
ခင်နှင်းစိုး
ကျမ အသက် ၁၂ နှစ်မှာ မိဘများနှင့် စင်္ကာပူနိုင်ငံမှာ ပြောင်းရွှေ့နေထိုင်ပြီး နိုင်ငံခြားဆိုတာနှင့် စတင်ရင်းနီးခဲ့သည်။ အသက် ၁၇ နှစ်အရွယ်ကစပြီး ကနေဒါနှင့် အင်္ဂလန်နိုင်ငံတို့တွင် တစ်ယောက်တည်း ကောလိပ်နှင့် တက္ကသိုလ်သွားတက်တော့၊ နောက်ထပ်နိုင်ငံခြားသို့ ရောက်ခဲ့ပြန်သည်။ နိုင်ငံခြားဆိုသည့်အတိုင်း ကျမရင်ဆိုင်ရတာတွေက အပြောင်းအလဲ အသစ်အဆန်းတွေ ဖြစ်နေခဲ့သည်။ ရောမရောက်ရင် ရောမလိုကျင့်ရမယ် ဟု လူတွေပြောလေ့ရှိကြသည်။ အတိုင်းအတာတခုအထိ မှန်သည်။ သူများနိုင်ငံရောက်မှတော့ ကိုယ်က လူထူးလူဆန်းလို တသီးတခြားဖြစ်နေလျှင် ပတ်ဝန်းကျင်သစ်မှာ နေသားတကျဖြစ်ဖို့ ခဲယဉ်းသည်။ ပတ်ဝန်းကျင်သစ်များက ကျမတို့ အတွေးအခေါ်များ၊ အနေအထိုင်များအပေါ် အတိုင်းအတာတခုအထိ လွှမ်းမိုးတာတွေကို သေချာဆန်းစစ်ရမည်။ အဓိကက ကိုယ့်ပတ်ဝန်းကျင်မှာ ဖြစ်နေတာတွေအပေါ် စဉ်းစားဆင်ခြင် သုံးသပ်တာလုပ်ပြီး၊ စုံလုံးကန်း မျောပါမသွားဖို့ပင်။