Wednesday, February 23, 2022

RFA ဦးခင်မောင်စိုး

 “သမိုင်းရေးတဲ့လူ၊ လူရေးတဲ့သမိုင်း”

RFA ဦးးခင်မောင်စိုး

"လူတယောက်ရဲ့ တန်ဖိုးဟာ သူဖြတ်သန်းကျော်လွှားနေတဲ့ ခေတ်ကြီးက သူ့ပုခုံးပေါ်တင်ပေးလိုက်တဲ့ သမိုင်းတာဝန်ကို သူဘယ်လောက်သယ်ပိုးထမ်းဆောင်ခဲ့တယ်ဆိုတဲ့ အချက်နဲ့  တိုင်းတာရမှာပဲ။"

(ဗန်းမော်တင်အောင်)

အာဏာရှင်ဆိုတာ ဘယ်လိုလူစားမျိုးလဲ။ ကမ္ဘာတခုလုံးက အာဏာရှင်တွေကိုကြည့်။ မိမိကတော့ ဒီမိုကရေစီမပေးချင်ဘူး။ မိမိသားသမီးတွေကိုကျတော့ ဒီမိုကရေစီအပြည့်အဝရတဲ့ နိုင်ငံတွေမှာ နေစေချင်တယ်။ မိမိကတော့ လွတ်လပ်ခွင့်မပေးချင်ဘူး။ မိမိ မိသားစုတွေ အမျိုးတွေကျတော့ လွတ်လပ်တဲ့နိုင်ငံတွေကို မရမက ပို့တယ်။ မိမိကတော့ တန်ဖိုးရှိတဲ့ပညာတွေကို ကိုယ့်တိုင်းပြည်က လူငယ်တွေသင်ခွင့်ရအောင် စီစဉ်မပေးဘူး။ မိမိ မြေးမြစ်တွေကိုတော့ နိုင်ငံခြားတက္ကသိုလ်တွေလွှတ်ပြီး ပညာအစစ်အမှန်တွေ သင်စေတယ်။ မိမိကတော့ ဖါးတတ်မှ လဘ်ငွေပေးမှ ကြီးပွားချမ်းသာတဲ့ စနစ်ကို ကျင့်သုံးတယ်။ မိမိသားသမီးတွေကိုကျတော့ ဘယ်သူ့မှ မဖါးပဲ ရှင်သန်ကြီးထွားခွင့်ရှိတဲ့ နိုင်ငံတွေမှာ နေစေချင်တယ်။  ပြည်သူတွေကျတော့ ခေတ်မီ ဆေးဝါးကုသခွင့်တွေ မရဘူး။ သူတို့ကတော့ မတရားရထားတဲ့ ငွေတွေနဲ့ နိုင်ငံခြားမှာ ဆေးသွားကုမယ်။ သူတို့သားသမီးတွေကျတော့ နောက်ဆုံးပေါ် ဆေးဝါးကရိယာ ပြည့်စုံတဲ့ နိုင်ငံတွေမှာ ထားတယ်။  သူတို့သားသမီးတွေက သုံးမကုန်စည်းစိမ်တွေနဲ့ နိုင်ငံတကာမှာ ပျော်ပါးနေချိန်မှာ သူတို့ကတော့ ဆင်းရဲတဲ့ မိန်းခလေးတချို့ကို ဖျားယောင်းပြီး သူတို့ကိုပြုစုခိုင်းမယ်။ အမြင်နည်းနည်းကျယ်တဲ့ ချောချောလှလှ မိန်းကလေးတချို့ကို ငွေပုံပေးပြီး အပျော်မယားထားမယ်။ ပြည်သူတွေကျတော့ ထမင်းဟင်းဝအောင်မစားရဘူး။ သူတို့ကျတော့ အကောင်းဆုံးစားသောက်ဆိုင်တွေကို လှည့်လည်စားသောက်တယ်။ နိုင်ငံခြားက အစားအစာကို သီးသန့်မှာပြီးစားမယ်။  ပြည်သူတွေက တရုတ်တို့ ထိုင်းတို့လို နိုင်ငံတွေကလာတဲ့ အပေါစားနိုင်လွန်အဝတ်အစားတွေကို ကြိုးစားပမ်းစား ဝယ်ဝတ်နေရချိန်မှာ သူတို့က အီတလီနဲ့ အမေရိက လာတဲ့ ချည်ထည်တွေ သိုးမွေးထည်တွေ ဝတ်လို့။ သာမာန်ပြည်သူတယောက်က ပြည်တွင်းဖြစ်မိတ်ကပ်၊ ပြည်တွင်းဖြစ် ဖိနပ်၊ ပြည်တွင်းဖြစ် လက်ပွေ့အိပ်တွေ ကိုင်ဆောင်သုံးစွဲနေရချိန်မှာ သူတို့ဇနီးတွေ သမီးတွေက အမေရိကမှာတောင် လူတထောင်တယောက် မသုံးနိုင်တဲ့ ဒေါ်လာထောင်ချီပေးရတဲ့ လက်ပွေ့အိပ်တွေကို မထပ်အောင်သုံးမယ်။  ပြည်သူတွေက ဂျပန်ကားအစုတ်လောက် စီးနိုင်ရင် သူဌေးလို့ ယူဆနေရချိန်မှာ သူတို့က ဂျာမဏီနဲ့ အမေရိကမှာ ထုတ်လုပ်တဲ့ ကားအသစ်တွေကိုစီးကြတယ်။ ပြည်သူတွေက ငွေတသိန်းလောက်ရဖို့ ခက်ခက်ခဲခဲ ရှာနေရချိန်မှာ သူတို့ကတော့ လိုင်စင်တခုအတွက် ဘာမှမလုပ်ပဲ ဒေါ်လာသန်းပေါင်း ထောင်နဲ့ချီ ရရှိနေခဲ့တယ်။ အဲဒီတော့ အဲဒီလိုဘဝမျိုးကို ပြည်သူတွေက ပြန်မသွားချင်ကြတော့တဲ့ အချိန်ကာလတခုမှာ သူတို့က အဲဒီဘဝကို ပြန်ရဖို့ တလောကလုံးကို မျက်နှာပြောင်တိုက်ပြီး ညစ်ပတ်တဲ့နည်းမျိုးစုံနဲ့ နင်မဟုတ်ရင် နင့်အဖေ နင့်အဖိုးပဲဆိုပြီး မရမက ကြိုးစားကြတာ ဘာဆန်းလို့လဲ။  

