ယခု သမ္မတအိုဘားမား၏ ပြုပြင်ပြောင်းလဲရေးဖြင့် အမေရိကန်စီးပွားရေးက ဥရောပနိုင်ငံများထက် ပိုမိုကောင်းမွန်လာပါတယ်။ ဥရောပနိုင်ငံများသည် အီးယူ EU ဥရောပအဖွဲ့အစည်းဖြင့် စုပေါင်းကာ အမေရိကန်နှင့်တရုပ်တို့ကို ကာကွယ်ရန်ကြိုးစားပေမဲ့လည်း၊ ငါဝါဒ၊ ကိုယ့်နိုင်ငံဝါဒကြောင့် အီးယူစီးပွားကျဆင်းရပါတယ်။ အင်္ဂလန်လည်း အီးယူက ထွက်သွားပြီး၊ သင်္ဘောသဌေးနိုင်ငံဖြစ်သော ဂရိနိုင်ငံသည် ဒေဝါလီခံရတယ်။ ပျော်ပါးစီးပွားနိုင်ငံဖြစ်သော ပြင်သစ်နိုင်ငံလည်း စီးပွားမကောင်းပါ။ ဂျာမဏီတစ်ခုသာ စီးပွားတောင့်တင်းသော်လည်း စုပေါင်းလုပ်ဆောင်ဖို့၊ ၂၀၁၇ အီးယူ ၂၈နိုင်ငံမှာ ပိုပြီးခက်ခဲနေကြပါတယ်။
အမေရိကန်ကတော့ အံ့သြဘွယ်သယံဇာတများစွာကို အစိုးရက စနစ်ကောင်း၊ လူတော်လူကောင်းများကြောင့် ကမ္ဘာ့အချမ်းသာဆုံး၊ ကမ္ဘာ့စစ်အင်အားအတောင့်တင်းဆုံး အဖြစ်၊ ဆက်လက်တည်ရှိနေဆဲဖြစ်ပါတယ်။ အမေရိကန်သမိုင်းမှာ အဆိုးဝါးဆုံး စတော့အိတ်ချိန်းဈေးကွက် ပျက်သွားသော Great Depression ၁၉၃၀ အချိန်က လူများအလုပ်လက်မဲ့ဖြစ်ပြီး၊ ကျောင်းပညာပဲတက်၊ စားသောက်၊အေးအေးဆေးဆေး နေခဲ့ကြသည်။ အေးအေးဆေးဆေး နေရအောင်လည်း အမေရိကန်အစိုးရနှင့်သူဌေးကြီးတချို့က ပြည်တွင်းဖူလှုံမှု၊ လယ်ယာ၊အလုပ်ရုံဘုံစခန်းများစွာ ဖန်တီးပေးနိုင်ပါတယ်။ ပြည်သူလူထု ငတ်ပြတ်မသွားနိုင်အောင် သယံဇာတနှင့်ပြည်သူနိတိ Moral Ethnic အခြေခံရှိပါတယ်။ တနည်းအားဖြင့် အမေရိကန်စစ္စတမ် ဆိုသော မြင့်မြတ်သည့်စိတ်ထားကို ပညာတတ်အသိုင်းဝိုင်းတွင် အသေရိုက်ထည့်ထားပြီးဖြစ်သည်။ ငွေစက္ကူတွင် In God We Trust ဟု ဘုရားသခင်ကို အားကိုးသည့် စိတ်ဓါတ်များဖြင့် အမေရိကန်ဒီမိုကရေစီစနစ်ကို စတင်ခဲ့ပါတယ်။ အခုအခါမှာ အမေရိကန်လည်း တရုပ်ပြည်၏ တိုးတက်၊လွှမ်းမိုးမှု အရိပ်အောက်ကို ကျရောက်မသွားဖို့ ကြိုးစားလုပ်ဆောင်နေရပါတယ်။
အမေရိကန်သမိုင်း၏ စီးပွားရေးကပ် ၂၀၀၈မှာ တဖန်ဖြစ်ခဲ့ပါတယ်။ ဘဏ်များစွာ ပြိုလဲပြီး၊ အိမ်မြေဈေးကွက်ပျက်စီးသွားချိန်ပြန်ပါတယ်။ အမေရိကန်မှာ ဗီယက်နမ်များစွာ ၁၉၇၅ စစ်ဒုက္ခသည်အဖြစ် အခြေချခဲ့ကြပြီး လူဦးရေ၂သန်းခန့်အထိဖြစ်လာခဲ့ပါတယ်။ သူတို့ကြိုးစားမှုကြောင့် ဗီယက်နမ်-အမေရိကန်များစွာ ကြီးပွားတိုးတက်လာခဲ့ကြပါတယ်။ မြန်မာများစွာလည်း ၂၀၀၇ စစ်အာဏာရှင်ဒုက္ခသည်များအဖြစ် အမေရိကန်ကန်သို့ အခြေချခွင့်ရရှိခဲ့ပါတယ်။ ပထမမျိုးဆက်က ပညာမတတ်တော့ အလုပ်ကြမ်းတွေ့ဲလုပ်ကြရပါတယ်။ နာက်မျိုးဆက်သစ် တစ်ခုမှာ သားသမီးတွေ ပညာတတ်၊လူလတ်တန်းစားများအဖြစ် တိုးတက်လာကြပါတယ်။ ရောက်ကာစမှာ အများစုမှာ စီးပွားရေးကြပ်တည်းမှုကို ခံနေရဦးမည်ဖြစ်ပေမဲ့ မိမိ မိသားစု လွတ်မြောက်ရန် အပျော်အပါးရှောင်ရှားပြီး အလုပ်ကြိုးစား၊ ချွေတာစုဆောင်းရပါတယ်။
၂၀၀၈ အမေရိကန်နိုင်ငံသားများ စီးပွားရေးအကြပ်တည်းခံနေရခြင်း
အမေရိကန်က အကြီးကျယ်ဆုံးဆိုတဲ့ နံပါတ်၁ City Group Bank တုံလှုပ်မှုတွေနဲ့အတူ နှစ်ပေါင်း ၄၀လောက်အကြွေးတင်နေတဲ့ US$ 7 Trillions (ဒေါ်လာသန်းပေါင်း ၇၀၀၀၀၀၀၀ ကျော်) ကနေ 11 Trillions ကိုရုတ်ချည်းတက်သွားပါတယ်။
ဘေဘီလုံမှ ဆိုတဲ့ ဖေမြင့်ဘာသာပြန်တဲ့ စာအုပ်ကတော့ ငွေစုဖို့ အားပေးပါတယ်။ အမေရိကန်ကတော့ အစိုးရက ငွေစုပါလို့ အော်နေပေမဲ့လည်း သူကိုယ်တိုင်က ငွေကို အရမ်းသုံးပြတယ်။ အထူးသဖြင့်တော့ နိုင်ငံရေးသြဇာ၊ ဒီမိုကရေစီ ဘာညာအော်ပြီး စစ်အင်အားတွေမှာ အထူးသုံးစွဲပြတယ်။ ပြည်တွင်းမှာလည်း လူ့အခွင့်အရေးဆိုပြီး ရှေ့နေနဲ့ဆရာဝန်ဆိုင်ရာ လုပ်ငန်းတွေမှာ ငွေအရမ်းသုံးပြီး မလိုတဲ့အလုပ်တွေ အသေးစိတ်ရှောက်လုပ်ပြတော့ ပြည်သူပြည်သားတွေလည်း ဖခင်အစိုးရလုပ်တဲ့အတိုင်းလိုက်လုပ်လိုက်ကြတာ ၂၀၀၈မှာ အစိုးရကိုယ်တိုင် ကယ်ပါဗျို့လို့ အော်ရတော့တယ်။ ဟို လွန်ခဲ့တဲ့ အနှစ်၂၀ တုံးက ရုရှားနိုင်ငံကြီး စီးပွားရေးဒဏ်ကြောင့်ယညူကလီယာတွေစွန့်ပြီး၊ နိုင်ငံငယ်များစွာ ကွဲထွက်သွားရတာ အမှတ်ရမိပါသေးတယ်။ အခုအမေရိကားကတော့ စီးပွားရေးအကြပ်အတည်းတွေကြုံတော့ နောက်ဆုံး လူဖြူတွေမနှစ်သက်လှပေမဲ့လည်း မတတ်သာပဲ လူမည်းသမ္မတ အိုဘားမား အနိုင်ရရှိပြီး ဂျော့ဘွတ်ချ်ခမျာ မှားသွားပါတယ် တောင်းပန်ရင်း အမေရိကားသစ်ကို ၂၀၀၉မှာ ကြည့်ရပါဦးမယ်။ ဘာကြောင့် အမေရိကန်တွေ မွဲသွားပါသလဲဆိုတာကို အကြမ်းဖျဉ်း လူပိန်းတယောက်အမြင်နဲ့ တင်ပြချင်ပါတယ်။
၁။ စစ်အင်အားအတွက် အသုံးလွန်လွန်းခြင်း
၂။ လူအခွင့်အရေးကို အရမ်းများတဲ့အတွက် ယိုပေါက်တေကွ ို ပိတ်မရဖြစ်နေခြင်း
၃။ လူများကလည်း ထည်ထည်ဝါဝါနေလိုခြင်းကြောင့် ကားကြီးကြီး၊အိမ်ကြီးကြီး၊တီဗွီကြီးကြီးအကြွေးဝယ်နေကြခြင်း။
ဒီအချက်၃ချက်ကို ရေးသားပါမယ်။
ပထမ အချက်၂ချက်ကတော့ ငွေစု၊စီးပွားရေးလုပ်ကိုင်ခြင်းနဲ့ မဆိုင်တဲ့ အစိုးရပိုင်း၊ အဖွဲ့အစည်းဆိုင်ရာ ဖြစ်တဲ့အတွက် မထည့်တော့ပါဘူး။ နံပါတ်(၃) ကိုပဲ ရေးပါမယ်။ အထူးသဖြင့် မြန်မာများ ဖြစ်ပျက်နေပုံကို အကြမ်းဖျင်းဖေါ်ပြမှာဖြစ်တဲ့အတွက် တချို့လည်း တိုက်ဆိုင်သည်ရှိခဲ့သော် ထိုသူများကိုသာ ရည်ရွယ်ပါကြောင်း ကြိုတင်တောင်းပန်အပ်ပါတယ်။
၃။ လူများကလည်း မယောင်ရာဆီလူးအလုပ်များ၊ ကားကြီးကြီး၊အိမ်ကြီးကြီး၊တီဗွီကြီးကြီးနဲ့ ထည်ထည်ဝါဝါနေလိုခြင်း ..
