထားတဲ့ PR ဆိုရင် ၁ နာရီအတွင်းမှာပဲ ထုတ်ပေးလိုက်တော့ PR ရရှိထားသူတွေ အလည်အပတ် ခရီးထွက်တဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ မြန်မာများ Touch and Go အနေနဲ့ သြစတြေလျားကို Tourist Visa eg. 3 days, 4 night စတဲ့ Tour Package နဲ့ ခရီးသွားပြီး ပြန်လာသူ များပါတယ်။ နောက်ပြီး သြစတြေလျား နိုင်ငံမှာလည်း မြန်မာတွေကို Work Permit လက်ခံနေပါတယ်။ အင်တာနက်မှာလည်း ပညာရေးအကြောင်း အများကြီး ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။ ဥပမာ - http://www.mingalaronline.net/education/  သြစတြေလျားကို ပြောင်းရွှေ့ဖို့ အခြေခံ အကြောင်းတွေကိုလည်း အစိုးရ အင်တာနက် ၀ဘ်ဆိုဒ်မှာ ရေးထားပါတယ်။ စင်္ကာပူမှာလည်း သြစတြေလျား အလုပ်ပွဲစား အများကြီး ရှိပါတယ်။ 

ထုံးစံအတိုင်း အကြံပေးချင်တာကတော့ ကိုယ်နဲ့ ရင်းနှီးတဲ့ သြစတြေးလျား ရောက်နှင့်သူ မိတ်ဆွေတွေကို ဖုန်းဆက် မေးမြန်းပါ၊ တတ်နိုင်ရင် Tourist Visa ယူပြီး သွားရောက်လည်ပတ် မေးမြန်းပါ။

ကနေဒါ၊ အင်္ဂလန်၊ နယူးဇီလန်၊ နော်ဝေး စတဲ့ နိုင်ငံတွေကို စင်္ကာပူကတဆင့် ပြောင်းရွှေ့သွားသူတွေ တော်တော်ရှိပေမယ့် သူတို့ အကြောင်းထက် အမေရိကန်၊ သြစကြေးလျား အကြောင်းက ပိုစိတ်ဝင်စားစရာ၊ လက်တွေ့ ပိုကျတယ်လို့ ထင်ပါတယ်။

အမေရိကန်ကို လာအလုပ်လုပ်ဖို့ကတော့ တော်တော် ကြိုးစားရပါမယ်။ ဒါကြောင့် ကျောင်းအရင်တက်တာကို တိုက်တွန်းပါတယ်။ အနည်းအကျဉ်း မြန်မာတွေ H1 Visa ရရှိပါတယ်။ ကံ၊ ဥာဏ်၊၀ီရိယ ကောင်းသူများ H1 Visa ရရှိသွားပါတယ်။ ကံကို နံပါတ် (၁) မှာ ရေးထားပါတယ်။ ကံတရား (သို့မဟုတ်) ဘုရားကောင်းချီးပေးခြင်း ဆိုတာ အင်မတန် ထူးဆန်းပေမယ့် ၀ိရိယ မရှိသူတွေဟာ ကံမကောင်းသူတွေ ဖြစ်သွားလေ့ ရှိပါတယ်။ အဆင်ပြေနေသူတွေ ဘ၀ကို သေချာကြည့်ရင် ထင်သလို မိဘချမ်းသာလို့ ဘာမှမလုပ်ပဲ သုံးဖြုန်းနေသူ မဟုတ်ပါဘူး။ ဘုရင့်သားဆိုတိုင်း ဘုရင်မဖြစ်နိုင်ပါဘူး။ မှားသွားရင် ဘုရင့်သား အချင်းချင်း သုတ်သင်တဲ့ဘ၀ထဲ ရောက်သွားနိုင်ပါတယ်။ ဒါကြောင့် ၀ိရိယ ရှိရင် ဥာဏ်နဲ့ ကံ တွေလည်း ကောင်းလာလေ့ ရှိပါတယ်။

အပိုင်း (၁) တုန်းက ရေးပြီးသားကို ပြန်ထည့်ပေးလိုက်ပါတယ်။

အလုပ်ရှာချင်တဲ့ လူငယ်တွေအတွက် H1 Visa အကြောင်း နည်းနည်းပဲ ရေးပါမယ်။ အလုပ်ဗီဇာ H1 ကို မြန်မာပတ်စ်ပို့ ကိုင်သူတွေအတွက် ရနိုင်လမ်း တော်တော်နည်းပါတယ်။ စင်္ကာပူ Passport ကိုင်တဲ့ မြန်မာတွေအတွက်တော့ အိုကေပေမယ့် ၂၀၀၈ ပတ်ဝန်းကျင်မှာ အမေရိကန် စီးပွားရေးကပ် ဆိုက်နေတော့ စင်္ကာပူ လူငယ်တွေက လစာ ပိုကောင်းနေသလိုပါပဲ။ အမေရိကန် ဒေါ်လာဈေးကလည်း သမ္မတ ဂျော့ဘွတ်ခ်ျ မတက်ခင် US$1 = S$1.8 ကနေ ကျဆင်းသွားလိုက်တာ အခုဆို US$1 = S$1.3 လောက် ဖြစ်သွားတော့ စင်္ကာပူမှာ တလ ဒေါ်လာ ၃၀၀၀ လောက်ရသူ အမေရိကားမှာ သွားလုပ်ရင် ဒီလောက်လစာ များများရဖို့ နဲနဲခက်တယ်။ ရရင်လည်း လစာ ၅၀၀၀ အထက် ရမယ်။ မရရင်လည်း ဆူရှိလိပ်ပြီး တလ ၂၀၀၀ လောက်နဲ့ ကျေနပ်နေရမယ် ဆိုတော့ စင်္ကာပူက မြန်မာများ အမေရိကား အလုပ်လာရှာဖို့ သိပ်မသင့်တော်တဲ့ အချိန်ကာလပါ။ အမြဲတမ်း အခြေချဘို့ ဆိုရင်တော့ တမျိုးပေါ့။ 

ဘာပဲဖြစ်ဖြစ် H1 Visa ရချင်ရင် အနည်းဆုံး ၆ လ  ကနေ တနှစ်လောက်ကြာမယ်။ စင်္ကာပူလို အခု အီးပီ၊ အက်စ်ပတ်စ်၊ Work Permit တင်ပြီး တပတ်၊ နှစ်ပါတ်နဲ့  အဖြေသိရတဲ့ နိုင်ငံမဟုတ်ဘူး။ Paper Work လုပ်တဲ့နေရာမှာ Lawyer, Insurance တွေနဲ့ ရှုပ်ယှက်ခတ်နေတာ တိုးတက်တဲ့ နိုင်ငံကြီးတွေရဲ့ သဘောသဘာဝပါပဲ။ ပြီးတော့ အမေရိကားမှာ H1 Visa ဆိုရင် အစိုးရ သတ်မှတ်ထားတဲ့ လစာက တနှစ်ကို US$65K အထက် ပေးရမယ်ဆိုတော့ ပွဲစားကုမ္မဏီတွေ အကြိုက်ပေါ့။ ကုမ္မဏီတွေနဲ့ ပေါင်းပြီး တနှစ်ကို Us$30K လောက်ပဲပေးပြီး ပွဲစားနဲ့ အလုပ်လုပ်သူ နားလည်မှု ယူလိုက်တယ်။ စင်္ကာပူမှာလည်း ဒီလို ကလိန်ကကျစ် လုပ်နည်းတွေ ရှိတယ်။ လစာကိုတော့ အမှန်အတိုင်း ဘဏ်ထဲ ထည့်ပေးပြီး ပွဲစားကို လစဉ် Cash ပြန်ပေးရတဲ့ သဘောပါပဲ။ အမေရိကား အရင် ရောက်နှင့်နေတဲ့ တရုတ်၊ အိန္ဒိယ၊ ဖိလစ်ပင်း၊ ဗီယက်နမ်၊ ကိုးရီးယားနဲ့ မက္ကဆီကို၊ အမေရိက အလယ်ပိုင်းနိုင်ငံများ နိုင်ငံတွေက လူတွေ လုပ်စားလာတာ ကြာပြီပဲ။  မြန်မာလူလည်တွေ ကော်ပီ လိုက်လုပ်ရုံပါပဲ။ ဘာပဲဖြစ်ဖြစ် အမေရိကားလာပြီး အမှန်အကန် H1 Visa လာရှာမယ်ဆိုရင် ခန့်မယ့် ကုမ္မဏီအသင့်ရှိတောင် ၆ လ ကြာဦးမယ်။ ၂၀၀၈ အတွက် H1 Visa ကိုတာ ကုန်သွားပြီလို့ သိရတယ်။ အဲ - H1 Visa ရတိုင်း ဂရင်းကဒ် မရနိုင်ဘူး ဆိုတာလည်း သိထားရမယ်။