ကျနော့်ဖေ့စ်ဘွတ်မိတ်ဆွေတွေထဲမှာ ကျနော်နဲ့ အယူအဆ မတူသူတွေအများကြီးရှိတယ်။ အဲဒါကို ကျနော်ကလည်း သဘောကျပါတယ်။ မိမိနဲ့ သဘောမတူသူတွေထံက မိမိမသိသေးတာတွေ သိနိုင်တယ်။ ဆင်ခြင်နိုင်တယ်။ သူ့ကိုလည်း ထောက်ပြနိုင်တယ်။ သူ့ကြောင့် ကိုယ်အကျိုးရှိနိုင်သလို ကိုယ့်ကြောင့် သူလည်း အကျိုးရှိနိုင်တယ်။ ဒါဟာ ယဉ်ကျေးမှုတရပ်ပဲပေါ့။ 

ဒါပေမယ့် ကျနော် လူတချို့ကို ဒီရက်ပိုင်းမှာ ဖေ့စ်ဘွတ်မိတ်ဆွေစာရင်းက ထုတ်လိုက်တယ်။ ဘယ်လိုမှ လက်မခံနိုင်တော့လို့ပါ။  အဲဒီလူတွေထဲမှာ တယောက်က ခင်မင်တာ အနှစ် ၂ဝ လောက်ရှိပြီ။ ကျနော်လေးစားတဲ့ သူ တယောက်ကို သူ စော်ကားနေတာ ကြာပြီ။ တကယ်တော့ သူ့ရဲ့လေ့လာမှုအားက အရက်ဝိုင်းနဲ့ ဖဲဝိုင်းလောက်ကပဲ ရခဲ့တာ။ အရေးကြီးတဲ့ အစည်းအဝေးမျိုးကို ကာရာအိုကေနဲ့ လဲခဲ့သူ။ ၈၈ မှာလှုပ်ရှားမှုတချို့ရှိခဲ့တာနဲ့ပဲ ရဲရဲတောက်တော်လှန်ရေးသမားလို့ ကြွေးကြော်လို့။  ကျနော်နှစ်များစွာ သီးခံနေတယ်။ သူ့အယူအဆနဲ့ သူပေါ့လေ ဆိုပြီး။ ဒါပေမယ့် အခု သီးမခံနိုင်တော့ဘူး။ စိုတဲ့လက်ခြောက်ပစေတော့ဟေ့။ 

