Wednesday, December 12, 2012

အမေရိကန်များ နှစ်၂၀ကြီးစိုးခဲ့တဲ့ ဗီယက်နမ်သို့ စင်ကာပူစက်မှုဇုံသွားဖွင့်ခြင်းမှ၊ မြန်မာအတွေ့ကြုံများ

ဗီယက်နမ်သို့အလုပ်သွားလုပ်ခြင်း နှင့် ဆောင်းပါးများ ကောက်နုတ်ချက်

ဗီယက်နမ်စစ် (၁၉၅၅-၁၉၇၅) အနှစ်၂၀ ကြာအောင် အမေရိကန်တို့ အင်အားကြီးမားစွာ၊ တရုပ်ကွန်မြူနစ်ရကြီးစိုးမှုကို တွန်းလှန်ပါဝင်စွတ်ဖက်ခဲ့သော်လည်း၊ အမေရိကန်စစ်သည် ၆သောင်းကျော် သေဆုံးပြီး၊ ၃သိန်းကျော် ဒဏ်ရာရခဲ့ပါသည်။  နောက်ဆုံးတွင် အမေရိကန်တို့ ခြေကုန် လက်ပမ်း ကျပြီး အောင်မြင်စွာနဲ့ ဆုက်ခွာလာခဲ့ရသည်။ ယခုအခါ ပြုပြင်ပြောင်းလဲမှု ၁၈နှစ်ခန့် ကြာပြီဖြစ်သော ဗီယက်နမ်တွင် စင်ကာပူနိုင်ငံမှ စက်မှုဇုံသွားဖွင့်ပါသည်။ မြန်မာအင်ဂျင်နီယာအဖွဲ့ ၈လကြာ စက်ရုံတည်ဆောက်မှု ပါဝင်လုပ်ကိုင်ရင်း မိုးမခ၊ မြန်မာစင်ကာပူ အင်တာနက်များမှာ ဆောင်းပါးအချို့ဖေါ်ပြခဲ့ပါသည်။ စာမြည်းအဖြစ် တင်ပြပါသည်။

<!--more->

မော်တော်ဆိုင်ကယ်မစီးတတ်လျှင် မဖြစ်သည့် ဗီယက်နမ်နိုင်ငံ Only In Vietnam ဓါတ်ပုံများဖြင့် စတင်ပါမည်။ ယခုဓါတ်ပုံများကို သင်မြင်သောအခါ ရယ်စရာဖြစ်နေပေမည် (သို့မဟုတ်) သြော်..ဟု တမ်းတပြီး

Monday, October 15, 2012

အမေရိကန်၊စင်ကာပူဒေါ်လာနဲ့မြန်မာကျပ်ရာဇ၀င်


ဇော်အောင် (မုံရွာ)
1990 တုန်းကပေါ့ဗျာ။
အမေရိကန်တစ်ဒေါ်လာ ၃၀ကျပ်
စင်ကာပူတစ်ဒေါ်လာ ၄၅ကျပ်
တိုက်ခန်းတစ်ခု ၃သိန်း၊ ဟိုင်းလတ်ကားတစ်စီး ၃သိန်း၊ တယ်လီဖုန်းတစ်လုံး ၃သိန်း၊ ဒန်ပေါက်တစ်ပွဲ ၅ကျပ်

2007 သံယာအရေးအခင်းကျတော့
အမေရိကန်တစ်ဒေါ်လာ ၁၃၅၀ကျပ်
စင်ကာပူတစ်ဒေါ်လာ  ၉၀၀ကျပ်
တိုက်ခန်းတစ်ခု ၃၀၀သိန်း၊ ဟိုင်းလက်တစ်စီး ၃၀၀သိန်း၊ တယ်လီဖုန်းတစ်လုံး ၂၅သိန်း၊ ဒန်ပေါက်တစ်ပွဲ ၈၀၀ကျပ်

2011 ရောက်ပါပြီ၊
အမေရိကန်တစ်ဒေါ်လာ ၇၅၀ကျပ်
စင်ကာပူတစ်ဒေါ်လာ  ၆၂၀ကျပ် .. ဟိုက်၊ကျလှချည်လား...
တိုက်ခန်းတစ်ခု ၅၀၀သိန်း၊ ဟိုင်းလက်တစ်စီး ၂၀၀သိန်း၊ တယ်လီဖုန်းတစ်လုံး ၅သိန်း၊ ဒန်ပေါက်တစ်ပွဲ ၁၂၀၀ကျပ်

(မှန်းချေ၊ ဈေးနှုန်းဖြစ်သည်)။

မြန်မာနိုင်ငံ၏ GDP ppp ကုန်ထုတ်စွမ်းအားသည် ၁၉၉၉ခုနှစ် 14 billion သာရှိခဲ့သည်။ ထိုင်းနိုင်ငံသို့ ရတနာဓါတ်ငွေ့ ပိုက်လိုင်းပြီးစီးကာ စတင် ရောင်းချသည်မှစပြီး တဟုန်ထိုးတက်လာသည်။ ၂၀၁၀တွင် 77 billion ရောက်ရှိပြီး၊ နိုင်ငံခြားရင်းနှီးမြုတ်နှံမှု Foreign Direct Investment FDI 2011 တွင် 20 billions ရရှိပြီး၊ ဗီယက်နမ်နိုင်ငံထက် များမည်ဟုဆိုသည်။ ကောင်းသောအလားအလာများဖြစ်ပါသည်။ မြန်မာအစိုးရသစ်တွင် ပြုပြင်ပြောင်လဲလိုသူများ Reformists နှင့် လက်ရှိအရေးပါနေရာသောစီးပွားလုပ်ကွက်များတွင် ရှိနေသည့် လူဟောင်းများ (မီဒီယာများတွင် ခရိုနီဟု ခေါ်ခံရသူများ) ရှိနေပါသည်။  သမ္မတဦးသိန်းစိန်အစိုးရက ဦးဆောင်ပြောင်းလဲ လုပ်ဆောင်ရာတွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အတိုက်အခံပါတီများလည်း အပြုသဘောလုပ်ဆောင်လျှက်ရှိသည်။

တိုင်းပြည်တည်ထောင်ရန်အတွက် မီဒိယာကို ဖွင့်ပေးလာခြင်း၊ စီးပွားရေးလုပ်ငန်းများမှ အခွန်ကောက်နိုင်ရန်လုပ်ဆောင်ရင်း၊ ယခု ၂နှစ်အတွင်း မြန်မာကျပ်ငွေသည် အလွန်ခိုင်မာလာသည်ကို အံ့သြဘွယ်တွေ့ရသည်။ ၂နှစ်အတွင် အမေရိကန်တစ်ဒေါ်လာသည် ကျပ်ငွေ ၉၀၀အောက်သို့ ကျဆင်းသွားသောကြောင့်၊ အခက်အခဲများစွာ တွေ့လာရသည်။ စီးပွားရေးအကြံပေးအဖွဲ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်ရင်းနှီးသူ ဒေါက်တာဦးမြင့်ကို ခန့်ထားရာမှ၊ အကြံပေးမှုများကို မီဒီယာများတွင် တွေ့ရပါသည်။ အစိုးရသစ်က မည်သို့ နိုင်ငံခြားရင်းနှီးမြုတ်နှံမှုရရှိရေးအတွက် ဆွဲဆောင်မှုများစွာရှိသော်လည်း နိုင်ငံခြားမှ အထူးစီးပွားရေးကုမဏ္ဍီများသာ လာရောက်ကြသည်။ ဥပမာ.. ဓါတ်ငွေ့ ၊ ရေနံ၊  ရေအားလျှပ်စစ်၊ ကျောက်စိမ်း၊ သစ်၊ အထည်ချုပ်၊ စသည့်လုပ်ငန်းများဖြစ်သည်။

မြန်မာကျပ်ငွေကို 1-Jul-1952 တွင်စတင်ခဲ့သည်။ တစ်ကျပ်လျှင်တစ်အိန္နိရူပီးသတ်မှတ်ခဲ့သည်။
ထိုအချိန်တွင် US$1=4.7619 Kyat = 4.7619 Indian Rupees ပေါက်ဈေးရှိသည်။
အနီးစပ်ဆုံး US$1.00 ပေါက်ဈေးများကို မြန်မာ့နိုင်ငံရေးဖြစ်ရပ်များနှင့် အမှတ်တရလေ့လာနိုင်ပါသည်။



Year US$1=Kyat S$1=Kyat မြန်မာနိုင်ငံ၊အထင်ကရဖြစ်ရပ်များ US1=S$
1952 4.76 14.22 အိန္နိယငွေကြေးမှခွဲထွက် 3.03
1962 4.76 14.22 ဗိုလ်ချုပ်နေ၀င်းအာဏာသိမ်း 3.03
1972 8 22 started black market rate 2.81
1982 20 42 အစိုးရပေါက်ဈေး 1US$=5kyats 2.13
1988 27 55 ရှစ်လေးလုံး၊ စစ်အာဏာသိမ်း 2.01
1990 30 50 ဗိုလ်ချုပ်သန်းရွှေ၊တပ်ချုပ်ဖြစ်  1.81
1995 113 80 1.41
1997 178 120 မြန်မာဘဏ်များပြသနာဖြစ်    1.48
1998 334 200 ASEAN စီးပွားကပ်ဆိုက်     1.67
2000 344 200့ မြန်မာပြည်၊နိုင်ငံခြားနှင့်အဆက်ဖြက် 1.72
2001 448 250 1.79
2002 591 330 1.79
2003 1044 600 ဒိပဲယင်းအရေးခင်း 1.74
2004 879 520 ဗိုလ်ချုပ်ခင်ညွန့်၊တာဝန်ရပ်နား 1.69
2005 913 550 1.66
2006 1264 800 1.58
2007 1350 900  စက်တင်ဘာ၊သံယာအရေးခင်း 1.5
2008 1269 900  မေ၊ နာဂစ်မုန်တိုင်း 1.41
2009 1233 850 အမေရိကန်လွှတ်အမတ် Jim Webb လာ 1.45
2010 945 700 ပုဂ္ဂလိကပိုင်ဆိုင်မှု၊ ရွေးကောက်ပွဲကြံ့ဖွံ့ နိုင် 1.35
2011 750 620 လွှတ်တော်ခေါ်၊ သမ္မတဦးသိန်းစိန် 1.21

ကျပ်ငွေသမိုင်း ဇယားကို့မှတ်တမ်းတင်ပါသည်။

၂၀၁၁ လွှတ်တော်တွင် အစိုးရငွေဈေးမှာ US$1.00= Kyat 6.50 ဖြစ်နေခြင်းကို နှုန်းသစ်သတ်မှတ်ရန်ဆွေးနွေးနေကြပါသည်။ ကျွန်တော် ပြည်ပတွင်နှစ်ပေါင်း၂၀ အလုပ်သွားလုပ်ရသောကြောင့် မြန်မာပြည်ကြီး ရှိတာအကုန်ထုတ်ရောင်းရခြင်းကိုပဲ စိတ်ပျက်ပြီး၊ မြန်မာ့စိးပွားရေးကိုလည်း လုံးဝနားမလည်ပါ။ ယခုအစိုးရသစ်အနေနှင့် ကျပ်ငွေတန်ဖိုးမြင့်အောင်လုပ်နိုင်ခြင်းအတွက် စိတ်အားတက်မိပါသည်။

ကမ္ဘာစီးပွားရေးကို ကြည့်ပါက၊ ၂၀၀၈ အမေရိကန်စီးပွားရေးကပ်ကဲ့သို့ ထပ်မံဖြစ်လာမည့် အရိပ်ယောင်ပြနေပါသည်။ စီးပွားရေးမကောင်းလျှင့် အိမ်ယာဈေးများ တက်လာလေ့ရှိသည်။ မြန်မာပြည်တွင်လည်း အိမ်ယာဈေးများတက်နေပါသည်။ စီးပွားရေးကျဆင်းမည့်ပုံရှိသည့် နိုင်ငံများတွင်လည်း အိမ်ယာဈေးများတက်လာပြန်ပါသည်။ ယခု စင်ကာပူတွင် လာရောက်အလုပ်လုပ်ကြသော မြန်မာများအဖို့ အခက်အခဲများ ကြုံတွေ့နေရပြီဖြစ်သည်။ အလုပ်ပါမစ်များ ဆက်မတိုးပေးခြင်း၊ အသစ်ချမပေးခြင်း၊ အိမ်ဈေးများကြီးလာခြင်းအပြင် မြန်မာပြည်ငွေပို့လျှင့် ဒေါ်လာပိုကုန်ကျလာသောကြောင့် နိုင်ငံခြားလုပ်ရသည်မှာ မကိုက်တော့ဘူး ဖြစ်လာကြပါသည်။

မြန်မာအစိုးရအဖို့ အရှေ့တောင်အားရှနိုင်ငံများတွင် စင်ကာပူကိုမှီရန် မဖြစ်နိုင်ပါ။ တစ်ဦးချင်းဝင်ငွေတွင် စင်ကာပူသည် နော်ဝေး၊ ကာတာ စသည့်နိုင်ငံငယ်များနှင့် ယှဉ်ပြီး ထိတ်တန်းတွင်ရှိနေပါသည်။ စင်ကာပူသည် ငယ်သော်လည်း၊ GDP တွင် အရှေ့တောင်အာရှအဆင့်ပင် ဗီယက်နမ်၊ မြန်မာနိုင်ငံကြီးများထက် ၂ဆမျှသာလွန်သေးသည်။ GDP မြင့်များလာပါက ထိုနိုင်ငံငွေကြေးကို ကမ္ဘာကအသိအမှတ်ပြုရသည်။ နိုင်ငံချမ်းသာလာခြင်းဟု ပြောနိုင်ပါသည်။

GDP ကုန်ထုတ်စွမ်းအား တိုးတက်လာသောအခါ၊ အစိုးရက အခွန်များများရပါသည်။ အစိုးရအခွန်ကောက်ရငွေသည် GDP ၏ ၁၀ရာနှုန်းခန့် ရရှိပြီး၊ ထိုငွေဖြင့် စစ်ရေး၊ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေး၊ လမ်း၊တံတား၊ လူနေအိမ်တည်ဆောက်ခြင်းများကို လုပ်ရသည်။ စင်ကာပူတွင် လူများဝင်ငွေမှ ၃၀% ခန့်ကို CPF ဟုခေါ်သော စနစ်ဖြင့် မစုမနေရ၊ စုဆောင်းခိုင်းထားသည်။ ထိုငွေဖြင့် နိုင်ငံ၊ခေါင်းဆောာင်၊ စီးပွားပညာရှင်များက ပြန်လည်ရင်းနှီးရင် တိုင်းပြည်ပိုမိုချမ်းသာလာပါသည်။
အောက်ပါဇယားအရ၊ မြန်မာနိုင်ငံ GDP တဟုန်ထိုးတက်လာသည်။ ဗီယက်နမ်ကို ကျော်ပြီးလျှင် စင်ကာပူ၊ မလေးရှားကို မှီရန် ပြည်ပရောက်၊ မြန်မာများ၊ ပြည်တော်ပြန်လာမှဖြစ်ပါမည်။ အခုပြန်လို့မရပါ။ အလုပ်မရှိ၊ စီးပွားရပ်ချိန်ခဏစောင့်ရန်ဖြစ်သည်။ နိုင်ငံစုဆောင်းငွေ Foreign Reserve Money များလာရမည်။ Foreign Direct Investment FDI များစွာရှိရမည်။ အခွန်ရှောင်ပြေးသူ  (Corruption) နည်းရမည်။ ထိုအချိန်တွင် ကျွန်ုပ်တို့အတွက် အလုပ်အကိုင်များရှိလာပြီး ပြန်နိုင်မည်ဖြစ်သည်။

အမေရိကန်ဒေါ်လာနှင့် ငွေလဲနှုန်းသမိုင်းကို လေ့လာပါက၊ စင်ကာပူ၊ ဂျပန်၊ ဂျာမဏီ၊ ဆွဒ်ဇာလန် နိုင်ငံများမှာ ငွေကြေးအလွန်ခိုင်မာသည်ကို တွေ့နိုင်သည်။ 
http://fx.sauder.ubc.ca/etc/USDpages.pdf   ၊ အမေရိကန်ဒေါ်လာသည်လည်း အခြားငွေကြေးများနှင့်ယှဉ်ပါက တော်တော်ခိုင်မာနေဆဲဖြစ်သည်။ စီးပွားအင်အားအကြီးဆုံး ဖြစ်နေဆဲပင် ဖြစ်သည်။ ကျပ်ငွေ ခိုင်မာခြင်းဖြင့်၊ ပြည်ပရောက်မြန်မာများထံမှ ၀င်ငွေခွန်ကောက်စရာမလိုတော့ပါ။ သူတို့မျာနိုင်ငံခြားငွေရှာပေးသူများဖြစ်သည်။  ယခုအခါ ၁၀%  မှ  ၂% သို့ ခေတ္တလျှော့ကောက်နေပါသည်။ ကောင်းပါသည်။ နိုင်ငံတကာတွင် ပြည်ပလုပ်ကိုင်သူများကို ၀င်ငွေခွန်မကောက်ကြပါ။

မည်သို့ပင်ဖြစ်စေ၊ ကျပ်ငွေတန်ဖိုးတက်လာခြင်းကို ကြိုဆိုရပါသည်။

ဇော်အောင် (မုံရွာ)
21-Sept-2011



အရှေ့ တောင်အာရှနိုင်ငံများ GDP နှိုင်းယှဉ်ချက်ဇယား

ကမ္ဘာချမ်းသာသောနိုင်ငံများ၏ GDP. တရုပ်သည် ဂျပန်ကိုကျော်ပြီး ဒုတိယစူပါနိုင်ငံဖြစ်လာ၏။


English Translation

Sunday, September 25, 2011


US$, Sin$, and Burmese Kyat's History 

(Direct translation of Zaw Aung’s Article from Moemakha Site.)

In 1990, one American Dollar was 30 kyats, one Singapore Dollar was 45 kyats, an average apartment was 300,000 kyats, a Toyota Hilux pickup truck was 300,000 kyats as well, the telephone connection with a handset was 300,000 kyats too, and a plate of Biriani (Dan-bouk) was just 5 kyats.

In 2007 the year of so-called Saffron Revolution, one American Dollar was 1,350 kyats, one Singapore Dollar was 900 kyats, an average apartment was 30 million kyats, a Toyota Hilux pickup truck was 30 million kyats as well, the telephone connection with a handset was 2.5 million kyats, and a plate of Biriani was 800 kyats.