၃။ အသက် ၄၀ အထက် ပညာ၊ လုပ်ငန်းအတွေ့အကြုံ၊ လူမှုရေး အတွေ့အကြုံ ရင့်ကျက်စပြုတဲ့ လူကြီး 

မနှစ်က စင်္ကာပူက မိတ်ဆွေတယောက် ရောက်လာပါတယ်။ သူက မြန်မာပြည်မှာ စီးပွားရေး လုပ်ငန်းကြီးကို ပိုင်တယ်။ ဒါပေမဲ့ ဗိုလ်ချုပ်ခင်ညွန့် အုပ်စု အနားယူသွားပြီးတဲ့ နောက်ပိုင်းမှာ ဘာမှ လုပ်စားလို့မရတော့ဘူး။ စင်္ကာပူမှာ ငွေသိပ်မကုန်ဘဲ နေထိုင်လုပ်စားဖို့ အရင် ကြိုးစားကြည့်ပါတယ်။ Investment 1 millions ပေးရင်တော့ စင်္ကာပူ ပီအာကို ချက်ချင်း ရပါတယ်။ အရင် ၁၀ နှစ်လောက်ကတော့ Investment 0.1 million ဆိုရင် အီးပီ ချက်ချင်းကျပြီး ပီအာ ဆက်တိုက် ရနိုင်ပေမယ့် အခုတော့ စင်္ကာပူက တော်တော် တိုးတက်သွားတော့ အရင်လောက် မလွယ်တော့ပါဘူး။ ဒီတော့ စင်္ကာပူမှာ ငွေ ဒေါ်လာ သိန်းချီ ရင်းနှီးမှုမရှိဘဲ စီးပွားရေးလုပ်ဖို့ကို ကြံတယ်။ ငွေဆိုတာ လူကလုပ်တာပဲ ခံယူထားတော့ နည်းလမ်းများစွာ စုံစမ်းမေးမြန်းတယ်။ ရောက်နှင့်ပြီးသား အဆင်ပြေနေတဲ့ မြန်မာ စီးပွားရေးသမားတွေကလည်း လုပ်နည်းကို မပြောပါဘူး။

ဒီတော့ မြန်မာပြည်ကို ပြန်ပြီး စင်္ကာပူမှာ အဆင်ပြေနေတဲ့ စီးပွားရေးသမားတွေအကြောင်း စုံစမ်းတယ်။ ရိပ်ရိပ်တော့ သဘောပေါက်လာတယ်။ တိုးတက်တဲ့ နိုင်ငံကြီးတွေဟာ Talent ဖြစ်တဲ့ Entrepreneur တွေကို အရမ်းလက်ခံပါတယ်။ အမေရိကား၊ သြစတြေးလျားတွေမှာ မြန်မာ အက ကောင်းကောင်း ကတတ်ရင်၊ (ပန်တျာကျောင်းဆင်း လက်မှတ်နဲ့ သြစတြေးလျားရောက် မြန်မာအဖွဲ့အစည်းတခုက ထောက်ခံစာ) နဲ့ Migrant Visa ရတတ်ပါတယ်။ မြန်မာတွေအရင် တရုတ်၊ အိန္ဒိယ လူမျိုးတွေ လမ်းကြောင်းပြ၊ လုပ်ပြီးသွားပါပြီ။ မြန်မာတွေက Just copy and paste လုပ်လိုက်ရုံပါပဲ။   ဒီတော့ နည်းလမ်းသိသွားပြီး ကြိုးစားလိုက်တာ ၆ လအတွင်း ငွေသိပ်မကုန်ဘဲ စင်္ကာပူမှာ အခြေကျနေထိုင်ခွင့် ရသွားပါတယ်။ Entrepreneur Pass လို့ ခေါ်ပါတယ်။

စင်္ကာပူ Immigration နဲ့ Ministry of Labor / Company Registration စတဲ့ နေရာတွေကို ခေါက်တုံ့ခေါက်ပြန် သွားလိုက်ရတယ်။ အိန္ဒိယက နွားနို့ကို စင်္ကာပူမှာ တင်ပို့ရောင်းချဖို့ ဆိုင်လေးဖွင့်ချင်တဲ့ အသက် ၂၈ နှစ်အရွယ် လူငယ်လေးလည်း Entrepreneur Pass ၂ နှစ် လုပ်ခွင့် ပေးတယ်။ တရုတ်ပြည်က အသက် ၄၀ လောက် သွင်းကုန်၊` ထုတ်ကုန် လုပ်ငန်း လုပ်ချင်သူကိုလည်း ပေးတာ မဟုတ်လား။ ဆိုတော့ ကျနော့် မိတ်ဆွေကြီးက  မြန်မာပြည်မှာ လယ်ယာလုပ်ငန်းကို အခြေခံတဲ့ စက်မှုလုပ်ငန်း စင်္ကာပူမှာလုပ်ဖို့ တင်ပြတော့ အိုကေတယ်။

ဒီလိုကနေ ရိုးသား ကြိုးစားလုပ်ကိုင်သူတွေ အောင်မြင်လာတာ ရှိတယ်။ အဲ - မိတ်ဆွေတယောက်တော့ တွေ့ဖူးတယ်။ မြန်မာပြည်မှာ နှလုံးထီ၊ မိုးကြိုးသွား၊ ကျည်နိုင်ဆေး၊ ရွှေရှာဖွေရေး၊ ရေနံရှာဖွေရေး၊ ရေနက်ကွင်း၊ ခရီးသွားလုပ်ငန်း၊ သွင်းကုန်ထုတ်ကုန် လုပ်ငန်း စသဖြင့် မြန်မာပြည်တွင်းက ပေါ်ပင် မြန်မာ စီးပွားရေးသမားများ လုပ်စဉ်အတိုင်း အကုန် လျှောက်လုပ်တယ်။ ငွေအရင်း ထုတ်ပေးချင်သူတွေကို အာဘောင်ရင်းသန်သန် ပြောရင်း အတူလုပ်၊ မိတ်ဆွေပျက်၊ စစ်တပ်၊ အာဏာပိုင်တွေနဲ့လည်း နည်းမျိုးစုံ ပေါင်းသင်း လုပ်ကိုင်ပေမယ့်လည်း သွေးသား မတော်စပ်တော့ သူတို့အထဲက အဖြစ်မရနိုင်ဘူး။ သွေးသားတော်စပ်အောင်လည်း ကိုယ်သမီးကို ပေးရလောက်အောင် သမီးလည်း မရှိ၊ ရှိအောင် ဗိုလ်ချုပ်ကြီးသားက ကြိုက်ဦးမှကိုး။

