Tuesday, September 13, 2011

အမေရိကန်ရောက် မြန်မာများ 2008 to 2011


အမေရိကန်ရောက် မြန်မာများနဲ့ သတင်းစာ ၂ စောင်မှ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ဘာသာရေး နဲ့ နိုင်ငံရေး ကြော်ငြာများ

မြန်မာများစွာ အထူးသဖြင့် ၂၀၀၇ နဲ့ ၂၀၀၈ မှာ အမေရိကားကို နည်းအမျိုးမျိုးနဲ့ ရောက်လာခဲ့ပါတယ်။ မိဇ္ဖိမ အင်တာနက်မှာ အကျဉ်းချုပ် ဆောင်းပါးတပုဒ် ရေးသားခဲ့ဖူးပါတယ်။ စင်ကာပူက ကိုပေါ နဲ့ မစိုးဝှပ်တို့ ဒီဘိတ်ရေးသားကြတာကို ဖတ်ပြီး ယခင်က အိုးဝေ (စင်ကာပူ) အဖွဲ့သားများ ပါစာရစ်က ကိုဝင်းမြင့် အိမ်မှာ အပြန်အလှန်မျက်နှာဆုံဆွေးနွေးခဲ့တာကို သတိရမိပါတယ်။ ကိုပေါရဲ့ အပြုသဘော ရေးသားထားချက်ကတော့ ကိုယ်အခြေခိုင်မှ အများအတွက် ဒီမိုကရေစီကို လုပ်နိုင်မှာလား ဆိုတဲ့စကားလုံးပါပ။ဲ

ဆက်လက် ဒီဘိတ် Debအte လုပ်သွားနိုင်ပါတယ်။ အခုလို စင်ကာပူက ဒီမိုကရေစီ လှုပ်ရှားသူများ ကိုယ်ရပ်တည်ချက်အတွက် ဘယ်သူမှ အားကိုးလို့မရနိုင်လောက်အောင် ရုန်းကန်နေရတဲ့အချိန်လေးမှာ အမေရိကန်က သတင်းစာအကြောင်း Information ကိုဖတ်ရသူ စင်ကာပူ၊ ထိုင်း၊ မလေးရှားရောက် မြန်မာများအဖို့တော့ ငါတို့က ဒါကြည့်ပြီး ဘာလုပ်ရမှာလဲ မေးကောင်းချင်ပါလိမ့်မယ်။ စင်ကာပူကို အဝေးကြည့်မှန်ပြောင်းနဲ့ လှမ်းကြည့်တဲ့အခါမြင်ရတဲ့အမြင်လေးပါပဲ။ အနှစ်၄၀ ကျော်အတွင်းမှာ မြန်မာပြည်တွင်း၊ စင်ကာပူ နဲ့ နိုင်ငံတကာရောက် မြန်မာများအခြေအနေ အများကြီးပြောင်းလဲသွားပါပြီ။ အထူးသဖြင့် စက်တင်ဘာ ၂၀၀၇ ဘုန်ကြီးအရေးအခင်း အပြီးမှာ ၂၀၀၈
အတွင်းဖြစ်ပျက်ခဲ့တဲ့ “Vote NO” ၂၀၁၀ ရွေးကောက်ပွဲနဲ့ အခြေခံဥပဒေ၊ မေ ၂၀၀၈ က အံ့သြဘွယ်ရာ နာဂစ်ဆိုင်ကလုန်းအပြီး စင်ကာပူက မြန်မာဒီမိုကရေစီလှုပ်ရှားသူများကို နှိပ်ကွပ်၊ နေထိုင်ခွင့်ပိတ်ပင်ခြင်းများကို စနစ်တကျလုပ်ဆောင်နိုင်ခဲ့ခြင်းများကို Helpless ပုံစံကြည့်နေရတာ တော်တော်လေးဝမ်းနည်းမိပါတယ်။ သို့သော်လည်း စင်ကာပူရောက် မြန်မာများ ခက်ခဲတယ်ဆိုတာ မြန်မာပြည်တွင်းက ဒီမိုကရေစီဘက်တော်သားများရဲ့ အနစ်နာခံမှု လုပ်ရပ်များအပေါ်မှီနေရပါတယ်။ အားလုံးလုပ်ဆောင်ချက်များက ဆက်စပ်နေပါတယ်။ မိမိရပ်တည်ရေးအတွက် ပထမ ကျိုးစားရမှာကတော့ မြေကြီးလက်ခတ် မလွဲပါပဲ။ ဗိုလ်ချုပ်အောင်ဆန်းလည်း အဖမ်းမခံရရေး ထွက်ပြေး တိမ်းရှောင်ရင်း မြန်မာ့လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့ရပေမဲ့ ဒေါ်အောင်ဆန်း စုကြည်ရဲ့ နည်းလမ်းကတော့ ကျွန်တော်တို့ စောင့်ကြည့်နေဆဲပါပဲ။ နအဖ နည်းလမ်းကတော့ ထင်ရှားနေပါတယ်။ မစွန့်စားချင်တဲ့သူတွေ၊ အေးအေးနေချင်သူတွေ နဲ့ သူခိုးဓါပြ၊ ရိုက်စားတွေပဲ နအဖနဲ့လုံးလည်ချာရိုက်နေပါတယ် (မြန်မာပြည်မှာ ကလိမ်ဆက်လုပ်မရလို့ စင်ကာပူ လွင့်လာ သူတွေ အများကြီးရှိနေပြီဆိုပဲ)။