နောက်တယောက်ကတော့ အနှစ် ၃ဝ လောက်က သူူငယ်ချင်း။ သူက ဘာအလုပ်မှ မလုပ်ပဲ သူ့မိသားစုဝင် စစ်တပ်အရာရှိတဦး ရရှိထားတဲ့ စည်းစိမ်ကို ထိုင်သုံးပြီးလိုလေသေးမရှိ နေနိုင်တဲ့သူ။ ကျနော်နဲ့ အတော်ခင်မင်သူပါ။ ကျနော် မြန်မာပြည်သွားရင် သူ့အတွက် အတိုအထွာလေးတွေ ပါသွားတတ်သလို သူကလည်း လက်ဆောင်တွေ တကူးတက လာပေးလေ့ရှိတယ်။ ဒေါ်လာစား သစ္စာဖေါက်တွေလို့ သူ့ဖဘမှာ ဟိုတလောက သူရေးတယ်။ ကျနော် မသိသလိုနေလိုက်တယ်။ ဒါပေမယ့် ဆရာဝန်ဆိုတာ လူနာတွေကို ကုသပေးရမှာပေါ့ဆိုပြီး ကက်ကက်လန်ရေးတဲ့ သူ့စာတွေကို ဖတ်ရတဲ့အခါ ပါမောက္ခချုပ် ဒါက်တာ ဇော်ဝေစိုး ပြောတဲ့-

 “နိုင်ငံသားတယောက်ကို အချိန်မရွေး ကြက်ငှက်လို ဖမ်းဆီးပြီ ဥပဒေမဲ့တရားစွဲနိုင်တဲ့ နိုင်ငံမဖြစ်စေချင်ဘူး၊ လက်နက်ရှိသူ အနိုင်ရတဲ့နိုင်ငံမျိုးမှာ လူမဖြစ်ချင်ဘူး၊ မျိုးဆက်သစ်တွေကိုလည်း မထားခဲ့နိုင်ဘူး၊  အောက်တန်းကျနေတဲ့ မြန်မာ နိုင်ငံကို လွတ်လပ်မျှတပြီး မျိုးဆက်သစ်တွေအတွက် အာမခံချက်ရှိတဲ့ နိုင်ငံဖြစ်စေချင်တယ်။ တို့တိုင်းပြည်တို့လူမျိုးတွေ ကောင်းမွန်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ ဒီစနစ်ဆိုးကိုပြောင်းဖို့လိုတယ်၊ အဖေလို့ အဖိုးလို့ အခေါ်ခံထိုက်သူဖြစ်အောင် တာဝန်ကျေပွန်သူဖြစ်အောင် ကြိုးစားကြမယ်၊ ပုဂ္ဂလိက ဆေးရုံဆေးခန်းတွေမှာ လူနာတွေ အခမဲ့ ကုသခွင့်ရအောင် စီစဉ်ကြမယ်၊ CDM လုပ်ဖို့ဆုံးဖြတ်လိုက်ပြီ။” ဆိုတဲ့စကားတွေကို သတိရတယ်။

အဲဒီအခါ ဆရာဝန်တွေကို အပြစ်တင်တဲ့သူ့ကို ကိုယ်ပိုင်လွတ်လပ်ခွင့်လို့ နားလည်နိုင်ပေမယ့်လည်း  သိပ်ပြီး စိတ်ချင်းမတိုက်ဆိုင်ရင် မပေါင်းတာက ကောင်းပါတယ်လို့ ကျနော် ဆုံးဖြတ်လိုက်တယ်။  ဘဝချင်းတွေ ခြားလွန်းသွားခဲ့ပြီ။ 