In 2011 the year of so-called semi-democracy, one American Dollar was 750 kyats, one Singapore Dollar was 620 kyats, an average apartment was 50 million kyats, a Toyota Hilux pickup truck was 20 million kyats, the telephone connection with a handset was 500,000 kyats, and a plate of Biriani was 1,200 kyats. (All are approximate prices.)

***************************

In 1999 the GDP of Burma was only 14 billion US$. But the Gross Domestic Product has risen drastically since the Yadana Gas Pipeline was constructed and Burma started exporting her abundant natural gas to the neighboring energy-hungry Thailand.

In 2010 the GDP of Burma reached to 77 billion US$ and still increasing. Foreign Direct Investment in Burma in 2011 is 20 Billion US$ which is much higher than Vietnam. That is very promising for Burma.

Particularly promising is there are many reformists and a few business oligarchs (so-called cronies) in new Burmese Government. And ASSK and the opposition parties are also positive and cooperative about the serious reforms promised and being slowly brought in by President Thein Sein-led Government.

Positive improvements such as relaxing of media restrictions and effective tax collection from economic enterprises have bee carried out so far and to everyone’s surprise Burmese kyat has been found seriously appreciating against other currencies in last two years.

US Dollar exchange rate have gone down below 900 kyats in last two years and caused many difficulties nationwide. Most media in Rangoon even wrote about the academic paper of Dr. U Myint the Chief Economics Adviser for the President and a close friend of ASSK on the issue of appreciating foreign exchange rate.

Even though the new Government has been trying to attract Foreign Direct investment for various sectors of economy most FDI in Burma are for particular sectors like natural resources and labor-intensive manufacturing. For example: natural gas, petroleum, hydro-electric, jade, teak, and garments.

Modern History of Burmese Kyat

Kyat was established on 1 July 1952 with the base rate of one Kyat an Indian Rupee. At that time one US Dollar was 4.7619 Kyat or Rupee. Following table is the US$ rate for both Burmese Kyat and Singapore Dollar together with the chronological events from Burmese political scene.


List of significant events in Burma (From the Table above).
1952  -   Separated from Indian Monetary System.
1962  -   General Ne Win’s Coup.
1972  -   Started black market rate.
1982  -   Official rate is 5 Kyats a US Dollar.
1988  -   Military Coup after failed 8-8-88 Uprising.
1990  -   General Than Shwe became Commander-in-Chief.
1995  -   
1997  -   Banking crisis in Burma.
1998  -   ASEAN Economic Crisis.
2000  -   Economic Sanctions Began.
2001  -   
2002  -   
2003  -   De-pa-yin Murders of ASSK’s followers.
2004  -   Prime Minister General Khin Nyunt was removed.
2005  -   
2006  -   
2007  -   Monks’ Protest in September.
2008  -   Nargis Cyclone in May in Irrawaddy Delta.
2009  -   American Senator Jim Vebb’s Visit to Burma.
2010  -   Large Scale Privatization. USDP won General Election.
2011  -   New Union Parliament. U Thein Sein elected as the President.

But the official exchange rate used by the Burmese Government is still fixed at ridiculously low 6.50 Kyats a US$ and even the 2011 Parliament has now been discussing how to re-rate Kyat officially and realistically.

I’ve been working overseas last 20 years as I was really sick of our country surviving by selling everything we have both under-ground and above-ground. Also I have to admit that I don’t know much about the economy of Burma. But I still am encouraged by the new Government’s action in raising the value of Kyat.

If you look at the world economy, the 2008 Global Financial Crisis (GFC) appears to be repeating. Normally the property prices go up if the economy is bad. Back in Burma the house prices are going up. Other countries with seemingly bad economies also have rising house prices.

Now many Burmese people working in Singapore are facing serious difficulties. Due to the obstacles in renewing their work-permits, difficulties in getting new work-permits, more expensive housing, and getting fewer Kyats for their Sin$ earnings it is no longer lucrative or even economical for Burmese nationals to come and work in Singapore.

***************************

It is almost impossible for the Burmese Government to raise Burma to the economic and prosperity level of Singapore in a short period. In term of per-capita income Singapore is right at the top with other small but prosperous nations like Norway and Qatar. Despite its tiny size Singapore has a GDP double that of Burma and Vietnam among the SE Asia nations.

The whole world will acknowledge the currency of a country once its GDP grows to a decent level. People can even say that the country is getting richer.

Growing GDP implies that the tax revenue is more since about 10% of GDP goes into the Government coffers. The more tax revenue there is the more money could be spent on the nation’s military, education, social welfare, health, roads, bridges, and housing constructions.  

In Singapore every working person is forced by the Government to save 30% of their income (salary) as the CPF (Compulsory Provident Fund) system. That money is used by the State to invest in the nation’s economy and the obvious result being Singapore getting richer and richer over time.

***************************

From the following tables you can see the Burma’s GDP is rising drastically over the years. And to overtake Vietnam and then reach Singapore and Malaysia the Burmese now working overseas must come back home to Burma.


But we can’t go home yet as there are not enough jobs and we still need to wait till this global economic crisis is over. Burma still needs to accumulate national savings or Foreign Reserve Money, attract more Foreign Direct Investment, and eliminate Tax Evasion and Systemic Corruption. Only then there will be enough jobs for all of us to go back home.

If you study the history of US$ Exchange Rate you will find out that the currencies of Singapore, Japan, Germany, and Switzerland are historically very strong. Compared to many other currencies American Dollars also is very strong. United States is still the most economically powerful country.


By having a strong Kyat Burmese Government no longer needs to tax the income of Burmese working overseas as they are the ones bringing in much needed hard currency to Burma. So the foreign income tax now is reduced from 10% to only 2%. That is good, no it is great. No other country ever taxes the personal incomes of their citizens working overseas.

Anyway, we must welcome the appreciation of our Burmese Kyat!

အမေရိကန်ဒေါ်လာ တစ်သိန်းတန် ငွေစက္ကူ

စင်ကာပူမှာ ဒူဘိုင်းငွေစက္ကူ ဒေါ်လာတသိန်းတန်  100,000 dirham ကို ကိုင်ပြပြီး၊ ငွေလဲဖို့ ကြံရွယ်နေတဲ့ မြန်မာတယောက်အကြောင်းပါ။ ဟိုး .. ဒူဘိုင်း ဟိုတယ်ကြီးမှာ ၄နှစ်အလုပ်လုပ်စဉ် သူဌေးကြီးတယောက်ရဲ့ ကျန်ခဲ့တာ ရယူထားတယ်ပြောပါတယ်။ စင်ကာပူဒေါ်လာ သုံးသောင်းကျော် တန်ဆိုပဲ။

စင်ကာပူမှာ ငွေလဲလို့ရမလား သင့်ကို လာမေးရင်၊ ဝေးဝေးက ရှောင်ကြပါ။

၁။ ဒူဘိုင်းမှာ တသိန်းတန်ငွေစက္ကူ မရှိပါဘူး။ အများဆုံးက တသောင်းတန်ထိ ရှိပါတယ်။
၂။ စင်ကာပူမှာ တန်ဘိုးအများဆုံး ဒေါ်လာတသောင်းတန်ငွေစက္ကူရှိပါတယ်။
၃။ အမေရိကန်မှာတော့ ဒေါ်လာ တစ်သိန်းတန်ရှိပါတယ်။ ၁၉၃၄ခုနှစ်မှာ တကြိမ်တည်း ထုတ်ဖူးပါတယ်။ အပြင်မှာသုံးလို့မရပါဘူး။ အစိုးရဌာန ငွေပေး၊ငွေယူ လုပ်ငန်းများမှာပဲ သုံးပါတယ်။

တကယ်လို့ သင်က ဟ၊ ပွတာပဲဆိုပြီး သူ့နဲ့အတူ၊ ငွေသွားလဲရင်၊ ၂ယောက်စလုံး ရဲဖမ်းခံထိ၊ ကွိသွားမယ်ဖြစ်တယ်။ ဒါမှမဟုတ် ဈေးချိုချိုနဲ့ ရောင်းတာကို ပွတာပဲဆိုပြီး ၀ယ်ထားလိုက်ရင် .. မိတ်ဆွေရဲ့ လောဘအကျိုးခံရပါမယ်။ သတိထားပါ။

မှတ်ချက်။
- ပြည်ပရောက်မြန်မာအလုပ်သမားများကို အခွန်ကောက်ခြင်း Jan2012 မှစတင်ရပ်ဆိုင်းလိုက်ပြီဖြစ်သည်။ အနှစ်၂၀ကျော် တလဒေါ်လာ၁၅၀၊ ၁၂၀ စသဖြင့် အခွန်ဆောင်ခဲ့သူ စာရေးသူ (Blog owner) နှင့် စင်ကာပူနှင့် ပြည်ပရာက်မြန်မာမိတ်ဆွေများ၊ (ပတ်စပို့ သက်တမ်းတိုးရန်ဖြစ်စေ၊ အခြား မည်သည့် အကြောင်းကြောင့်ဖြစ်စေ) အခွန် မှန်မှန် ပေးဆောင်ခဲ့သူ မြန်မာများအတွက် အောက်မေ့ဘွယ်ရာဖြစ်ပါသည်။ မကြာမီ ဂျပန်အကူညီဖြင့် Myanmar Stock Exchange ကို စတင်တော့မည်ဟု အစိုးရသစ်က ကြေညာခဲ့ပါသည်။


************************** 
Reference: (Hla Oo's Blog)
http://hlaoo1980.blogspot.com/2011/09/us-sin-and-burmese-kyats-history-by-zaw.html
http://blog.nationmultimedia.com/witmone/2012/04/12/entry-1


Tuesday, June 19, 2012

မြန်မာအမျိုးသမီးများ ထမီဝတ်ကြသည်


ခမောက်ဆောင်းထားတဲ့ ဗီယက်နမ်မိန်းကလေး၊ ပုသိမ်ထီးနဲ့သနပ်ခါးပါးကွက် မြန်မာမိန်းကလေး .. ဒီ၂ယောက်ရဲ့ ဓါတ်ပုံတွေဟာ မြို့ပေါ်မှာ တမင်ဖန်တီးရိုက်ယူထားတာ မဟုတ်မှန်း ထင်ရှားပါတယ်။ ကျေးလက်ဒေသကို ကင်မရာမင်း ကိုယ်တိုင် သွားပြီး ရိုက်ယူတာကြောင့် သဘာဝကျပါတယ်။ လှပပါတယ်။

ကျွန်တော်ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့ (ဆိုင်ဂုံ) အလုပ်လုပ်နေပါတယ်။
 မနေ့က အီးမေးမှာ Happy Planet လူမျိုးအဖြစ် ဗီယက်နမ်နိုင်ငံက ထိပ်ဆုံးအဆင့်ကို တက်လာပါတယ်။ ပြုပြင်ပြောင်းလဲမှု ၁၈နှစ်အကြာမှာ တင်းတိန်ရောင့်ရဲသော နိုင်ငံအဖြစ် နောင်အမေရိကနိုင်ငံများနဲ့အတူ ပျော်ပျော်နေထိုင်သော နိုင်ငံအဖြစ်ကို တိုးကတ်လာပါတယ်။

ငွေကြေးအားဖြင့်တော့ ဆင်းရဲပါတယ်။ ဗီယက်နမ်မှာ တလကို လစာ အနည်းဆုံး ဒေါ်လာ ၂၀၀ ကနေ အများဆုံး ဒေါ်လာ၅၀၀လောက်ပဲ ရပါတယ်။ ဘွဲ့ရကျောင်းသားတယောက် လစာ ဒေါ်လာ ၂၀၀လောက်

Thursday, May 31, 2012

စင်ကာပူ၊ အမေရိကား၊ ကနေဒါ၊ လန်ဒန် .. မြန်မာလူငယ်များပညာရေး


ခင်နှင်းစိုး

ကျမ အသက် ၁၂ နှစ်မှာ မိဘများနှင့် စင်္ကာပူနိုင်ငံမှာ ပြောင်းရွှေ့နေထိုင်ပြီး နိုင်ငံခြားဆိုတာနှင့် စတင်ရင်းနီးခဲ့သည်။ အသက် ၁၇ နှစ်အရွယ်ကစပြီး ကနေဒါနှင့် အင်္ဂလန်နိုင်ငံတို့တွင် တစ်ယောက်တည်း ကောလိပ်နှင့် တက္ကသိုလ်သွားတက်တော့၊ နောက်ထပ်နိုင်ငံခြားသို့ ရောက်ခဲ့ပြန်သည်။ နိုင်ငံခြားဆိုသည့်အတိုင်း ကျမရင်ဆိုင်ရတာတွေက အပြောင်းအလဲ အသစ်အဆန်းတွေ ဖြစ်နေခဲ့သည်။ ရောမရောက်ရင် ရောမလိုကျင့်ရမယ် ဟု လူတွေပြောလေ့ရှိကြသည်။ အတိုင်းအတာတခုအထိ မှန်သည်။ သူများနိုင်ငံရောက်မှတော့ ကိုယ်က လူထူးလူဆန်းလို တသီးတခြားဖြစ်နေလျှင် ပတ်ဝန်းကျင်သစ်မှာ နေသားတကျဖြစ်ဖို့ ခဲယဉ်းသည်။ ပတ်ဝန်းကျင်သစ်များက ကျမတို့ အတွေးအခေါ်များ၊ အနေအထိုင်များအပေါ် အတိုင်းအတာတခုအထိ လွှမ်းမိုးတာတွေကို သေချာဆန်းစစ်ရမည်။ အဓိကက ကိုယ့်ပတ်ဝန်းကျင်မှာ ဖြစ်နေတာတွေအပေါ် စဉ်းစားဆင်ခြင် သုံးသပ်တာလုပ်ပြီး၊ စုံလုံးကန်း မျောပါမသွားဖို့ပင်။

Tuesday, May 22, 2012

အမေရိကန်ရောက် မြန်မာများရဲ့ အစွဲလမ်းဆုံးကတော့ အစားအသောက်ပဲဖြစ်ပါတယ်။

အမေရိကန်ရောက် မြန်မာများရဲ့ အစွဲလမ်းဆုံးကတော့ အစားအသောက်ပဲဖြစ်ပါတယ်။ အစားအသောက်များ ပေါများ၊ ဈေးချိုပြီး အမေရိကန်များ အားလပ်ချိန်အပမ်းဖြေခြင်းဟာ အစားအသောက် ထွက်စားခြင်းပါပဲ။ တပတ်တခါ၊ နှစ်ခါ အပြင် စားသောက်ဆိုင်ထွက် မစားနိုင်ရင် အမေရိကားမှာ နေရကျိုးမနပ်သလိုပါပဲ။

အစားအသောက်ပေါများလွန်းတာကို ဗာရာဏသီပြည်ကြီးကဲ့သို့ မှတ်ယူနိုင်ပါတယ်။ သမ္မာကျမ်းစာထဲက ခန္ဓာန်ပြည်ကြီးလို ကြွယ်ဝပေါများလှပါတယ်။ နိုင်ငံကြီးကလည်း အကျယ်ကြီးဆိုတော့ ရာသီဥတုမျိုးစုံရှိပြီး၊ ကမ္ဘာတ၀ှမ်းက ဘယ်ဒေသက သစ်သီးဝလံ၊ပန်းပင်များ အမေရိကန်ပြည်နယ်များမှာ ရှင်သန်၊ဖွံ့ဖြိုး၊ အသီးသီးနိုင်ပါတယ်။ အသီးအနှံ စိုက်ပျိုးရေးကိုတော့ ကာလီဖိုးနီးယားနဲ့ဖလောရီဒါပြည်နယ်များမှာ အင်မတန်ဖြစ်ထွန်းပါတယ်။ သားငါး၊ နွား၊ ဆိတ် မွေးမြူ၊ စည်သွတ်ခြင်းများကိုတော့ တက်ကဆက်နဲ့ အမေရိကားအလယ်ပိုင်းပြည်နယ်များမှာ အကြီးအကျယ် လုပ်ငန်းကြီးများရှိပါတယ်။ ဘီယာ၊ ၀ိုင်များကိုလည်း စပျစ်သီးခင်းများစွာကတဆင့် အကြီးအကျယ် စိုက်ပျိုးထုတ်လုပ်ပြီး၊ ဘီယာ၊ ၀ိုင်များကို ၁၀လီတာ ပုလင်းကြီးများနဲ့ ရောင်းတဲ့အခါ၊ မင်နရယ်ဝါးတား ရေသန့်ဗူးထက်တောင် ဈေးချိုနေတာ တွေ့ရပါတယ်။

အစားအသောက်စရိတ်
စားသောက်ဖို့အတွက် မြန်မာအများစုဟာ အိမ်မှာပဲ ချက်ပြုတ်စားသောက်ကြပါတယ်။

Friday, May 4, 2012

ATTITUDE: အမေရိကန်လူမျိုး CEO လာလုပ်သော စင်ကာပူ CSM အကြောင်း

ကျွန်တော် Singapore Technology CSM မှာအလုပ်လုပ်စဉ်က လစာ တနှစ် ဒေါ်လာ ၁၀သန်းခန့်ရတဲ့ CEO Barry Waite (US Citizen, Scottish)၊ ၃လပတ် အစည်းအဝေးတခုတွင် ကုမဏီတခုလုံးကို ပြောခဲ့ခြင်းအား အမြဲအမှတ်ရနေပါသည်။

ကုန်ထုတ်လုပ်ငန်းလုပ်ရာတွင် ကုန်ကြမ်း၊ စက်ပစ္စည်၊ လူသား နှင့် နည်းစနစ် ပေါင်းစပ်သည့် Process တခုမှ ကုန်ချောဖြစ်သော Fabricated Silicon Wafer ထွက်လာရသည်။ သူက လူနားလည်းသော ထမင်းချက် Hotel Cook နှင့်နှိုင်းယှဉ်ပါသည်။

စားဖိုမှုးများအကြောင်း
သူတို့ကို ချက်ပြုတ်ရန်အတွက် Raw Material ကုန်ကြမ်းပစ္စည်းများ အတူတူ၊ Cooking Tools ချက်ပြုတ်သည့်ပစ္စည်းကရိယာများလည်း အတူတူ၊ ချက်သည့်၊ Time & Location အချိန်နေရာလည်း အတူတူ၊ Recipe  ချက်ပြုတ်သည့် နည်းစနစ် လည်းအတူတူ ပေးပြီး ချက်ပြုတ်ခိုင်းသည်။ ချက်ပြုတ်ပြီး တယောက်နှင့်တယောက် မတူသည့် စားသောက်ဖွယ်ရာရရှိသည်။ အားလုံးအတူတူဖြစ်ပါရက် ဘာကြောင့် သူတို့ချက်ပြုတ်သော စားသောက်ဖွယ်ရာ များအဘယ်ကြောင့် ညံ့သည်၊ ကောင်းသည် ဖြစ်နေရပါသနည်း။