နောက်ဆုံးတော့ စင်္ကာပူရောက်လာတယ် - မြန်မာပြည်က အကျင့်ဆိုးတွေ အားလုံး ဘုရားမှာ ကပ်လှူပစ်လိုက်တော့ ၂ နှစ်အတွင်းမှာ ကြီးပွားလာတယ်။ စင်္ကာပူ ပီအာဖြစ်လာပြိး အိမ်ပိုင်၊ ကားပိုင် ဖြစ်လာတယ်။ အဲ - ဒီလို အဆင်ပြေလာတော့ အရင်က ဘုရားမှာ ကပ်ထားတဲ့ အကျင့်ဆိုးတွေ ပြန်ပေါ်လာတယ်။ အခုတော့ အဆင်မပြေ ဖြစ်နေပြီ ကြားရတယ်။

အမေရိကားက ပညာတတ်သူ၊ ကျွမ်းကျင်သူ၊ အတတ်ပညာရှင်၊ စီးပွားရေးပညာရှင်၊ ဆရာဝန်၊ လုပ်ငန်း အသေးလေးကအစ အကြီးအထိ လုပ်နိုင်သူများကို ကြိုဆိုနေပါတယ်။ ဒီမှာတော့ Credit Card System နဲ့ အလုပ်လုပ်ပေမယ့် ဆရာဖေမြင့် ဘာသာပြန်တဲ့  ဘေဘီလုံမှ အချမ်းသာဆုံးပုဂ္ဂိုလ် စာအုပ်ထဲက တကယ့်အဖြစ်အပျက် ဇာတ်လမ်းတွေလိုပဲ ချမ်းသာချင်ရင် အကျင့်ကောင်းလေးတွေ ရှိရပါမယ်။ ငွေကို ငွေလို မြင်တတ်ရမယ်ဆိုတဲ့ ရှေးနှစ်ပေါင်း ၅၀၀၀ ကျော် ဘေဘီလုံခေတ်အတိုင်း အကျင့်ကောင်းလေးတွေနဲ့ ကြိုးစားရတာတော့ အဓိက အခြေခံအကြောင်းအရင်းပါ။

စိတ်နဲ့ ကိုယ် ၂ မျိုးစလုံး ချမ်းသာဖို့ ကြိုးစားသင့်ပါတယ်။ စင်္ကာပူက ၀န်ကြီးချုပ်ဟောင်း ဂိုချောက်ထောင် လွန်ခဲ့တဲ့ ၁၀ နှစ်လောက် သူ အာဏာရှိစဉ်က စင်္ကာပူ ကြွယ်ဝစေတဲ့ လူတန်းစား ၂ ရပ်အကြောင်းကို Straits Times သတင်းစာ မျက်နှာဖုံးမှာ အပြည့်၊ အတွင်းထဲမှာရော အများကြီး သူ့မိန့်ခွန်းကို ဖေါ်ပြခဲ့တယ်။ တမျိုးက CEO Corporate နဲ့ တက္ကသိုလ် ပညာတတ်အုပ်စု၊ နောက်တမျိုးကတော့ ပွဲစား၊ မြေပိုင်ရှင်၊ ငွေတိုးချေးစား၊ ကုန်စုံဆိုင်ပိုင်ရှင် အုပ်စု။ နိုင်ငံရဲ့ ကြွယ်ဝမှုဟာ အဲဒီ စိတ်ရောကိုယ်ပါ ချမ်းသာတဲ့ အုပ်စု ၂ စု လက်ထဲမှာ ရှိပါတယ်။ အစိုးရကတော့ အဲဒီအုပ်စုတွေနဲ့ ပေါင်းလုပ်နေရတဲ့ အကြောင်းပြောခဲ့တယ်။

ချမ်းသာသူတွေကတော့ ချမ်းသာနည်းစာအုပ် ရေးမှာ မဟုတ်ပေမယ့် ပညာတတ်သူတွေကတော့ သူတို့လိုပဲ ပညာတတ်စေချင်တယ်။ ချမ်းသာသူတွေကတော့ သူတို့ဆွေမျိုးတွေကိုပဲ သို့မဟုတ် ကိုယ်စေတနာ ရှိသူကိုလည်း ကိုယ်လို ချမ်းသာလာအောင် ကူညီတတ်ပါတယ်။ အဲ - ပညာတတ်ကတော့ ကိုယ့်ဆွေမျိုးသာမက ကိုယ်နဲ့နည်းစပ်သူတွေကိုလည်း ပြောပြ၊ လမ်းပြ၊ လမ်းညွန်တတ်ပါတယ်။

နောက်ဆုံးတော့ အမေရိကားမှာ Opportunity တွေ အများကြီး ရှိပါတယ်။ အမေရိကား ရောက်ပြီး အနည်းဆုံး ၅ နှစ်လောက် အချိန်ယူ ကြိုးစားရတယ်လို့ ရင်းနှီးတဲ့ မိတ်ဆွေတဦးက ပြောပြါပါတယ်။ ကြီးပွားတိုးတက်ဖို့ လုပ်နည်းကိုင်နည်း၊ အကြံပေးများ လိုအပ်သလို တိုက်ပွဲဝင်ဖို့အတွက် လက်နက်ကရိယာ တန်ဆာပညာတွေလည်း ၀ယ်ယူ၊ တပ်ဆင်ရပါမယ်။ Certificates တွေကတော့ အရေးကြီးဆုံးပါပဲ။ Language and American Culture ကို ကောင်းကောင်း သိနားလည်အောင် နှစ်နဲ့ချီ  ကြိုးစားရပါမယ်။ ဥပမာ အမေရိကန်တွေဟာ အလုပ်အများကြီး လျှောက်မလုပ်သလို၊ စင်္ကာပူ ကုမ္ပဏီတွေလို အလုပ်အားလုံး သိမ်းကျုံး မခိုင်းပါဘူး။ ဒါပေမဲ့ တခုခိုင်းရင် ခိုင်းတာကို အသေးစိတ် သေချာစွာ အောင်မြင်အောင်လုပ်တာ ကြိုက်တယ်။ မအောင်မြင်ရင်လည်း စင်္ကာပူ ကုမ္ပဏီတွေလို အလုပ်ဖြုတ်၊ ဌာနပြောင်း မလုပ်ပါဘူး၊ မအောင်မြင်ရတဲ့ အကြောင်းကို သေချာ ရှင်းပြပေးရင် အိုကေပါတယ်။ Don't make the same mistake twice ကိုတော့ သတိထားပြီး အရင် မအောင်မြင်တာကို သင်္ခန်းစာယူတတ်ဖို့ပဲ လိုပါတယ်။

အမေရိကန်မှာ မြန်မာတယောက် ၀င်လာလို့ရှိရင် ဗီဇာ ၆ လပေးပါတယ်။ နောက်ထပ် ၆ လလည်း Extension အသာတကြည် ပေးပါတယ်။ စင်္ကာပူလို စတေးကုန်လို့ အင်မီဂရေးရှင်း ပြေးပြီး Extension လုပ်ရ၊ တခါတိုးရင် ၂ ပတ်ပဲ ရတယ်။ ၃ ခါတိုးပေးပြီးရင် အင်မီဂရေးရှင်း အရာရှိက ဒါနောက်ဆုံးပဲ၊ မပေးတော့ဘူး ခပ်မာမာ ပြောခံရတာတွေ အမေရိကန်မှာ မရှိသလောက်ပါ။ အမေရိကန်မှာ နောက်ထပ် ၆ လ ဆက်နေချင်ပါသေးတယ် ပြောပြီး Visa Extension တောင်းရင် အကြောင်းပြချက်ကတော့ လည်ပတ်စရာတွေ အများကြီး ကျန်သေးလို့ပါ ပြောလိုက်ရုံပါပဲ။

အမေရိကားမှာ ကုမ္မဏီ ထောင်ချင်ရင် နိုင်ငံခြားသား Passport ပြပြီး ထောင်လို့ရတယ်။ ကိုယ့်မှာ Credit Card တခုရှိပြီးသားဆိုရင် အမေရိကားမှာ ဘယ်ဘဏ်မှာမဆို အကောင့်ဖွင့်လို့ ရတယ်။ အမေရိကား Credit Card ရပြီးရင် အမေရိကားမှာ လုပ်စားလို့ နဲနဲလေး ရလာပြီပေါ့။ စင်္ကာပူ ကားမောင်းလိုင်စင် ရှိရင် အမေရိကား တခွင်လုံးကို ပြဲပြဲစင် မောင်းချင်ရင် မောင်းလို့ရပြီ။ စင်္ကာပူလို ကားဈေးမကြီးဘူး။