အမေရိကားရောက်မြန်မာများ စိတ်နေသဘောထား
ကမ္ဘာ့အင်အားအကြီးဆုံးနိုင်ငံကို ရောက်လာတယ်ဆိုတော့ အလည်အပတ်ရောက်တာတောင် ရောက်ဖူးတယ်ဘဝမြင့်သွားသေးတာပဲ။ တကယ်ရောက်ပြီး တကယ် Green Card, Citizen ဖြစ်သွားပြီဆိုရင်တော့ ပြောမနေပါနဲ့။ အရမ်းဘဝမြင့်စရာကြီးပါပဲ။ ရောက်ဖူးသူတွေလဲ အမေရိကား Green Card ဘယ်လိုရအောင်ယူရင်ကောင်းမလဲ စဉ်းစားမိကြမှာပဲ။ ရဖိုကလည်း ပညာတတ် အပြစ်မကျူးလွန်သူဆိုရင် သိပ်ကြီးမခက်ခဲပါဘူး။ အမေရိကားရောက်ပြီး ၅နှစ်၊ ၁၀နှစ် ကြာတဲ့အခါ စုဆောင်းငွေနဲ့ အိမ်ပိုင်ဆိုင်နိုင်ဖို့လဲ သိပ်မခက်ခဲပါဘူး အထူးသဖြင့် ကာလီဖိုးနီးယား (အနောက်ဖက်ကမ်းခြေ) နဲ့ နယူးယောက်၊ဝါရှင်တန် (အရှေ့ပိုင်းကမ်းခြေ) များမှာ မြို့ကြီးပြကြီးဖြစ်လို့ အခြေချစရာကောင်းပါတယ်၊ ဒါပေမဲ့ မြန်မာများ အိမ်ပိုင်ဆိုင်ဖို့ တော်တော်ခက်တယ်၊ လူနေမှုစရိတ်နဲ့ အိမ်ဈေးတွေကြီးတာကိုး။ အလယ်ပိုင်း Texas တဝိုက်ပြည်နယ်များကတော့ လူနေမှုစရိတ် သိပ်မကြီး၊ အိမ်ဈေးလဲမကြီးတော့ စုဆောင်းမိတယ်၊ အိမ်ပိုင်ကြတယ်။ အလယ်ပိုင်းဒေသကတော့ စီးပွားရေးကပ်ဖြစ်လာလည်း သိပ်မခံရပါဘူး။ အိမ်ဈေးက တအိမ်ကို ၅သောင်းကနေ တသိန်းကျော်လောက်ပဲရှိတယ်။ ကာလီဖိုးနီးယားမှာ ၃သိန်းကနေ ၇သိန်းအထိဈေးရှိတယ်။ နယူးယောက်မှာတော့ ၂သိန်းကျော်ရှိတယ်။ ဘာပဲဖြစ်ဖြစ် အမေရိကား ဘယ်ပြည်နယ်ရောက်ရောက်ပါစေ အလုပ်လုပ်ခက တနာရီကို ဒေါ်လာ ၁၀ ပတ်ပန်းကျင်လောက်ရကြတော့ တလဆိုရင် ဒေါ်လာ ၁၅၀၀ နဲ့ ၂၅၀၀ ကြားမှာ လူတိုင်းရကြပါတယ်။
ဒါပေမဲ့ အများစုကတော့ မလောက်ငှကြပါဘူး။ ဘာကြောင့်လဲဆိုတော့ ဖြုန်းတဲ့အလုပ်ကို အားပေးနေတဲ့ အစိုးရလုပ်ပုံတွေကို အတုယူပြီး အကြွေးပေးတဲ့စနစ်နဲ့ အမေရိကန်တွေ တယောက်နဲ့တယောက်ပြိုင်ဆိုင်နေကြတာကြောင့်ပါ။ ဘယ်လို ငွေတွေကုန်သွားပါသလဲ ဆိုတာတော့ တော်တော်စိတ်ဝင်စားစရာကောင်းပါတယ်။
၁။ အိမ်အကြွေး (သို့မဟုတ်) အိမ်လခ ပေးရခြင်း
အိမ်ဈေးက ကြီးတော့ အမေရိကားမှာ စားစရိတ်နဲ့အစားအစာပေါပေမဲ့ နေစရိတ်ကတော့ အတောကြီးလှပါတယ်။ အိမ်စရိတ်ကို တလ ဒေါ်လာ ၂၀၀၀ ကနေ ၃၀၀၀ ကျော် ပေးရတော့တော်ရုံနဲ့ မခံနိုင်ပါဘူး။ လွန်ခဲ့တဲ့ ၅နှစ်လောက်က အလုပ်ရရင် အိမ်ဝယ်လို့ရတယ်။ တလကိုလစဉ် ၁၅၀၀လောက် ပေးရင် ရတယ်ဆိုတော့ အိမ်ထောင်လစာက တလကို ၅၀၀၀ကျော်လို့ အိမ်ဝယ်ပြီး၊ အိမ်မှာပဲ ငွေစုမယ်အကြံနဲ့ လက်ငင်းပေးငွေမရှိလဲ အိမ်ကောက်ဝယ်ပစ်ကြတယ်။ အိမ်ပိုင်တယ်ဆိုတော့ ပိုပြီး ဂုဏ်ရှိတာကိုး။ ဘဏ်ဆိုတဲ့ စီးပွားရေးသမားတွေကလည်း ငွေချေးစားတယ်။
ဘဏ်ရဲ့ အဓိကလုပ်စားတာကတော့ အတိုးယူတာပဲ။ အတိုးကို အများဆုံးယူမယ်။ အရင်းကို အနည်းဆုံး ဆပ်ခိုင်မယ်။ နှစ်ကြာကြာချေးစားမယ် ..နဲ ငွေချေးစားတဲ့အလုပ်ပဲ။ ဘဏ်ထဲမှာ ငွေစုတာလည်း သေချာပေါက်ရှုံတယ်ဆိုတာ လူတွေနားမလည်ကြဘူး။ ဘဏ်မှာ ငွေ၁၀၀ တနှစ်စုရင် အတိုးက ၁ရာနှုံးပဲပေးတယ်။ ရတဲ့အတိုးအပေါ် အစိုးရက ၃၀ရာနှုံးအခွန်ကောက်ပြီး ငွေဖေါင်းပွနှုံးက ၁၀ရာနှုံးလောက်ရှိတော့ ဒီနှစ် ငွေ၁၀၀က ထမင်း၁၀ခါ စားလို့ရပေမဲ့၊ နောက်နှစ်ဆိုရင် ၈ခါပဲ သွားစားလို့ရသွားပြီ။ ဒီတော့ စီးပွားရေးသမားတွေက ဘဏ်မှာပိုက်ဆံမထားဘူး၊ Property ဝယ်ထားတယ်ဆိုတော့ ဟုတ်တယ်ဆိုပြီး အိမ်တွေ စဘော်မပေးရပဲ အကြွေးနဲ့ ဝယ်ကြတယ်။ ၂၀၀၈၊ ၂၀၀၉ မှာ အမေရိကန်မှာ အိမ်တွေပြန်အပ်လိုက်ကြတာ Morgage Industry ပြိုလဲကျသွားတော့တာပဲ။ အမေရိကားရောက် မြန်မာများစွာလဲ အိမ်ပြန်အပ်ရတဲ့ဘ၀ ရောက်သွားရှာတယ်။ အိမ်မအပ်ပဲ လစဉ်ပေးငွေကများပြီး၊ လစာက နည်းလာတော့ အိမ်ကို လူငှားတင်ရတော့တယ်။ အိမ်ကို ၂ခြမ်းခွဲပြီး ငှားစား .. အခန်းတွေကို မိတ်ဆွေတွေနဲ့ စုပေါင်းနေကြရတယ်။ အိမ်ရှင်မှာအမြက်မရှိဘူး။ ကိုယ်အိမ်နေတဲ့လူတွေ အလုပ်မပြုတ်ပါစေနဲ့ ဆုတောင်းနေရတယ်။ အိမ်မငှားရတော့ဘူးဆိုရင် အိမ်ရှင်က တလဆို၊တလ တော်တော်နစ်နာတာပေါ့။ စီးပွားရေးကပ်ဆိုတာ ဒါပါလား။ အားလုံး အကုန် နစ်နာနေတယ် ဆိုတဲ့အထဲ အလုပ်လုပ်သူ လူတန်းစားကတော့ အနားဆုံးပါပဲ။ ၂၀၀၉ နောက်ပိုင်း သမတအိုဘားမား လက်ထက်မှာ အိမ်ဈေးတွေ ပြန်ကျသွားပြိး၊ အလုပ်ကိုင်နဲ့စီးပွားပြန်ကောင်းလာပါတယ်။ ဒါပေမဲ့ အိမ်ဝယ်ဖို့ ဆိုတောတော့ အလုပ်အကိုင်သေချာမှပဲ ဘဏ်ကငွေချေးပြီးမှ ဝယ်ရဲကြပါတော့တယ်။ ဘဏ်တွေကလည်း စီးပွားပျက်ကာလလို အလွယ်တကူ ငွေမချေးတော့ပါဘူး။
၂။ ကားအကြွေး နဲ့ Vacation, Outing ..