အဖြေမှာ  .. ချက်ပြုတ်သော စားဖိုမှုးမတူသောကြောင့်ဖြစ်သည်။

စားဖိုမှုး၏ Attitude ကောင်းပါက၊ သူချက်ပြုတ်သော စားသောက်ဖွယ်ရာများမှာ စားကောင်းမည်ပင်ဖြစ်သည်။

Friday, December 23, 2011

စာအုပ်အမည် = ဂျပန်ဘာကြောင့်အောင်မြင်ခဲ့သလဲ (ကျွန်တော်နမူနာယူစရာအချို့)



မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးလုပ်ဆောင်လျှက်ရှိပါတယ်။ လက်ရှိအခြေအနေ ၂၀၁၁ တနှစ်စကာကို ကျုန်ုပ်သုံးသပ်တင်ပြထားပါတယ်။ (Link: ရွှေမြန်မာများနိုင်ငံထူထောင်မှု၊ ကကယ်ပဲလား Burma/Myanmar Analysis 2011)။ အမေရိကန်ကိုလာရောက်ခြေစိုက်သူ ဂျပန်၊တိုကျိုကနေတဆင့် လာခဲ့သူများစွာရှိပါတယ်။ ကျွန်ုပ်ကို အမေရိကန်စစ္စတမ်သင်ကြားပေးသူများစွာဟာ ဂျပန်စစ္စတမ်မှာ ၁၀နှစ်လောက်နေထိုင်ပြီးမှာ နည်းအမျိုးမျိုးနဲ့ ပိုပြီးသာယာဝပြော၊စိတ်ချရတဲ့ အမေရိကားကို ရောက်လာသူများဖြစ်ပါတယ်။ အထူးသဖြင့် ကျွန်ုပ်ရဲ့ ဘော့စ်ဖြစ်ဖူးသူ ကိုဒေးဗစ်က အမြဲတမ်း ဂျပန်စစ္စတမ်ကောင်းကြောင်းကို ပြောလေ့ရှိပါတယ်။ (အမေရိကားအလုပ်အကိုင်အခန်းမှာ ကိုဒေးဗစ်အကြောင်းအနည်းငယ်ရေးထားပါတယ်။ ဂျပန်ပြန်လာပြီး အမေရိကား၊ စင်ကာပူ၊ မြန်မာပြည် စသဖြင့် ပြန်လည်ဘ၀သစ်တည်ဆောက်နေသူများစွာရှိပါတယ်။ သူတို့ကတော့ ဂျပန်စစ္စတမ်အကြောင်း ပိုမိုသိကြွမ်းပါတယ်။ ကျွန်ုပ်ကတော့ တိုကျိုးကို တပတ်ခရီးသာ လေ့လာခဲ့ဖူးတဲ့အတွက် အခုစာအုပ်ကိုပဲ ဖတ်ကြည့်ရပါတယ်။ ဂျပန်ကဂျပန်၊ မြန်မာကမြန်မာ၊ အမေရိကန်ကအမေရိကန်ပါပဲ။ လေ့လာသင်ခန်းစာယူဖို့ စာအုပ်အညွှန်းမျှသာ ဖြစ်ပါတယ်ဗျား...။

စာအုပ်အမည် = ဂျပန်ဘာကြောင့်အောင်မြင်ခဲ့သလဲ
ရေးသားသူ = မောင်ထွန်းသူ

ဖိုင်အမျိုးအစား = PDF

ဒေါင်းလုပ် = https://yadi.sk/i/gyu362ougeyQb


Keppel Group is Ko William Win ပို့ပေးတဲ့ eBook မြန်မာစာအုပ်များစွာမှာ ဒီစာအုပ် ရွေးချယ်ဖတ်မိပါတယ်။

အခန်း ၅ခန်းမှာ
(၁) ဂျပန် - ဘာသာရေး၊နိုင်ငံရေးအခြေခံ ကွန်ဖြူးရှပ်၊ဗုဒ္ဓ နဲ့ ရှင်တိုဘာသာမှာ သစ္စာတရားပထမ၊ မေတ္တာတရား ဒုတိယနေရာထားခြင်း
(၂) ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာများကို သတ်ဖြတ်နှိပ်ကွပ်ခဲ့ခြင်း၊ နှစ်၂၀၀ တံခါးပိတ်ဝါဒ ၁၈၆၉တွင် ပြီးဆုံးသွားခြင်း
(၃) မေဂျီတော်လှန်ရေး နှင့် ဂျပန်အင်ပါယာ (၁၈၆၆-၁၈၆၉ ၂နှစ်ပြည်တွင်းစစ်) အပြီး အနောက်တိုင်းပုံစံနိုင်ငံထူထောင်ခြင်း
(၄) ကိုလိုနီနိုင်ငံဖြစ်လာခြင်း (မန်ချူးရီးယား၊ တိုင်ဝမ်၊ ကိုးရီးယားတိုက်ခိုက်ခြင်း)၊ ဒုတိယကမ္ဘာစစ် ထိုင်း၊မလေးရှား၊စင်ကာပူ၊ မြန်မာများကို သိမ်းပိုက်ပြီး ၁၉၄၅ စစ်ရှုံးပြီး ဂျပန်စစ်ဝါဒီကျဆုံးသွားခြင်း။ စိတ်ဝင်စားဖွယ် ဂျပန်စစ်ဝါဒီနိုင်ငံရေးမတည်ငြိမ်မှု P232-235 မှာ မြန်မာစစ်ဝါဒီ အစိုးရဖြစ်ပုံနဲ့ယှဉ်ကြည့်နိုင်ပါတယ်။
(၅) စစ်အပြီး၊ အမေရိကန်ဦးဆောင်သည့် နိုင်ငံထူထောင်မှုမှာ ဂျပန်စစ်ဝါဒီရဲ့ သေဒါဏ်ပေးခံရသူ စာရေးဆရာကီတာ Ikki Kita အတွေးအခေါ်၊ ရေးသားချက်များကို အခြေခံပါတယ်။

စာရေးဆရာ စီးပွားပညာရှင်ပါမောက္ခမိုရီရှီးမားရဲ့ ပိုချချက်များမှ ၁၉၉၄ ဒီစာအုပ်မူရင်းကို ဂျပန်ပြန်မိတ်ဆွေများအားပေးမှုနဲ့  မောင်ထွန်းသူ မြန်မာဘာသာပြန်ပြီး ၂၀၀၀ မှာထုတ်ဝေခဲ့ပါတယ်။ လက်ရှိမြန်မာစစ်ခေါင်းဆောင်များ အတွင်းမှာ ဒီဂျပန်နည်းလမ်းတော့ ရောက်ပြီးပါပြီး။ လက်တွေ့တော့ မြန်မာ့နည်းမြန်မာ့ဟန်နဲ့ နိုင်ငံကိုတည်ထောင်နေပါတယ်။ ဂျပန်လူမျိုးရဲ့ ATTITUTE စိတ်နေသဘောထား ဟာ မြန်မာနဲ့လုံးဝခြားနားပါတယ်။ ထိုင်းနိုင်ငံ ဘယ်လိုထူထောင်သလဲ ဆိုတာလေ့လာခြင်းဟာ မြန်မာများအတွက် ပိုမိုလက်တွေ့ကျပါမယ်။

ကျွန်တော်ကတော့ စာရေးဆရာကီတာလို သတ္တိမပြောင်ပါဘူး၊ ဂျပန်စစ်ဝါဒီများကို အံတု၊အာဏာသိမ်းတဲ့ the failed coup of 1936 လူငယ်စစ်သားများလိုလဲ လက်နက်မကိုင်နိုင်ပါဘူး။ သူတို့ကြောင့် စစ်ဝါဒီမကျဆုံးတဲ့အပြင် ခဏတာဒုက္ခပြန်ပေးတာ လူထုခံရပါတယ်။ အချိန်ကာလ တစ်ခုမှာတော့ ပြုပြင်ပြောင်းလဲမှုဖြစ်စေပါတယ်။ ဘာပဲဖြစ်ပါစေ ..စစ်ဝါဒီများကို အနစ်နာခံ၊ ဖမ်းဆီး၊သေကြေ တော်လှန်သူအားလုံးကို လေးစားပါတယ်။ Attachment eBook P232-235 ၄မျက်နှာတော့ အချိန်ရရင် ဖတ်ကြည့်ပါ။ မြန်မာစစ်ဝါဒီများ အတွင်းတိုက်ပွဲများနဲ့ တော်တော်ဆင်ပါတယ်။

ကျေးဇူးတင်၊ လေးစားစွာဖြင့်
မောင်သာမန်

Saturday, November 26, 2011

အမိမြန်မာနိုင်ငံသားသမီးများ Culture ထိန်းသိမ်းရေး ဥပမာ..အမေရိကန်သံအမတ်ကြီး

မြန်မာနိုင်ငံအတွက် တကယ်လုပ်တော့မယ်ဆိုရင် လိုအပ်တဲ့အရာများကို ရောက်တဲ့နိုင်ငံ၊ ရောက်တဲ့နေရာက မြန်မာပြည်သားများက ပေးလာပါတယ်။ မြန်မာလူမျိုးများအတွက် တကယ်၊ ချစ်မြတ်နိုးစွာ အနစ်နာခံ လုပ်တယ်ဆိုတာ သိရင် ကိုယ်ရောက်နေတဲ့နိုင်ငံသားများကလဲ ကိုယ့်ကို ကူညီလာပါတယ်။ ရေးချင်တာက .. အမေရိကားနိုင်ငံက ချမ်းသာတယ်။ အမေရိကားနိုင်ငံကို ကိုယ်စားပြုထားတဲ့ အီသီယိုပီးယားမှာရှိတဲ့ အမေရိကန် သံရုံ့း၊ အီသီယိုပီးယားနိုင်ငံမှာလဲ အမေရိကန်သံရုံးရှိတယ်လေ..။ အီသီယိုးပီးယား ဘယ်လောက်ဆင်းရဲ၊ ဆင်းရဲ။ အဲဒီဆင်းရဲခြင်းက အမေရိကန်သံရုံးကို ဒုက္ခပေးသလား။ သွားပြီးတော့ Affect ဖြစ်သလား..။ မဖြစ်ဘူး..။ အီသီယိုးပီးယားမှာ ရေတွေမရှိဘူး။ ဒါပေမဲ့ .. အီသီယိုးပီးယားမှာရှိတဲ့ အမေရိကန်ကို ကိုယ်စားပြုထားတဲ့ အမေရိကန်သံရုံးကြီးကတော့ ရေတွေ အပြည့်ပဲ။ ဘယ်က ထောက်ပံ့ကြေးနဲ့ သူနေနေတာလဲ။ အမေရိကားက ထောက်ပံ့ကြေးနဲ့ သူနေနေတာ။ အီသီယိုးပီးယာမှာ မစားနိုင်တဲ့ Cheese သူစားနေရတယ်။ ..အီသီယိုးပီးယားမှာ မစားနိုင်တဲ့ အစားအစာတွေအားလုံး အီသီယိုးပီးယားမှာရှိတဲ့ အမေရိကန်သံရုံးက အကုန်စားနိုင်တယ်။

အရေးကြီးတာ ဒီနေ့ မြန်မာနိုင်ငံသားတွေဖြစ်ရက်နဲ့ ကိုယ်စိတ်၊၀ိညာဉ် Body, Mind and Spirit ရဲမွဲတေနေတာက နိုင်ငံအရေးဆိုပြီး ကိုယ်ကျိုးသမားတွေ များတယ်။ နိုင်ငံတော်အတွက် အသက်မရှင်ကြလို့...။


အမေရိကားနိုင်ငံကြွယ်ဝတယ်။ နိုင်ငံကြွယ်ဝတယ်ဆိုတာ သိစေချင်လွန်းလို့ သူတို့က ဘာလုပ်တယ်သိလား၊

Sunday, November 20, 2011

မြန်မာနိုင်ငံနှင့်ပတ်သက်၍ သမ္မတအိုဘားမား၏ မိန့်ခွန်း


by 7Day News Journal on Friday, November 18, 2011 at 5:54pm

အားလုံး မင်္ဂလာနေ့လယ်ခင်းပါ။ ကျွန်တော့်အစိုးရသက်တမ်းတစ်လျှောက်နဲ့ ဒီခရီးစဉ်တစ်လျှောက် လုံးမှာ အာရှ-ပစိဖိတ်ဒေသအပေါ် အမေရိကရဲ့ ယုံကြည်ချက်ကို အလေးအနက်ထား စဉ်းစားခဲ့ပါ တယ်။ ဒါ့အပြင် ဒီဒေသအတွင်း လူ့အခွင့်အရေးကိစ္စတွေရဲ့ အနာဂတ်ကိုရော အမေရိကန်ရဲ့ ယုံကြည်ရပ်တည်မှုအပေါ်ကိုပါ ကျွန်တော် အလေးအနက်ထား စဉ်းစားခဲ့ပါတယ်။ ကနေ့မှာတော့ ကျွန် တော်ဟာ အဲဒီ့မျက်နှာစာနှစ်ဖက်စလုံးမှာ ရှေ့ကို တိုးတက်စေဖို့ ကျွန်တော်တို့ရဲ့ ကြိုးပမ်းအားထုတ်မှု တွေထဲက အရေးပါ တဲ့ခြေလှမ်းတစ်ရပ်ကို ကြေညာပါတော့မယ်။

ဆယ်စုနှစ်ပေါင်းများစွာကြာအောင်ပဲ အမေရိကန်တွေဟာ မြန်မာပြည်သူတွေအတွက် အခြေခံလူ့ အခွင့်အရေး ကိစ္စတွေ ငြင်းပယ်ထားတာအပေါ် နက်ရှိုင်းစွာပူပန်ခဲ့ပါတယ်။ ဒီမိုကရက်တစ်ပြုပြင်ပြောင်းလဲရေးသမားတွေကို ဖိနှိပ်ထားမှု၊ လူနည်းစု တိုင်းရင်းသားမျိုးနွယ်တွေအပေါ် ဦးတည်ပြသခဲ့တဲ့ရက် စက်မှုနဲ့ စစ်ခေါင်းဆောင်အနည်းငယ်ရဲ့ လက်ထဲမှာပဲ အာဏာကို ဆုပ်ကိုင်ထားမှုတွေဟာ (မြန်မာနိုင်ငံအပေါ်) ကျွန်တော်တို့ရဲ့ စဉ်းစားပုံကို စိန်ခေါ်ခဲ့ပါတယ်။ ပြီးတော့ မြန်မာနိုင်ငံကို ကမ္ဘာနဲ့ အမေရိကရဲ့ (အဝေးမှာ)အထီးကျန်စေခဲ့ပါတယ်။

Wednesday, November 16, 2011

အမေရိကန်အင်္ဂလိပ်စကားပြောလေ့ကျင့်ရန် (Spoken American English - CD)

Burmese Speaking English Audio CD with Burmese Translation - 5 US$ only

US$ 5.00 Only
စာတိုက်ကမှာကြားလိုပါက - ချက်သို့မဟုတ် ငွေပို့လွှာတွင် MoeMaKa သိုႚ ရေးပြီး
အောက်ပါလိပ်စာသို့  ပို့ပါ။ မိမိလိပ်စာကိုပါ ထည့်ပေးလိုက်ပါ။ ပို့ ပေးပါမည်။
MoeMaKa, PO Box 320-207, San Francisco, CA 94132-0207

စင်ကာပူ၊ မလေးရှား၊ ထိုင်း၊ မြန်မာပြည်တွင် ၀ယ်လိုသူများ ဆက်သွယ်ရန်
Email: witmone.singapore@gmail.com

အမေရိကန်အင်္ဂလိပ်စကားပြော CD for Burmese
ကျေးဇူးတင်စကား
ရှေးဦးစွာ အင်္ဂလိပ်စကားပြောစီဒီ ဖြစ်မြောက်ရေးအတွက် ဘုရား၊တရား၊ မိဘဆရာများ အားလုံး၏ ကျေးဇူးတော်ကို ဂါရ၀ပြုပါသည်။ အထူးကြိုးစား တီထွင် မြန်မာ-အင်္ဂလိပ်စာလုံးများ ရွေးချယ်ခြင်း၊ အသံဖမ်း၊ အသံသွင်း နည်းပညာများဖြင့် လုပ်ဆောင်ပေးကြသော ထက်မိုး (နယူးဒေလီ - ယခု 2011 in Perth, Australia) အဖွဲ့နှင့် ၀ိုင်းတော်သားများ၊ အားပေးကူညီကြသော မိုးမခ ၀ိုင်းတော်သားများအား အထူးကျေးဇူးတင်ပါသည်။ မြန်မာမိသားစု သတင်းဂျာနယ်၊ လမ်းပြကြယ် မြန်မာစာကြည့်တိုက်၊ မုံရွာမြို့အဖွဲ့သားများ၊ ဖြစ်ကြီးနားမြို့ အဖွဲ့သားများ၊ ဆန်ဖရန်စစ္စကို၊ စင်ကာပူ၊ ဂျပန်တို့မှ မိတ်ဆွေများ အားလုံးကိုလည်း ကျေးဇူးတင်ပါသည်။

ဤစီဒီဖြင့် အမေရိကန်ရောက်ကာစ မြန်မာများအတွက် အင်္ဂလိပ်စကားပြော အနည်းငယ်တိုးတက်လာမည် (သို့မဟုတ်) မိမိ၏မိတ်ဆွေများကို လက်ဆောင်အဖြစ်ပေးပို့ကြမည်ဆိုလျှင်ပင် ထုတ်လုပ်သူများ ကျေနပ်ပါသည်။

နားဆင်သောသူအားလုံးကို ကျေးဇူးတင်ပါသည်။ ဇော်အောင် (မုံရွာ)


ကြော်ငြာ 35MB Power Point file (with Audio)
To Download

http://www.mediafire.com/?2zf5d14v87kld8f


စာအုပ်ကို ဒေါင်းလုပ်ရန် Link
http://murann.com/ebooks/Eng.all.Parts.with.index.for.tokyo.pdf