ကျနော်အမေရိကန်ပြည်ထောင်စုကို ၁၉၉၃ မှာရောက်တယ်။ အမေရိကရောက်မြန်မာတွေ အသဲအသန် နိုင်ငံရေးခိုလှုံခွင့်တောင်းတဲ့ကာလပါ။ နိုင်ငံရေးလှုပ်ရှားမှုရှိခဲ့သူတွေအပြင် ပြည်တွင်းမှာ ဘာလှုပ်ရှားမှုမှာမှ မပါခဲ့ပဲ အမေရိကကို နည်းမျိုးစုံနဲ့ရောက်လာခဲ့ကြတဲ့ ပလာတာ၊ စမူဆာရောင်းတဲ့သူတွေရော ပေါက်စီ၊ အခေါက်ကင် ရောင်းတဲ့သူတွေရော၊ ဗိုလ်ချုပ်တွေရဲ့ သားသမီးတွေရော၊  ဗိုလ်ချုပ်တွေနဲ့ ပေါင်းပြီး ရာထူးကြီးကြီးရခဲ့သူတွေရဲ့ သားသမီးတွေရော မြန်မာပြည်ပြန်ရင် စစ်တပ်က ဖမ်းဆီး သတ်ဖြတ်တာခံရနိုင်ပါတယ်၊ မုဒိမ်းကျင့် ခံရနိုင်ပါတယ်လို့ ထွက်ဆိုရေးသားပြီး ခိုလှုံခွင့်လျှောက်ကြတာတွေ အမြဲလိုလိုကြားရတယ်။ လူငယ်တယောက်ရဲ့ မိဘတွေ မြန်မာပြည်ကလာလည်တယ်။ ဒေါ်လာရာတန်အုပ်လိုက်ကိုင်သုံးတယ်။ မြန်မာပြည်မှာ လူဝင်မှုကြီးကြပ်ရေးက အရာရှိတဲ့။ တရုတ်တယောက် နိုင်ငံသားလုပ်ပေးရင် ဘယ်လောက်ဆိုလား။ ဒီတိုင်းပြည်မှာ လူတွေကို ဇတ်ညွန်းရေးပေး၊ ဆန္ဒပြပွဲတခုခုသွား ဓါတ်ပုံရိုက်ပြီး လျှောက်လွှာနဲ့ ပူးတွဲတင်စသဖြင့် လုပ်စားသူတွေလည်း အများအပြား။ အခုလည်း ဒီဇတ်လမ်းပမာတွေ ရှိနေဆဲ။ မကြာခင်တောင် အာဏာသိမ်းမှုကို အကြောင်းပြပြီး  ပိုမိုခေတ်စားလာနိုင်ပါသေးတယ်။ အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာအရပ်ရပ်က ဘဝသစ်ထူထောင်ချင်လို့ ရောက်လာသူတွေနဲ့ ဖွဲ့စည်းထားတာဖြစ်တဲ့အတွက် မြန်မာတွေ များများရောက်လာတာ ကျနော်အင်မတန်ဝမ်းသာပါတယ်။ ရေရှည်နေထိုင်ဖို့အတွက် နည်းမျိုးစုံနဲ့ ကြိုးစားကြတာလည်း ကျနော်က အားပေးပါတယ်။ ကူညီနိုင်တာရှိရင်လည်း ကူညီလိုက်တာပါပဲ။ မြန်မာတွေ များလေ ကောင်းလေပေါ့။ နောက်ဆုံး မြန်မာလို ဆဲရတာ နားလည်တဲ့သူပိုများလာရင် အရသာပိုရှိတာပဲ။ နောက်ပြီး ဘယ်ပြည်နယ်က လူဝင်မှုကြီးကြပ်ရေးရုံးပဲသွားသွား ခိုလှုံခွင့်လာလျှောက်တဲ့ အဖြူ အမဲ အဝါ အညို မွတ်စလင် ခရစ်ယန် ဗုဒ္ဓဘာသာ ဟိန္ဒူ၊ ဘာသာမဲ့ ကျားမပေါင်းစုံကို ရှေ့နေတွေနဲ့ တွေ့နေရတာပါပဲ။  ကျနော်လည်း ဒီလိုပဲလာရောက်အခြေချခဲ့သူပဲဟာ။  

ဒါပေမယ့် အဲဒီခိုလှုံခွင့်တောင်းတဲ့ မြန်မာပြည်ကလာသူတချို့ဟာ လူဝင်မှုက စစ်ဆေးမေးမြန်းတဲ့အခါ ဒေါ်အောင်ဆန်းစုကြည်ဟာ ကျနော်ကျမတို့ရဲ့ ခေါင်းဆောင်လို့ပြောကြတယ်။ ကွယ်ရာမှာ အဲဒီမိန်းမ၊ စုကြည်လို့ ပြောကြတယ်။ ဒီကောင်မ နေရာရလို့ ဘယ်ဖြစ်မလဲလို့ ပြောကြတယ်။  စစ်ဆေးသူတွေကို စစ်တပ်က ဘယ်လို မုဒိမ်းကျင့်တယ် သတ်ဖြတ်တယ်လို့ပြောကြမယ်။ နောက်ကွယ်မှာတော့ စစ်တပ်က တိုင်းပြည်ကို ဘယ်လိုကယ်တင်ခဲ့တဲ့အကြောင်း။ သူတို့အိမ်မှာ အိမ်ဖေါ်ဘယ်လောက်များတဲ့အကြောင်း။ 