ကားကိုလည်း အမေရိကားရောက်သူများ မဝယ်မနေရ ဝယ်ရရှာပါတယ်။ ကားမဝယ်ပဲ Public Transportation ဆိုရင် ဈေးကြီးတယ်။ အချိန်ကုန်မယ်။ ကားကို အသစ်၊အကောင်းစားကား ဝယ်လိုက်ရင် အကြွေးနဲ့ဆို တလ ဒေါ်လာ ၆၀၀ ပဲပေးရတယ် ဆိုပြီး ဝယ်ပြစ်လိုက်တယ်။ ကားဟောင်း တိုယိုတာ ဝယ်ဖို့ ၅၀၀၀ မတတ်နိုင်တော့ အသစ်ကို ဒေါ်လာ ၆၀၀ပဲပေးပြီးဝယ်လိုက်တယ်။ လူ့အခွင့်အရေးဆိုတာ ဒါပဲကွ .. ကားအသစ်အနံ့တောင် မပျောက်ဘူး .. ပျော်ရွှင်စွာနဲ့ပေါ့။ နောက်တော့ လစဉ်ပေးရတာနဲ့ ကားမောင်းပြီး ဒဏ်ကြေးတွေ၊ ကားပြင်တာတွေ၊ ဓါတ်ဆီဖိုးတွေနဲ့ မထိန်းနိုင်ပဲ အရှိန်ကလွန်နေပြီး၊ အမေရိကန်က Vacation, Outing တွေက တယ်များတာပဲ။ အလုပ်ချိန်က တနေ့ ၈နာရီလောက်ပဲလုပ်ရတော့ ညပိုင်းဆို အားနေကြတယ်။ အားတော့ ဘာလုပ်သလဲဆိုရင် တီဗွီကြည့်တယ်။ အင်တာနက် အွန်လိုင်နဲ့ ဈေးဝယ်တယ်။ ရှော့ပင်စင်တာကြီးတွေကို သွားဝယ်ကြတယ်။ ဝယ်ရမယ်ဆိုရင် လူတိုင်းအကြိုက်ပေါ့။ ပြီးတော့ ကိုယ့်မိသားစုနဲ့အတူ Vacation ထွက်ကြတော့တယ်။ အမေရိကားက ကြီးလွန်းတော့ ပြည်တွင်းမှာပဲ ကားမောင်းသွားရင်သွား၊ လေယာဉ်နဲ့သွားရင်လဲ အရှေ့ဖျား - အနောက်ဖျား လေယာဉ် ၈နာရီလောက်စီးရင်လဲ ဒေါ်လာ၁၀၀လောက်ပဲပေးရတယ်။ ဘတ်စကား၊ ရထားစီးရင် ပိုတောင်ဈေးကြီးတော့ ကားငှားပြီးမိသားစုခရီးထွက်ကြတယ်။ ဘယ်လောက်ပဲ ချွေတာသုံးစွဲပါစေ ခရီးထွက်ပြီဆိုရင် ငွေကုန်ပြီပေါ့၊ ခရီးကလည်း မထွက်လို့မဖြစ်ဘူး ..အားလုံးက Vacation ထွက်နေကျဆိုတော့ ခရီးမထွက်တဲ့လူ မျက်နှာငယ်ရတာပေါ့။ ပြီးတော့ အပြင်ထွက် စားသောက်ရင်လဲ တခါစား အနည်းဆုံ ၁၅ ဒေါ်လာ အထက်ရှိတယ်။ အမေရိကန်စစ္စတမ် အတိုင်း ကိုယ်စားတာကိုယ်ပေးရပေမဲ့ အပြင်မှာများများစားရင် များများငွေကုန်တာပဲ။ ချက်စားနိုင်ရင်တော့ သက်သာ၊ကောင်းကောင်းစားရပေမဲ့လဲ တလကို ၅ခါလောက်တော့ မိသားစု ထွက်စားရတာပဲ။ တခါစားရင် ၅၀ ၊ ၁၀၀ ကျော်ကုန်ပေမဲ့ လစာနဲ့ယှဉ်ရင် မထောင်းတာလှပါဘူး။
၃။ အခြားစရိတ်များ တယ်လီဖုန်း၊ အင်တာနက်၊ အဝတ်အစား၊အသုံးအဆောင်
တယ်လီဖုန်းစရိတ်ကတော့ မြန်မာများအတွက် သာမက၊ အားလုံးအတွက် တော်တော်ကုန်ကျတယ်။ တလကို ရာနဲ့ချီကုန်တတ်တယ်။ အင်တာနက်ဖုန်းတွေဆိုရင် iPhone, Black Barry စသဖြင့် တော်တော်ကုန်ကျပေမဲ့ အမေရိကားမှာ လူတိုင်း အွန်လိုင်းနဲ့ ဆိုတော့၊ ကုန်ရမှာပေါ့။ တခြားအသုံးအဆောင်တွေကတော့ နေထိုင်၊အိမ်စရိတ်နဲ့စာရင် မဆိုစလောက်ပေမဲ့ .. ဒါတွေထက်ပိုကြောက်စရာကောင်းတဲ့ အသုံးစရိတ်ရှိသေးတယ်။
၄။ အပျော်အပါး၊ လောင်းကစား
အထူးသဖြင့် လူငယ်များနဲ့ လူကြီးယောင်္ကျားများအတွက် အကြီးမားဆုံးရန်သူကြီးပါပဲ။ အမေရိကားမှာ GPS ဆိုတဲ့ ခေတ်သစ်သံလိုက်အိမ်မြောင် နဲ့ ကားတစင်းရှိရင် ဘယ်နေရာမဆို အလွယ်တကူသွားနိုင်တယ်။ အဲဒီမှာ Carsino, Night Club ဆိုပြီးနှိပ်လိုက်ရင် ပေါမှပေါပဲ။ တမိုင်ပတ်ဝန်းကျင်မှာဆို အများကြီးရှိတယ်။ GPS မှာ မြေပုံ၊ တယ်လီဖုန်းနံပါတ် တွေပေါ်လာတယ်။ သဘောကတော့ ပျော်စရာ ငွေဖြုန်းစရာတွေဆို အများကြီးပဲ။ အရက်သောက်၊ ဘားကလပ်၊ အက Dancing .. ညပိုင်းဆိုရင် ဒါတွေပဲ။
ဆန်ဖရန်စစ္စကိုလိုနေရာမျိုးဆိုရင် အခြောက်ကပွဲရုံ၊ ယောင်္ကျားရှာကလပ်၊ အနှိပ်ခန်း၊ ကားစီနိုတွေ ပေါမှပေါ .. နောက်ဆုံးတော့ လူတွေကို အခမဲ့အလကားပေးတဲ့ ခရက်ဒစ်ကပ်ဆိုတဲ့ ကပ်ပြားလေးတွေကို လှိုင်လှိုင်သုံရင်းနဲ့ အကြွေးရရင် ဆင်တောင်ဝယ်တယ်ဆိုတဲ့အတိုင်း ငွေတွေသုံးရင်း၊ အလုပ်ကပြုတ်၊ အကြွေးတွေကများ ... ဆေးရုံတွေကလည်း အလကားလုပ်ပေးတယ်ဆိုပြီး တကယ်တော့ အလကားမရပဲ ခရက်တစ်ကပ်ကနေ ပိုက်ဆံတွေတောင်းလာတယ်။ ပေးနိုင်တုံးကတော့ ပေးနေပြီး ခရက်တစ်ကပ်ကုမ္မဏီတွေရဲ့ ငွေချေးပြီး၊ အတိုးအရမ်းအမြက်စားတဲ့ဒဏ်ကို နောက်ဆုံးကိုယ့်လစာနဲ့ အမှီမပေးနိုင်တဲ့အချိန်မှာ ဒေဝါလီလူမွဲဖြစ်ပြီး ..အိမ်ကိုအသိမ်းခံရမယ်ဖြစ်လာတယ်။ ယေင်္ကျားဆိုးပေမဲ့ ဇနီးသည်ဝင်ငွေကောင်းရင်တော့ အဖြစ်မဆိုးပေမဲ့၊ ဇနီးသည်က ဝင်ငွေမရှိရင်တော့ မလွယ်ပါဘူး။
အမေရိကားအစိုးရအကြွေးတင်သလို နိုင်ငံသားများလည်း အကြွေးတင်သွားရခြင်းကတော့ အမေရိကားရောက်တဲ့ မြန်မာများလည်း ပါဝင်နေကြပါပြီ။ ရီဘာပလက်ကင်ပါတီ ထောက်ခံတဲ့ ခရစ်ယန်မိရိုးဖလာများဖြစ်ပါတယ်။ အဲဒီဒေသတွေကိ ဘာသာရေးကိုင်းရှိုင်းကြတော့ စီးပွားရေးလောဘသိပ်မကြီးကြဘူ။ အိမ်ဈေးတွေလည်း သိပ်မကြီး .. လူတွေလဲ အလုပ်ကိုယ်စီရှိကြတယ်။ လစာတွေကလည်း သိပ်မကွာကြဘူး။ အထူးသဖြင့် ပျော်ပါးစရာတွေ သိပ်မပေါပဲ .. ရှော့ပင်စင်တာကြီးတွေလည်း ခပ်ဝေးဝေး၊ ကာစီနို၊ နိုက်ကလပ်တွေလည်း အများကြီးမရှိတော့ လူငယ်တွေလည်း သိပ်ကြီးမပျက်စီးကြသေးပါဘူး။ အဲဒီ အလယ်ပိုင် ပြည်နယ်တွေမှာတော့ ဝက်သတ်စက်ရုံ၊ အမဲသတ်စက်ရုံ၊ ကြက်၊ငါးစက်ရုံ Low Technology Factory ပေမဲ့ မတိမ်ကောတဲ့အလုပ်ဆိုတော့ အလုပ်ပြုတ်မှာမပူပင်ရပါဘူး။ ပြီးတော့ အိမ်ဈေးချိုတော့ ၂နှစ်လောက် ငွေစုလိုက်ရင် အိမ်ဝယ်နိုင်ကြပါတယ်။ ဒါကြောင့် ကာလီဖိုးနီးယာ။၊ နယူးယောက်က မြန်မာများလည်း အဲဒီပြည်နယ်ဘက်ကို ပြောင်းရွှေ့လာကြတာ အများကြီးတွေ့ရပါတယ်။
စီးပွားရေးအကြပ်တည်းက လွတ်မြောက်ရေး
အမေရိကန်တွေ ငွေပြန်စုနိုင်ရင် စီးပွားရေးနလံထူလာပါမယ်။ ငွေစုဆောင်းခြင်းလုပ်ငန်းကို အားပေးလာတဲ့ အမေရိကန်အစိုးရလုပ်ရက်တွေကို လိုက်နာရင်း..မိမိကိုယ်တိုင်က လိုအပ်တာနဲ့ လိုချင်တာ ခွဲခြားပြီး၊ စီးပွားရေးအကြပ်အတည်းက မြန်မြန်ထွက်နိုင်ဖို့ မျှော်လင့်ပါတယ်။ တကယ်ဖတ်သင့်ပြီး လက်တွေ့ကျင့်သင့်တာကတော့ဖေမြင့်ဘာသာပြန်တဲ့ ဘေဘီလုံမှအချမ်းသာဆုံးပုဂ္ဂိုလ် စာအုပ်ပါပဲ။
.
