ရေရှည်စီမံကိန်း စင်ကာပူ CPF နဲ့ အမေရိကန် 401(k)
လူတွေဟာ ရေတိုစီမံကိန်းတွေပဲ အဓိကထားကြပါတယ်။ မြန်မာအများစုကလဲ ရေတိုပဲ စိတ်ဝင်စားကြပါတယ်။ ရေရှည်လုပ်ဖို့ဆိုတာ မူဝါဒ၊ မဟာဗျူဟာ၊ နည်းဗျူဟာတွေကို ကဏ္ဍအသီးသီးမှာ စနစ်တကျလုပ်ဖို့ မြန်မာနိုင်ငံမှာ အရည်ချင်းရှိသူများစွာ လုပ်ခွင့်မရ၊ လုပ်ခွင့်ရရင်လဲ လုပ်လိုကမရ ဖြစ်နေပါတယ်။ အမေရိကား၊ သြစတြေလျား၊ ဥရောပနိုင်ငံများကို အားကျပြီး သူတို့လို လိုက်လုပ်၊ လိုက်သုံးစွဲရင်တော့ လူမွဲဘ၀ရောက်သွားဖို့ လမ်းများပါတယ်။ စင်ကာပူအစိုးရရဲ့ ရေရှည်စီမံကိန်းကြီးကတော့ ချွေတာစုဆောင်းခြင်းပါ။ CPF စနစ်လို့ ခေါ်ပါတယ်။ အမေရိကန်မှာတော့ SSA လို့ခေါ်တဲ့ ဆိုရှယ်စကြူရတီ ဖြစ်ပြီး၊ အခုတော့ အစိုးရကလည်း စင်ကာပူစတိုင် 401(k) စနစ်ကို ပြောင်းလဲဖို့ အားပေးနေပါပြီ။
.
.
အစိုးရနဲ့ပုဂလိကအဖွဲ့အစည်းတွေရဲ့ အုပ်ချုပ်သူများ
တကယ်တော့ မြန်မာပြည်အတွက် အဓိကအတုယူစရာ နိုင်ငံကတော့ စင်ကာပူ စင်ကာပူ စင်ကာပူ ပဲ ဖြစ်ပါတယ်။ စင်ကာပူအတိုင်း လုပ်လို့မဖြစ်နိုင်တာကြောင့် ရန်ကုန်ကိုစင်ကာပူလို ဖြစ်အောင် ပဲ ကြွေးကြော်ဝံ့ကြပါတယ်။
.
စင်ကာပူရဲ့ အစိုးရ ချွေတာစုဆောင်းခြင်း၊ စုဆောင်းလို့ရတဲ့ငွေကို လူသားအရင်းမြစ် (ပညာရေး ကျွမ်းကျင်လုပ်သားဖြစ်အောင်) Upgrading Program များကို အားပေးခြင်း စတဲ့လုပ်ရပ်များက အလွန်အတုယူစရာ ကောင်းပါတယ်။ တရုပ်နိုင်ငံက ချွေတာစုဆောင်းစနစ် (Tax System)
.
နံပါတ်(၁)ကတော့ လာပ်မစားဘူး လို့ လုံးဝကြေငြာပြီး တက်လာတဲ့ လီကွမ်းယူ ဖြစ်ပါတယ်။ အခုဆိုရင် စင်ကာပူအစိုးရက ဘယ်နိုင်ငံကမှ ငွေချေးဖို့မလိုတော့ပါဘူး။ သူများဆီက မချေးငှားသလို သူများကိုလဲ ငွေချေးပေးတာ၊ ကူညီတာ မရှိပါဘူး။
.
တကယ်တော့ CPF စနစ် ဆိုတာ သာမန်လူတွေအတွက် မဟုတ်ပါဘူး။
သာမန်လုပ်သားပြည်သူတွေကတော့ လစာ ၁၀၀ ရရင် ၃၀% ဖြတ်ယူထားလိုက်ရင် လုံးဝမကြေနပ်ပါ။ လူ့သဘောသဘာဝက ရေတိုပဲ ကြည့်ပါတယ်။ ရေရှည် လုံးဝ စိတ်မ၀င်စားပါ။
.
အစိုးရခေါင်းဆောင်များကတော့ ရေရှည်ပဲ ကြည့်ရပါတယ်။ ချွေတာစုဆောင်းခြင်းပါပဲ။
.
.