အမေရိကမှာ လူတွေဘယ်လိုနေကြသလဲ။ နည်းနည်းပြောပြမယ်။ မပြောချင်လို့မဟုတ်ဘူး။ စာရှည်မှာစိုးလို့။ အကြမ်းဖျင်းအားဖြင့် ဓါတ်ဆီဆိုင်ဝန်ထမ်း ဒါမှမဟုတ် တခြားကျဘမ်း အလုပ်သမားတယောက် တနာရီကို ၁၂ ဒေါ်လာနဲ့ ၁၅ ဒေါ်လာအကြားရတယ်။  စာရေးစာချီလို ကျွမ်းကျင်မှုအနည်းငယ်နဲ့အလုပ်တွေ၊ အလုပ်သမားကြီးကြပ်သူတွေဆိုရင်တော့ တနာရီကို ၁၅ နဲ့ ၃ဝ လောက်အကြားရတယ်။ တက္ကစီမောင်းသူတွေ တလ ၃ ထောင်လောက်ရတယ်။ တခြား သူနာပြုတို့၊ မန်နေဂျာတို့ ကျနော်တို့လို ပညာတခုခုနဲ့ အသက်မွေးသူတွေတွေအပါအဝင် နှစ်စဉ်လုပ်ခနဲ့ ခန့်အပ်တဲ့ အလုပ်တွေမှာ တနှစ်ကိုလစာငွေ ငါးသောင်းလောက်ကနေ ၁ သိန်းခွဲကျော်လောက်အထိ ယေဘူယျအားဖြင့် ရကြတယ်။ ဆရာဝန်၊ အင်ဂျင်နီယာ၊ ရှေ့နေ၊ ညွန်ကြားရေးမှူး၊ အမှုဆောင်အရာရှိချုပ်ဆိုသူတွေကတော့ သိန်းနဲ့သန်းနဲ့ချီ ရကြတယ်။ (သမ္မတ ဘိုင်ဒင် ကတော့ တနှစ် ၄ သိန်းပဲရပါတယ်။) အလုပ်သမားတွေမှာ လစာအပြင် တခြားအခွင့်အရေးတွေ ရှိပါသေးတယ်။ ဥပမာ 401K တို့ 301B တို့လို Retirement Plan (အငြိမ်းစားယူတဲ့အခါသုံးဖို့ စုဆောင်းငွေအစီအစဉ်၊ အလုပ်သမားရဲ့ လခတချို့ကို အလုပ်ရှင်က ထပ်ဖြည့်ငွေနဲ့ ပေါင်းပြီး ပုံမှန်စုသွားတဲ့ငွေကြေးအစီအစဉ်) ရှိတယ်။ အသက်အာမခံ နဲ့ ကျန်းမာရေးအာမခံတွေရတယ်။  လူမှုဖူလုံရေးရှိတယ်။ အစိုးရဝန်ထမ်းတွေဆိုရင် အငြိမ်းစားစုငွေအစီအစဉ်အပြင် အငြိမ်းစားလစာ(ပင်စင်) ရတယ်။  ဒါ့အပြင် တချို့ဌာနတွေမှာ မီးရထားခ ကားခစတဲ့ လစဉ်ထောက်ပံ့ကြေးတွေ ရသေးတယ်။  နိုင်ငံခြားသွားရတဲ့အခါ နေ့စဉ်သုံးငွေတို့ အရေးပေါ်ကျန်းမာရေးအာမခံအစီအစဉ် (လိုအပ်ရင် ကိုယ့်ဝန်ထမ်းရဲ့ အသက်ဘေးအတွက် ကမ္ဘာတခုလုံး ဘယ်နေရာမှာရောက်နေပါစေ။ လေယာဉ်ပျံတွေ ရဟတ်ယာဉ်တွေနဲ့ ကယ်ထုတ်တဲ့အစီအစဉ်) ဆိုတာမျိုးတွေ ရှိသေးတယ်။ တချို့ကော်ပိုရေးရှင်းတွေမှာ အိမ်တွေ ကားတွေ စသဖြင့် တခြားအခွင့်အရေး မျိုးစုံရပါသေးတယ်။ ဒါက အမေရိကမှာရတဲ့ အခွင့်အရေးတချို့မျှသာပါ။ 