စင်ကာပူရောက် ဒီမိုကရေစီ ဘက်တော်သား မြန်မာများကို ဂုဏ်ယူချင်ပါတယ်။ ဒေါ်စုကို ဗဟိုမှာထားပြီး လှုပ်ရှားမှုတွေ အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ပါတယ်။ အထူးသဖြင့် အိုဘီပီ ဆိုတဲ့လူငယ်အဖွဲ့သားများကို လေးစားမှုကြီးမားလှသလို လမ်းပြကြယ် စာကြည့်တိုက် လုပ်အားပေးများကိုလည်း ဂုဏ်ယူမိပါတယ်။ တခြားအဖွဲ့များဖြစ်တဲ့ ဗုဒ္ဓဘာသာ၊ ခရစ်ယန် ဘာသာရေးအသင်းများ။ ပေါ်လီတက်ကနစ်အဖွဲ့များ၊ စင်ကာပူတက္ကသိုလ်များက
မြန်မာကျောင်းသားအဖွဲ့များ၊ မြန်မာပြည်ကို ဒီမိုကရေးစီဖြစ်စေလိုတဲ့ ခွဒေါင်း မြန်မာစီးပွားရေးသမားများ၊ မြန်မာကလပ်၊ အင်ဂျင်နီယာများ စသည်တို့ကိုလည်း အသိအမှတ်ပြုပါတယ်။ အားလုံးက စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းစေပြီး မြန်မာပြည်ကြီးကို အနည်းဆုံး ထိုင်းနိုင်ငံလောက် အဆင့်ရှိတဲ့ မြန်မာ့ဒီမိုကရေစီနိုင်ငံတော်ဖြစ်စေလိုပါတယ်။


အမေရိကန် ဒီမိုကရေစီဆိုတာကတော့ မြန်မာပြည်မပြောပါနဲ့ လောလောဆယ် စင်ကာပူတောင် မကျင့်သုံးနိုင်သေးပါဘူး။ ဒါပေမဲ့ ပြည်ပရောက်မြန်မာများကို အခမဲ့ ဒီမိုကရေစီစနစ်ကို လက်တွေ့သင်ကြားပေးနေတဲ့ နိုင်ငံတွေထဲမှာ အမေရိကန်က ထိပ်တန်းမှာ ပါဝင်နေတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ ၂၀၀၈ မှာ အမေရိကန် စီးပွားရေး ခွတ်ခွတ်လန် ခံနေရပြီး တရုပ်၊ စင်ကာပူ စီးပွားရေးအခြေအနေ ကောင်းနေပါတယ်။