စင်္ကာပူ ကားမောင်းလိုင်စင်ပြပြီး  အမေရိကန်အစိုးရရဲ့ DMV Department of Motor Vehicles ကိုသွားပြီး ပြည်နယ် အိုင်ဒီ ID နဲ့ Driving License Conversion လုပ်ချင်ပါတယ် ပြောရင် လုပ်ပေးပါတယ်။ အမေရိကန်ကို တရားဝင် လာတဲ့အကြောင်း ပတ်စပို့နဲ့ I-94 White Card ကိုတော့ ပြရမယ်။ မြန်မာပြည်က တိုက်ရိုက်လာတဲ့ လူတွေကတော့ Driving License (In English) ရှိရင် ပြောတတ်ရင် လုပ်ပေးပါတယ်။ မပြောတတ်ရင်တော့ စာရေးမက မင်းမှာ Social Security Number SSN  ရှိသလား မေးခံရရင် မရဘူးဆိုတဲ့ သဘောပါပဲ။ ဒီမှာတော့ ပြည်နယ် အိုင်ဒီ ID နဲ့ ဒရိုင်ဘာ လိုင်စင် ၂ခုရှိရင် အမေရိကားမှာ သွားလာ၊ လုပ်ကိုင်ဖို့  အတော်အဆင်ပြေသွားပါတယ်။ SSN နံပါတ်ကတော့ အလုပ်လုပ်သူများ မရှိမဖြစ် လိုအပ်ပါတယ်။ အမေရိကားကို ကျောင်းလာတက်သူ၊ Business Visa long term pass သမားတွေကိုလည်း ကုမ္မဏီထောက်ခံစာနဲ့ SSN ထုတ်ပေးပါတယ်။

အမေရိကားမှာ ကုမ္မဏီ အလွယ်တကူ ထောင်ပြီးရင်တော့ ကိုယ့်အပေါ်မှာပဲ မူတည်တော့တယ်။ စင်္ကာပူမှာ Bio Semiconductor လုပ်တဲ့ ကုမ္မဏီတခုမှာ အလုပ်လုပ်တဲ့ မြန်မာတဦး ပြောပြချက်ကလည်း စိတ်ဝင်စားစရာ ကောင်းပါတယ်။ အမေရိကားမှာ ပညာလာသင်တဲ့ လူတဦး ထူးချွန်ကြိုးစားလို့ Stanford University က ဒေါက်တာဘွဲ့ရပြီး၊ သူတို့ ကျောင်းက အားပေးချက်နဲ့ နောက်ဆုံး ကုမ္မဏီတခုကို ထောင်တယ်။ တက္ကသိုလ်က နာမည်ကြီးပဲ၊ သူတို့ချင်း ထောက်ခံစာတွေ ရေးပေးရင်း အမေရိကန် သူဌေးကုမ္မဏီ R&D လုပ်ဖို့ စမ်းသပ်တဲ့စက် Order ရတယ်။ စက်အမှာစာရတော့ ဘယ်မှာလုပ်ရမလဲ စဉ်းစားရင်း စင်္ကာပူ အစိုးရ EDB က Bio Technology လုပ်ငန်းတွေ အားပေးနေတော့ စင်္ကာပူ အစိုးရဆီကို Grant လှမ်းလျှောက်တယ်။

အမေရိကန် အစိုးရဆိုင်ရာနဲ့ Stanford University မိတ်ဆွေတွေရဲ့ ထောက်ခံစာတွေရော၊ အမေရိကန်မှာ အော်ဒါ ရထားပြီးကြောင်း။ အမေရိကန်မှာ ၀ယ်မယ့် ကုမ္မဏီတွေ Potential Customers စာရင်းတွေနဲ့ ဘယ်လိုဘယ်လို စင်္ကာပူမှာ ကုမ္မဏီထောင်ပြီး အရင်းအနှီး ဒေါ်လာ သန်း၂၀ လိုကြောင်း။ စင်္ကာပူ EDB ဆီက သန်း ၂၀ Grant တောင်းတော့ ၁၀ သန်း ချေးငှား ပေးလိုက်တယ်။ ဒါပေမဲ့ ငါတို့ စင်္ကာပူ အတတ်ပညာရှင်တွေ စာရင်းစစ်မှု Audit အောက်မှာ လုပ်ရမယ်ဆိုပြီး အိုကေသွားပါတယ်။ အခုဆို အဲဒီ ကုမ္မဏီက အမေရိကန် ဆန်ဖရန်စစ္စကိုမှာ တော်တော် ကြီးမားနေပြီး မြန်မာ အင်ဂျင်နီယာတွေကိုလည်း ခန့်ထားပါတယ်။ စင်္ကာပူ ကုမ္ပဏီခွဲမှာလည်း အလုပ်သမား ၁၀၀ လောက် တနှစ်အတွင်း ဖြစ်လာပြီး စက်အော်ဒါပေါင်း များစွာ ၃ နှစ်အတွင်း အမေရိကန် Research R&D ဌာနတွေကို ရောင်းချခဲ့ပြီးပြီလို့ သိရတယ်။

နောက်တယောက်လည်း ၅၀ နှစ် မပြည့်သေးပါဘူး။ သိပ်ချမ်းသာချင်တဲ့ ဇနီးသည် အကြံနဲ့ ရိုးသားကြိုးစားတဲ့ သူငယ်ချင်းကို စီးပွားဖြစ် မလုပ်တော့ဘဲ သူတို့ဖာသာ လုပ်ကိုင်လို့ ချမ်းသာနေပါတယ်။ ဒါပေမဲ့ လူမှုရေး မတည်ငြိမ်တော့ အိမ်ထောင်ရေး ဆုံးရှုံးသွားပါတယ်။ အမေရိကားမှာ နှစ် ၃၀ ကျော်နေပြီး စီးပွားအောင်မြင်လို့ လင်မယားလည်း ပျော်ရွင်စွာရှိနေတဲ့ မြန်မာဆိုင်ရာ အလှုဒါနပြု လုပ်ငန်းတွေမှာ ပျော်မွေ့နေတဲ့ မိတ်ဆွေ သူဌေး ဇနီးမောင်နှံကိုလည်း မြင်ရတာ စိတ်ချမ်းသာပါတယ်။ မြန်မာလူငယ်များစွာကို တက္ကသိုလ် စကောလားရှစ်၊ Grant ရအောင်လုပ်ပေးပြီး အမေရိကားမှာ အခြေချနိုင်အောင် အကူအညီပေးနေတဲ့ မြန်မာလူမျိုး တက္ကသိုလ် ပါမောက္ခတဦးနဲ့ မချမ်းသာပေမယ့် လူမှုရေး၊ ဘာသာရေး၊ နိုင်ငံရေးတွေမှာ မြန်မာတွေကို ကူညီလုပ်ကိုင်ပေးနေတဲ့ မြန်မာ ကူညီတတ်သူတွေကို တွေ့ရင် အများကြီး ကျေနပ်မိပါတယ်။ သူတို့ကိုလည်း ငွေကြေးအားဖြင့် ပိုမိုဖူလုံစေလိုပေမယ့် သူတို့ဘ၀ဟာ Spiritual Rich ဖြစ်နေတော့ လောကစည်းစိမ် သိပ်လိုဟန်မတူပါဘူး။