အဲဒီတော့ အလွယ်ပြောရင် အနည်းဆုံး တနာရီ ၁၂ ကျပ်ရတယ်ဆိုပါတော့။ တနေ့ ၈ နာရီနဲ့ တပတ်ကို ၅ ရက်ပဲလုပ်မယ်။ တလကို (၁၂ x ၈ x ၂၂) ဒေါ်လာ ၂၁ဝဝ ကျော်ရမယ်။ ဒီတိုင်းပြည်မှာ လူတိုင်းအလုပ်လုပ်တယ်။ ကလေးမွေးကာစ အမျိုးသမီးကလွဲလို့။ သားသမီးတွေလည်း အထက်တန်းကျောင်းတက်ရင်းနဲ့ အချိန်ပိုင်းလုပ်ကြတယ်။ အဲဒီတော့ အိမ်ထောင်စုတခုမှာ လူ ၂ ယောက် အလုပ်လုပ်ရင် ဝင်ငွေ ၄ဝဝဝ ရှိတယ်ထား။ အိမ်လခ ယေဘူယျ ၁ဝဝဝ နဲ့ ၂ဝဝဝ အကြား။ စားစရိတ်က ကိုယ့်ဖာသာချက်စားရင် လူတယောက်တလကို ၅ဝ နဲ့ ၁ဝဝ အကြားကုန်မယ်။ ကျန်းမာရေးအာမခံဝယ်ပြီး အဝတ်အစားတွေ ကောင်းကောင်းဝတ်၊ ကားကောင်းကောင်းစီးနိုင်ဖို့ လုံလောက်တယ်။ ပိုလွယ်အောင် ပြောရရင် တကိုယ်တည်းသမား သာမန်အလုပ်သမားဆိုပါတော့။ တလဝင်ငွေ ၂ဝဝဝ ပဲထား။  ကျနော်နေတဲ့မြို့နယ်မှာ အိမ်ခန်းခက သူများအိမ်မှာသွားနေရင် ၅ဝဝ ကနေ ၈ဝဝ လောက်ပဲကုန်မယ်။ (သီးခြားတိုက်ခန်းတခုဆိုရင်တော့ ၁၅ဝဝ လောက်ကုန်နိုင်ပါတယ်။) စားစရိတ်ကို ၂ဝဝ ထားလိုက်။  ကိုယ့်ဖာသာချက်စားမယ်။ တပတ်တခါလောက် ဝယ်စားမယ်ဆိုရင်ပေါ့။ (တကယ်တော့ မိသားစု ၄ ယောက်လောက်ဆိုရင် တလကို တယောက် ဒေါ်လာ ၅ဝ လောက်နဲ့စားလို့ရပါတယ်။)  နည်းနည်းပါးပါးသောက်တတ်လား။ အရက်ဖိုး ၁ဝဝ သုံးချင်သုံးပေါ့။  ဘီယာတလုံး ၁ ဒေါ်လာ၊ ဝိုင်တလုံး ( ၄ ဒေါ်လာနဲ့ ရနိုင်တယ်။ အတော်အသင့်ဆိုရင် ၇ ဒေါ်လာကနေ ဒေါ်လာ ၅ဝ လောက်ထက်မပိုပါ)။ ဂျော်နီလမ်းလျှောက် ဘလက်လေဘယ် ပုလင်းကြီး (၁.၇၅ လီတာ) ၅၅ ဒေါ်လာ။ အဲဒီတော့ တယောက်တည်း သမားတဦးအနေနဲ့ အိမ်လခနဲ့ စားစရိတ်အပြင်ကျန်းမာရေးအာမခံပါပေါင်းဦး တလကို ၅ဝဝ လောက်အပိုရှိသေးတယ်။ ဒါက အနည်းဆုံးပြောတာပါ။ လူအများအပြားဟာ တလ ဒေါ်လာ ၁ဝဝဝ လောက်အပိုသုံးနိုင်ပါတယ်။ ဘာလုပ်ချင်လဲ ၅ နှစ်ပေးအရစ်ကျနဲ့ ကားဝယ်စီးလေ။ ကိုရိုလာ တလ ၃ဝဝ၊ Camry ၅ဝဝ လောက်ပေးရမယ်။ BMW လား ၃ စီးရီးဆိုရင် တလ ၇ဝဝ မကျော်ပါဘူူး။ အမေရိကန်ကားတွေလား Ford Explorer ကိုတလ ၄ဝဝ ပေးရင်ရပါတယ်။ ကားအားလုံး အသစ်ချပ်ချွတ်။ 