အမေရိကန်လူမျိုးတွေလည်း တရုပ်ပြည်ထုတ် လူသုံးကုန်ပစ္စည်းများကို မှီခိုနေရရှာပါပြီ။ အမေရိကန် သမ္မတသစ်ရွေးပွဲလဲ နောက်၂လအကြာမှာ ပြီးသွားတော့မယ်။
အများထင်တဲ့အတိုင်း လူမဲကပြား အိုဘားမားပဲ ရမယ်လို့ ပြောနေတော့ အသံထွက်ခြင်းတူတဲ့ ဘားမာ Burma အတွက်များ ကောင်းတဲ့အချက်တွေပေါ်လာမလား အမေရိကန်ရောက် မြန်မာများ စောင့်မျှော်နေပါတယ်။ စင်ကာပူရောက်မြန်မာများကတော့ အအုပ်လိုက်၊ အသင်းလိုက် ပါပဲ။ ၂၀၀၈ မှာ စင်ကာပူစီးပွားရေးကောင်းတော့ အလုပ်သမားကအစ
ပညာတတ်များ၊ သူဌေးများလည်း အားလုံး စင်္ကာပူကို ပြုံရောက်လာကြတာ အားလုံးအသိပါပဲ။ နယ်စပ်ဒေသနဲ့ မလေးရှားရောက်မြန်မာများလည်း အမေရိကန်ကို ဒုက္ခသယ်အဖြစ် UNHCR အစီအစU်နဲ့ အကြီးအကျယ် ရွေ့ပြောင်းပေးနေဆဲပါပဲ။ လွန်ခဲ့တဲ့ ၃လလောက်က အမေရိကန်ကို ဒုက္ခသယ်အဖြစ်ရောက်လာတဲ့ ထိုင်းနယ်စပ်က ဇနီး၊ကလေး၂ယောက်နဲ့ ဆန်ဖရန်စစ္စကိုရောက်လာသူကို မေးမြန်းကြည်တော့ ဒီပုဂ္ဂိုလ်လည်း အလွန် စိတ်ဓါတ် ကျနေပါတယ်။ သူ့ဇနီးနဲ့ ကလေးငယ် ၂ယောက်ကတော့ တက်ကြွနေတယ်။

အမေရိကားမှာ ဒုက္ခသယ်ဖြစ်စေ၊ Migrအnt လာလုပ်သည်ဖြစ်စေ မြန်မာအားလုံး စိတ်ဓါတ်ကျကြတာချည်းပါပဲ။ စင်ကာပူကို အလုပ်လာလုပ်သူများ စိတ်ဓါတ်ကျတယ်ဆိုတာ တနှစ်၊၂နှစ်နဲ့ အဆင်ပြေရင် ပြေသွားနိုင်တယ်၊ အမေရိကားကတော့ အနည်းဆုံး ၅နှစ်လောက် စောင့်ရမဲ့ကိန်းပါပဲ။


မြန်မာများစွာ အမေရိကားကို ရောက်လာခဲ့ပြီး [အမေရိကန်နိုင်ငံရောက် မြန်မာများ (မိဇ္ဖိမ)] အလွယ်ကူဆုံးဖြစ်တဲ့ နေထိုင်ခွင် အsylum ရှောက်ရင်တော့ အ နှေးနဲ့အ မြန် အိုကေသွား နိုင်တယ်။ အ လုပ်ရှာမယ် H1 ဗီဇာ၊ ကျောင်းသားဗီဇာကဆင့် Green Card ပြောင်းမယ်။
စီးပွားရေးလုပ်တဲ့ Business Visa ၊ ဘာသာရေး၊ လူမှုရေး ဗီဇာများကတဆင့် အ မေရိကန်မှာ နေထိုင်ရင်း ၅နှစ်နောက်ပိုင်း အ မေရိကန်နိုင်ငံသားအ ဖြစ် ရရှိရေး ကြိုးစားနေသူများလည်း အ များကြီးပါပဲ။ မြန်မာနိုင်ငံကူးလက်မှတ်ကိုင်ထားသူများအ တွက် အ င်မတန်ခက်ခဲပေမဲ့ စင်ကာပူနိုင်ငံသား Pအssport ကိုင်ထားသူများအ တွက် တော်တော်လွယ်ကူပါတယ်။ ဘာကြောင့်လဲဆိုတော့ စင်ကာပူကို အ မေရိကန်အ စိုးရနဲ့ ပြည်သူပြည်သားများက တော်တော်လေးစားကြတယ်။ အ မေရိကန် အ စိုးရကိုယ်တိုင်ကလည်း မွတ်ဆလင်၂နိုင်ငံ (မလေးရှား၊ အင်ဒိုနီးရှား) ကြားမှာရပ်တည်နေတဲ့ စင်ကာပူကို အ သုံးချပြီး တရုပ်၊ အိန္နိယကြားက အရှေ့တောင်အာရှမှာ နေရာယူထားတယ်။ အသုံးချနေကျ
ဖိလစ်ပိုင်၊ ထိုင်းနိုင်ငံတွေကို သုံးတာကတပိုင်း၊ စင်ကာပူကျတော့ လူမျိုးစွဲသိပ်မကြီးတဲ့အ ပြင် စီးပွားရေးကလည်း အရမ်းတိုးတက်နေတော့ အမေရိကန်ကြီးကိုယ်တိုင် အ ထင်တကြီးဖြစ်နေတာ လီကွမ်းယူအစိုးရကိုပဲ Credit ပေးရမှာပါပဲ။