.
.
၂၀၁၇ မြန်မာနိုင်ငံဆင်းရဲမွဲတေမှု
မြန်မာနိုင်ငံ ၂၀၁၁ မှာ သမတဦးသိန်းစိန် ခေါင်းဆောင်ပြိး ပြုပြင်ပြောင်းလဲမှုများ လုပ်ခဲ့ပါတယ်။ ချမ်းသာသူများ အလွန်ချမ်းသာသွားကြပေမဲ့၊ အခြေခံလူတန်းစားများ အရမ်းခက်ခဲသွားပါတယ်။ ပညာတတ် နဲ့ အလုပ်ကြိုးစားသူများအတွက် အခွင့်အလမ်းတွေ ပွင့်သွားပါတယ်။ ဈေးကွက်စိးပွားရေး စနစ်သစ်ကို အကောင်ထည်ဖော်တဲ့အချိန် မသိနားမလည်တဲ့ ပြည်သူလူထု၊ တောင်သူလယ်သမားများ ပိုမိုခက်ခဲလာတာကို တွေ့ရပါတယ်။ ဝိသမ စိးပွားရေးသမားများက ကြီးစိုးလာတော့ တောင်သူလယ်သမားများ၊ အခြေခံလူတန်းစားများ အကြွေးတင်၊ လယ်ဆုံး၊ အိမ်ခြံမြေဈေးကြီးလာတော့ ရောင်းစား၊ ငွေလက်ထဲရှိလာတော့ သုံးစွဲမှုများဟာ ဖြုန်းသလို ဖြစ်သွားပြီး၊ ဆင်းရဲသားများ၊ လူလတ်တန်စားများ ပိုမိုဆင်းရဲသွားပါတယ်
.
အမေရိကားမျာ မြန်မာတွေ ကြုံတွေ့ရတဲ့
၁။ အိမ်အကြွေး (သို့မဟုတ်) အိမ်လခ ပေးရခြင်း
၂။ ကားအကြွေး နဲ့ Vacation, Outing ..
၃။ အခြားစရိတ်များ တယ်လီဖုန်း၊ အင်တာနက်၊ အဝတ်အစား၊အသုံးအဆောင်
၄။ အပျော်အပါး၊ လောင်းကစား
အထက်ပါ ၄ချက်မှာ မြန်မာတွေက နံပါတ်(၂) ကားအကြွေးဝယ်စိးသူ ရှားပါတယ်။ မော်တော်ဆိုင်ကယ်ဝယ်စီးကြပါတယ်။ ရန်ကုန်နေထိုင်သူများကတော့ ဘတ်စကားခ၊ တက္ကစီခ တွေ ကုန်ပါတယ်။ အကုန်ကျဆုံးကတော့ အစားစရိတ်က ဖြစ်ပါတယ်။ အပြင်မှာ ဝယ်မစားနိုင်ပါဘူး။ အိမ်မှာပဲ ချက်ပြုတ်စားကြပါတယ်။ ခက်တာက အပြင်အစားအစာများ အာသာပြေအောင် ဝယ်စားတဲ့အတွက် ဝင်ငွေရဲ့ ၇၅% လောက်က အစားအသောက်ကုန်ကျစရိတ် ဖြစ်နေတဲ့ မြန်မာနိုင်ငံသား အများစုပါ။
.
မြန်မာနိုင်ငံသားများ စီးပွားရေးအခက်ခဲက လွတ်မြောက်ဖို့ နိုင်ငံတော်အစိုးရက စီးပွားရေးမဟာဗြူဟာ၊ နည်းဗြူဟာများနဲ့ ကြိုးစားနေပေမဲ့ အချိန်နှေးမယ်ဖြစ်ပါတယ်။ ကြီးပွားတိုးတက်လိုသူများအတွက်က ..
၁။ နိုင်ငံခြားသွားအလုပ်လုပ်နိုင်ရင် ချက်ချင်းလွတ်မြောက်နိုင်ပါတယ်။ မိမိမှာ အဆက်သွယ်၊ အရည်အချင်း နဲ့ ငွေကြေးရင်းနှီးရပါမယ်။
၂။ မြန်မာပြည်တွင်းက နိုင်ငံခြားကုမဏီမှာ အလုပ်ရရင်လဲ လစာကောင်းပါတယ်။
၃။ ကိုယ်ပိုင်စီးပွားရေး လုပ်နိုင်ရင် အကောင်းဆုံးဖြစ်ပေမဲ့၊ အပြောလွယ်သလောက်၊ တကယ်လုပ်ကြည့်တော့ မလွယ်လှပါဘူး။ ဒါကြောင့် ကိုယ်ပိုင်လုပ်ငန်း မလုပ်ခင် အစိုးရလခစား၊ ကုမဏီလခစား လုပ်ပြီး တတ်နိုင်သမျှ လုပ်ငန်းခွင့်အတွင်း၊ အပြင် ပညာဆည်းပူးနေဖို့၊ အလုပ်ကြိုးစားဖို့ပါပဲ။
.