ကျန်းမာရေးဆိုလို့ ပြောပါရစေ။ ကျန်းမာရေးအာမခံတလကို ဒေါ်လာ ၃ဝဝ လောက်ပေးရတယ်ထား။  ဆးခန်းပြရင် အိပ်က ၂ဝ လောက်စိုက်ရတယ်။  ဆေးရုံတက်ရရင်တော့ ကိုယ်က ၁၅ဝ လောက်စိုက်။   ကျန်တာအကုန်ဆေးရုံက စိုက်တာပဲ။ တချို့ခွဲစိတ်ကုသရတဲ့ လူနာတွေဆို ကုန်ကျစရိတ် သိန်းနဲ့ချီကုန်တာပဲ။ ဒါပေမယ့်လူနာကပေးစရာမလို။ အာမခံက ပေးတယ်လေ။ အာမခံလုံးဝ မရှိဘူးလား။ လူမှုဖူလုံရေးတို့၊ တလ ၅ဝ လောက်ပေးရတဲ့ အကြွေးစနစ်တို့ရှိပါသေးတယ်။ မြန်မာပြည်မှာလို ဆေးရုံဆေးခန်းမသွားနိ်ုင်လို့ သေရတဲ့လူနာ မရှိပါဘူး။ လမ်းဘေးမှာလူတယောက်လဲနေရင် မိနစ်ပိုင်းအတွင်း ဆေးရုံကားနဲ့ လာခေါ်သွားတာပဲ။ ကျနော့်မိသားစုတွေ တခါမက အရေးပေါ်ဗိုက်နာဗိုက်အောင့် မူးဝေတာမျိုးတွေဖြစ်ဖူးပါတယ်။ ဖုန်းကနေ ၉၁၁ ကိုဆက်လိုက်တယ်။ ၁ဝ မိနစ်အတွင်း လူနာတင်ကားနဲ့ သူနာပြုတွေရောက်လာတာပဲ။ ရဲကားနဲ့ မီးသတ်ကားတွေတောင် အဆစ်ပါလာသေးတယ်။ (၉၁၁ နံပါတ်က ရဲ၊ မီးသတ် နဲ့ ဆေးရုံတွဲထားတာ။)  အဲဒီလို အရေးပေါ်အခြေအနေမျိုးမှာ ကျန်းမာရေးအာမခံဝယ်ထားရဲ့လားလို့ ဘယ်သူကမှ မမေးပါဘူး။ အဲဒါတွေ နောက်မှရှင်း လိုအပ်သလို လမ်းမှာပြုစုရင်း ဆေးရုံချက်ခြင်းပို့။ အဝေးပြေးလမ်းမတွေမှာ ယဉ်တိုက်မှုဖြစ်တယ်၊ ဒါမှမဟုတ်ကားနဲ့အလွယ်တကူလူနာကိုသယ်ဖို့ မလွယ်ဖူးဆိုပါတော့။ ရဟတ်ယဉ်နဲ့ သွားသယ်တာပဲ။ ကျနော် အရင်ကနေတဲ့ရပ်ကွက်က ဆေးရုံနဲ့နီးတယ်။ ဆေးရုံခေါင်မိုးပေါ်ကို မကြာခဏ လူနာသယ်လာတဲ့ ရဟတ်ယာဉ်ဆင်းတာမြင်ရလေ့ရှိတယ်။ အဲဒီလူနာဟာ သူတောင်းစား အိမ်မဲ့ယာမဲ့ဖြစ်နိုင်ပါတယ်။ မြန်မာပြည်မှာ သေဖို့များတဲ့ လူနာတွေ ဒီတိုင်းပြည်မှာမသေတော့ပါဘူး။ သွေးကျောကျဉ်းလို့ ကုသပေးတာမျိုးဟာ ရိုးနေပါပြီ။  အသဲ ကျောက်ကပ် အစားထိုးတာမျိုးတွေလည်း ဆင်းရဲချမ်းသာမရွေး ရရှိနေတာပါ။ ဒါတွေကို ဒေါက်တာဇော်ဝေစိုးလို ပုဂ္ဂိုလ်တွေက ကောင်းကောင်းသိလို့ ပြောတာပေါ့ဗျာ။  တကယ်တော့ သူ့လိုလူမျိုးကို ကျန်းမာရေးကဏ္ဍတခုလုံး ထိုးအပ်လိုက်ရမှာ။ 

အဲဒီတော့ ဗိုလ်ချုပ်တွေရဲ့သား သမီးတွေက အမေရိကမှာလာပြီး ပညာသင်ကြတယ်။ ဒေါ်လာသန်းနဲ့ချီတဲ့ အိမ်တွေလက်ငင်းပေးဝယ်ကြတယ်၊ ကားအကောင်းစားတွေ စီးကြတယ်၊ အလုပ်မလုပ်ပဲ ဂေါက်သီးရိုက်နေကြတယ်။ ဒီအချိန်မှာ ပြည်တွင်းမှာလူတွေက အလုပ်အကိုင်မရှိ၊ စားစရာမဖူလုံ၊ နေစရာအိမ်မရှိ၊ ဘတ်စကားတိုးစီးနေကြ၊ နေမကောင်းလု့ိ မကုနိုင်ရင်သေကြ၊ ကုသနိုင်လည်း ဆေးဝါးကရိယာ မပြည့်စုံလို့ သေကြ၊ မိန်းကလေး အများအပြားက ငွေထုတ်ပိုက်နေတွေကို ဖျော်ဖြေနေရ။ လစာနဲ့ပိုင်ဆိုင်မှု ဘယ်လိုမှ ဆက်စပ်လို့မရတဲ့ လူတွေက သားစဉ်မျိုးဆက်စားမကုန်တဲ့ စည်းစိမ်တွေနဲ့ ဇိမ်ခံနေချိန်မှာ ပြည်သူအများစုက အနာဂတ်မဲ့။ လူငယ်တွေက အခုမှ ခေတ်မီပညာရေးနဲ့ မိတ်ဆက်ယုံရှိသေး။ သူတို့မှာ အနာဂတ်ကို ခတ်မှိန်မှိန်မြင်ရယုံရှိသေး။ စစ်တပ်က အာဏာသိမ်းပြန်ပြီတဲ့။ 