 အောက်ကဇယားကို ကြည့်ပါ၊ အနှစ်၄၀ အ တွင်း တအားကြိုးစားလိုက်တာ အာရှမှာ GDP တဦးချင်းအ မြင့်ဆုံးရောက်သွားပြီ။ ကမ္ဘာ့အ ဆင့်မှာတောင် အ ဆင့်၂၀ လောက်ရောက်နေပြီ။ (2011 တွင် အဆင့်၁ GDP per capital PPP သို့ရောက်သွားပါသည်။)
မြန်မာလူမျိုးဆိုတော့ စိတ်ပျက်ပျက်နဲ့ မြန်မာနိုင်ငံအ ခြေအ နေကို ကြည့်လိုက်တော့ အ လိုလေး အ နှစ်၄၀ စစ်အ စိုးရက အ ရမ်းကြိုးစားလိုက်တာ့ အာရှဘိတ်ချီးဖြစ်နေပါလား။ မြန်မာများ ပြည်ပမှာ ၃ သန်းကျော် ကသောင်းကနင်းရုန်ကန်နေရတာ ခရစ်ယန်ကျမ်းစာထဲက ဂျူးလူမျိုး (အ စ္စရေး) တွေ သူတို့ပြည်ကို ဘာဘီလုံ (ယခု အီရတ်ပြည်) ကဖျက်ဆီးပြီး ကမ္ဘာအနှံထွက်ပြေးသွားရသလိုတော့ မဆိုးသေးပါဘူး။ အကောင်းမြင်ရင်တော့ ပြည်ပရောက်မြန်မာများ အထူးသဖြင့် စင်ကာပူရောက်မြန်မာများ မြန်မာပြည် စစ်အာဏာရှင် စနစ်ကို ပြောင်းလဲစေရေးအ တွက် အရေးပါလာတော့မယ် လို့မျှော်လင့်ပါတယ်။

မြန်မာဒုက္ခသည်အရေတွက် 9776 (2007), 12,852 (2008), 18,275 (2009).
http://www.acf.hhs.gov/programs/orr/data/refugee_arrival_data.htm
(Refugee in USA)