Tuesday, September 13, 2011

အမေရိကန်ရောက် မြန်မာများ 2008 to 2011


အမေရိကန်ရောက် မြန်မာများနဲ့ သတင်းစာ ၂ စောင်မှ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ဘာသာရေး နဲ့ နိုင်ငံရေး ကြော်ငြာများ

မြန်မာများစွာ အထူးသဖြင့် ၂၀၀၇ နဲ့ ၂၀၀၈ မှာ အမေရိကားကို နည်းအမျိုးမျိုးနဲ့ ရောက်လာခဲ့ပါတယ်။ မိဇ္ဖိမ အင်တာနက်မှာ အကျဉ်းချုပ် ဆောင်းပါးတပုဒ် ရေးသားခဲ့ဖူးပါတယ်။ စင်ကာပူက ကိုပေါ နဲ့ မစိုးဝှပ်တို့ ဒီဘိတ်ရေးသားကြတာကို ဖတ်ပြီး ယခင်က အိုးဝေ (စင်ကာပူ) အဖွဲ့သားများ ပါစာရစ်က ကိုဝင်းမြင့် အိမ်မှာ အပြန်အလှန်မျက်နှာဆုံဆွေးနွေးခဲ့တာကို သတိရမိပါတယ်။ ကိုပေါရဲ့ အပြုသဘော ရေးသားထားချက်ကတော့ ကိုယ်အခြေခိုင်မှ အများအတွက် ဒီမိုကရေစီကို လုပ်နိုင်မှာလား ဆိုတဲ့စကားလုံးပါပ။ဲ

ဆက်လက် ဒီဘိတ် Debအte လုပ်သွားနိုင်ပါတယ်။ အခုလို စင်ကာပူက ဒီမိုကရေစီ လှုပ်ရှားသူများ ကိုယ်ရပ်တည်ချက်အတွက် ဘယ်သူမှ အားကိုးလို့မရနိုင်လောက်အောင် ရုန်းကန်နေရတဲ့အချိန်လေးမှာ

Thursday, August 18, 2011

အလုပ်အကိုင်


အမေရိကားရောက် မြန်မာများမှာ အလုပ်၊ ၂မျိုးရှိပါတယ် ဆိုကြပါစို့ဗျာ ..။

၁။ ဂရင်းကဒ်မရှိသော ကျောင်းသား နဲ့ အလည်ရောက်ရှိနေသူများ
၂။ ဂရင်းကဒ် (သို့မဟုတ်) အမေရိကန်နိုင်ငံသားဖြစ်ပြီးသူများ
ဖြစ်ပါတယ်။
ဂရင်းကဒ်မရှိသေးခင်အလုပ်များ
ဝင်ငွေ ဘယ်လောက်ရသလဲ ဆိုတာကို ကျွန်တော့ ကိုဒေးဗစ် ရဲ့ပြောပြချက်အရ ဆိုရင် အမေရိကားမှာ လူ၂မျိုးပဲရှိတယ်။ အရမ်းကြိုးစားပြီး၊ ပညာသင်၊ အောင်လက်မှတ်တွေ ရအောင်လုပ်ပြီး လုပ်မဲ့လုပ် အပြက်လုပ်တဲ့ လူတန်းစားကတော့ ကြီးပွားမဲ့လူပဲ။ အဲ .. ဒုတိယ လူတန်းစားကတော့ ထောက်ပံကြေး ထုတ်စားတဲ့ အဆင့်ပဲ၊ ရှင်းရှင်းပြောရရင် လူပျင်း၊ စာမကြိုးစား ချင်တဲ့ လူတန်းစားပေါ့။

ဥပမာပြောရင် ငါ့ညီပေါ့ကွာ။ ဟိုး..ဂျပန်မှာ ဆူရှိဆိုင်အလုပ်လုပ်ရင်းကနေ ငါတို့မောင်နှမတွေက ကိုယ့်ညီဆိုပြီး၊ အမေရိကားကို ခေါ်လိုက်တယ်။ အမေရိကားရောက်တော့ သူက ဂျပန်မှာ နှစ်ပေါင်းများစွာ ဆူရှီဆိုင်မှာ လုပ်ခဲ့ပြီးသားဆိုတော့ အမေရိကားက ဆူရှိဆိုင်မှာပဲ လုပ်မယ်။ ပြီးရင် ဆိုင်မန်နေဂျာ၊ ဆိုင်ပိုင်ရှင်၊ ပြီးတော့ ဆိုင်ခွဲတွေ အများကြီးဖြစ်အောင်လုပ်ပြီး ချမ်းသာအောင် ကြိုးစားမယ် .. ပြောတယ်ကွ။ အပြောကတော့ ဟုတ်နေတာပဲ။ ဒါနဲ့ ၂နှစ်လောက် လုပ်ပြီးတော့ ဖင်နာတယ်၊ ခေါင်းနာတယ် ဖြစ်လာတယ်။ အလုပ်ခွင် ပြသနာတွေကို ပြောပြပြီးတော့ အခက်အခဲတွေ၊ အဆင်မပြေတာတွေကြောင့် အစ်ကိုဖြစ်တဲ့ ငါ့ဆီမှာပဲ ဆောက်လုပ်ရေးကန်ထရိုက်အလုပ်မျိုး လုပ်ချင်ပါတယ် ပြောလာတယ်ကွာ။ ငါသိတာပေါ့။ သူက ရတဲ့ပိုက်ဆံကို ဘယ်လို သုံးဖြုန်းနေသလဲဆိုတာ၊ ကာစီနိုသွားတယ်။ နိုက်ကလပ်၊ သောက်စား၊ ပျော်ပါးနေတာ။ အစ်ကို၊ အစ်မရှေ့မှာတော့ အိမ်လခ၊ ဈေးကြီးတယ်။ ကားမောင်းရင်း တစ်ကက်၊ ဒဏ်ငွေဆောင်ရတယ်။ ကားတိုက်မှုကြောင့် လျှော်ကြေး ဘယ်လောက်ပေးလိုက်ရတယ် .. စသဖြင့် ညာပြောနေတယ်။ နောက်ဆုံး ကိုယ်လုပ်တဲ့ ဆူရှီအလုပ်ကိုလည်း ဆိုင်ဖွင့်နိုင်တဲ့အထိ လက်မှတ်ရအောင် စာမေးပွဲလဲမဖြေချင်၊ ဖြေပြန်တော့လည်း မအောင်နဲ့ .. ပြောလဲမရဘူး။ အမေကလည်း ညီငယ်လေး ဆူရှီဆိုင်မှာ အဆင်မပြေဖြစ်နေရှာတယ်။ မင်းရဲ့အလုပ်မှာ လက်ထောက်ဖြစ်ရအောင် အားကိုးရမှာပဲ။ ခေါ်ပြီးလုပ်လိုက်ပါ သားရယ် .. ဆိုပြီး ဒီလူပျင်းကို ငါ့အလုပ်မှာ ခေါ်ထည့်ဖို့ တွန်းအားပေးလာတယ်။

နောက်ဆုံးတော့ကွာ .. ညီဖြစ်သူကလည်း၊ အလုပ်သမားအဖြစ်နဲ့ စပြီး၊ အောက်ခြေအလုပ်တွေက စတင်၊ အလုပ်သင်ပါမယ်။ အစ်ကိုသင်ပေး သမျှ အကောင်းဆုံး လုပ်ရင်း၊ လက်ထောက်ဖြစ်လာအောင် ကြိုးစားပါမယ် ဆိုလာတာတစ်ကြောင်း၊ အမေ့စိတ်မကောင်း မဖြစ်အောင်၊ ညီတော်မောင်ကို ငါ့အလုပ်ထဲမှာ ခေါ်ထည့်လိုက်ရတယ်။

ဒီကောင်က စခါစတော့ မဆိုးဘူးကွ။ အရင်က ကာစီနို၊ သောက်စား၊ ပျော်ပါးအလုပ်တွေ မလုပ်တော့ဘူး။ ငါလည်း တတ်နိုင်သလောက် သင်ပေးတယ်။ သူက ကိုယ့်ညီအရင်းလဲဖြစ်တယ်။ ကြိုးလည်းကြိုးစား လာတယ်ဆိုတော့ ယုံတော့မယုံရသေးဘူး၊ တစ်နှစ်လောက်တော့ စမ်းကြည့်ရမယ် ဆိုပြီး အလုပ်သမားအဆင့်မှာပဲ၊ တခြားအလုပ်သမားတွေနဲ့ အဆင့်တူ၊ လစာတူပဲ ပေးတယ်။ ငါက အလုပ်သမားတွေကို ဈေးမနှိမ်ဘူး။ ကာလီဖိုးနီးယားမှ တစ်နာရီ ၁၀ဒေါ်လာ ပေးတယ်ဆိုရင် အားလုံးကို တန်းတူပေးတယ်။ ဒီကောင်က ငါပေးတဲ့အတိုင်း၊ ပုံစံမှန်နေတယ်။ အဲ .. တစ်နှစ်ကျော်လာချိန်မှာတော့ ဒီကောင်က အချိုးနည်းနည်းပြောင်းလာတယ်။ ညီအရင်းဆိုပြီး အခွင့်အရေးယူလာတယ်။ အလုပ်သမားတွေကိုလည်း ဘော့စ်လိုလုပ်လာတယ်။ ငါ့ခိုင်းတာတောင် ငါ့ကို ပြန်မေးခွန်း ထုတ်လာတယ်။ နောက်ဆုံးတော့ ထုံးစံအတိုင်း ငါ့ကွယ်ရာမှာ ကာစီနို၊ နိုက်ကလပ်၊ သောက်စားပျော်ပါးတဲ့ အပေါင်းအသင်းတွေနဲ့ ပြန်လည်ပေါင်းထုတ်လာတယ်။

နောက်ဆုံးတော့ ငါကရှင်းရှင်းပဲ မေးလိုက်ရတယ်။ မင်းက ဘော့စ်လား၊ ငါကဘော့စ်လား။ မင်းပုံစံ အချိုးတွေ တဖြေးဖြေးပျက်လာတယ် ..ဆိုပြီး၊ ငါမသိဘူးထင်ပြီး သူလုပ်နေတာတွေ လိုက်ဖေါ်ထုတ်၊ လက်တွေ့ ဖမ်းပြလိုက်ရတယ်။ နောက်ဆုံးတော့ ဒီကောင်လည်း ငါ့အလုပ်မှာ မဟန်တော့ဘူးဆိုတာ သိသွားတော့ ထွက်သွားတယ်။ အစ်ကိုက ညီဖြစ်သူကို အလုပ်ထုတ်ပစ်သလိုပုံစံ၊ မကောင်းပါဘူးကွာ။ ငါ့အမေလည်း စိတ်မကောင်းပေမဲ့ ငါလည်း ရှင်းပြရတာပေါ့။ ဒီကောင့်အကျင့်လည်း အမေကသိပြီးသားဆိုတော့ ညီအစ်ကိုနှစ်ယောက် ကွဲပြဲရတာ၊ ဘာမှမပြောတော့ပါဘူး။ ဒါပေမဲ့ မင်းညီကိုတော့ ပစ်မထားပါနဲ့ ပြောတာကြောင့်၊ ကိုယ့်အလုပ်မှာ မခန့်ထားနိုင်ပေမဲ့ တတ်နိုင်သမျှ အဝေးက ကြည့်ရှုတာပေါ့။

ဒီကောင်ရဲ့ မိန်းမကိုတော့ အရမ်းသနားတယ်။ ကလေးတွေနဲ့ မိန်မခမြာ ကလေးထိန်း၊ ပြုစုစောင့်ရှောက် ရတဲ့အပြင်၊ သူ့ရဲ့ ပြသနာတွေကိုလည်း လိုက်ရှင်းရတယ်။ ကလေးကျောင်းသွားတဲ့အချိန်မှာာ အချိန်ပိုင်း အလုပ်တွေ လိုက်လုပ်ရင်း၊ ၀င်ငွေရှာရတယ်။ နေစရိတ်ကလည်း ဈေးကြီးတော့ ငါ့အိမ် ၃လုံးရှိတာ၊ တစ်လုံးရဲ့ အောက်ထပ်မှာ တစ်လ ဒေါ်လာ ၇၀၀ နှုန်းနဲ့ ငှားထားရတယ်။ အိမ်လခ မပေးနိုင်တဲ့အချိန် နောက်မှပေးပါမယ်ဆိုတော့လဲ၊ ကြည့်ရှုစောင်မရတာပေါ့။ ငါ့ညီကတော့ ဘာအလုပ်တွေ လုပ်နေသလဲတော့မသိဘူး။ အလုပ်ရှိနေတုံးက ရတဲ့ ခရက်တစ်ကဒ် Credit Card နဲ့လည်း ကာစီနို၊ နိုက်ကလပ်၊ ပျော်ပါး၊ သောက်စား ဆိုတော့ အကြွေးတွေအများကြီးတင်တယ်။ ဘဏ်တွေအများကြီးမှာ အကြွေးတွေ မဆပ်နိုင်လို့ ဘာတွေ ဆက်ဖြစ်မှန်းလဲ မသိချင်တော့ပါဘူး။ ငါလည်း စုံစမ်းမနေတော့ပါဘူး။ သူတို့လင်မယားနဲ့ ကလေးတွေလည်း အစိုးရဆီက အလုပ်လက်မဲ့၊ သားသမီးများကို ထောက်ပံကြေးတောင်းပြီး နေထိုင်ရတယ်။ မလွယ်ပါဘူး။ ငါ့ညီလိုလူတွေကတော့ အမေရိကားမှာ ၁၀နှစ်နေလည်း။ စိတ်ဓါတ် Attitude ပြောင်းလဲမှ ဘ၀တိုးတက်မှာပါ ဟု သူ့ညီဖြစ်သူအတွက် ကောင်းစေချင်သောစိတ်နှင့်.. ပြောဆိုပါတယ်။
ဒါကြောင့် အမေရိကားမှာ အလုပ်အရမ်းကြိုးစား၊ ပညာ၊ လက်မှတ်တွေ ရအောင်လုပ်နိုင်ရင်လုပ်၊ မကြာခင် ၅နှစ်လောက်ဆိုရင် ငါလို ကြီးပွားလာမယ်။ ဒါမှမဟုတ်ရင် ငါ့ညီလိုဖြစ်မယ်။ ဒီ၂မျိုးပဲ ရှိမယ်။ ကြားနေအဆင့် လူလတ်တန်းစားဆိုတာ အခု အမေရိကားမှာ မရှိတော့ဘူးကွ .. ဟု ဆိုသတည်း။

ဒါကတော့ သူ့ရဲ့ အမြင်ပဲဖြစ်ပါတယ်။
တကယ်တော့ အမေရိကန်မှာ အလယ်လတ်လူတန်းစားအများဆုံးရှိပါတယ်။ အခု၂၀၀၈-၂၀၁၂ သမ္မတအိုဘားမားလက်ထက်မှာတော့ ခက်ခဲတဲ့ကာလအချိန်ဖြစ်လို့ အလယ်လတ်လူတန်းစား ပျောက်နေသလို ဖြစ်ရပါတယ်။


ကိုဒေးဗစ်၏အလုပ်အကိုင်အကြောင်း
သူကတော့ ဂျပန်ပြည်၊ တိုကျိုမြို့မှာ နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့ပြီး၊ ၂၀၀၀ လောက်မှာ အမေရိကားကို ရောက်လာတယ်။ တိုကျိုမှာလည်း ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ခဲ့တယ်။ ဂျပန်စနစ်နဲ့ လုပ်ခဲ့ရပြီး အလွန်ကြိုးစားရကြောင်း၊ ဂျပန်စကားနဲ့ ဂျပန်ဆောက်လုပ်ရေးစနစ်များကို အလွန်ကျွမ်းကျင် လက်မှတ်ရခဲ့ကြောင်း။ အမေရိကားကိုရောက်လာတဲ့အခါ ဂျပန်စနစ်ကို လွှင့်ပစ်လိုက်၊ မေ့ပစ်လိုက်ရပြီး အမေရိကန် ဆောက်လုပ်ရေးစနစ် နဲ့ အမေရိကန် ဆောက်လုပ်ရေးလက်မှတ်များကို ရအောင် စာမေးပွဲဖြေ၊ အောင်မြင်အောင်လုပ်ရတယ်။ အောက်ခြေအလုပ်သမားဘ၀က သုညမှ ပြန်လည်စတင်ခဲ့ရကြောင်း။ ၅နှစ်လောက်လုပ်ပြီးမှ ကိုယ်ပိုင်အလုပ်လုပ်ပြီး အခု အလုပ်သမား ၅ယောက်၊ ၁၀ယောက်လောက် ခန့်ထားနိုင်ပြီဖြစ်ကြောင်း ပြောပြပါတယ်။

ငါက ယိုးဒယားစကား၊ ဂျပန်စကား၊ မြန်မာစကား၊ တရုပ်စကား၊ အင်္ဂလိပ်စကား ကောင်းကောင်းပြောတတ်ပြီး၊ အင်္ဂလိပ်စာလည်း အရမ်းလေ့လာထားတော့၊ အတန်းပညာမတတ်ပေမဲ့ ငါ့လက်အောက်မှာ၊ ဆရာဝန်၊ အင်ဂျင်နီယာ၊ မြန်မာပြည်က အရာရှိတွေ အများကြီး အလုပ်ခန့်ထားနိုင်တယ်ကွ .. ဟုလည်း ဂုဏ်ယူပြောကြားပါတယ်။ အေးကွာ ဒီလူတွေလည်း သူတို့ နေထိုင်ခွင့် လက်မှတ်မရခင်တော့ ငါ့ဆီမှာ လာလုပ်ကြတယ်။ နောက်ပိုင်း နေထိုင်ခွင့်ရသွားတော့ အရည်အချင်းရှိတဲ့လူတွေ အဆင့်မြင့် အလုပ်တွေကို ပြောင်းသွားကြတယ်။