ဇာနီကြီး
၂၃.ဇွန်.၂၀၁၇
ယခု သမၼတအိုဘားမား၏ ျပဳျပင္ေျပာင္းလဲေရးျဖင့္ အေမရိကန္စီးပြားေရးက ဥေရာပႏိုင္ငံမ်ားထက္ ပိုမိုေကာင္းမြန္လာပါတယ္။ ဥေရာပႏိုင္ငံမ်ားသည္ အီးယူ EU ဥေရာပအဖြဲ႔အစည္းျဖင့္ စုေပါင္းကာ အေမရိကန္ႏွင့္တရုပ္တို႔ကို ကာကြယ္ရန္ၾကိဳးစားေပမဲ့လည္း၊ ငါဝါဒ၊ ကိုယ့္ႏိုင္ငံဝါဒေၾကာင့္ အီးယူစီးပြားက်ဆင္းရပါတယ္။ အဂၤလန္လည္း အီးယူက ထြက္သြားျပီး၊ သေဘၤာသေဌးႏိုင္ငံျဖစ္ေသာ ဂရိႏိုင္ငံသည္ ေဒဝါလီခံရတယ္။ ေပ်ာ္ပါးစီးပြားႏိုင္ငံျဖစ္ေသာ ျပင္သစ္ႏိုင္ငံလည္း စီးပြားမေကာင္းပါ။ ဂ်ာမဏီတစ္ခုသာ စီးပြားေတာင့္တင္းေသာ္လည္း စုေပါင္းလုပ္ေဆာင္ဖို႔၊ ၂၀၁၇ အီးယူ ၂၈ႏိုင္ငံမွာ ပိုျပီးခက္ခဲေနၾကပါတယ္။
အေမရိကန္ကေတာ့ အံ့ၾသဘြယ္သယံဇာတမ်ားစြာကို အစိုးရက စနစ္ေကာင္း၊ လူေတာ္လူေကာင္းမ်ားေၾကာင့္ ကမၻာ့အခ်မ္းသာဆံုး၊ ကမၻာ့စစ္အင္အားအေတာင့္တင္းဆံုး အျဖစ္၊ ဆက္လက္တည္ရွိေနဆဲျဖစ္ပါတယ္။ အေမရိကန္သမိုင္းမွာ အဆိုးဝါးဆံုး စေတာ့အိတ္ခ်ိန္းေစ်းကြက္ ပ်က္သြားေသာ Great Depression ၁၉၃၀ အခ်ိန္က လူမ်ားအလုပ္လက္မဲ့ျဖစ္ျပီး၊ ေက်ာင္းပညာပဲတက္၊ စားေသာက္၊ေအးေအးေဆးေဆး ေနခဲ့ၾကသည္။ ေအးေအးေဆးေဆး ေနရေအာင္လည္း အေမရိကန္အစိုးရႏွင့္သူေဌးၾကီးတခ်ိဳ႕က ျပည္တြင္းဖူလႈံမႈ၊ လယ္ယာ၊အလုပ္ရံုဘံုစခန္းမ်ားစြာ ဖန္တီးေပးႏိုင္ပါတယ္။ ျပည္သူလူထု ငတ္ျပတ္မသြားႏိုင္ေအာင္ သယံဇာတႏွင့္ျပည္သူနိတိ Moral Ethnic အေျခခံရွိပါတယ္။ တနည္းအားျဖင့္ အေမရိကန္စစၥတမ္ ဆိုေသာ ျမင့္ျမတ္သည့္စိတ္ထားကို ပညာတတ္အသိုင္းဝိုင္းတြင္ အေသရိုက္ထည့္ထားျပီးျဖစ္သည္။ ေငြစကၠဴတြင္ In God We Trust ဟု ဘုရားသခင္ကို အားကိုးသည့္ စိတ္ဓါတ္မ်ားျဖင့္ အေမရိကန္ဒီမိုကေရစီစနစ္ကို စတင္ခဲ့ပါတယ္။ အခုအခါမွာ အေမရိကန္လည္း တရုပ္ျပည္၏ တိုးတက္၊လႊမ္းမိုးမႈ အရိပ္ေအာက္ကို က်ေရာက္မသြားဖို႕ ၾကိဳးစားလုပ္ေဆာင္ေနရပါတယ္။
အေမရိကန္သမိုင္း၏ စီးပြားေရးကပ္ ၂၀၀၈မွာ တဖန္ျဖစ္ခဲ့ပါတယ္။ ဘဏ္မ်ားစြာ ျပိဳလဲျပီး၊ အိမ္ေျမေစ်းကြက္ပ်က္စီးသြားခ်ိန္ျပန္ပါတယ္။ အေမရိကန္မွာ ဗီယက္နမ္မ်ားစြာ ၁၉၇၅ စစ္ဒုကၡသည္အျဖစ္ အေျခခ်ခဲ့ၾကျပီး လူဦးေရ၂သန္းခန္႔အထိျဖစ္လာခဲ့ပါတယ္။ သူတို႔ၾကိဳးစားမႈေၾကာင့္ ဗီယက္နမ္-အေမရိကန္မ်ားစြာ ၾကီးပြားတိုးတက္လာခဲ့ၾကပါတယ္။ ျမန္မာမ်ားစြာလည္း ၂၀၀၇ စစ္အာဏာရွင္ဒုကၡသည္မ်ားအျဖစ္ အေမရိကန္ကန္သို႔ အေျခခ်ခြင့္ရရွိခဲ့ပါတယ္။ ပထမမ်ိဳးဆက္က ပညာမတတ္ေတာ့ အလုပ္ၾကမ္းေတြ႔ဲလုပ္ၾကရပါတယ္။ နာက္မ်ိဳးဆက္သစ္ တစ္ခုမွာ သားသမီးေတြ ပညာတတ္၊လူလတ္တန္းစားမ်ားအျဖစ္ တိုးတက္လာၾကပါတယ္။ ေရာက္ကာစမွာ အမ်ားစုမွာ စီးပြားေရးၾကပ္တည္းမႈကို ခံေနရဦးမည္ျဖစ္ေပမဲ့ မိမိ မိသားစု လြတ္ေျမာက္ရန္ အေပ်ာ္အပါးေရွာင္ရွားျပီး အလုပ္ၾကိဳးစား၊ ေခြ်တာစုေဆာင္းရပါတယ္။
၂၀၀၈ အေမရိကန္ႏိုင္ငံသားမ်ား စီးပြားေရးအၾကပ္တည္းခံေနရျခင္း
အေမရိကန္က အၾကီးက်ယ္ဆံုးဆိုတဲ့ နံပါတ္၁ City Group Bank တံုလႈပ္မႈေတြနဲ႔အတူ ႏွစ္ေပါင္း ၄၀ေလာက္အေၾကြးတင္ေနတဲ့ US$ 7 Trillions (ေဒၚလာသန္းေပါင္း ၇၀၀၀၀၀၀၀ ေက်ာ္) ကေန 11 Trillions ကိုရုတ္ခ်ည္းတက္သြားပါတယ္။
ေဘဘီလံုမွ ဆိုတဲ့ ေဖျမင့္ဘာသာျပန္တဲ့ စာအုပ္ကေတာ့ ေငြစုဖို႔ အားေပးပါတယ္။ အေမရိကန္ကေတာ့ အစိုးရက ေငြစုပါလို႔ ေအာ္ေနေပမဲ့လည္း သူကိုယ္တိုင္က ေငြကို အရမ္းသံုးျပတယ္။ အထူးသျဖင့္ေတာ့ ႏိုင္ငံေရးၾသဇာ၊ ဒီမိုကေရစီ ဘာညာေအာ္ျပီး စစ္အင္အားေတြမွာ အထူးသံုးစြဲျပတယ္။ ျပည္တြင္းမွာလည္း လူ႔အခြင့္အေရးဆိုျပီး ေရွ႔ေနနဲ႔ဆရာ၀န္ဆိုင္ရာ လုပ္ငန္းေတြမွာ ေငြအရမ္းသံုးျပီး မလိုတဲ့အလုပ္ေတြ အေသးစိတ္ေရွာက္လုပ္ျပေတာ့ ျပည္သူျပည္သားေတြလည္း ဖခင္အစိုးရလုပ္တဲ့အတိုင္းလိုက္လုပ္လိုက္ၾကတာ ၂၀၀၈မွာ အစိုးရကိုယ္တိုင္ ကယ္ပါဗ်ိဳ႔လို႔ ေအာ္ရေတာ့တယ္။ ဟို လြန္ခဲ့တဲ့ အႏွစ္၂၀ တံုးက ရုရွားႏိုင္ငံၾကီး စီးပြားေရးဒဏ္ေၾကာင့္ယညူကလီယာေတြစြန္႔ျပီး၊ ႏိုင္ငံငယ္မ်ားစြာ ကြဲထြက္သြားရတာ အမွတ္ရမိပါေသးတယ္။ အခုအေမရိကားကေတာ့ စီးပြားေရးအၾကပ္အတည္းေတြၾကံဳေတာ့ ေနာက္ဆံုး လူျဖဴေတြမႏွစ္သက္လွေပမဲ့လည္း မတတ္သာပဲ လူမည္းသမၼတ အိုဘားမား အႏိုင္ရရွိျပီး ေဂ်ာ့ဘြတ္ခ်္ခမ်ာ မွားသြားပါတယ္ ေတာင္းပန္ရင္း အေမရိကားသစ္ကို ၂၀၀၉မွာ ၾကည့္ရပါဦးမယ္။ ဘာေၾကာင့္ အေမရိကန္ေတြ မြဲသြားပါသလဲဆိုတာကို အၾကမ္းဖ်ဥ္း လူပိန္းတေယာက္အျမင္နဲ႔ တင္ျပခ်င္ပါတယ္။
၁။ စစ္အင္အားအတြက္ အသံုးလြန္လြန္းျခင္း
၂။ လူအခြင့္အေရးကို အရမ္းမ်ားတဲ့အတြက္ ယိုေပါက္ေတကြ ို ပိတ္မရျဖစ္ေနျခင္း
၃။ လူမ်ားကလည္း ထည္ထည္၀ါ၀ါေနလိုျခင္းေၾကာင့္ ကားၾကီးၾကီး၊အိမ္ၾကီးၾကီး၊တီဗြီၾကီးၾကီးအေၾကြး၀ယ္ေနၾကျခင္း။
ဒီအခ်က္၃ခ်က္ကို ေရးသားပါမယ္။
ပထမ အခ်က္၂ခ်က္ကေတာ့ ေငြစု၊စီးပြားေရးလုပ္ကိုင္ျခင္းနဲ႔ မဆိုင္တဲ့ အစိုးရပိုင္း၊ အဖြဲ႔အစည္းဆိုင္ရာ ျဖစ္တဲ့အတြက္ မထည့္ေတာ့ပါဘူး။ နံပါတ္(၃) ကိုပဲ ေရးပါမယ္။ အထူးသျဖင့္ ျမန္မာမ်ား ျဖစ္ပ်က္ေနပံုကို အၾကမ္းဖ်င္းေဖၚျပမွာျဖစ္တဲ့အတြက္ တခ်ိဳ႔လည္း တိုက္ဆိုင္သည္ရွိခဲ့ေသာ္ ထိုသူမ်ားကိုသာ ရည္ရြယ္ပါေၾကာင္း ၾကိဳတင္ေတာင္းပန္အပ္ပါတယ္။
၃။ လူမ်ားကလည္း မေယာင္ရာဆီလူးအလုပ္မ်ား၊ ကားၾကီးၾကီး၊အိမ္ၾကီးၾကီး၊တီဗြီၾကီးၾကီးနဲ႔ ထည္ထည္၀ါ၀ါေနလိုျခင္း ..