နောက်ဆုံး နိဂုံးကတော့ အရင် Revision 1 အတိုင်းပါပဲ။

စဉ်းစားကြပါ မိတ်ဆွေတို့။  သြစတြေးလျားကို ချောင်းနေသူတွေလည်း ကောင်းပါတယ်။ ဆက်လုပ်ကြပါ။ လူဆိုတာ ရောက်နေတဲ့ အရပ်ကနေ တခါ စွန့်စားပြောင်းလဲဖို့ရာ အင်မတန် ၀န်လေးပါတယ်။ ကြောက်တတ် ရန်ကင်း၊ သေမဲ့ကျား တောပြောင်း စကားပုံတွေကို ယူထားတဲ့သူတွေက စင်္ကာပူ ပီအာတယောက် တခြားနိုင်ငံကို မိုင်ဂရိတ်လုပ်ဖို့ဆိုတာ ကန်ထုတ်လောက်တဲ့အထိ အခြေအနေ ဖြစ်နေမှ စင်္ကာပူက ထွက်မှာပါ။ 

ဘယ်သူမှ ကိုယ့်နေရင်းနေရာကနေ တခြားပြည်ကို Migrate မလုပ်ချင်ပါဘူး။ လုပ်သူတွေကိုတော့ နှစ်မျိုး ခွဲခြားချင်ပါတယ်။

၁။ ကိုယ်ဘ၀ တိုးတက်ရေးအတွက် စွန့်စားချင်သူ
၂။ လက်ရှိ နိုင်ငံမှာ နေလို့မရနိုင်တဲ့အထိ ဖြစ်လာလို့  စွန့်စားရသူ

ဒီစာကိုဖတ်သူ မိတ်ဆွေကတော့ အဲဒီ ၂ မျိုးထဲ ပါမယ် မထင်ပါဘူး။ ဒါပေမဲ့ အဲဒီအဆင့် ရောက်နေတဲ့ မိတ်ဆွေတွေကို ကူညီပြောပြပေးနိုင်ရင် ဒီစာ ရေးရကျိုးနပ်ပါတယ်။

ဆန်းသစ်

မှတ်ချက် ၂၀၁၃ မတ်လ
ယခုအခါ မြန်မာနိုင်ငံပြုပြင်ပြောင်းလဲမှုကြောင့် စီးပွားရေးလုပ်ငန်းများ၊ အလုပ်ကိုင်အခွင့်လမ်းများ တိုးတက်လာပြီဖြစ်သော်လည်း ဆင်းရဲတွင်းနက်လှသော မြန်မာပြည်တွင်းမှ လူငယ်များအတွက် ပြည်ပ အလုပ်အကိုင်၊ ပြည်ပ ကျောင်းတက်ခွင့် (ပညာသင်ဆု)များမှာ အလွန်အရေးကြီးလိုအပ်နေဆဲဖြစ်ကြောင်း၊ ပြည်ပသို့ထွက်ခွာ စွန့်စားရှာဖွေမှုများမှာ ခေတ်မကုန်သေး၊ နောင်၁၀နှစ်အထိ ပြည်ပအလုပ်ကိုင်နှင့် ပညာရေးမှာ မြန်မာများအတွက် အရေးပါနေဦးမည်ဖြစ်သောကြောင့် ထပ်မံတင်ပြရခြင်းဖြစ်သည်။ အစိုးရသစ် စေတနာစိတ်ဖြင့် တိုင်းပြည်အကျိုးအတွက် Nationalists များကို နေရာပေးနိုင်ပါစေ...။ ဇော်အောင်

Wednesday, December 12, 2012

အမေရိကန်များ နှစ်၂၀ကြီးစိုးခဲ့တဲ့ ဗီယက်နမ်သို့ စင်ကာပူစက်မှုဇုံသွားဖွင့်ခြင်းမှ၊ မြန်မာအတွေ့ကြုံများ

ဗီယက်နမ်သို့အလုပ်သွားလုပ်ခြင်း နှင့် ဆောင်းပါးများ ကောက်နုတ်ချက်

ဗီယက်နမ်စစ် (၁၉၅၅-၁၉၇၅) အနှစ်၂၀ ကြာအောင် အမေရိကန်တို့ အင်အားကြီးမားစွာ၊ တရုပ်ကွန်မြူနစ်ရကြီးစိုးမှုကို တွန်းလှန်ပါဝင်စွတ်ဖက်ခဲ့သော်လည်း၊ အမေရိကန်စစ်သည် ၆သောင်းကျော် သေဆုံးပြီး၊ ၃သိန်းကျော် ဒဏ်ရာရခဲ့ပါသည်။  နောက်ဆုံးတွင် အမေရိကန်တို့ ခြေကုန် လက်ပမ်း ကျပြီး အောင်မြင်စွာနဲ့ ဆုက်ခွာလာခဲ့ရသည်။ ယခုအခါ ပြုပြင်ပြောင်းလဲမှု ၁၈နှစ်ခန့် ကြာပြီဖြစ်သော ဗီယက်နမ်တွင် စင်ကာပူနိုင်ငံမှ စက်မှုဇုံသွားဖွင့်ပါသည်။ မြန်မာအင်ဂျင်နီယာအဖွဲ့ ၈လကြာ စက်ရုံတည်ဆောက်မှု ပါဝင်လုပ်ကိုင်ရင်း မိုးမခ၊ မြန်မာစင်ကာပူ အင်တာနက်များမှာ ဆောင်းပါးအချို့ဖေါ်ပြခဲ့ပါသည်။ စာမြည်းအဖြစ် တင်ပြပါသည်။

<!--more->

မော်တော်ဆိုင်ကယ်မစီးတတ်လျှင် မဖြစ်သည့် ဗီယက်နမ်နိုင်ငံ Only In Vietnam ဓါတ်ပုံများဖြင့် စတင်ပါမည်။ ယခုဓါတ်ပုံများကို သင်မြင်သောအခါ ရယ်စရာဖြစ်နေပေမည် (သို့မဟုတ်) သြော်..ဟု တမ်းတပြီး

Monday, October 15, 2012

အမေရိကန်၊စင်ကာပူဒေါ်လာနဲ့မြန်မာကျပ်ရာဇ၀င်


ဇော်အောင် (မုံရွာ)
1990 တုန်းကပေါ့ဗျာ။
အမေရိကန်တစ်ဒေါ်လာ ၃၀ကျပ်
စင်ကာပူတစ်ဒေါ်လာ ၄၅ကျပ်
တိုက်ခန်းတစ်ခု ၃သိန်း၊ ဟိုင်းလတ်ကားတစ်စီး ၃သိန်း၊ တယ်လီဖုန်းတစ်လုံး ၃သိန်း၊ ဒန်ပေါက်တစ်ပွဲ ၅ကျပ်

2007 သံယာအရေးအခင်းကျတော့
အမေရိကန်တစ်ဒေါ်လာ ၁၃၅၀ကျပ်
စင်ကာပူတစ်ဒေါ်လာ  ၉၀၀ကျပ်
တိုက်ခန်းတစ်ခု ၃၀၀သိန်း၊ ဟိုင်းလက်တစ်စီး ၃၀၀သိန်း၊ တယ်လီဖုန်းတစ်လုံး ၂၅သိန်း၊ ဒန်ပေါက်တစ်ပွဲ ၈၀၀ကျပ်

2011 ရောက်ပါပြီ၊
အမေရိကန်တစ်ဒေါ်လာ ၇၅၀ကျပ်
စင်ကာပူတစ်ဒေါ်လာ  ၆၂၀ကျပ် .. ဟိုက်၊ကျလှချည်လား...
တိုက်ခန်းတစ်ခု ၅၀၀သိန်း၊ ဟိုင်းလက်တစ်စီး ၂၀၀သိန်း၊ တယ်လီဖုန်းတစ်လုံး ၅သိန်း၊ ဒန်ပေါက်တစ်ပွဲ ၁၂၀၀ကျပ်