ကိုဒေးဗစ် သည် စားသောက်ဆိုင်များ၊ အိမ်များ။ ကုန်တိုက်များကို ပြုပြင်မွမ်းမံ၊ Renovation Contractor တစ်ဦးဖြစ်ပါတယ်။ ယိုးဒယား၊ ဂျပန်၊ တရုပ်စားသောက်ဆိုင်များပိုင်ရှင်များက အလုပ်အပ်နှံတယ်။ အလုပ်ကို အထူးကြိုးစား လုပ်ကိုင်သောကြောင့် ၃နှစ်အတွင်း အိမ်တစ်လုံး ၀ယ်နိုင်လာတယ်။ မြန်မာပြည်မှ လာရောက်ခြေချသူ အမျိုးသမီးတစ်ဦးနှင့် အိမ်ထောင်ကျပြီး၊ သားသမီးများနှင့်ဖြစ်နေတယ်။ ဆက်လက်ကြိုးစားလုပ်ကိုင်၊ စုဆောင်းငွေဖြင့် နောက်ထပ် အိမ်တစ်လုံးပြီး၊ တစ်လုံး ၀ယ်နိုင်တယ်။ ထိုအိမ်များကို အခန်းကန့်ထားပြီး အပေါ်ထပ်၊ အောက်ထပ် အိမ်ငှားထားတယ်။ အပင်ပမ်းလည်း ခံနိုင်ပါတယ်။ အလုပ်ကို မနားမနေလုပ်ကိုင်ပြီ၊ ထိုအိမ်များကို သွားရောက်၊ အလာပ၊ သလာပ ပြောနိုင်တယ်။ ထိုအိမ်များအတွက် ပြုပြင်ထိန်းသိမ်းရေးများကိုလည်း လစ်ဟင်းမှုမရှိအောင်လုပ်ပေးပါတယ်။

ကိုဒေးဗစ်၏ မိန်မကလည်း တော်ပါတယ်။ ငွေကြေးစုဆောင်းမိလာပြီးနောက် မြန်မာစားသောက်ဆိုင်တစ်ခု တည်ထောင်တယ်။ မြန်မာပြည်မှ လက်ဘက်သုပ်သည် ရောင်းအကောင်းဆုံးဖြစ်တယ်။ ထိုဆိုင်ကို အမေရိကန်များ (အထူးသဖြင့် အဖြူကောင်များ) လာရောက်စားသောက်ရေးအတွက် အမေရိကန်အကြိုက် ပြင်ဆင်၊ ချက်ပြုတ်တယ်။ အမေရိကန်များမှာ ညနေ၊ နေ့လည်တွင် အစားအသောက် အထူးအဆန်းများကို လိုက်လံစားသောက်ကြသဖြင့်၊ ကိုဒေးဗစ်ဇနီးသည်၏ ဆိုင်သည် နာမည်ရလာပြီး၊ တစ်နှစ်ကျော် တောင့်ခံ၊ ဖွင့်လစ်သောအခါ အမေရိကန်များ ပုံမှန်လာစားသောက်သော ဆိုင်အဖြစ်သို့ ရောက်ရှိလာပါတယ်။ သို့သော် ပထမ ခြောက်လတွင် များစွာ အရှုံးထွက်ရတယ်။ ဟင်း၊ သား၊ ငါးများ ချက်ပြုတ်ထားပြီး လူမလာသဖြင့် လွှင့်ပစ်လိုက်ရခြင်း၊ အလုပ်သမား ၁၀ယောက်ခန့် ခန့်ထားရသဖြင့် အလုပ်သမား လခ တစ်လ သောင်းနှင့်ချီပေးရခြင်း။ မြို့ထဲတွင် ဖွင့်ထားသောဆိုင်ဖြစ်သောကြောင့် ဆိုင်ငှားခ ဈေးမကြီးသော်လည်း၊ အရောင်းပါးသော ဖွင့်ကာစကာလများက ဆိုင်ပြန်ပိတ်ရမည်ကို အလွန်စိုးရိမ်ခဲ့ရကြောင်း၊ ယခု တစ်နှစ်ကျော်လာပြီးသည့်နောက် စားသောက်ဆိုင်လုပ်ငန်းမှာ အမေရိကန်များနှင့် သင့်တော်အောင် လုပ်နိုင်သောကြောင့် အမြတ်အစွန်းထွက်လာပြီးဖြစ်ကြောင်း .. ပြောပြပါတယ်။
သူဌေးဖြစ်လာသူ ကိုဒေဗစ်က ပိုက်ဆံအကြောင်း ပြောပါသေးသည်။ "ပိုက်ဆံဆိုတာ အစုလိုက်အပြုံလိုက်၊ လာခဲတယ်။ နဲနဲချင်းပဲလာတယ်။ အဲဒါတွေကို ပြန်မထွက်အောင် ကာထားရတယ်ကွ" .. ဟု ဆိုပါသည်။

ထောက်ပံကြေး
မြန်မာပြည်မှာ ထိုင်း၊ မြန်မာနယ်စပ်ကနေ ဒုက္ခသယ်အဖြစ် အမေရိကားရောက်လာသူ အပျိုမလေး မ၀ါဝါအကြောင်းပါ။ အစိုးရက ထောက်ပုံကြေးပေးသောကြောင့် ပထမ ၆လတွင် တစ်လ ဒေါ်လာ ၇၀၀ခန့် ရရှိပါတယ်။ အင်မတန် ပျော်စရာကောင်းပါတယ်။ အင်္ဂလိပ်စကား ရေး၊ ဖတ်၊ ပြောတတ်ရန် အစိုးရမှ စီစဉ်ပေးသော အင်္ဂလိပ်စာသင်တန်းများကို တက်ရသည်မှာ ကြာတော့ ပျင်းစရာကောင်းလာပါတယ်။ အလုပ်တစ်ခုကို လုပ်ရန် ဆိုပြန်လျှင်လည်း တစ်လ ဒေါ်လာတစ်ထောင်မျှသာ ရမယ်ဆိုတော့ ကျောင်းတက်ပြီး ထောက်ပံ့ကြေးပဲ စားနေချင်ပါတယ်။ တစ်လ ဒေါ်လာ ၂၀၀၀ကျော်ရမဲ့ သူနာပြုအလုပ်အတွက် သင်တန်း ၃လလောက် တက်ပါလား ဆိုတော့လည်၊ မတက်ချင်ပါ။ စာရင်းကိုင်၊ စာရေးမအလုပ်ပဲ လုပ်ချင်တဲ့အတွက် စာရင်းကိုင်သင်တန်းကို ပိုက်ဆံပေးပြီး တက်ပါတယ်။ အင်္ဂလိပ်စာသင်တန်း မတက်ဖြစ်တော့ဘူး။ ၆လကြာတော့ အစိုးရက ထောက်ပံ့ကြေး ဖြက်မယ် စာလာပါတယ်။ ထောက်ပံ့ကြေးဆက်လိုချင်ရင် အစိုးရရဲ့ အလုပ်ရှာဖွေရေး သင်တန်းကို တစ်ပတ် ၅ရက်၊ ရုံးချိန်မှာ တက်ရမယ်ဆိုတယ်။ စာရင်းကိုင် သင်တန်းတက်နေကြောင်း အရာရှိကိုပြောပြတော့ ဒီသင်တန်းတွေက တရားမ၀င်ဘူး၊ အင်္ဂလိပ်စာ သင်တန်းပြန်တက်ချင်တက်ပါ။ သို့မဟုတ် အလုပ်ရှာဖွေရေးသင်တန်းတက်ရင် အလုပ်ရှာဖွေရေးက ပေးတဲ့အလုပ်တွေကို လုပ်ရမယ်။ လုပ်တာနဲ့ ထောက်ပံ့ကြေးမပေးတော့ဘူး၊ အလုပ်ရှာပေးတဲ့အလုပ် ၃ခါစလုံး ကိုယ်က မလုပ်နိုင်ဘူး Reject ဆိုရင်လဲ ထောက်ပံ့ကြေးဖြက်မယ်။ နောက်ဆုံးတော့ မ၀ါဝါလည်း စာရင်းကိုင်အလုပ် ကွန်ပြူတာနဲ့ အဲယားကွန်းအလုပ်ကိုလည်း မရနိုင်၊ အင်္ဂလိပ်စကား ကောင်းကောင်းမပြောနိုင်တော့ နောက်ဆုံး ကျပမ်းအလုပ်ပဲ လုပ်လိုက်ရပါတယ်။ ဒါမှမဟုတ်ရင် ထောက်ပံကြေးရဖို့ သင်တန်းတွေတက်ရတာ အလွန်စိတ်ပျက်ဖွယ်ရာဆိုပဲ..။ အင်း .. EU, သြစတြေးလျှား ထောက်ပံ့ကြေးများက ဘယ်လိုလဲမသိ၊ အမေရိကန် ထောက်ပံကြေးကတော့ မလွယ်ပါလား...။



ဂရင်းကဒ်မရမှီ အလုပ်အကိုင်များ
ကိုဒေးဗစ် ပြောဆိုချက်များအရ အမေရိကန်ရောက် နိုင်ငံခြားသား များအဖို့ (အထူးသဖြင့် မြန်မာများအဖို့) ရောက်သည်နှင့် ၀င်ငွေရနိုင်သော နေ့စား အလုပ်များမှာ
၁။ စားသောက်ဆိုင်များ ၊ ဆူရှိဆိုင်များ
၂။ အိမ်သန့်ရှင်းရေး၊ ရုံးသန့်ရှင်းရေး၊ အိမ်လူနာကြည့်ရှုခြင်း၊ ကလေးထိန်း အလုပ်များ
၃။ ကုန်တိုက်များအတွက် Casher အရောင်းစာရေး၊ အလုပ်သမားများ
၎။ ဓါတ်ဆီဆိုင် ငွေကိုင်၊ ပံ့ကိုင်၊ ဆီဖြည့်အလုပ်သမား
၅။ အိမ်တွင်းမှု အစားအသောက်၊ ကိုယ်ပိုင် တနိုင်လုပ်ငန်း အလုပ်သမား
၆။ ဆောက်လုပ်ရေး Contractor အလုပ်သမား .. စသည်တို့ဖြစ်ပါတယ်။

ထိုအလုပ်များမှာ အမေရိကား ဂရင်းကဒ်ပြားမရသေးခင် လုပ်ကိုင်ကြသောအလုပ်များဖြစ်တယ်။ အလုပ်ရှင်ဟာ ငွေသားဖြင့် လက်ငင်းပေးချေတဲ့ အလုပ်များဖြစ်တယ်။ တရားမ၀င်အလုပ်များဖြစ်သောကြောင့် အစိုးရကို အခွန် Social Security ပေးသွင်းစရာမလိုသဖြင့် ၂၀% မက အလုပ်ရှင်သက်သာတယ်။ အလုပ်သမားလည်း ၂၀ရာနှုန်းမက ဖြက်တောက်မခံရ။ နှစ်ဥိးနှစ်ဘက် အဆင်ပြေသော်လည်း တစ်ခါတစ်ရံ အစိုးရထံ တိုင်တန်းခံရပါက၊ အလုပ်ရှင်အတွက် လုပ်ငန်းလိုင်စင် ထိခိုက်သွားနိုင်သည့် အန္တရယ်ရှိပါတယ်။

နယူးယောက်လို မြို့ကြီးတွင် မြန်မာများစွာနေထိုင်ပြီး၊ စိန်ကျောက်၊ ရတနာဈေးကွက်များတွင် ခြေလျှင်၊ သယ်ယူပို့ဆောင်ရသော အလုပ်များစွာရှိပါတယ်။ နယူးယောက်ကဲ့သို့ လူသန်း၂၀ခန့်ရှိသောမြို့ကြီးတွင် အလုပ်များစွာ ရှိပါတယ်။ စင်ကာပူ၊ ဘန်ကောက်၊ ကွာလာလန်ပူကဲ့သို့ လူများ ပျားပန်းခပ် လှုပ်ရှား၊ လုပ်ကိုင်သော မြို့ဖြစ်သောကြောင့်၊ ရထားစီးတတ်ဖို့ပဲလိုပါတယ်။ ကိုယ်ပိုင်ကား မောင်းတတ်ရန် မလိုပါ။ အခြား အမေရိကန်မြို့ကြီးများတွင် အထက်ပါအလုပ်များကို လုပ်ပါက အလုပ်ရှင်က သယ်ယူပို့ဆောင်ရေးကို တာဝန်ယူရပါတယ်။ သို့မဟုတ်ပါက ကားမောင်းလိုင်စင်ရအောင်ဖြေပြီး ကိုယ်ပိုင်ကားဝယ်၊ သွားလာ၊ လုပ်ကိုင်ရပါတယ်။

မက္ကဆီကန် ပဲစားပြီး သန်မာသူ
အလုပ်ကြမ်းသမားများ အမေရိကန်တွင် ရှိပါတယ်။ သူတိုအတွက် အလုပ်လုပ်ရန် အမေရိကန်တွင် လယ်ယာ၊ ခြံမြေ၊ မြောက်များစွာရှိပါတယ်။ အသီးအနှံ၊ စပျစ်ခင်း၊ လိမ္မော်ခြံ၊ သစ်သီးလ၀ံ စိုက်ပျိုးခင်းများစွာကို စက်မှုလယ်ယာစနစ်ဖြင့် လုပ်ကိုင်ရာတွင် လူအင်အားသိပ် မလိုသော်လည်း၊ လက်နှင့်လုပ်မှ ရမည့် အသီးအနှံ၊ ခူးခြွေရသော အလုပ်များရှိပါတယ်။ အမေရိကန်ပြည်တွင်းစစ် မဖြစ်မှီက ထို လယ်ယာ၊ စိုက်ပျိုးရေး အလုပ်များကို အာဖရိကမှ ငွေဝယ်ကျွန်၊ လူမဲများဖြင့် လုပ်ကိုင်ကြပါတယ်။ ယခုအခါ အမေရိကန် လူဦးရေ သန်း ၃၁၀ကျော်တွင် လူမည်း သန်း၄၀ခန့်ရှိပါတယ်။ လူမည်းများမှာ ကျွန်စနစ်ပျောက်သွားပြီးသည့်နောက်တွင် လက်ကြော မတင်းသော အလုပ်များ မလုပ်ကြတော့ပဲ၊ ထောက်ပံကြေးယူခြင်း၊ အားကစား၊ တေးဂီတ၊ မြို့ပေါ်အလုပ်များတွင် လုပ်ကိုင်ကြတယ်။ အိမ်ခြေမဲ့လူမဲများ၊ ရာဇ၀တ်မှုဖြစ်ပြီး ထောင်တွင်းနေထိုင် စားသောက်သော လူမည်းများစွာ ရှိကြပါတယ်။ လယ်ယာ၊ စိုက်ပျိုးခင်များ အတွက် မက္ကဆီကန်နှင့် အလယ်အမေရိကားနိုင်ငံများမှ တရားမ၀င်လာရောက်လုပ်သူများက အစားထိုးလုပ်ကိုင်ကြတယ်။ ထို မက္ကဆီကန်များမှာ ကမ္ဘာကျော်ဘော်လုံးသမား မာရာဒိုနာကဲ့သို့ အရပ်နှိမ့်ပြီး၊ ကိုယ်ခန္တာတောင့်တင်း၊ သန်မာကြတယ်။ အလွန်စားနိုင်သောကြောင့် အလုပ်ကြမ်း အရမ်းလုပ်နိုင်ပါတယ်။ မြန်မာ၊ တရုပ်၊ ကုလားများ မလုပ်နိုင်သောအလုပ်များကို သူတို့ လုပ်နိုင်တယ်။ မြန်မာများက သူတို့ကို ပဲစားပြီးသန်မာသောကြောင့် "ပဲ" ဟုခေါ်ကြတယ်။ သူတို့သည် လယ်ယာ သီးနှံများကို ခြံများမှ ယူလာပြီး၊ မြို့ထဲသို့ တနေကုန်၊ ကားလမ်းဘေးမှာ ရောင်းချကြတယ်။

ထိုသူအများစုမှာ တရားမ၀င်လာရောက်နေထိုင်သူများဖြစ်တယ်။ တရားမ၀င်နေထိုင်ရင်း သမ္မတရီဂင် လက်ထက်တွင် တရားမ၀င် နှစ်ပေါင်း ၂၀ကျော် နေထိုင်သူမက္ကှဆီကန်မြောက်များစွာ အမေရိကန် ဂရင်းကဒ်ကိုပေးခဲ့တယ်။ စုစုပေါင်း သန်း၃၀ခန့်ရှိကြတယ်။ အများစုမှာ ဘာလက်မှတ်မှ မရှိပဲ၊ အမေရိကားသို့ တောင်ကျော်ဝင်ရောက်လာသူများဖြစ်တယ်။ စပိန်စကား ပြောသည့် အလယ်ပိုင်း၊ အမေရိကားနိုင်ငံသားများ မက္ကဆီကို၊ ဟွန်ဒူရပ်၊ နီကာရာကွာ၊ ဂွာတီမာလာ၊ ကိုစတာရီကာနိုင်ငံများမှ ဖြစ်တယ်။ အမေရိကန်သည် သူ့နိုင်ငံတွင်းရောက်လာလျှင် တရားမ၀င်လာရောက်သူများကို ဖမ်းဆီး၊ ပြန်ပို့ခြင်း မလုပ်သည့်အပြင်၊ သူတို့ကို မတရားမခိုင်းရန် လူ့အခွင့်အရေးဖြင့် ကာကွယ်ထားပါတယ်။ သူတို့သည် လက်ငင်းငွေချေ အလုပ်များကိုသာ လုပ်ကိုင်ကြတယ်။ အလုပ်ကြမ်းအင်မတန်လုပ်နိုင်သောကြောင့် အမေရိကန် လယ်ယာ၊ စိုက်ပျိုးရေးလုပ်ငန်းများမှာ မက္ကှဆီကန်များသာ လုပ်နိုင်ကြပါတယ်။ သူတို့ကို အနိုင်ကျင့်ခြင်း၊ အခက်အခဲတစ်ခုခုဖြစ်ပါက သူတို့ သံရုံးကို ဖုန်းဆက်တိုင်တန်းခြင်း၊ သူတို့လူမျိုး အဖွဲ့အစည်းများမှ လူ့အခွင့်အရေးဖြင့် အစိုးရထံ တင်ပြတိုင်တန်းခြင်းများ လုပ်လေ့ရှိသောကြောင့် မတရားခိုင်းခြင်းမျိုး မရှိပါ။ တန်ရာတန်ရာ လုပ်အားခပေးပါတယ်။

စီးပွားရေးကပ်ဆိုက်သော ၂၀၀၇
ဒီနှစ် နောက်ပိုင်းမှာ အလုပ်၊ အကိုင်များလည်း အလွန်ရှားပါးလာပါတယ်။ မြန်မာများအဖို့ ယခင်က ဆူရှီဆိုင်တွင် နေစရိတ်၊ စားစရိတ်ငြိမ်း အလုပ်ကို တစ်လ ဒေါ်လာ ၁၅၀၀ကျော် ရရှိခဲ့သော်လည်း၊ ယခုအခါတွင် နေစရိတ်၊ စားစရိတ်ငြိမ်း တစ်လ ဒေါ်လာ ၅၀၀ခန့်ဖြင့် လုပ်ကိုင်နေရခြင်းများ တွေ့လာရတယ်။