ကမ္ဘာ့ နိုင်ငံများ စီးပွားအကြပ်တည်း
လောလောဆယ်တော့ တိုင်ဝမ်အစိုးရမှာ ၀န်ထမ်းတွေ ပင်စင်ငွေ များစွာကုန်ကျနေလို့ ပင်စင်လစာငွေတွေ လျှော့ချဖို့ လုပ်ရင်း အငြင်းပွားနေကြပါပြီ။ ဥရောပနိုင်ငံများ အားလုံးနီးပါး၊ အမေရိကား တွေမှာ စီးပွားမကောင်းလို့ ငွေကြေးအကြပ်တည်း ဖြစ်နေပါတယ်။ ပြည်သူလူထုက မချွေတာပဲ ... ကြွးတင်၊ အရှင် (အစိုးရ)ဆပ်လိမ့်မယ် ဆိုပြီး ငွေချေးပြီးစီးပွားရေးတွေလုပ်ကြ။ သုံးဖြုန်း၊ ဇိမ်ခံမှုများကြောင့် အစိုးရတွေမှာ စုဆောင်းငွေ နည်းပါးလာပါတယ်။ အာရှတိုက်မှာ အစိုးရစုဆောင်းငွေ ရှိတဲ့နိုင်ငံများကတော့ ဂျပန်၊ တရုပ်၊ တောင်ကိုးရီးယား၊ စင်ကာပူ တို့ဖြစ်ပြီး ဥရောပတိုက်မှာတော့ ဂျာမဏီနဲ့ပြင်သစ်၊ နော့ ဒစ်နိုင်ငံများ ဖြစ်ပါတယ်။
.
.
အိမ်ထောင်ဦးစီးများ
ကိုယ်မိသားစု၊ ကိုယ်လုပ်ငန်း ပါဝင်သူများအတွက် ရေရှည်ကြည့်သူများက ငွေကို ဘယ်တော့မှ လွယ်လွယ်မပေး၊ မသုံးခိုင်းပါဘူး။ သားသမီးများရဲ့ လစာငွေများကို မိဘများက ရအောင်ချိုသာစွာ တောင်းရမ်းတတ်ပါတယ်။ သူဌေး ဖြစ်ပေမဲ့ သားသမီးဆီက ချိုသာစွာ တောင်းတော့ မိဘကို ပေးကမ်းတဲ့ သားသမီးတွေ ရေရှည်မှာ ကြီးပွားတိုးတက်ပါတယ်။
.
မြန်မာပြည်မှာလဲ အဲဒီ စုဆောင်းခြင်း အလေ့ကျင့်အတွက် ဘဏ်တွေပေါ်ပေါက်လာပြီ ဆိုပေမဲ့ ရေရှည် ၅နှစ် စီမံကိန်း ဆိုပြီး သံဓိဌာန်နဲ့ စုဆောင်းဖို့ဆိုတာ လုံးဝ(လုံးဝ) မလွယ်ပါဘူး။ စိမ်ခေါ်ချက်ကြီး ဖြစ်ပါတယ်။ အကောင်းဆုံး စုဆောင်းနည်းကတော့ ပညာရေး အလုပ်လုပ်ရင်း အချိန်ပိုင်းကျောင်းတက်ခြင်း ဖြစ်ပါတယ်။
.
လူငယ်များ ပညာတတ်၊ ဘွဲ့ရ၊ အလုပ်ခွင်ဝင်ချိန်မှာလဲ မိဘကို စနစ်တကျ ပေးကမ်းခြင်းက အဓိကချွေတာစုဆောင်းတဲ့ အကျင့်ကောင်းတစ်ခု ဖြစ်ပါတယ်။ မိဘကို စနစ်တကျ ပေးကမ်းတတ်တဲ့လူ ဘယ်တော့မှ မဆင်းရဲပါဘူး။
.
လောလောဆယ်တော့ မြန်မာအစိုးရ၀န်ထမ်းများကို ၅% လူမှုဖူလှုံရေး နဲ့ စုဆောင်းခြင်း စတင်နေပါတယ်။
.
CPF and 401(k)
This fund is to make citizen to save money for Housing, Medication and Retirement.
.
Great work by Singapore leader, Lee Kuan Yew who make Singapore from mud to world role model. This is copied from Israel since 1965.
.
Singapore CPF and America 401(k) is same. same. Government money not to abuse by loop holes. America social security fund is abused by many medical companies and education institutes + warfare associations.
.
Recently, Taiwan government problem to cut or stop pension by elders.