(မှန်းချေ၊ ဈေးနှုန်းဖြစ်သည်)။

မြန်မာနိုင်ငံ၏ GDP ppp ကုန်ထုတ်စွမ်းအားသည် ၁၉၉၉ခုနှစ် 14 billion သာရှိခဲ့သည်။ ထိုင်းနိုင်ငံသို့ ရတနာဓါတ်ငွေ့ ပိုက်လိုင်းပြီးစီးကာ စတင် ရောင်းချသည်မှစပြီး တဟုန်ထိုးတက်လာသည်။ ၂၀၁၀တွင် 77 billion ရောက်ရှိပြီး၊ နိုင်ငံခြားရင်းနှီးမြုတ်နှံမှု Foreign Direct Investment FDI 2011 တွင် 20 billions ရရှိပြီး၊ ဗီယက်နမ်နိုင်ငံထက် များမည်ဟုဆိုသည်။ ကောင်းသောအလားအလာများဖြစ်ပါသည်။ မြန်မာအစိုးရသစ်တွင် ပြုပြင်ပြောင်လဲလိုသူများ Reformists နှင့် လက်ရှိအရေးပါနေရာသောစီးပွားလုပ်ကွက်များတွင် ရှိနေသည့် လူဟောင်းများ (မီဒီယာများတွင် ခရိုနီဟု ခေါ်ခံရသူများ) ရှိနေပါသည်။  သမ္မတဦးသိန်းစိန်အစိုးရက ဦးဆောင်ပြောင်းလဲ လုပ်ဆောင်ရာတွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အတိုက်အခံပါတီများလည်း အပြုသဘောလုပ်ဆောင်လျှက်ရှိသည်။

တိုင်းပြည်တည်ထောင်ရန်အတွက် မီဒိယာကို ဖွင့်ပေးလာခြင်း၊ စီးပွားရေးလုပ်ငန်းများမှ အခွန်ကောက်နိုင်ရန်လုပ်ဆောင်ရင်း၊ ယခု ၂နှစ်အတွင်း မြန်မာကျပ်ငွေသည် အလွန်ခိုင်မာလာသည်ကို အံ့သြဘွယ်တွေ့ရသည်။ ၂နှစ်အတွင် အမေရိကန်တစ်ဒေါ်လာသည် ကျပ်ငွေ ၉၀၀အောက်သို့ ကျဆင်းသွားသောကြောင့်၊ အခက်အခဲများစွာ တွေ့လာရသည်။ စီးပွားရေးအကြံပေးအဖွဲ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်ရင်းနှီးသူ ဒေါက်တာဦးမြင့်ကို ခန့်ထားရာမှ၊ အကြံပေးမှုများကို မီဒီယာများတွင် တွေ့ရပါသည်။ အစိုးရသစ်က မည်သို့ နိုင်ငံခြားရင်းနှီးမြုတ်နှံမှုရရှိရေးအတွက် ဆွဲဆောင်မှုများစွာရှိသော်လည်း နိုင်ငံခြားမှ အထူးစီးပွားရေးကုမဏ္ဍီများသာ လာရောက်ကြသည်။ ဥပမာ.. ဓါတ်ငွေ့ ၊ ရေနံ၊  ရေအားလျှပ်စစ်၊ ကျောက်စိမ်း၊ သစ်၊ အထည်ချုပ်၊ စသည့်လုပ်ငန်းများဖြစ်သည်။

မြန်မာကျပ်ငွေကို 1-Jul-1952 တွင်စတင်ခဲ့သည်။ တစ်ကျပ်လျှင်တစ်အိန္နိရူပီးသတ်မှတ်ခဲ့သည်။
ထိုအချိန်တွင် US$1=4.7619 Kyat = 4.7619 Indian Rupees ပေါက်ဈေးရှိသည်။
အနီးစပ်ဆုံး US$1.00 ပေါက်ဈေးများကို မြန်မာ့နိုင်ငံရေးဖြစ်ရပ်များနှင့် အမှတ်တရလေ့လာနိုင်ပါသည်။



Year US$1=Kyat S$1=Kyat မြန်မာနိုင်ငံ၊အထင်ကရဖြစ်ရပ်များ US1=S$
1952 4.76 14.22 အိန္နိယငွေကြေးမှခွဲထွက် 3.03
1962 4.76 14.22 ဗိုလ်ချုပ်နေ၀င်းအာဏာသိမ်း 3.03
1972 8 22 started black market rate 2.81
1982 20 42 အစိုးရပေါက်ဈေး 1US$=5kyats 2.13
1988 27 55 ရှစ်လေးလုံး၊ စစ်အာဏာသိမ်း 2.01
1990 30 50 ဗိုလ်ချုပ်သန်းရွှေ၊တပ်ချုပ်ဖြစ်  1.81
1995 113 80 1.41
1997 178 120 မြန်မာဘဏ်များပြသနာဖြစ်    1.48
1998 334 200 ASEAN စီးပွားကပ်ဆိုက်     1.67
2000 344 200့ မြန်မာပြည်၊နိုင်ငံခြားနှင့်အဆက်ဖြက် 1.72
2001 448 250 1.79
2002 591 330 1.79
2003 1044 600 ဒိပဲယင်းအရေးခင်း 1.74
2004 879 520 ဗိုလ်ချုပ်ခင်ညွန့်၊တာဝန်ရပ်နား 1.69
2005 913 550 1.66
2006 1264 800 1.58
2007 1350 900  စက်တင်ဘာ၊သံယာအရေးခင်း 1.5
2008 1269 900  မေ၊ နာဂစ်မုန်တိုင်း 1.41
2009 1233 850 အမေရိကန်လွှတ်အမတ် Jim Webb လာ 1.45
2010 945 700 ပုဂ္ဂလိကပိုင်ဆိုင်မှု၊ ရွေးကောက်ပွဲကြံ့ဖွံ့ နိုင် 1.35
2011 750 620 လွှတ်တော်ခေါ်၊ သမ္မတဦးသိန်းစိန် 1.21

ကျပ်ငွေသမိုင်း ဇယားကို့မှတ်တမ်းတင်ပါသည်။

၂၀၁၁ လွှတ်တော်တွင် အစိုးရငွေဈေးမှာ US$1.00= Kyat 6.50 ဖြစ်နေခြင်းကို နှုန်းသစ်သတ်မှတ်ရန်ဆွေးနွေးနေကြပါသည်။ ကျွန်တော် ပြည်ပတွင်နှစ်ပေါင်း၂၀ အလုပ်သွားလုပ်ရသောကြောင့် မြန်မာပြည်ကြီး ရှိတာအကုန်ထုတ်ရောင်းရခြင်းကိုပဲ စိတ်ပျက်ပြီး၊ မြန်မာ့စိးပွားရေးကိုလည်း လုံးဝနားမလည်ပါ။ ယခုအစိုးရသစ်အနေနှင့် ကျပ်ငွေတန်ဖိုးမြင့်အောင်လုပ်နိုင်ခြင်းအတွက် စိတ်အားတက်မိပါသည်။

ကမ္ဘာစီးပွားရေးကို ကြည့်ပါက၊ ၂၀၀၈ အမေရိကန်စီးပွားရေးကပ်ကဲ့သို့ ထပ်မံဖြစ်လာမည့် အရိပ်ယောင်ပြနေပါသည်။ စီးပွားရေးမကောင်းလျှင့် အိမ်ယာဈေးများ တက်လာလေ့ရှိသည်။ မြန်မာပြည်တွင်လည်း အိမ်ယာဈေးများတက်နေပါသည်။ စီးပွားရေးကျဆင်းမည့်ပုံရှိသည့် နိုင်ငံများတွင်လည်း အိမ်ယာဈေးများတက်လာပြန်ပါသည်။ ယခု စင်ကာပူတွင် လာရောက်အလုပ်လုပ်ကြသော မြန်မာများအဖို့ အခက်အခဲများ ကြုံတွေ့နေရပြီဖြစ်သည်။ အလုပ်ပါမစ်များ ဆက်မတိုးပေးခြင်း၊ အသစ်ချမပေးခြင်း၊ အိမ်ဈေးများကြီးလာခြင်းအပြင် မြန်မာပြည်ငွေပို့လျှင့် ဒေါ်လာပိုကုန်ကျလာသောကြောင့် နိုင်ငံခြားလုပ်ရသည်မှာ မကိုက်တော့ဘူး ဖြစ်လာကြပါသည်။