အင်္ဂလိပ်စကားပင်မပြောနိုင်သော ကျပမ်း၊ များ
၁၉၉၅ လောက်က ဖလော်ရီဒါပြည်နယ်က ဆူရှိဆိုင်ပိုင်ရှင် မြန်မာတစ်ဦး၊ မြန်မာလူငယ်၂ဦးကို အမေရိကားကို Visit Visa နဲ့ လေယာဉ်နဲ့ လာဖို့ စီစဉ်ပေးတယ်။ ၀င်ခွင့်ရပြီး တခါတည်း သူ့ရဲ့ ဆူရှီဆိုင်မှာ ရောက်တာနဲ့ အလုပ်ခိုင်းတော့တာပဲ။ တစ်နေ့လုံး မအားမလပ်အောင်ခိုင်းတယ်။ ဆိုင်နဲ့ အိမ်နဲ့ ခေါက်တုံ့ခေါက်ပြန်၊ မနက်စောစောထ၊ ညသန်းကောင်မှ အိပ်နဲ့၊ ဆူရှီပိုင်ရှင်တွေကတော့ ကိုယ်ပိုင်အလုပ်ဆိုတော့ လုပ်နိုင်တယ်။ မြန်မာလူငယ်၂ယောက်ကလည်း အကြွေးတွေရှိတော့ သူတို့ကို တစ်လ ၅၀၀လောက်ပဲ ပေးတာ ဟုတ်လှချည်ရဲ့ဆိုပြီး လုပ်နေကြတယ်။ ဒါနဲ့ ၂နှစ်တောင်ကြာသွားတယ်။ အမေရိကားမှာ သူငယ်ချင်းလဲ မရှိ၊ မြန်မာပြည်တယ်လီဖုန်းခေါ်ချင်ရင်လည်း အိမ်ရှင်ကပဲ ခေါ်ပေးတယ်။ အင်္ဂလိပ် စကားလည်းမတတ်၊ ခွေးအ၂ကောင်လို အိမ်နဲ့ဆိုင်ကလွဲရင် တခြားမသွားရဲ၊ အဖမ်းခံရရင် မင်းတို့တော့ သွားပြီဆိုပြီး ခြိမ်းခြောက်ထားတယ်။ နောက်ဆုံး မြန်မာတစ်ဦးနဲ့တွေ့ပြီး ဟာ.. မင်းတို့၂ယောက်ကို မတရားခိုင်းနေတာ၊ ငါရဲ့ နယူးယောက်ကို အခု လိုက်ခဲ့၊ တစ်လ ၂၀၀၀ အသာလေးရတယ်၊ လုပ်ပေးမယ် ပြောတာကြောင့် အဲဒီဆူရှီအိမ်က ထွက်ပြေးလာတဲ့ မြန်မာလူငယ်၂ဦးကိုလည်း တွေ့ဖူးပါတယ်။

တရုပ်ပြည်မကြီးက တရုပ်တွေလည်း ဒီလို လူကုန်ကူးရင်း အမေရိကားရောက်လာ၊ အင်္ဂလိပ်စကားမပြောတတ်ပဲ အသက်ကြီးသည်အထိ၊ အမေရိကားမှာ အလုပ်လုပ်ကိုင်၊ နေထိုင်နေကြတာ အများကြီးရှိပါတယ်။ နယူးယောက်က ကွင်းစ်မြို့၊ ဆန်ဖရန်စစ္စကိုမြို့၊ တရုပ်တန်းတွေမှာ အင်္ဂလိပ်စကားမပြောတတ်တဲ တရုပ်မ၊ တရုပ်ကြီးများစွာ တွေ့ဖူးပါတယ်။ ဒီလိုပဲ ရုရှား၊ ယူဂိုစလားဗီးယား၊ အရှေ့ဥရောပနိုင်ငံသားများ၊ အာရှတိုက်သားများ၊ အာဖရိကတိုက်သားများစွာ ကျပန်းအလုပ်များကို အမေရိကားလာပြီး လုပ်ကိုင် စားသောက်နေသူများစွာ ရှိကြပါတယ်။


မြို့ကြီးများ
အထူးသဖြင့် ဆန်ဖရန်စစ္စကို၊ လော့စ်အိန်ဂျယ်၊ နယူးယောက် မြို့ကြီးများတွင် မြို့ထဲအိမ်ခန်းတစ်ခန်းကို တစ်လ ဒေါ်လာ ၅၀၀အထက် ပေးလာရတယ်။ ဓါတ်ဆီဆိုင်များတွင်လည်း ယခင်က လူ၃ယောက်၊ အလှည့်ကျ တစ်နေ့ ၈နာရီခန့်လုပ်နေရာမှ တစ်နေ့ ၃နာရီဖြင့် လူ၁၀ယောက်လောက် ၀ိုင်းလုပ်နေရသဖြင့်၊ ၀င်ငွေလည်း နည်းလာကြပါတယ်။ မက္ကဆီကန် များလည်း အလုပ်မရှိတော့ မနေနိုင် သောကြောင့် တောင်ကျော်ပြီး၊ ပြည်တော်ပြန်ကြရတယ်။ စီးပွားရေးကောင်းပြီး အလုပ်ကိုင် ပေါလျှင် တောင်ကျော်ပြီး အမေရိကန်သို့ ပြန်ဝင် လာကြပြန်တယ်။

ဤသည်မှာ ဂရင်းကဒ်မရခင် လုပ်ကြသော အမေရိကားမှ အလုပ်များဖြစ်ပါတယ်။



ဂရင်းကဒ်ရပြီးပါက
အလုပ်ကောင်းကောင်းရဖို့ အခွင့်အလမ်း၊ များလာပါတယ်။ အမေရိကန်တွင် အလုပ်ရပါက အနည်းဆုံး တစ်နာရီ ၁၂ဒေါ်လာဖြင့် တစ်နေ့ ၈နာရီအလုပ်လုပ်ရလျှင် ၂ပတ်လျှင် နာရီ ၈၀၊ ဒေါ်လာ ၁၆၀၀ ခန့်ရမည်ဖြစ်တယ်။ တစ်လလျှင် ဒေါ်လာ ၃၀၀၀ ကျော်၊ တစ်နှစ် US$36K ၀င်ငွေရမည်။ ၃၀% အခွန်ဖြက်ပြီးပါက တစ်လ ဒေါ်လာ ၂၀၀၀ကျော် ကျန်မည်ဖြစ်တယ်။ ပြီးတော့ Benefits ဆိုသည့် ဆေးကုသခွင့်၊ အာမခံ၊ အားလပ်ရက်၊ အပမ်းဖြေခရီး၊ မိသားစု ပညာရေး၊ ကျောင်းစရိတ်၊ သက်ကြီးပင်စင်၊ လျှော့ဈေးဝယ်ခွင့် .. စသည်တို့လည်း ရရှိမည်ဖြစ်တယ်။ အလုပ်ရှင်ကလည်း တော်တန်ရုံ၊ ဖြုတ်မပစ်နိုင်သောကြောင့် အမေရိကားတွင် အလုပ်တစ်ခုရပါက၊ ပင်စင်ယူသည့်တိုင်အောင် လုပ်မည်ဆိုပါက ရပါတယ်။ ထိုမျှပင် Job Security ရှိခဲ့ပါတယ်။ မိမိသည် အသက်မွေးပညာ ဆရာဝန်၊ အင်ဂျင်နီယာ၊ စာရင်းကိုင် ဘွဲ့ကောင်းကောင်း ရပါက တစ်နှစ်လျှင် US$80k to 100k ရရှိမည်ဖြစ်တယ်။ လစာကောင်းသောအလုပ်များမရသေးခင် တစ်လ ဒေါ်လာ ၂၀၀၀ခန့် ၀င်ငွေရမည့် မည်သည့်၊ အလုပ်မျိုးမဆို လုပ်နိုင်ပါတယ်။ အမေရိကားသည် Service Industry 80% အလုပ်များဖြစ်သောကြောင့် အရောင်းဆိုင်များ၊ စားသောက်ဆိုင်များ၊ ပညာရေး၊ စာရေးစာချီ၊ လူမှုဝန်ထမ်းလုပ်ငန်းများ၊ ဆေးရုံ၊ လူနာကြည့်သော သူနာပြု၊ အထောက်ကူလုပ်ငန်းများ၊ ပစ္စည်းပို့သောကားဒရိုင်ဘာ၊ တက်ကစီဒရိုင်ဘာ၊ အဝေးပြေးကားဒရိုင်ဘာ၊ ကုန်တိုက်ဝန်ထမ်း၊ အရောင်းစာရေး၊ ကာစီနိုဝန်ထမ်း၊ စသည့် အလုပ်များတွင် အလုပ်လိုက်လျှောက်ရတယ်။

အလုပ်လစ်လပ်သောနေရာသည် ၀ါရှင်တန်ပြည်နယ်တွင်ဖြစ်နေလျှင်၊ မိမိနေထိုင်သော ကာလီဖိုးနီးယားပြည်နယ်မှ ပြောင်းရွှေ့တန်၊ ပြောင်းရွှေ့ရပါတယ်။ အမေရိကားတွင် အလုပ်လုပ်သူများမှာ ခရီးသွား၊ လေယာဉ်စီးရသည်မှာ ထမင်းစား၊ ရေသောက်ဖြစ်ပါတယ်။ လစာများပါက ပိုပြီး ခရီးသွားရတယ်။ လစာနည်းပါက ခရီးသွားစရာမလို သလောက်ပါ။ ပျော်ပွဲစားထွက်ဖို့တော့ အမေရိကားရောက်သူတိုင်း စိတ်ဝင်စားကြပါတယ်။ ၃လတစ်ခေါက် အနည်းဆုံး ခရီးထွက်ပြီး၊ မိတ်ဆွေချင်း စမြုံပြန်လေ့ရှိကြပါတယ်။

တက္ကစီနဲ့အဝေးပြေးကားဒရိုင်ဘာ
အမေရိကားကို ခရစ်ယာန်ကျမ်းစာကျောင်း လာတက်ရင်း၊ တရားဟောဆရာတစ်ပိုင်း အလုပ်လုပ်နေသူ ဆရာလုကာ နဲ့လည်း မိတ်ဆွေဖြစ်ခဲ့ပါတယ်။ ထုံးစံအတိုင်း ကျောင်းသားဘ၀မှာ ကျပမ်း၊ စားသောက်ဆိုင်များမှာ လုပ်ကိုင်ပါတယ်။ မိတ်ဆွေများကို အရမ်းအကူညီပေးသူ ဖြစ်ပါတယ်။ သူတို့ မြန်မာဘုရားရှိခိုးကျောင်းမှာ မိတ်ဆွေများ အမြဲပါဝင်၊ ဘုရားရှိခိုး၊ ကျမ်းစာဖတ်၊ ဆုတောင်း၊ မိတ်သဟာရပြုခြင်း၊ စားသောက်ခြင်း အင်မတန်မှ ပျော်စရာကောင်းလှပါတယ်။ ဆန်ဖရန်စစ္စကိုက ဒေလီစီးတီး မြန်မာမိသားစု အသင်းတော်လေးဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ အဝေးပြေးကားမောင်းလိုင်စင်ရရင် ဟိုက်ဝေးကားကြီးများးမောင်းတာ ၀င်ငွေအရမ်းကောင်းတဲ့ အတွက် ကားမောင်းလိုင်စင် စာမေးပွဲဖြေရပါတယ်။ စာမေးပွဲအောင်ပြီးတဲ့နောက် အလုပ်လျှောက်ပြီး ကားကြီးများကို မောင်းတဲ့အလုပ် တစ်နှစ်လောက်လုပ်ပါတယ်။ တစ်ကိုယ်ရေသမား မိသားစုမရှိတော့ ဟိုက်ဝေးကုန်ကားကြီးတွေ မောင်းရတာ ပြသနာမရှိပါဘူး။ ၀င်ငွေလည်းကောင်းပါတယ်။ သို့သော် အိပ်ချိန်မမှန်၊ နေစရာ ခြေသလုံးအိမ်တိုင်လုပ်ရတော့ ကြာတော့မခံနိုင်တော့ပါ။ နောက် ဆန်ဖရန်စစ္စကို ပြန်လာပြီး တက္ကစီဒရိုင်ဘာ လိုင်စင်ယူပြီး တက္ကစီမောင်းပါတယ်။ ၂၀၀၀ ခေတ်လောက်ကတော့ ကာလီဖိုးနီးယားမှာ စီလီကွန်ဗဲလီး မှာ အလုပ်အင်မတန်ပေါပါတယ်။ တက္ကစီဒရိုက်ဘာလုပ်တာလဲ ငှားစီးတဲ့ လူအများကြီးရှိပါတယ်။ နာရီဝတ်စာ တစ်ခေါက်ကို ဒေါ်လာ ၅၀ လောက်ရပါတယ်။ တစ်နေ့ကို အုံနာကြေး ဒေါ်လာ ၁၅၀ လောက်ရပြီး၊ ကိုယ်အတွက် ဒေါ်လာ ၂၀၀ လောက်ရရင် တနေ့တာ တော်လောက်ပါပြီ။ ညပိုင်း ဆွဲမဲ့သူ တစ်ယောက်နဲ့ ချိတ်ဆက်ထားပြီး တလှည့်စီ ဆွဲကြတယ်။ တက္ကစီဒရိုင်ဘာဆီက ငွေလုယူတဲ့ အဖြစ်တွေ အများကြီးရှိပေမဲ့၊ ပြသနာမရှိပါဘူး။ အထူးသဖြင့် လူမဲ၊ အမျိုးသား၊ အမျိုးသမီးတွေဆို လုံးဝမလိုက်ပါဘူး။ သူတို့က တကယ်မလွယ်ဘူး။ အများအားဖြင့်တော့ မြိုထဲတစ်ဝိုက်မှာပဲ ခရီးနီးနီးတွေ လိုက်ရတာ သက်သာပါတယ်။ ငွေဓါးပြတိုက်၊ လုယူသူတွေ ၂ခါလောက်တော့ ဒီ ၅နှစ်အတွင်းမှာ ကြုံရပါတယ်။ ချိုချိုသာသာနဲ့ပဲ ပေးလိုက်ပါတယ်။ အခု ၂၀၀၈ နောက်ပိုင်းမှာတော့ တက္ကစီဒဂရိုင်ဘာတွေက များလာပြီး၊ စီးပွားရေးမကောင်းတော့ လူတွေလည်း အပြင်သိပ်မထွက်ကြဘူး။ ၀င်ငွေတော်တော်ထိခိုက်ပါတယ်။ တစ်ခါတစ်လေ အုံနာကြေးတောင် မရတဲ့နေ့များ ရှိလာတယ်။ ကျမ်းစာကျောင်းပြီးတဲ့အချိန် အမေရိကန်၊ ဘုရားကျောင်းများမှာ ဓမ္မဆရာအလုပ် အချိန်ပိုင်း လုပ်ကိုင်ပါတယ်။ ကျန်တဲ့အချိန်များမှာတော့ မိမိလုပ်စာနဲ့ ရတဲ့ငွေကို မြန်မာပြည် ခရစ်ယာန်အသင်းတော်များ၊ မစ်ရှင်များကို လှုဒါန်းပေးပါတယ်။.. ဒါကတော့ ခရစ်ယာန်ဓမ္မဆရာတစ်ဦးရဲ့ ဘ၀ပါ။

တစ်ခါလည်း ခရစ်ယာန်ဓမ္မဆရာတစ်ယောက် အမေရိကားမှာ ၁၀နှစ်နေထိုင်ရင်း၊ ဂရင်းကဒ်ရဖို့ အခြေအနေလည်း ခက်ခဲသွားပြီး၊ အလုပ်လဲ မလုပ်နိုင်၊ ကျန်းမာရေးလည်း မကောင်းတော့ မြန်မာပြည်က မိသားစုဆီ ပြန်ချင်တာကြောင့်၊ မိတ်ဆွေများ လေယာဉ်လက်မှတ်၊ ခရိးစရိတ် စုဆောင်းပေးရတယ်။ မြန်မာပြည်ပြန်သွားပါတယ်။ မြန်မာတွေလည်း များလာတော့ ဗုဒ္ဓဘာသာ ဘုန်းကြီးများစွာလည်း ဒကာကြီး၊ ဒကာမကြီးများက ဖိတ်ခေါ်လို့ အမေရိကားမှာ ကျောင်းထိုင် ဘုန်းကြီးများလည်း များစွာရောက်ရှိနေကြပါတယ်။ ဘာသာရေး ဘုန်းတော်ကြီး အလုပ်ကိုလည်း ထည့်သွင်းရေးရပါတယ်။ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကတော့ လစာမရပေမဲ့၊ လှုဒါန်းဝတ္တုများရပါတယ်။ ခရစ်ယာန် ဘုန်းတော်ကြီး အများစုကတော့ ဘုရားကျောင်းက လစာငွေ (Love Gift) ပေးကြပါတယ်။

အလုပ်အကိုင်ပေါများပြီး၊ နေစရိတ် ဈေးချိုသောပြည်နယ်များမှာ အမေရိကန် အလယ်ပိုင်း တက္ကဆက်၊ တယ်နယ်စီ၊ နီဗရားစကား၊ ဥက္ကလာဟိုးမား၊ ကန်ဆက် စသည့်ပြည်နယ်များဖြစ်တယ်။ အထူးသဖြင့် သားသတ်စက်ရုံ များစွာ ရှိသဖြင့် မြန်မာဒုက္ခသယ်များစွာ သွားရောက်၊ အလုပ်လုပ်ကိုင်ရပါတယ်။ ဆန်ဖရန်စစ္စကို၊ နယူးယောက်တွင် အိမ်တစ်လုံး တစ်လ ဒေါ်လာ ၂၀၀၀ ပေးငှားရသော်လည်း၊ အလယ်ပိုင်းပြည်နယ် များတွင် အိမ်တစ်လုံး တစ်လ ဒေါ်လာ ၅၀၀ပင် မပေးရပါ။ ၀င်ငွေကတော့ အမေရိကန်တစ်နိုင်ငံလုံး အခြေခံ လုပ်အားခမှာ တစ်နာရီ ၁၂ဒေါ်လာခန့်ပင်ဖြစ်တယ်။ အခြေခံ အလုပ်သမား အဖို့ တစ်လ၀င်ငွေ မထူးခြားပေမဲ့ လူများဟာ ပျော်ရွှင်စရာ ပေါများသော မြို့ကြီး များမှာပဲ နေထိုင်ကြချင်ပါတယ်။ နောက်ဆုံး မဖြစ်မနေမှ အလယ်ပိုင်းပြည်နယ် များကို ရွှေ့ပြောင်း သွားကြပါတယ်။