အ မေရိကန်ရောက် မြန်မာများ ဘာလုပ်ပေးနိုင်သလဲ။ ထုံးစံအ တိုင်း ကိုယ်ရောက်တဲ့နေရာကို အကောင်းဆုံးထင်တတ်တဲ့ လူ့ဗီဇအ တိုင်း ကမ္ဘာ့မှာ အ င်အားအ ကြီးဆုံး၊ အ ချမ်းသာဆုံး
အမေရိကန်ရောက်မြန်မာများကလည်း သူတို့သည် မြန်မာ့ဒီမိုကရေစီအတွက် အရေးအ ပါဆုံးထင်တာ မဆန်းပါဘူး။ တကယ်တော့ အားလုံးလက်ခံတာ ပြည်တွင်းက မြန်မာများသာလျှင် အ ဓိကဖြစ်တာ သိပေမဲ့ အ မေရိကန်ရောက် မြန်မာများကလည်း စစ်အာဏာရှင်စနစ်ကို ပြောင်းလဲစေရေးအတွက် သူတို့သာလျင် အရေးပါနေတယ် လို့ထင်ကြတာမဆန်းပါဘူး။ တလောက အမေရိကန်နိုင်ငံသား ပူပူနွေးနေွး မြန်မာတUီး
မြန်မာပြည်သူ မိန်းကလေးကို လက်ထပ်ယူဖို့ မြန်မာပြည်တွင်းကို ပြန်သွားတယ်။ ဗီဇာ ၁လရပေမဲ့ ပိုပြီးနေချင်တော့ Visa Extension လုပ်ရတယ်။ မြန်မာ့လူဝင်မှုဌာနကို လပ်ထိုးတော့ မြန်မြန်အ ဆင်ပြေတာပေါ့။ FRC နိုင်ငံခြားသားအ ဖြစ် လျောက်ရင် တနှစ်တခါ Renew လုပ်တဲ့ ဗီဇာလုပ်ပေးမယ်ဆိုပြီး ကမ်းလှမ်းလာတယ်။ ဘာပဲပြောပြော စစ်အ စိုးရက မြန်မာလူမျိုး အမေရိကန်နိုင်ငံသားကို မြန်မာလူမျိုး စင်ကာပူနိုင်ငံသားထက် ပိုပြီးဂရုစိုက်တာတော့ အမှန်ပါပဲ။ အခက်အခဲများ ကြုံနေတဲ့ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအ ဖွဲ့သားများ အတွက် အထူးသဖြင့် မြန်မာ ပတ်စပို့ကို စွဲမြဲစွာ ကိုင်ဆောင် ထားသူများကို လေးစား ဂုဏ်ပြုပါတယ်။ စင်ကာပူနိုင်ငံသား၊ အမေရိကန် နိုင်ငံသားပြောင်းလဲသွားသူ မြန်မာများကလည်း ရောက်ရာအ ရပ်မှာ မြန်မာအ ချင်းချင်း ယိုင်းပင်းနေတာတွေ တွေ့တော့လည်း ကျေနပ်မိပါတယ်။ အခက်အ ခဲ ကြုံတွေ့စဉ်မှာ စိတ်ဓါတ်ခိုင်မာဖို့၊ ကိုယ်ခန္တာကျန်းမာဖို့ အ လွန်အ ရေးကြီးပါတယ်။ မြန်မာများအ တွက် အ ကယ်ဒမစ် ပါမောက္ခဟောင်း ဒေါက်တာ ဆလိုင်းထွန်းသန်းရဲ့ မလျှော့သော လုံ့လနဲ့ ပညာရေးကြိုးစားခဲ့ခြင်း ပြည်ပရောက်မြန်မာများအ တွက် အ လံမလှဲ အ တုယူစရာပါပဲ။ အောက်တိုဘာ ၅၊ ၂၀၀၈ မှာ Northern Illinois University မြန်မာပညာရပ်ကွန်ဖရင့်ကို မြန်မာပညာရှင်များစွာ အကယ်ဒမစ် ပိုင်းဆိုင်ရာ စာတမ်းများ ဖတ်ကြမယ်သိရပါတယ်။ ၂၀၀၆ တုံးက စင်ကာပူ National University (Singအpore) မှာ Burma Conference လုပ်ခဲ့ပါသေးတယ်။
စိတ်ဝင်စားသူများအတွက် အမေရိကန်ရောက် မြန်မာအ များဆုံးနေထိုင်တဲ့ လော့စ် အိန်ဂျယ်လိ က မြန်မာသတင်းစာ နှစ်စောင်က စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ဘာသာရေး နဲ့ နိုင်ငံရေး ကြော်ငြာများကို ထည့်ပေးလိုက်ပါတယ်။
အားလုံးရွင်လန်းချမ်းမြေ့ပါစေ။
ဆန်းသစ်
နိုဝင်ဘာ ၂၀၀၈
မိဇိမဆောင်းပါးကို Revised on Sep-2011. ပြည်ပရောက်မြန်မာများ၊ အုတ်တစ်ချပ်၊ သဲသစ်ပွင့်အနေနဲ့ ပြည်တော်ပြန်သင့်ပြီလား

No comments:

Post a Comment