မြန်မာအစိုးရအဖို့ အရှေ့တောင်အားရှနိုင်ငံများတွင် စင်ကာပူကိုမှီရန် မဖြစ်နိုင်ပါ။ တစ်ဦးချင်းဝင်ငွေတွင် စင်ကာပူသည် နော်ဝေး၊ ကာတာ စသည့်နိုင်ငံငယ်များနှင့် ယှဉ်ပြီး ထိတ်တန်းတွင်ရှိနေပါသည်။ စင်ကာပူသည် ငယ်သော်လည်း၊ GDP တွင် အရှေ့တောင်အာရှအဆင့်ပင် ဗီယက်နမ်၊ မြန်မာနိုင်ငံကြီးများထက် ၂ဆမျှသာလွန်သေးသည်။ GDP မြင့်များလာပါက ထိုနိုင်ငံငွေကြေးကို ကမ္ဘာကအသိအမှတ်ပြုရသည်။ နိုင်ငံချမ်းသာလာခြင်းဟု ပြောနိုင်ပါသည်။

GDP ကုန်ထုတ်စွမ်းအား တိုးတက်လာသောအခါ၊ အစိုးရက အခွန်များများရပါသည်။ အစိုးရအခွန်ကောက်ရငွေသည် GDP ၏ ၁၀ရာနှုန်းခန့် ရရှိပြီး၊ ထိုငွေဖြင့် စစ်ရေး၊ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေး၊ လမ်း၊တံတား၊ လူနေအိမ်တည်ဆောက်ခြင်းများကို လုပ်ရသည်။ စင်ကာပူတွင် လူများဝင်ငွေမှ ၃၀% ခန့်ကို CPF ဟုခေါ်သော စနစ်ဖြင့် မစုမနေရ၊ စုဆောင်းခိုင်းထားသည်။ ထိုငွေဖြင့် နိုင်ငံ၊ခေါင်းဆောာင်၊ စီးပွားပညာရှင်များက ပြန်လည်ရင်းနှီးရင် တိုင်းပြည်ပိုမိုချမ်းသာလာပါသည်။
အောက်ပါဇယားအရ၊ မြန်မာနိုင်ငံ GDP တဟုန်ထိုးတက်လာသည်။ ဗီယက်နမ်ကို ကျော်ပြီးလျှင် စင်ကာပူ၊ မလေးရှားကို မှီရန် ပြည်ပရောက်၊ မြန်မာများ၊ ပြည်တော်ပြန်လာမှဖြစ်ပါမည်။ အခုပြန်လို့မရပါ။ အလုပ်မရှိ၊ စီးပွားရပ်ချိန်ခဏစောင့်ရန်ဖြစ်သည်။ နိုင်ငံစုဆောင်းငွေ Foreign Reserve Money များလာရမည်။ Foreign Direct Investment FDI များစွာရှိရမည်။ အခွန်ရှောင်ပြေးသူ  (Corruption) နည်းရမည်။ ထိုအချိန်တွင် ကျွန်ုပ်တို့အတွက် အလုပ်အကိုင်များရှိလာပြီး ပြန်နိုင်မည်ဖြစ်သည်။

အမေရိကန်ဒေါ်လာနှင့် ငွေလဲနှုန်းသမိုင်းကို လေ့လာပါက၊ စင်ကာပူ၊ ဂျပန်၊ ဂျာမဏီ၊ ဆွဒ်ဇာလန် နိုင်ငံများမှာ ငွေကြေးအလွန်ခိုင်မာသည်ကို တွေ့နိုင်သည်။ 
http://fx.sauder.ubc.ca/etc/USDpages.pdf   ၊ အမေရိကန်ဒေါ်လာသည်လည်း အခြားငွေကြေးများနှင့်ယှဉ်ပါက တော်တော်ခိုင်မာနေဆဲဖြစ်သည်။ စီးပွားအင်အားအကြီးဆုံး ဖြစ်နေဆဲပင် ဖြစ်သည်။ ကျပ်ငွေ ခိုင်မာခြင်းဖြင့်၊ ပြည်ပရောက်မြန်မာများထံမှ ၀င်ငွေခွန်ကောက်စရာမလိုတော့ပါ။ သူတို့မျာနိုင်ငံခြားငွေရှာပေးသူများဖြစ်သည်။  ယခုအခါ ၁၀%  မှ  ၂% သို့ ခေတ္တလျှော့ကောက်နေပါသည်။ ကောင်းပါသည်။ နိုင်ငံတကာတွင် ပြည်ပလုပ်ကိုင်သူများကို ၀င်ငွေခွန်မကောက်ကြပါ။

မည်သို့ပင်ဖြစ်စေ၊ ကျပ်ငွေတန်ဖိုးတက်လာခြင်းကို ကြိုဆိုရပါသည်။

ဇော်အောင် (မုံရွာ)
21-Sept-2011



အရှေ့ တောင်အာရှနိုင်ငံများ GDP နှိုင်းယှဉ်ချက်ဇယား

ကမ္ဘာချမ်းသာသောနိုင်ငံများ၏ GDP. တရုပ်သည် ဂျပန်ကိုကျော်ပြီး ဒုတိယစူပါနိုင်ငံဖြစ်လာ၏။


English Translation

Sunday, September 25, 2011


US$, Sin$, and Burmese Kyat's History 

(Direct translation of Zaw Aung’s Article from Moemakha Site.)

In 1990, one American Dollar was 30 kyats, one Singapore Dollar was 45 kyats, an average apartment was 300,000 kyats, a Toyota Hilux pickup truck was 300,000 kyats as well, the telephone connection with a handset was 300,000 kyats too, and a plate of Biriani (Dan-bouk) was just 5 kyats.

In 2007 the year of so-called Saffron Revolution, one American Dollar was 1,350 kyats, one Singapore Dollar was 900 kyats, an average apartment was 30 million kyats, a Toyota Hilux pickup truck was 30 million kyats as well, the telephone connection with a handset was 2.5 million kyats, and a plate of Biriani was 800 kyats.

In 2011 the year of so-called semi-democracy, one American Dollar was 750 kyats, one Singapore Dollar was 620 kyats, an average apartment was 50 million kyats, a Toyota Hilux pickup truck was 20 million kyats, the telephone connection with a handset was 500,000 kyats, and a plate of Biriani was 1,200 kyats. (All are approximate prices.)

***************************

In 1999 the GDP of Burma was only 14 billion US$. But the Gross Domestic Product has risen drastically since the Yadana Gas Pipeline was constructed and Burma started exporting her abundant natural gas to the neighboring energy-hungry Thailand.

In 2010 the GDP of Burma reached to 77 billion US$ and still increasing. Foreign Direct Investment in Burma in 2011 is 20 Billion US$ which is much higher than Vietnam. That is very promising for Burma.

Particularly promising is there are many reformists and a few business oligarchs (so-called cronies) in new Burmese Government. And ASSK and the opposition parties are also positive and cooperative about the serious reforms promised and being slowly brought in by President Thein Sein-led Government.

Positive improvements such as relaxing of media restrictions and effective tax collection from economic enterprises have bee carried out so far and to everyone’s surprise Burmese kyat has been found seriously appreciating against other currencies in last two years.

US Dollar exchange rate have gone down below 900 kyats in last two years and caused many difficulties nationwide. Most media in Rangoon even wrote about the academic paper of Dr. U Myint the Chief Economics Adviser for the President and a close friend of ASSK on the issue of appreciating foreign exchange rate.

Even though the new Government has been trying to attract Foreign Direct investment for various sectors of economy most FDI in Burma are for particular sectors like natural resources and labor-intensive manufacturing. For example: natural gas, petroleum, hydro-electric, jade, teak, and garments.