ဆရာဝန်များ၊ သွားဆရာဝန်များ
သူတို့ကတော့ အမေရိကားလက်မှတ်ရပြီးရင် ၀င်ငွေအလွန်ကောင်းပါတယ်။ အင်ဂျင်နီယာများလည်း ထိပ်တန်းတက္ကသိုလ်များက ဘွဲ့လက်မှတ်များရရင် အလွန်ဝင်ငွေကောင်းပါတယ်။ ကုမဏ္ဍီအလုပ်ကို ၅နှစ်လောက်လုပ်ပြီးရင် ကိုယ်ပိုင်ဆေးခန်း၊ ကိုယ်ပိုင် ကုမဏ္ဍီထောင်ပြီး၊ စီးပွားရေးလုပ်သွားစား၊ သူဌေးဖြစ်ဖို့ လွယ်ပါတယ်။ အေးအေးဆေးဆေး သက္ကသိုလ်ကျောင်းဆရာ၊ ကောလိပ်၊ အထက်တန်း၊ မူလတန်း၊ မူကြို ကျောင်းဆရာများလည်း သူဌေးမဖြစ်ပေမဲ့ လူတန်းစေ့၊ ဂုဏ်ရှိစွာ နေနိုင်ပါတယ်။ ပညာတတ်သူများ အမေရိကားမှာ အခွင့်အရေးပိုများပါတယ်။

အမေရိကားရောက်မိသားစုများဟာ သားသမီးများရဲ့၊ ပညာရေးကို အထူးအားပေးပါတယ်။ တက္ကသိုလ်၊ ကောလိပ်များက ဘွဲ့ရရှိအောင် အထူးကြိုးစားရပါတယ်။ ထူးချွန်သူများကတော့ ဆရာဝန်၊ ဥပဒေ ၊ အင်ဂျင်နီယာ ပညာရပ်များကို ဆည်းပူးနိုင်ကြပါတယ်။ အမေရိကန်ရောက် မြန်မာများရဲ့ ပညာရေးအကြောင်း သီးသန့်ရေးရပါမယ်။


တွေ့ဆုံရကြုံရအလုပ်ကိုင်အချို့
အမေရိကားမှာ လုပ်ကိုင်စားသောက်ဖို့ နည်းလမ်း၊ မရေမတွက်နိုင်ရှိပါတယ်။ အမေရိကားရောက်လာသူများ ဂရင်းကဒ်ရရှိရေးကို အရင်ကြိုးစားကြတယ်။ တစ်ချို ကျောင်းတက်ရင်း၊ အလုပ်လုပ်၊ ငွေစုတယ်။ ကျောင်းပြီးရင် အလုပ်ပါမစ်တွေကို အေးဂျင့်တွေနဲ့ ငွေအကုန်ခံပြီး Work Permit, H1 Visa စသည်တို့ကို ရအောင်ယူတယ်။ တစ်ချို့လည်း ကုမဏ္ဍီတောင်ပြီး Business Visa ယူတယ်။ တစ်ချိုလည်း Talent Visa ရအောင်လုပ်တယ်။ မြန်မာတော်တော်များများကတော့ Asylam ခိုလှုံခွင့်ဗီဇာယူကြတယ်။ တစ်ချို့လည်း အမေရိကန်၊ ဂရင်းကဒ်၊ စီတီဇင်တွေကို ဒေါ်လာ ၃သောင်းလောက်ပေးပြီး လက်ထပ်လိုက်တယ်။ တစ်ချို့လည်း သားသမီးများကို ကျောင်းထားပြီး Guardian Pass နဲ့နေကြတယ်။ တစ်ချိုကတော့ ၀လုံး Overstay လုပ်ပစ်လိုက်ကြတယ်။ ကိုယ်ခေတ်မှာ အမေရိကန်နိုင်ငံသား မရနိုင်တော့ဘူးဆိုရင် ကိုယ့်သားသမီး လက်ထက်မှာတော့ သေချာပေါက်ရမယ် ဆိုတဲ့သဘောပါ။

ဒါနဲ့ အမေရိကားမှာ လစာကောင်းတဲ့အလုပ်များကို ဒေသခံ၊ အမေရိကန်၊ အဖြူကောင်များက နေရာယူထားကြပါတယ်။ ဖက်ဒရယ်အစိုးရ (သို့မဟုတ်) ပြည်နယ်အစိုးရနဲ့ ဆိုင်တဲ့လုပ်ငန်းများဖြစ်ပါတယ်။ ကုမဏ္ဍီများမှာ အချမ်းသာဆုံးကုမဏ္ဍီများကတော့ အစိုးရကော်ပိုရေးရှင်းများဖြစ်ပါတယ်။ မြူနီစပယ်၊ သစ်ပင်ခုတ်၊ ရေမြောင်းရှင်း၊ မီးသတ်၊ ရဲဝန်ထမ်း စတဲ့ အလုပ်ကြမ်းတမ်း၊ အန္တရယ်များတဲ့ အလုပ်များမှာ လစာအလွန်ကောင်းတဲ့အပြင် Benefit အခွင့်အရေးတွေလည်း အရမ်းကောင်းပါတယ်။ ဒါကိုတော့ သူတို့ အမေရိကန်နိုင်ငံသားများပဲ လက်ဝါးအုပ်ထားပါတယ်။ လစာငွေ အနည်းဆုံး တစ်နှစ် ဒေါ်လာ ၆သောင်း နဲ့ ၀သိန်း လောက်ရကြပါတယ်။ အစိုးရနဲ့ဆိုင်တဲ့လုပ်ငန်းတွေမှာ စာရေး၊ စာချီ၊ အလုပ်များစွာရှိပါတယ်။ ဥပမာ ..USPS ဆိုတဲ့ စာတိုက်ကြီးအလုပ်လည်း Benefit ကောင်းပြီး၊ ပင်စင်ယူတဲ့အထိ အေးအေးဆေးဆေး လုပ်နိုင်ပါတယ်။ လစာ တစ်နှစ် ဒေါ်လာ၃သောင်းလောက်နဲ့ စာတိုက်စာရေး၊ စာပို့လုလင် အလုပ်များလုပ်သူများစွာ ရှိပါတယ်။ အခုစီးပွားရေးကပ်ဖြစ်ချိန် ဒီအလုပ်ကလည် Lay Off အလုပ်ဖြုတ်ခြင်းများ ရှိနေပါပြီ။

အယ်မရီးလို Amstillo, Texas ပြည်နယ်မှာလည်း သားသတ်စက်ရုံများမှာ တနာရီ၁၂ဒေါ်လာနဲ့ လုပ်ကိုင်နေသူများစွာရှိပါတယ်။ ကိုအောင်မင်းဆိုသူ တော့ ဒုက္ခသယ် အလုပ်ကိုင်ရှာဖွေ၊ နေရာချထားတဲ့ လူမှုဝန်ထမ်းလုပ်ကိုင်သူ တစ်ဦးဖြစ်ပါတယ်။ ယခင်က ဒီနေရာမှာ ဗီယက်နမ် ဒုက္ခသယ်များ အလုပ်လုပ်တဲ့နေရာဖြစ်ပြီး၊ အခုတော့ ဗီယက်နမ်များ အခြေကျ၊ ငွေကြေးစုဆောင်းနိုင်ပြီ ဖြစ်တဲ့အတွက် ပိုကောင်းတဲ့မြို့များဆီ ပြောင်းရွှေ့သွားကြောင်း။ အခု မြန်မာ ရွှေ့ပြောင်းလုပ်သားများကို အလုပ်ကိုင်၊ အနေထိုင်၊ လူမှုဆက်ဆံရေးများမှာ အံဝင်ခွင်ကျအောင် ကူညီလုပ်ကိုင်ပေးနေသူဖြစ်ပါတယ်။ လူမှုဝန်ထမ်းအလုပ်ကတော့ လစာသိပ်မကောင်းပေမဲ့ လူများကို ကူညီနိုင်ပါတယ်။ ငွေစုဆောင်းခြင်းဟာ အဓိကအချက်ဖြစ်လို့ WFG အသက်အာမခံ ငွေစုဆောင်း အေးဂျင့်လုပ်သူကိုလည်း ကူညီ အားပေးပါတယ်။ ၃နှစ်လောက် မိသားစု လုပ်ကိုင်၊ စုဆောင်းပြီးရင် ဒီအရပ်ဒေသမှာ ဒေါ်လာတစ်သိန်းတန် အိမ်ကြီး အရစ်ကျစနစ်နဲ့ ၀ယ်နိုင်ပြီး၊ အခြေကျနေသူ မြန်မာများစွာကို တွေ့ရပါတယ်။ ဈေးပိုချိုတဲ့ တိုက်ခန်း၊ အိမ်များလည်း ရှိပါတယ်။ ဆန်ဖရန်၊ လော့စ်အိန်ဂျယ်၊ နယူးယောက်လို မြို့ကြီးတွေမှာဆို လူနေမှုစရိတ်ကြီးတာကြောင့်၊ အိမ်ပိုင်ဖို့ မလွယ်ပါဘူး။ နောက် ၅နှစ်လောက်ဆိုရင် သူတို့လည်း ဗီယက်နမ်များလို ပိုကောင်းမွန်တဲ့ မြို့ကြီးများဆီ ပြောင်းရွှေ့၊ လုပ်ကိုင်ကြမှာပါ။ အလယ်ပိုင်းအမေရိကန်ပြည်နယ်များက မြန်မာများအဖို့ အမေရိကန့် စီးပွားရေးကပ်မှာ အခြေအနေမဆိုးလှပါဘူး။

တစ်နေ့မှာ အသက်၇၀ကျော် တိုနီဝေါင်း ဆိုသူ မြန်မာတစ်ဦးနဲ့၊ ရှော့ပင်စင်တာမှာ စကားစမြည် ပြောဖြစ်ပါတယ်။ သူက ၁၉၇၁က ဆန်ဖရန်စစ္စကို ရောက်ခဲ့ကြောင်း၊ အမေရိကန်၊ အင်္ဂလိပ်စကားပြောကို ဘယ်လိုလေ့ကျင့်ခဲ့ရကြောင်း၊ Superintendent, Court တို့ကို အမေရိကန် အသံထွက်နဲ့ သင်ပေးပါတယ်။ နိုင်ငံရေး ခိုလှုံခွင့် Asylum ကို မလျှောက်နဲ့၊ လျှောက်ပြီး နေထိုင်တဲ့ မြန်မာများ ပေါ့ပေါ့နေ၊ ထောက်ပံကြေး ထိုင်စားပြီး လူညွန့်တုံး သွားကြောင်း၊ အမေရိကားမှ အဆင့်မြင့်မြင့် နေထိုင် ဂရင်းကဒ်ရနိုင်တဲ့ နည်းလမ်းများစွာရှိကြောင်း၊ အမေရိကားရောက်တာနဲ့ မြန်မာပတ်စပို့နဲ့ ကာလီဖိုးနီးယား အိုင်စီကို DMV မော်တော်ယာဉ်ရုံမှာ လျှောက်ပြီး၊ ကားမောင်း လိုင်စင်လည်း လျှောက်ပါ။ ပီးတော့ လုပ်ငန်းတစ်ခုကို မှတ်ပုံတင်ပြီး ဆိုရှယ်စတြူရတီနံပါတ် SSN ရအောင်ယူလိုက်ပါ။ ဘယ်လို ယူရတယ်ဆိုတာကို SSN ရုံးမှာ ကိုယ်တိုင်လိုက်ပြီး လုပ်ပေးပါတယ်။ သူ လွန်ခဲ့တဲ့ အနှစ်၄၀က အမေရိကားကို ရောက်ခဲ့ပြီး၊ အဲဒီတုန်းက မြန်မာပတ်စပို့ဆိုရင် အမေရိကားကို အလွယ်တကူဝင်လို့ ရကြောင်း၊ အလုပ်တစ်ခုကို အရမ်းကြိုးစားလုပ်၊ အိမ်ခန်းတစ်ခန်းငှားခ တစ်လ ဒေါ်လာ ၂၀ပဲ ပေးရကြောင်း၊ အလုပ်က လစာ ဒေါ်လာ ၅၀၀ရရှိပြီး စုဆောင်းခဲ့ကြောင်း၊ တစ်နှစ်အကြာ ဇနီးသည်ကို ခေါ်လိုက်ကြောင်း၊ မင်းက ခရစ်ယာန်ဘာသာဝင်ဆိုတော့ .. ငါကတော့ ဘာသာတရားမယုံပါဘူး၊ ဒါပေမဲ့ ငါ့သားကတော့ ခရစ်ယာန်ဖြစ်နေတယ်ကွ .. လောလောဆယ်၊ အသက်ကြီးချိန်မှာ အိမ်ပွဲစားအလုပ် လုပ်နေတယ်။ မင်းလဲ ၀ါသနာပါရင် ငါနဲ့အတူ လိုက်လုပ်ကြည့်ပေါ့ကွာ .. ဟုပြောပါတယ်။ နောက်တစ်ခေါက်ပဲ ထပ်တွေ့ပြီး ဦးတိုနီဝေါင်းနှင့် ဆက်လက်မတွေ့ဖြစ်တော့ပါ။
အာဂဖိုးဖိုး
တစ်နေ့မှာ နယူးယောက်မြို့က မက်ဒေါနယ်ဆိုင်မှာ မနက်စာဝယ်စားနေတုံး တယ်လီဖုန်း လာလို့ မြန်မာစကားနဲ့ ၁၅မိနစ်လောက် အသံ ကျယ်ကျယ် ပြောလိုက် မိပါတယ်။ ပြောအပြီးမှာ ဘေးနားက အသက် ၇၅နှစ်အရွယ် အဖိုးအို တစ်ယောက်က မြန်မာပြည်ကလာတာလား လို့ မေးမြန်းခံရတယ်။ ဆန်ဖရန်စစ္စကို မှာလည်း မြန်မာများစွာ ရှိတယ်သိရတော့ သိပ်မထူးဆန်းပါဘူး။ ဟုတ်ပါတယ် အန်ကယ်ရယ်။ မနက်စာ မက်ဒေါနယ် ၀ယ်စားနေတာပါ။ မြန်မာပြည်ကမဟုတ်ပါဘူး။ စင်ကာပူက လာတာပါ။ အမေရိကားမှာ အလုပ်အကိုင်များ ပိုကောင်းမလားလို့ လာကြည့်တာပါ .. ပြောရတယ်။

အဖိုးကြီးက သူ့နာမည်၊ ကိုယ်နာမည် မိတ်ဆက်ရင်း သူလည်း အမေရိကားရောက်တာ၊ ၂နှစ်လောက်ရှိပြီ၊ သူသမီးက ဂရင်းကဒ်တင်ထားတာ ကျလာလို့ သူနဲ့ဇနီးသည် ၂ယောက် နယူးယောက်ကို ရောက်လာတယ်။ သမီးအိမ်မှာ လပိုင်းလောက် နေပြီးတော့ ငါတို့လင်မယား အိမ်ခန်းတစ်ခန်း ငှားနေတယ်။ ထောက်ပံကြေးရပေမဲ့ အလုပ်ရှိမှ ဖြစ်မှာမို့လို့ ရုံးစောင့်အလုပ် ၀င်လုပ်ရတယ်။ အလုပ်ရှင်ပေးသလောက်ပဲ ရတာပေါ့။ ရတဲ့ငွေတဲ့ စားဝတ်နေရေးတော့ လောက်ငှပါတယ်။ အမေရိကားမှာ သမီး ၂ယောက်တော့ ရောက်နေပြီ။ မြန်မာပြည်မှာ သမီးတစ်ယောက်နဲ့ သား၂ယောက် သူတို့မိသားစုတွေ ကျန်သေးတယ်။ နောက်၁၀နှစ်နေရင် အမေရိကန် စီတီဇင်ရမှာဆိုတော့ အဲဒီအချိန်ကျရင် မြန်မာပြည်ကျန်နေတဲ့ သား၊ သမီး ၃ဦး မိသားစုကို အမေရိကားခေါ်ဖို့ ရည်မှန်းထားပါတယ်.. လို့ပြောပြပါတယ်။ ၇၅နှစ် မြန်မာအဖိုးအိုရဲ့သရက်ပင်စိုက်နေရင်း အလုပ်လုပ်နေ တာကို လေးစား၊ အံ့သြမိပါတယ်။


စင်ကာပူအလုပ်အကိုင်များ
လောလောဆယ်တော့ မြန်မာများသာမက၊ အာရှ၊ ဥရောပ နိုင်ငံသားများစွာ စင်ကာပူကို အလုပ်လာလုပ်ခြင်း၊ ရင်းနှီးမြုတ်နှံခြင်းတွေ အကြီးအကျယ် လာလုပ်နေကြပါတယ်။ စင်ကာပူမှာတော့ အလုပ်ရဖို့ အင်မတန်လွယ်ပါတယ်။ သို့သော် လစာ နည်းပါတယ်။ အလုပ်ပွဲစားမျးကို ပေးရတာနဲ့ လုပ်ရတာနဲ့ မကာမိပေမဲ့ အခြားနည်းမရှိပါ။ တရုပ်၊ကုလား၊ ဖိလစ်ပိုင်၊ ဘင်္ဂလားဒေ့ခ်ျများနဲ့ ယှဉ်ပြီး အလုပ်ရှာရတဲ့အခါ စင်ကာပူအလုပ်ရှင်များကလည်း ဈေးကိုင်လာပါတယ်။ ဒါကြောင့် မြန်မာဘွဲ့ရတစ်ယောက် စင်ကာပူမှာ လစာနဲ့အိုဗာတိုင် တစ်လ US$2000 လောက်ကို အလုပ်ဝင်စအချိန်မှာ ရနိုင်ပါတယ်။ အတွေ့အကြုံရင့်ကျက်သွားပြီး စင်ကာပူလက်မှတ်၊ စာမေးပွဲ၊ မာစတာဒီဂရီများ ရပြီးတဲ့နောက်မှာတော့ တစ်လကို လစာငွေ ဒေါ်လာ၅၀၀၀ အထက်ရလေ့ရှိပါတယ်။ Oil & Gas, Off Shore အလုပ်များမှာတော့ တစ်လကို US$8000 အထက်ရကြပါတယ်။ သို့သော် အများစု မြန်မာအလုပ်သမားများ Work Permit များကတော့ တစ်လကို ဒေါ်လာ တစ်ထောင်ပတ်ဝန်းကျင်လောက်ပဲ ရကြပါတယ်။ အမေရိကားမှာ အတွေ့အကြုံရှိပြီးသူများကတော့ စင်ကာပူလာအလုပ်လုပ်ရင် လစာကောင်းကောင်း ရကြမယ် မျှော်လင့်ပါတယ်။