အေမရိကားေရာက္ျမန္မာမ်ား စိတ္ေနသေဘာထား
ကမၻာ့အင္အားအၾကီးဆံုးႏိုင္ငံကို ေရာက္လာတယ္ဆိုေတာ့ အလည္အပတ္ေရာက္တာေတာင္ ေရာက္ဖူးတယ္ဘ၀ျမင့္သြားေသးတာပဲ။ တကယ္ေရာက္ျပီး တကယ္ Green Card, Citizen ျဖစ္သြားျပီဆိုရင္ေတာ့ ေျပာမေနပါနဲ႔။ အရမ္းဘ၀ျမင့္စရာၾကီးပါပဲ။ ေရာက္ဖူးသူေတြလဲ အေမရိကား Green Card ဘယ္လိုရေအာင္ယူရင္ေကာင္းမလဲ စဥ္းစားမိၾကမွာပဲ။ ရဖိုကလည္း ပညာတတ္ အျပစ္မက်ဴးလြန္သူဆိုရင္ သိပ္ၾကီးမခက္ခဲပါဘူး။ အေမရိကားေရာက္ျပီး ၅ႏွစ္၊ ၁၀ႏွစ္ ၾကာတဲ့အခါ စုေဆာင္းေငြနဲ႕ အိမ္ပိုင္ဆိုင္ႏိုင္ဖို႕လဲ သိပ္မခက္ခဲပါဘူး အထူးသျဖင့္ ကာလီဖိုးနီးယား (အေနာက္ဖက္ကမ္းေျခ) နဲ႔ နယူးေယာက္၊၀ါရွင္တန္ (အေရွ႔ပိုင္းကမ္းေျခ) မ်ားမွာ ျမိဳ႕ၾကီးျပၾကီးျဖစ္လို႕ အေျခခ်စရာေကာင္းပါတယ္၊ ဒါေပမဲ့ ျမန္မာမ်ား အိမ္ပိုင္ဆိုင္ဖို႕ ေတာ္ေတာ္ခက္တယ္၊ လူေနမႈစရိတ္နဲ႕ အိမ္ေစ်းေတြၾကီးတာကိုး။ အလယ္ပိုင္း Texas တ၀ုိက္ျပည္နယ္မ်ားကေတာ့ လူေနမႈစရိတ္ သိပ္မၾကီး၊ အိမ္ေစ်းလဲမၾကီးေတာ့ စုေဆာင္းမိတယ္၊ အိမ္ပိုင္ၾကတယ္။ အလယ္ပိုင္းေဒသကေတာ့ စီးပြားေရးကပ္ျဖစ္လာလည္း သိပ္မခံရပါဘူး။ အိမ္ေစ်းက တအိမ္ကို ၅ေသာင္းကေန တသိန္းေက်ာ္ေလာက္ပဲရွိတယ္။ ကာလီဖိုးနီးယားမွာ ၃သိန္းကေန ၇သိန္းအထိေစ်းရွိတယ္။ နယူးေယာက္မွာေတာ့ ၂သိန္းေက်ာ္ရွိတယ္။ ဘာပဲျဖစ္ျဖစ္ အေမရိကား ဘယ္ျပည္နယ္ေရာက္ေရာက္ပါေစ အလုပ္လုပ္ခက တနာရီကို ေဒၚလာ ၁၀ ပတ္ပန္းက်င္ေလာက္ရၾကေတာ့ တလဆိုရင္ ေဒၚလာ ၁၅၀၀ နဲ႔ ၂၅၀၀ ၾကားမွာ လူတိုင္းရၾကပါတယ္။
ဒါေပမဲ့ အမ်ားစုကေတာ့ မေလာက္ငွၾကပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ ျဖဳန္းတဲ့အလုပ္ကို အားေပးေနတဲ့ အစိုးရလုပ္ပံုေတြကို အတုယူျပီး အေၾကြးေပးတဲ့စနစ္နဲ႔ အေမရိကန္ေတြ တေယာက္နဲ႔တေယာက္ျပိဳင္ဆိုင္ေနၾကတာေၾကာင့္ပါ။ ဘယ္လို ေငြေတြကုန္သြားပါသလဲ ဆိုတာေတာ့ ေတာ္ေတာ္စိတ္၀င္စားစရာေကာင္းပါတယ္။
၁။ အိမ္အေၾကြး (သို႔မဟုတ္) အိမ္လခ ေပးရျခင္း
အိမ္ေစ်းက ၾကီးေတာ့ အေမရိကားမွာ စားစရိတ္နဲ႔အစားအစာေပါေပမဲ့ ေနစရိတ္ကေတာ့ အေတာၾကီးလွပါတယ္။ အိမ္စရိတ္ကို တလ ေဒၚလာ ၂၀၀၀ ကေန ၃၀၀၀ ေက်ာ္ ေပးရေတာ့ေတာ္ရံုနဲ႔ မခံႏိုင္ပါဘူး။ လြန္ခဲ့တဲ့ ၅ႏွစ္ေလာက္က အလုပ္ရရင္ အိမ္၀ယ္လို႔ရတယ္။ တလကိုလစဥ္ ၁၅၀၀ေလာက္ ေပးရင္ ရတယ္ဆိုေတာ့ အိမ္ေထာင္လစာက တလကို ၅၀၀၀ေက်ာ္လို႔ အိမ္၀ယ္ျပီး၊ အိမ္မွာပဲ ေငြစုမယ္အၾကံနဲ႔ လက္ငင္းေပးေငြမရွိလဲ အိမ္ေကာက္၀ယ္ပစ္ၾကတယ္။ အိမ္ပိုင္တယ္ဆိုေတာ့ ပိုျပီး ဂုဏ္ရွိတာကိုး။ ဘဏ္ဆိုတဲ့ စီးပြားေရးသမားေတြကလည္း ေငြေခ်းစားတယ္။
ဘဏ္ရဲ့ အဓိကလုပ္စားတာကေတာ့ အတိုးယူတာပဲ။ အတိုးကို အမ်ားဆံုးယူမယ္။ အရင္းကို အနည္းဆံုး ဆပ္ခိုင္မယ္။ ႏွစ္ၾကာၾကာေခ်းစားမယ္ ..နဲ ေငြေခ်းစားတဲ့အလုပ္ပဲ။ ဘဏ္ထဲမွာ ေငြစုတာလည္း ေသခ်ာေပါက္ရံႈတယ္ဆိုတာ လူေတြနားမလည္ၾကဘူး။ ဘဏ္မွာ ေငြ၁၀၀ တႏွစ္စုရင္ အတိုးက ၁ရာႏံႈးပဲေပးတယ္။ ရတဲ့အတိုးအေပၚ အစိုးရက ၃၀ရာႏႈံးအခြန္ေကာက္ျပီး ေငြေဖါင္းပြႏႈံးက ၁၀ရာႏႈံးေလာက္ရွိေတာ့ ဒီႏွစ္ ေငြ၁၀၀က ထမင္း၁၀ခါ စားလို႔ရေပမဲ့၊ ေနာက္ႏွစ္ဆိုရင္ ၈ခါပဲ သြားစားလို႔ရသြားျပီ။ ဒီေတာ့ စီးပြားေရးသမားေတြက ဘဏ္မွာပိုက္ဆံမထားဘူး၊ Property ၀ယ္ထားတယ္ဆိုေတာ့ ဟုတ္တယ္ဆိုျပီး အိမ္ေတြ စေဘာ္မေပးရပဲ အေၾကြးနဲ႔ ၀ယ္ၾကတယ္။ ၂၀၀၈၊ ၂၀၀၉ မွာ အေမရိကန္မွာ အိမ္ေတြျပန္အပ္လိုက္ၾကတာ Morgage Industry ျပိဳလဲက်သြားေတာ့တာပဲ။ အေမရိကားေရာက္ ျမန္မာမ်ားစြာလဲ အိမ္ျပန္အပ္ရတဲ့ဘ၀ ေရာက္သြားရွာတယ္။ အိမ္မအပ္ပဲ လစဥ္ေပးေငြကမ်ားျပီး၊ လစာက နည္းလာေတာ့ အိမ္ကို လူငွားတင္ရေတာ့တယ္။ အိမ္ကို ၂ျခမ္းခြဲျပီး ငွားစား .. အခန္းေတြကို မိတ္ေဆြေတြနဲ႔ စုေပါင္းေနၾကရတယ္။ အိမ္ရွင္မွာအျမက္မရွိဘူး။ ကိုယ္အိမ္ေနတဲ့လူေတြ အလုပ္မျပဳတ္ပါေစနဲ႔ ဆုေတာင္းေနရတယ္။ အိမ္မငွားရေတာ့ဘူးဆိုရင္ အိမ္ရွင္က တလဆို၊တလ ေတာ္ေတာ္နစ္နာတာေပါ့။ စီးပြားေရးကပ္ဆိုတာ ဒါပါလား။ အားလံုး အကုန္ နစ္နာေနတယ္ ဆိုတဲ့အထဲ အလုပ္လုပ္သူ လူတန္းစားကေတာ့ အနားဆံုးပါပဲ။ ၂၀၀၉ ေနာက္ပိုင္း သမတအိုဘားမား လက္ထက္မွာ အိမ္ေစ်းေတြ ျပန္က်သြားျပိး၊ အလုပ္ကိုင္နဲ႕စီးပြားျပန္ေကာင္းလာပါတယ္။ ဒါေပမဲ့ အိမ္၀ယ္ဖို႕ ဆိုေတာေတာ့ အလုပ္အကိုင္ေသခ်ာမွပဲ ဘဏ္ကေငြေခ်းျပီးမွ ၀ယ္ရဲၾကပါေတာ့တယ္။ ဘဏ္ေတြကလည္း စီးပြားပ်က္ကာလလို အလြယ္တကူ ေငြမေခ်းေတာ့ပါဘူး။
၂။ ကားအေၾကြး နဲ႔ Vacation, Outing ..