.
Rich people - Not to be so rich (tax them)
Middle class - let it be above 70% of population.
Poor people - Make sure, no poverty
That is principle of bad government.
Education is the best way. But saving attitude such as Social Security / CPF system are implemented by good government.
.
Singapore is now world class country but many rich people still want to abuse the CPF fund. In USA, already abused Social Security fund but America is still survive it government still have good system and good leaders.. EU Europe countries already at the worst situation.
.
CPF and 401(k) of to make citizen to save money by for retirement.
.
.
Reference
1. Singapore CPF system
.https://www.slideshare.net/myanmarjobstudent/cpf-bank-public-saving-system21jul2014
.
2. CPF info
Official site: https://www.cpf.gov.sg
Wiki: https://en.wikipedia.org/wiki/Central_Provident_Fund
.
3. https://www.quora.com/Is-Americas-401K-plan-equivalent-to-Singapores-Central-Provident-Fund-CPF-scheme
.
4. Social Security (USA)
Official site: https://www.ssa.gov/
Wiki: https://en.wikipedia.org/wiki/Social_Security_(United_States)
The U.S. has declared its commitment to removing all sanctions on Myanmar, marking yet another milestone for the former pariah state as it gets further integrated into the global economy. But some are questioning the move's timing amid worries about the military's dominance and human rights violations.
Lifting sanctions "is the right thing to do in order to assure that the people of Burma see rewards from a new way of doing business and a new government," President Barack Obama announced on Wednesday.
မြန်မာနိုင်ငံ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၂၀၁၅ ရွေးကောက်ပွဲမှာ အပြတ်သတ်အနိုင်ရရှိပြီး သမ္မတဦးသိန်းစိန်အစိုးရက အာဏာလွှဲပေးခဲ့ပါတယ်။ သမိုင်းဝင် ငြိမ်းချမ်းစွာ နိုင်ငံတော်အာဏာ လွှဲခြင်းပါ။ ဒါပေမဲ့ အစိုးရသစ်အဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်က ၂၅% လွှတ်တော်ကိုယ်စားလှယ်များနဲ့ အစိုးရအဖွဲ့သစ်မှာလည်း ဝန်ကြီး၃ဦး (ကာကွယ်ရေး၊ နယ်စပ်၊ ပြည်တဲရေ) တွေကိုရယူထားပါတယ်။
.
၂၀၁၆ စက်တင်ဘာလမှာ သမိုင်းဝင် နိုင်ငံခေါင်းဆောင်ဖြစ်လာတဲ့ ဒေါ်အောင်ဆန်းစုကြည် ဗြိတိန်၊ အမေရိကန် ခရီးစဉ်မှာ ကမ္ဘာ့ကုလသမဂ္ဂမှာ မိန့်ခွန်းပြောခဲ့ပါတယ်။
.
၂၀၁၆ စက်တင်ဘာလမှာ သမိုင်းဝင် နိုင်ငံခေါင်းဆောင်ဖြစ်လာတဲ့ ဒေါ်အောင်ဆန်းစုကြည် ဗြိတိန်၊ အမေရိကန် ခရီးစဉ်မှာ ကမ္ဘာ့ကုလသမဂ္ဂမှာ မိန့်ခွန်းပြောခဲ့ပါတယ်။
စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ အပါအဝင် စီးပွားရေးခရိုနီများစွာကို သမ္မတအိုဘားမား အစိုးရက အမေရိကန်ပိတ်ပင်တားမြစ်ခြင်းများက လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ပါတယ်။ ဒါကြောင့် အဲဒီ လူများနဲ့သူတို့မိသားစုများ ပိုင်ဆိုင်မှုနဲ့စီးပွားလုပ်ငန်းများကို လွတ်လပ်စွာလုပ်ကိုင်ခွင့်ရရှိသွားပါတယ်။
မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးကို အမေရိကန် စင်ကာပူ နဲ့ ဂျပန်၊ ဥရောပနိုင်ငံများ နဲ့အတူ တုရုပ်၊ ထိုင်းနိုင်ငံများနဲ့ ဘယ်လိုလုပ်ဆောင်သွားမယ် ဆိုတာ အလွန်စိတ်ဝင်စားစရာ ဖြစ်ပါတယ်။
၂၅ ဒီဇင်ဘာ ၂၀၁၆
ခရစ်စမတ်နေ့....
ခရစ်စမတ်နေ့....