နိဂုံး
အမေရိကားတွင် အလုပ်အကိုင်များအကြောင်း အတွေ့အကြုံများမှ
အနည်းငယ်သော ရေးသားခြင်းဖြစ်ပါတယ်။ လုပ်နိုင်သောသူ တီထွင်စွမ်းအားရှင်များကြောင့်အမေရိကားမှ ကမ္ဘာ့ထိပ်တန်းကုမဏ္ဍီများ ပေါ်ပေါက်လာကြပါတယ်။ (ဥပမာ. Microsoft, Intel, Google, Yahoo, GPS ..etc) ။ တကယ် လုပ်ကိုင်ရနေရသူများအဖို့ ဖတ်ရှုပြီး ပိုမိုတိုးတက်သောဘ၀သို့ လျှောက်လှမ်းနိုင်ပါစေ။

ဝတ်မှုန်
၁၇၊ သြဂုတ်၊ ၂၀၁၁

Thursday, June 2, 2011

ကိုယ်ပိုင်ကား

သိပ်ရေးချင်လို့ ကိုယ်ပိုင်ကားအကြောင်းနဲ့ပဲ စတင်လိုက်ပါတယ်။

စင်ကာပူမှာ Public Transportation ဘတ်စ်ကား၊ ရထားတွေက နိုင်ငံပေါက်စလေးဆိုတော့ အဆင်သိပ်ပြေပါတယ်။ ကားမောင်းတဲ့လူတန်းစားက နည်းပါတယ်။ ကုမဏ္ဍီ သယ်ယူပို့ဆောင်ရေး၊ တက္ကစီ၊ လီမောင်စင်း စတဲ့ အလုပ်သဘောအရ မောင်းရတဲ့ ဒရိုင်ဘာလုပ်သူတွေလည်း ကားပိုင်သူစာရင်းထဲထည့်လို့ရပါတယ်။ ကိုယ်ပိုင်ကားရှိသူများနည်းတူ အလုပ်ရှုပ်ရတာကိုး။

အမေရိကားမှာ ဓါတ်ဆီဆိုင်တွေက ပေါသလားမမေးနဲ့၊ မြန်မာအမျိုးသားများ အမေရိကားအလုပ်သွားလုပ်ရင် ဓါတ်ဆီဆိုင်က ထိပ်ဆုံးနေရာမှာရှိပါတယ်။ စားသောက်ဆိုင်၊ အိမ်ဆောက်လုပ်ငန်း တွေမှာလည်း မြန်မာတွေပေါ်ပါတယ်။ နောက်တစ်ခုက အမေရိကားမှာ လူတိုင်းနီးပါး ကားပိုင်ကြပါတယ်။ ကားဈေးကတော့ ဒေါ်လာ၅၀၀ (သို့မဟုတ်) အလကား ကနေ သိန်းဂဏန်းအထိ အမျိုးမျိုးရှိကြတယ်။ ဒီတော့ ဓါတ်ဆီဆိုင်တွေလည်း မှိုလိုပေါပါတယ်။

စင်ကာပူမှာတော့ ဓါတ်ဆီဆိုင် ကောင်တာထိုင်သူများက မိန်းကလေးများဖြစ်ပါတယ်။ ဆီထည့်ပေးသူများကတော့ အသက်ရွယ် ၆၀ကျော်တွေ ဖြစ်ပါတယ်။ လစာငွေ နဲနဲပဲရကြတော့ လူငယ် အမျိုးသားတွေ မလုပ်ချင်ဘူး၊ ကောင်တာငွေကိုင်ကတော့ မိန်းကလေးပါ။ အမေရိကားကတော့ ငွေကိုင်ရော၊ ဆီထည့်သူရော ယောင်္ကျားပဲလုပ်ရတယ်။ ဓါတ်ဆီဆိုင်ဆိုတာ ၂၄နာရီဆိုတော့ အမေရိကားမှာ ညပိုင်းဆိုရင် ဓါးပြလာတိုက်ခံရတာ သိပ်မထူးဆန်းပါဘူး။ ဓါတ်ဆီဆိုင် သူဌေးကလည်း ဓါးပြလာတိုက်ရင် အကုန်ပေးဖို့ မှာထားရတယ်။ လူကိုချမ်းသာပေးဖို့အဓိကပဲ။

ထူးဆန်းတာကတော့ အမေ၇ိကားက ဓါတ်ဆီဆိုင်တွေမှာ ငွေအရင်ချေရတယ်။ ဘဏ်ကဒ် (သို့မဟုတ်) ငွေစက္ကူနဲ့ အရင်ပေးရတယ်။ ခရက်တစ်ကဒ် နဲ့ပေးရင်တောင် ခရက်တစ်ကဒ် အရင်ထိုးလိုက်ရတယ်။ ငွေအရင်မပေးရင် ဆီပန့်တွေက မပွင့်ဘူး၊ ငွေအရင်ပေးရတယ်ဆိုတော့ စင်ကာပူမှာ ငွေနောက်မှသွားပေးတဲ့စနစ်နဲ့ ပြောင်းပြန်ဖြစ်နေပါတယ်။ ကြည့်ရတာ ငွေမပေးပဲ ဓါတ်ဆီထည့်၊ မောင်းပြေးတဲ့လူတွေ များလို့ ငွေအရင်ပေးရတဲ့ စနစ်ဖြစ်သွားပုံရပါတယ်။ အချို့နေရာများမှာ စင်ကာပူ၊မလေးရှားလိုပဲ ငွေနောက်မှပေးတဲ့ ဓါတ်ဆီဆိုင်တွေရှိပေမဲ့ အလွန်ရှားပါတယ်။

အမေရိကားရောက်ရင် ကားမောင်းလိုင်စင် ဖြေရတယ်။ ဧည့်သည် Visit လာသူများကတော့ ကိုယ့်နိုင်ငံက ယာဉ်မောင်းလိုင်စင်နဲ့ အမေရိကားတခုလုံး ကြိုက်သလိုမောင်းလို့ရတယ်။ စင်ကာပူမှာလည်း အတူတူပါပဲ။ အမေရိကား၊စင်ကာပူမှာ အလုပ်ပါမစ်၊ ကျောင်းသားပါမစ်၊ ဂရင်းကဒ် စတဲ့အခြေအနေများနဲ့နေမယ်ဆိုရင်တော့ ကားမောင်းလိုင်စင်စာမေးပွဲဖြေရပါတယ်။ အမေရိကားမှာတော့ ရေးဖြေ၊ လက်တွေ အမောင်းစာမေးပွဲတွေ အောင်ပြီးရင် အလွယ်တကူ ကားမောင်းလိုင်စင်ရသွားပါတယ်။ စင်ကာပူမှာတော့ ကန်သတ်ထားလို့ ဒေါ်လာထောင်နဲ့ချီပြီး သင်တန်းတက်ပြီးမှ ၃လ အနည်းဆုံးကြာအောင် စာမေးပွဲဖြေ၊အောင်ရတယ်။ တော်တော်ခက်တယ်လို့ ပြောရမယ်။ အမေရိကားကတော့ တစ်ပတ်အတွင်း ရေးဖြေ၊ လက်တွေ စာမေးပွဲဖြေ၊ အောင်ပြီး အလွယ်တကူ လိုင်စင်ရပါတယ်။

စင်ကာပူမှာတော့ ကိုယ်ပိုင်ကားဝယ်ဖို့ တော်တော်အကုန်အကျများပါတယ်။
COE အစိုးရအခွန် (၁၀နှစ်စာ ဒေါ်လာ ၂သောင်းလောက် ကြိုပေးရပါတယ်။)
Road Tax တစ်နှစ် ဒေါ်လာ ၇၀၀ ခန့်
Parking Fee တစ်လ ဒေါ်လာ ၈၀ (တစ်နှစ်ဒေါ်လာ၉၀၀ခန့်)
အာမခံ Insurance တစ်နှစ် ဒေါ်လာ၅၀၀ မှ တစ်ထောင်ကျော် .. စသဖြင့်ပေးရပါတယ်။ ကားတစ်စီး အိမ်မှာရပ်ထားရင်တောင် တစ်လကို ဒေါ်လာ ၄၀၀လောက်ကုန်နေပါပီ။ မောင်းပြီဆိုရင်တော့ ဆီဖိုးကလည်း အမေရိကားထက် ၂ဆလောက်ပိုပေးရတယ်။ ကားကို အကြွေးနဲ့ဝယ်တာဆိုတော့ လစဉ်အရစ်ကျ ဒေါ်လာ၄၀၀ကနေ တစ်ထောင်ပတ်ဝန်းကျင်ထိ ကားဈေးကိုမူတည်ပြီး ပေးရတယ်။ သာမန်ကားတစ်စီးရဲ့ လစဉ်ကုန်ကျစရိတ်ကတော့ ဒေါ်လာ၇၀၀ခန့်ပါ။ မောင်းရင်တော့ ဓါတ်ဆီဖိုး ၃၀၀ ကနေ့ ၆၀၀အတွင်း ပျှမ်းမျှကုန်ကြပါတယ်။

အမေရိကားက ကားတွေကတော့ Tax မပေးချင်ရင်လည်း မောင်းလို့ရပါတယ်။ Insurance မရှိပဲလဲ မောင်းကြတယ်။ Car Incident ဖြစ်ရင်တော့ Insurgence မရှိသူကို ရှိသူက နင်းကန်တောင်းလေ့ရှိပါတယ်။ မပေးနိုင်ရင် အစိုးရဆီတင်ပြပြီး လူမွဲစာရင်းခံရဖို့ပဲရှိပါတယ်။ အမေရိကားမှာ ကားဈေးတွေကလည်း ချိုသာလှပါတ်ယ။ စင်ကာပူမှာ ဒေါ်လာ ၄သောင်းကျော် ကားသစ်တစ်စီးကို အမေရိကားမှာ ဒေါ်လာ ၂သောင်းမကုန်ပဲ ၀ယ်လို့ရပါတယ်။ ကားဟောင်းဆိုရင်တော့ ရာဂဏန်းလောက်ပဲ ပေးရတယ်။

ကားပြင်ရင်လည်း ကားဝပ်ရှော့တွေမှာ သွားပြင်ရင် ပစ္စည်းဖိုးက ဒေါ်လာတစ်ရာ၊ လုပ်အားခက ဒေါ်လာ ၂၀၀ ပေးရတယ်။ အမေရိကားမှာ လုပ်အားတန်ဖိုးက ကုမဏ္ဍီဈေးနှုန်းအတိုင်းတောင်းတော့ တစ်နာရီ ဒေါ်လာ ၁၅၀ ကနေ ၂၀၀ အတွင်း ကျသင့်ပါတယ်။ ဒါကြောင့် ကိုယ်ပိုင်ဝပ်ရှော့ဆိုင်ကလေးများဆီ ကားပြင်ရင်တော့ ပိုသက်သာတယ်။ စင်ကာပူမှာတော့ ကားပြင်စရိတ်က မြန်မာပြည်အတိုင်းပါ၊ ပစ္စည်းဝယ်ရင် အခမဲ့ တပ်ဆင်ပေးလေ့ရှိပါတယ်။

ကား ဖိုင်းထိခြင်းကို အမေရိကန်များက တစ်ကက် Ticket လို့ခေါ်ပါတယ်။ ကားမရပ်သင့်တဲ့နေရာ၊ မရပ်သင့်တဲ့အချိန်၊ များမှာ ရပ်ထားမိရင် ဒေါ်လာ၇၀ နဲ့အထက် ဖိုင်းထိပါတယ်။ ကားအမြန်နှုံးကျော်သွားလို့ မိသွားရင် ဒေါ်လာ၃၀၀ ဖိုင်းထိပါတယ်။ အရက်သောက်မောင်းလာတာမိသွားရင်တော့ စင်ကာပူလိုပဲ ဒဏ်ငွေ ငါးထောင်လောက်ရိုက်ပြီး၊ လိုင်စဉ်ရုတ်သိမ်းခံရတဲ့အထိ ဒဏ်ကျနိုင်ပါတယ်။ ခြုံကြည့်ရင်တော့ အမေရိကန် Ticket က ပိုဈေးကြီးပါတယ်။

ရဲကားများ
အမေရိကားမှာ ရဲကားတွေ အလွန်များပါတယ်။ မိုင်၅၀ပတ်လည် နယ်မြေမှာ ရဲကား၂စီး တာဝန်ကျတယ်။ ကိုယ်နယ်မြေမှာ နေ့ဆိုင်း၊ ညဆိုင်း ရဲတွေအလုပ်လုပ်ကြတယ်။ ပြဿနာတစ်ခုခုဖြစ်ပြီး (ဥပမာ အိုဗာစပိ over speed ဖြစ်သွားလို့ ရဲကားလိုက်ရင် ဘေးထိုးပြီးရပ်ပေးလိုက်ပါတ။် ရဲကားက ကိုယ့်ကားရှေ့ကို ရပ်ပြီး ကိုယ့်ဆီ လမ်းလျှောက်လာရင် လက်၂ဖက်လုံး မြျှောက်ထားပါ။ ကိုယ့်မှာ လက်နက်မရှိဘူးဆိုတဲ့သဘောပါပဲ။ ရဲတွေမှာ သေနပ်တွေပါတော့ အလျှင်းမသင့်ရင် ရဲက ပစ်ချလိုက်လို့ သေသွားရတဲ့ ဘုမသိ၊ကားမောင်းသူများစွာ ရှိသလို၊ လူဆိုးကားမောင်းသူက ပစ်သတ်လိုက်လို့ သေရတဲ့ ရဲတွေလည်း မနည်းလှပါဘူး။
စင်ကာပူမှာတော့ ရဲဖမ်းရင်၊ လက်မြှောက်ထားစရာမလိုပါဘူး။ စင်ကာပူမှာ လက်နက်ကိုင်ဆောင်မှုမပေးပါ။ လက်နက်ကိုင်ဆောင်သူ မိသွားရင် သေဒဏ် (ကြိုးပေး) သတ်ခံရမယ်ဖြစ်ပါတယ်။
အမေရိကား နဲ့ စင်ကာပူ ရဲများရဲ့ လစာငွေ တော်တော်ကောင်းပါတယ်။ ရဲဆိုရင် ပညာတတ်ရပါတယ်။ စင်ကာပူမှာဆို ရဲလုပ်ရင်တောင် ဒီပလိုမာအနည်းဆုံးအဆင့်အောင်ထားရပါတယ်။ လစာလည်း ဒေါ်လာ ၂၅၀၀ အထက်ရပါတယ်။ အခွင့်အရေးတွေလည်း အများကြီးရပါတယ်။ အမေရိကန်ရဲကတော့ တစ်လ ဒေါ်လာ ၅၀၀၀ အထက်ရပါတယ်။ ၂ဆပိုရပေမဲ့ အမေရိကားရဲ့ လူနေမှုစါးရိတ်က စင်ကာပူထက် ၂ဆမက ဈေးကြီးလှပါတယ်။ ဒီတော့ စင်ကာပူရဲက ငွေပိုစုမိပါတယ်။

ကားငှားခြင်း
အမေရိကားမှာ ကိုယ်ပိုင်ကားများကို ခရီးနီးများသာ မောင်းကြပါတယ်။ မိုင်ရာနဲ့ချီတဲ့ နေရာမောင်းရမယ်ဆိုရင် ကားငှားကြတယ်။ ငှါးခကလည်း တစ်ရက် ဒေါ်လာ ၂၀ ပတ်ဝန်းကျင်လောက်ပဲရှိကြတယ်။ လေယာဉ်နဲ့ခရီးသွားရင် ရောက်တဲ့လေဆိပ်မှာပဲ ကားကောက်ပြီးငှားသွားတယ်။ ကားငှားလုပ်ငန်းဟာ တော်တော်တွင်ကျယ်တဲ့လုပ်ငန်းဖြစ်ပါတယ်။ လူစီးကားသာမက ပစ္စည်းတင်တဲ့ လော်ရီ၊ကုန်ကားများလည်း ငှားကြပါတယ်။ စင်ကာပူမှာတော့ ကားငှားခဈေးနှုန်းတော်တော်ကြီးပါတယ်။ တစ်ရက်ကို ဒေါ်လာ ၅၀အထက်ပေးရပါတယ်။ ကားငှားလုပ်ငန်းလုပ်ကိုင်သူ နည်းပါးလှပါတယ်။

စင်ကာပူမှာတော့ ကားဈေးကြီးလို့ လူတွေ ကားမ၀ယ်ပဲ၊ ရထား၊ ဘတ်စ်ကားစီးကြတယ်။ ငွေကုန်သက်သာတာပေါ့။ အမေရိကားမှာတော့ ကားအကြီးကြိးတွေ အကြွေးနဲ့ဝယ်ကြတော့ မြန်မာများ ကားဖိုး၊ လစဉ်အရစ်ကျဖြတ်ငွေနဲ့ မွဲနေကြတယ်ဆိုပဲ။ အိမ်တော့မ၀ယ်ရသေးဖူး .. ကားကိုအရင်ဝယ်ကြတယ်။ ပြီးတော့ ကားဖိုးလစဉ်ကြေးနဲ့ ဖိုင်း ticket ဖိုး တစ်လ ဒေါ်လာတစ်ထောင်ကျော်ကုန်နေကြတယ်။ မလွယ်ပါဘူး....။

အမေရိကား ကျွန်တော့် ကားမောင်းအတွေ့အကြုံ အချို့ကို ဖတ်ရှုဖို့ လင့်ခ်ပေးလိုက်ပါတယ်။
http://murann.com/documents/usa.10.month.in.2008.some.pages.of.300p.pdf


ဝတ်မှုန်
၅-မေလ-၂၀၁၁