Modern History of Burmese Kyat

Kyat was established on 1 July 1952 with the base rate of one Kyat an Indian Rupee. At that time one US Dollar was 4.7619 Kyat or Rupee. Following table is the US$ rate for both Burmese Kyat and Singapore Dollar together with the chronological events from Burmese political scene.


List of significant events in Burma (From the Table above).
1952  -   Separated from Indian Monetary System.
1962  -   General Ne Win’s Coup.
1972  -   Started black market rate.
1982  -   Official rate is 5 Kyats a US Dollar.
1988  -   Military Coup after failed 8-8-88 Uprising.
1990  -   General Than Shwe became Commander-in-Chief.
1995  -   
1997  -   Banking crisis in Burma.
1998  -   ASEAN Economic Crisis.
2000  -   Economic Sanctions Began.
2001  -   
2002  -   
2003  -   De-pa-yin Murders of ASSK’s followers.
2004  -   Prime Minister General Khin Nyunt was removed.
2005  -   
2006  -   
2007  -   Monks’ Protest in September.
2008  -   Nargis Cyclone in May in Irrawaddy Delta.
2009  -   American Senator Jim Vebb’s Visit to Burma.
2010  -   Large Scale Privatization. USDP won General Election.
2011  -   New Union Parliament. U Thein Sein elected as the President.

But the official exchange rate used by the Burmese Government is still fixed at ridiculously low 6.50 Kyats a US$ and even the 2011 Parliament has now been discussing how to re-rate Kyat officially and realistically.

I’ve been working overseas last 20 years as I was really sick of our country surviving by selling everything we have both under-ground and above-ground. Also I have to admit that I don’t know much about the economy of Burma. But I still am encouraged by the new Government’s action in raising the value of Kyat.

If you look at the world economy, the 2008 Global Financial Crisis (GFC) appears to be repeating. Normally the property prices go up if the economy is bad. Back in Burma the house prices are going up. Other countries with seemingly bad economies also have rising house prices.

Now many Burmese people working in Singapore are facing serious difficulties. Due to the obstacles in renewing their work-permits, difficulties in getting new work-permits, more expensive housing, and getting fewer Kyats for their Sin$ earnings it is no longer lucrative or even economical for Burmese nationals to come and work in Singapore.

***************************

It is almost impossible for the Burmese Government to raise Burma to the economic and prosperity level of Singapore in a short period. In term of per-capita income Singapore is right at the top with other small but prosperous nations like Norway and Qatar. Despite its tiny size Singapore has a GDP double that of Burma and Vietnam among the SE Asia nations.

The whole world will acknowledge the currency of a country once its GDP grows to a decent level. People can even say that the country is getting richer.

Growing GDP implies that the tax revenue is more since about 10% of GDP goes into the Government coffers. The more tax revenue there is the more money could be spent on the nation’s military, education, social welfare, health, roads, bridges, and housing constructions.  

In Singapore every working person is forced by the Government to save 30% of their income (salary) as the CPF (Compulsory Provident Fund) system. That money is used by the State to invest in the nation’s economy and the obvious result being Singapore getting richer and richer over time.

***************************

From the following tables you can see the Burma’s GDP is rising drastically over the years. And to overtake Vietnam and then reach Singapore and Malaysia the Burmese now working overseas must come back home to Burma.


But we can’t go home yet as there are not enough jobs and we still need to wait till this global economic crisis is over. Burma still needs to accumulate national savings or Foreign Reserve Money, attract more Foreign Direct Investment, and eliminate Tax Evasion and Systemic Corruption. Only then there will be enough jobs for all of us to go back home.

If you study the history of US$ Exchange Rate you will find out that the currencies of Singapore, Japan, Germany, and Switzerland are historically very strong. Compared to many other currencies American Dollars also is very strong. United States is still the most economically powerful country.


By having a strong Kyat Burmese Government no longer needs to tax the income of Burmese working overseas as they are the ones bringing in much needed hard currency to Burma. So the foreign income tax now is reduced from 10% to only 2%. That is good, no it is great. No other country ever taxes the personal incomes of their citizens working overseas.

Anyway, we must welcome the appreciation of our Burmese Kyat!

အမေရိကန်ဒေါ်လာ တစ်သိန်းတန် ငွေစက္ကူ

စင်ကာပူမှာ ဒူဘိုင်းငွေစက္ကူ ဒေါ်လာတသိန်းတန်  100,000 dirham ကို ကိုင်ပြပြီး၊ ငွေလဲဖို့ ကြံရွယ်နေတဲ့ မြန်မာတယောက်အကြောင်းပါ။ ဟိုး .. ဒူဘိုင်း ဟိုတယ်ကြီးမှာ ၄နှစ်အလုပ်လုပ်စဉ် သူဌေးကြီးတယောက်ရဲ့ ကျန်ခဲ့တာ ရယူထားတယ်ပြောပါတယ်။ စင်ကာပူဒေါ်လာ သုံးသောင်းကျော် တန်ဆိုပဲ။

စင်ကာပူမှာ ငွေလဲလို့ရမလား သင့်ကို လာမေးရင်၊ ဝေးဝေးက ရှောင်ကြပါ။

၁။ ဒူဘိုင်းမှာ တသိန်းတန်ငွေစက္ကူ မရှိပါဘူး။ အများဆုံးက တသောင်းတန်ထိ ရှိပါတယ်။
၂။ စင်ကာပူမှာ တန်ဘိုးအများဆုံး ဒေါ်လာတသောင်းတန်ငွေစက္ကူရှိပါတယ်။
၃။ အမေရိကန်မှာတော့ ဒေါ်လာ တစ်သိန်းတန်ရှိပါတယ်။ ၁၉၃၄ခုနှစ်မှာ တကြိမ်တည်း ထုတ်ဖူးပါတယ်။ အပြင်မှာသုံးလို့မရပါဘူး။ အစိုးရဌာန ငွေပေး၊ငွေယူ လုပ်ငန်းများမှာပဲ သုံးပါတယ်။

တကယ်လို့ သင်က ဟ၊ ပွတာပဲဆိုပြီး သူ့နဲ့အတူ၊ ငွေသွားလဲရင်၊ ၂ယောက်စလုံး ရဲဖမ်းခံထိ၊ ကွိသွားမယ်ဖြစ်တယ်။ ဒါမှမဟုတ် ဈေးချိုချိုနဲ့ ရောင်းတာကို ပွတာပဲဆိုပြီး ၀ယ်ထားလိုက်ရင် .. မိတ်ဆွေရဲ့ လောဘအကျိုးခံရပါမယ်။ သတိထားပါ။

မှတ်ချက်။
- ပြည်ပရောက်မြန်မာအလုပ်သမားများကို အခွန်ကောက်ခြင်း Jan2012 မှစတင်ရပ်ဆိုင်းလိုက်ပြီဖြစ်သည်။ အနှစ်၂၀ကျော် တလဒေါ်လာ၁၅၀၊ ၁၂၀ စသဖြင့် အခွန်ဆောင်ခဲ့သူ စာရေးသူ (Blog owner) နှင့် စင်ကာပူနှင့် ပြည်ပရာက်မြန်မာမိတ်ဆွေများ၊ (ပတ်စပို့ သက်တမ်းတိုးရန်ဖြစ်စေ၊ အခြား မည်သည့် အကြောင်းကြောင့်ဖြစ်စေ) အခွန် မှန်မှန် ပေးဆောင်ခဲ့သူ မြန်မာများအတွက် အောက်မေ့ဘွယ်ရာဖြစ်ပါသည်။ မကြာမီ ဂျပန်အကူညီဖြင့် Myanmar Stock Exchange ကို စတင်တော့မည်ဟု အစိုးရသစ်က ကြေညာခဲ့ပါသည်။


************************** 
Reference: (Hla Oo's Blog)
http://hlaoo1980.blogspot.com/2011/09/us-sin-and-burmese-kyats-history-by-zaw.html
http://blog.nationmultimedia.com/witmone/2012/04/12/entry-1