ကားကိုလည္း အေမရိကားေရာက္သူမ်ား မ၀ယ္မေနရ ၀ယ္ရရွာပါတယ္။ ကားမ၀ယ္ပဲ Public Transportation ဆိုရင္ ေစ်းၾကီးတယ္။ အခ်ိန္ကုန္မယ္။ ကားကို အသစ္၊အေကာင္းစားကား ၀ယ္လိုက္ရင္ အေၾကြးနဲ႔ဆို တလ ေဒၚလာ ၆၀၀ ပဲေပးရတယ္ ဆိုျပီး ၀ယ္ျပစ္လိုက္တယ္။ ကားေဟာင္း တိုယိုတာ ၀ယ္ဖို႔ ၅၀၀၀ မတတ္ႏိုင္ေတာ့ အသစ္ကို ေဒၚလာ ၆၀၀ပဲေပးျပီး၀ယ္လုိက္တယ္။ လူ႔အခြင့္အေရးဆိုတာ ဒါပဲကြ .. ကားအသစ္အနံ႔ေတာင္ မေပ်ာက္ဘူး .. ေပ်ာ္ရႊင္စြာနဲ႔ေပါ့။ ေနာက္ေတာ့ လစဥ္ေပးရတာနဲ႔ ကားေမာင္းျပီး ဒဏ္ေၾကးေတြ၊ ကားျပင္တာေတြ၊ ဓါတ္ဆီဖိုးေတြနဲ႔ မထိန္းႏိုင္ပဲ အရွိန္ကလြန္ေနျပီး၊ အေမရိကန္က Vacation, Outing ေတြက တယ္မ်ားတာပဲ။ အလုပ္ခ်ိန္က တေန႔ ၈နာရီေလာက္ပဲလုပ္ရေတာ့ ညပိုင္းဆို အားေနၾကတယ္။ အားေတာ့ ဘာလုပ္သလဲဆိုရင္ တီဗြီၾကည့္တယ္။ အင္တာနက္ အြန္လိုင္နဲ႔ ေစ်း၀ယ္တယ္။ ေရွာ့ပင္စင္တာၾကီးေတြကို သြား၀ယ္ၾကတယ္။ ၀ယ္ရမယ္ဆိုရင္ လူတိုင္းအၾကိဳက္ေပါ့။ ျပီးေတာ့ ကုိယ့္မိသားစုနဲ႔အတူ Vacation ထြက္ၾကေတာ့တယ္။ အေမရိကားက ၾကီးလြန္းေတာ့ ျပည္တြင္းမွာပဲ ကားေမာင္းသြားရင္သြား၊ ေလယာဥ္နဲ႔သြားရင္လဲ အေရွ႔ဖ်ား - အေနာက္ဖ်ား ေလယာဥ္ ၈နာရီေလာက္စီးရင္လဲ ေဒၚလာ၁၀၀ေလာက္ပဲေပးရတယ္။ ဘတ္စကား၊ ရထားစီးရင္ ပိုေတာင္ေစ်းၾကီးေတာ့ ကားငွားျပီးမိသားစုခရီးထြက္ၾကတယ္။ ဘယ္ေလာက္ပဲ ေခြ်တာသံုးစြဲပါေစ ခရီးထြက္ျပီဆိုရင္ ေငြကုန္ျပီေပါ့၊ ခရီးကလည္း မထြက္လို႔မျဖစ္ဘူး ..အားလံုးက Vacation ထြက္ေနက်ဆိုေတာ့ ခရီးမထြက္တဲ့လူ မ်က္ႏွာငယ္ရတာေပါ့။ ျပီးေတာ့ အျပင္ထြက္ စားေသာက္ရင္လဲ တခါစား အနည္းဆံု ၁၅ ေဒၚလာ အထက္ရွိတယ္။ အေမရိကန္စစၥတမ္ အတိုင္း ကိုယ္စားတာကိုယ္ေပးရေပမဲ့ အျပင္မွာမ်ားမ်ားစားရင္ မ်ားမ်ားေငြကုန္တာပဲ။ ခ်က္စားႏိုင္ရင္ေတာ့ သက္သာ၊ေကာင္းေကာင္းစားရေပမဲ့လဲ တလကို ၅ခါေလာက္ေတာ့ မိသားစု ထြက္စားရတာပဲ။ တခါစားရင္ ၅၀ ၊ ၁၀၀ ေက်ာ္ကုန္ေပမဲ့ လစာနဲ႔ယွဥ္ရင္ မေထာင္းတာလွပါဘူး။
၃။ အျခားစရိတ္မ်ား တယ္လီဖုန္း၊ အင္တာနက္၊ အ၀တ္အစား၊အသံုးအေဆာင္
တယ္လီဖုန္းစရိတ္ကေတာ့ ျမန္မာမ်ားအတြက္ သာမက၊ အားလံုးအတြက္ ေတာ္ေတာ္ကုန္က်တယ္။ တလကို ရာနဲ႔ခ်ီကုန္တတ္တယ္။ အင္တာနက္ဖုန္းေတြဆိုရင္ iPhone, Black Barry စသျဖင့္ ေတာ္ေတာ္ကုန္က်ေပမဲ့ အေမရိကားမွာ လူတိုင္း အြန္လိုင္းနဲ႔ ဆိုေတာ့၊ ကုန္ရမွာေပါ့။ တျခားအသံုးအေဆာင္ေတြကေတာ့ ေနထိုင္၊အိမ္စရိတ္နဲ႔စာရင္ မဆိုစေလာက္ေပမဲ့ .. ဒါေတြထက္ပိုေၾကာက္စရာေကာင္းတဲ့ အသံုးစရိတ္ရွိေသးတယ္။
၄။ အေပ်ာ္အပါး၊ ေလာင္းကစား
အထူးသျဖင့္ လူငယ္မ်ားနဲ႔ လူၾကီးေယာကၤ်ားမ်ားအတြက္ အၾကီးမားဆံုးရန္သူၾကီးပါပဲ။ အေမရိကားမွာ GPS ဆိုတဲ့ ေခတ္သစ္သံလိုက္အိမ္ေျမာင္ နဲ႔ ကားတစင္းရွိရင္ ဘယ္ေနရာမဆို အလြယ္တကူသြားႏိုင္တယ္။ အဲဒီမွာ Carsino, Night Club ဆိုျပီးႏွိပ္လုိက္ရင္ ေပါမွေပါပဲ။ တမိုင္ပတ္၀န္းက်င္မွာဆို အမ်ားၾကီးရွိတယ္။ GPS မွာ ေျမပံု၊ တယ္လီဖုန္းနံပါတ္ ေတြေပၚလာတယ္။ သေဘာကေတာ့ ေပ်ာ္စရာ ေငြျဖဳန္းစရာေတြဆို အမ်ားၾကီးပဲ။ အရက္ေသာက္၊ ဘားကလပ္၊ အက Dancing .. ညပိုင္းဆိုရင္ ဒါေတြပဲ။
ဆန္ဖရန္စစၥကိုလိုေနရာမ်ိဳးဆိုရင္ အေျခာက္ကပြဲရံု၊ ေယာကၤ်ားရွာကလပ္၊ အႏွိပ္ခန္း၊ ကားစီနိဳေတြ ေပါမွေပါ .. ေနာက္ဆံုးေတာ့ လူေတြကို အခမဲ့အလကားေပးတဲ့ ခရက္ဒစ္ကပ္ဆိုတဲ့ ကပ္ျပားေလးေတြကို လိႈင္လိႈင္သံုရင္းနဲ႔ အေၾကြးရရင္ ဆင္ေတာင္၀ယ္တယ္ဆိုတဲ့အတုိင္း ေငြေတြသံုးရင္း၊ အလုပ္ကျပဳတ္၊ အေၾကြးေတြကမ်ား ... ေဆးရံုေတြကလည္း အလကားလုပ္ေပးတယ္ဆိုျပီး တကယ္ေတာ့ အလကားမရပဲ ခရက္တစ္ကပ္ကေန ပိုက္ဆံေတြေတာင္းလာတယ္။ ေပးႏိုင္တံုးကေတာ့ ေပးေနျပီး ခရက္တစ္ကပ္ကုမၼဏီေတြရဲ့ ေငြေခ်းျပီး၊ အတိုးအရမ္းအျမက္စားတဲ့ဒဏ္ကို ေနာက္ဆံုးကုိယ့္လစာနဲ့ အမွီမေပးႏိုင္တဲ့အခ်ိန္မွာ ေဒ၀ါလီလူမြဲျဖစ္ျပီး ..အိမ္ကိုအသိမ္းခံရမယ္ျဖစ္လာတယ္။ ေယကၤ်ားဆိုးေပမဲ့ ဇနီးသည္၀င္ေငြေကာင္းရင္ေတာ့ အျဖစ္မဆိုးေပမဲ့၊ ဇနီးသည္က ၀င္ေငြမရွိရင္ေတာ့ မလြယ္ပါဘူး။
အေမရိကားအစိုးရအေၾကြးတင္သလို ႏိုင္ငံသားမ်ားလည္း အေၾကြးတင္သြားရျခင္းကေတာ့ အေမရိကားေရာက္တဲ့ ျမန္မာမ်ားလည္း ပါ၀င္ေနၾကပါျပီ။ ရီဘာပလက္ကင္ပါတီ ေထာက္ခံတဲ့ ခရစ္ယန္မိရိုးဖလာမ်ားျဖစ္ပါတယ္။ အဲဒီေဒသေတြကိ ဘာသာေရးကိုင္းရိႈင္းၾကေတာ့ စီးပြားေရးေလာဘသိပ္မၾကီးၾကဘူ။ အိမ္ေစ်းေတြလည္း သိပ္မၾကီး .. လူေတြလဲ အလုပ္ကိုယ္စီရွိၾကတယ္။ လစာေတြကလည္း သိပ္မကြာၾကဘူး။ အထူးသျဖင့္ ေပ်ာ္ပါးစရာေတြ သိပ္မေပါပဲ .. ေရွာ့ပင္စင္တာၾကီးေတြလည္း ခပ္ေ၀းေ၀း၊ ကာစီႏို၊ ႏိုက္ကလပ္ေတြလည္း အမ်ားၾကီးမရွိေတာ့ လူငယ္ေတြလည္း သိပ္ၾကီးမပ်က္စီးၾကေသးပါဘူး။ အဲဒီ အလယ္ပိုင္ ျပည္နယ္ေတြမွာေတာ့ ၀က္သတ္စက္ရံု၊ အမဲသတ္စက္ရံု၊ ၾကက္၊ငါးစက္ရံု Low Technology Factory ေပမဲ့ မတိမ္ေကာတဲ့အလုပ္ဆိုေတာ့ အလုပ္ျပဳတ္မွာမပူပင္ရပါဘူး။ ျပီးေတာ့ အိမ္ေစ်းခ်ိဳေတာ့ ၂ႏွစ္ေလာက္ ေငြစုလိုက္ရင္ အိမ္၀ယ္ႏိုင္ၾကပါတယ္။ ဒါေၾကာင့္ ကာလီဖိုးနီးယာ။၊ နယူးေယာက္က ျမန္မာမ်ားလည္း အဲဒီျပည္နယ္ဘက္ကို ေျပာင္းေရႊ႔လာၾကတာ အမ်ားၾကီးေတြ႔ရပါတယ္။
စီးပြားေရးအၾကပ္တည္းက လြတ္ေျမာက္ေရး
အေမရိကန္ေတြ ေငြျပန္စုႏိုင္ရင္ စီးပြားေရးနလံထူလာပါမယ္။ ေငြစုေဆာင္းျခင္းလုပ္ငန္းကို အားေပးလာတဲ့ အေမရိကန္အစိုးရလုပ္ရက္ေတြကို လိုက္နာရင္း..မိမိကိုယ္တုိင္က လိုအပ္တာနဲ႔ လုိခ်င္တာ ခြဲျခားျပီး၊ စီးပြားေရးအၾကပ္အတည္းက ျမန္ျမန္ထြက္ႏိုင္ဖို႔ ေမွ်ာ္လင့္ပါတယ္။ တကယ္ဖတ္သင့္ျပီး လက္ေတြ႔က်င့္သင့္တာကေတာ့ေဖျမင့္ဘာသာျပန္တဲ့ ေဘဘီလံုမွအခ်မ္းသာဆံုးပုဂၢိဳလ္ စာအုပ္ပါပဲ။
.
.
.
၂၀၁၇ ျမန္မာႏိုင္ငံဆင္းရဲမြဲေတမႈ
ျမန္မာႏိုင္ငံ ၂၀၁၁ မွာ သမတဦးသိန္းစိန္ ေခါင္းေဆာင္ျပိး ျပဳျပင္ေျပာင္းလဲမႈမ်ား လုပ္ခဲ့ပါတယ္။ ခ်မ္းသာသူမ်ား အလြန္ခ်မ္းသာသြားၾကေပမဲ့၊ အေျခခံလူတန္းစားမ်ား အရမ္းခက္ခဲသြားပါတယ္။ ပညာတတ္ နဲ႕ အလုပ္ၾကိဳးစားသူမ်ားအတြက္ အခြင့္အလမ္းေတြ ပြင့္သြားပါတယ္။ ေစ်းကြက္စိးပြားေရး စနစ္သစ္ကို အေကာင္ထည္ေဖာ္တဲ့အခ်ိန္ မသိနားမလည္တဲ့ ျပည္သူလူထု၊ ေတာင္သူလယ္သမားမ်ား ပိုမိုခက္ခဲလာတာကို ေတြ႕ရပါတယ္။ ၀ိသမ စိးပြားေရးသမားမ်ားက ၾကီးစိုးလာေတာ့ ေတာင္သူလယ္သမားမ်ား၊ အေျခခံလူတန္းစားမ်ား အေၾကြးတင္၊ လယ္ဆံုး၊ အိမ္ျခံေျမေစ်းၾကီးလာေတာ့ ေရာင္းစား၊ ေငြလက္ထဲရွိလာေတာ့ သံုးစြဲမႈမ်ားဟာ ျဖဳန္းသလို ျဖစ္သြားျပီး၊ ဆင္းရဲသားမ်ား၊ လူလတ္တန္စားမ်ား ပိုမိုဆင္းရဲသြားပါတယ္
.
အေမရိကားမ်ာ ျမန္မာေတြ ၾကံဳေတြ႕ရတဲ့
၁။ အိမ္အေၾကြး (သို႔မဟုတ္) အိမ္လခ ေပးရျခင္း
၂။ ကားအေၾကြး နဲ႔ Vacation, Outing ..
၃။ အျခားစရိတ္မ်ား တယ္လီဖုန္း၊ အင္တာနက္၊ အ၀တ္အစား၊အသံုးအေဆာင္
၄။ အေပ်ာ္အပါး၊ ေလာင္းကစား
အထက္ပါ ၄ခ်က္မွာ ျမန္မာေတြက နံပါတ္(၂) ကားအေၾကြး၀ယ္စိးသူ ရွားပါတယ္။ ေမာ္ေတာ္ဆိုင္ကယ္၀ယ္စီးၾကပါတယ္။ ရန္ကုန္ေနထိုင္သူမ်ားကေတာ့ ဘတ္စကားခ၊ တကၠစီခ ေတြ ကုန္ပါတယ္။ အကုန္က်ဆံုးကေတာ့ အစားစရိတ္က ျဖစ္ပါတယ္။ အျပင္မွာ ၀ယ္မစားႏိုင္ပါဘူး။ အိမ္မွာပဲ ခ်က္ျပဳတ္စားၾကပါတယ္။ ခက္တာက အျပင္အစားအစာမ်ား အာသာေျပေအာင္ ၀ယ္စားတဲ့အတြက္ ၀င္ေငြရဲ့ ၇၅% ေလာက္က အစားအေသာက္ကုန္က်စရိတ္ ျဖစ္ေနတဲ့ ျမန္မာႏိုင္ငံသား အမ်ားစုပါ။
.
ျမန္မာႏိုင္ငံသားမ်ား စီးပြားေရးအခက္ခဲက လြတ္ေျမာက္ဖို႕ ႏိုင္ငံေတာ္အစိုးရက စီးပြားေရးမဟာျဗဴဟာ၊ နည္းျဗဴဟာမ်ားနဲ႕ ၾကိဳးစားေနေပမဲ့ အခ်ိန္ေႏွးမယ္ျဖစ္ပါတယ္။ ၾကီးပြားတိုးတက္လိုသူမ်ားအတြက္က ..
၁။ ႏိုင္ငံျခားသြားအလုပ္လုပ္ႏိုင္ရင္ ခ်က္ခ်င္းလြတ္ေျမာက္ႏိုင္ပါတယ္။ မိမိမွာ အဆက္သြယ္၊ အရည္အခ်င္း နဲ႕ ေငြေၾကးရင္းႏွီးရပါမယ္။
၂။ ျမန္မာျပည္တြင္းက ႏိုင္ငံျခားကုမဏီမွာ အလုပ္ရရင္လဲ လစာေကာင္းပါတယ္။
၃။ ကိုယ္ပိုင္စီးပြားေရး လုပ္ႏိုင္ရင္ အေကာင္းဆံုးျဖစ္ေပမဲ့၊ အေျပာလြယ္သေလာက္၊ တကယ္လုပ္ၾကည့္ေတာ့ မလြယ္လွပါဘူး။ ဒါေၾကာင့္ ကိုယ္ပိုင္လုပ္ငန္း မလုပ္ခင္ အစိုးရလခစား၊ ကုမဏီလခစား လုပ္ျပီး တတ္ႏုိင္သမွွ် လုပ္ငန္းခြင့္အတြင္း၊ အျပင္ ပညာဆည္းပူးေနဖို႕၊ အလုပ္ၾကိဳးစားဖို႕ပါပဲ။
.
ဇာနီၾကီး
၂၃.ဇြန္.၂၀၁၇