ကဲ ဒါဆို ဘယ်သူကမှားသလဲ။ စဉ်းစားနေတုန်းပဲလား။ ဒါဆိုလည်း ဆက်စဉ်းစားပေါ့။ အဖြေရတဲ့ အထိ။ စဉ်းစားတဲ့သူဟာ မစဉ်းစားတဲ့သူထက်တော့ သာမှာပါပဲ။  ကျနော်ကတော့ ကျနော်တို့ခေတ်မှာ ပေါ်ပေါက်ခဲ့ပြီး အခုလည်း လူငယ်အတော်များများ နှစ်သက်နေတဲ့၊ ကျနော်တို့ထောင်ကျဖက် ကိုဗဟိန်းအောင်ရဲ့ဖခင် ဆရာ ဗန်းမော်တင်အောင်ပြောခဲ့တဲ့ စကားကို သိပ်ပြီးသဘောကျပါတယ်။ ဆရာ ဦးဝင်းတင်လည်း ဒီစကားကို သဘောကျလို့ သူ့ကိုယ်ရေးအတ္တုပ္ပတ္တိကို ခေတ်ဝန်ကိုထမ်း ခေတ်လမ်းကိုလျှောက်လို့ အမည်ပေးခဲ့တယ်။

“လူတယောက်ရဲ့ တန်ဖိုးဟာ သူဖြတ်သန်းကျော်လွှားနေတဲ့ ခေတ်ကြီးက သူ့ပုခုံးပေါ်တင်ပေးလိုက်တဲ့ သမိုင်းတာဝန်ကို သူဘယ်လောက်သယ်ပိုးထမ်းဆောင်ခဲ့တယ်ဆိုတဲ့ အချက်နဲ့  တိုင်းတာရမှာပဲ။” 

ကဲ ကိုယ့်သမိုင်း ကိုယ်ရေးကြပေတော့။ ။

(ဒီဆောင်းပါးဟာ ကျနော့်ရဲ့ ကိုယ်ပိုင်အမြင်ဖြစ်ပါတယ်။ ကျနော်လုပ်ကိုင်နေတဲ့ ဌာနရဲ့ မူဝါဒ မဟုတ်ပါ။)

“သမိုင်းရေးတဲ့လူ၊ လူရေးတဲ့သမိုင်း”

လူတယောက်ရဲ့ တန်ဖိုးဟာ သူဖြတ်သန်းကျော်လွှားနေတဲ့ ခေတ်ကြီးက သူ့ပုခုံးပေါ်တင်ပေးလိုက်တဲ့ သမိုင်းတာဝန်ကို သူဘယ်လောက်သယ်ပိုးထမ်းဆောင်ခဲ့တယ်ဆိုတဲ့ အချက်နဲ့  တိုင်းတာရမှာပဲ။ 

(ဗန်းမော်တင်အောင်)

အာဏာရှင်ဆိုတာ ဘယ်လိုလူစားမျိုးလဲ။ ကမ္ဘာတခုလုံးက အာဏာရှင်တွေကိုကြည့်။ မ်ိမိကတော့ ဒီမိုကရေစီမပေးချင်ဘူး။ မိမိသားသမီးတွေကိုကျတော့ ဒီမိုကရေစီအပြည့်အဝရတဲ့ နိုင်ငံတွေမှာ နေစေချင်တယ်။ မိမိကတော့ လွတ်လပ်ခွင့်မပေးချင်ဘူး။ မိမိ မိသားစုတွေ အမျိုးတွေကျတော့ လွတ်လပ်တဲ့နိုင်ငံတွေကို မရမက ပို့တယ်။ မိမိကတော့ တန်ဖိုးရှိတဲ့ပညာတွေကို ကိုယ့်တိုင်းပြည်က လူငယ်တွေသင်ခွင့်ရအောင် စီစဉ်မပေးဘူး။ မိမိ မြေးမြစ်တွေကိုတော့ နိ်ုင်ငံခြားတက္ကသိုလ်တွေလွှတ်ပြီး ပညာအစစ်အမှန်တွေ သင်စေတယ်။ မိမိကတော့ ဖါးတတ်မှ လဘ်ငွေပေးမှ ကြီးပွားချမ်းသာတဲ့ စနစ်ကို ကျင့်သုံးတယ်။ မိမိသားသမီးတွေကိုကျတော့ ဘယ်သူ့မှ မဖါးပဲ ရှင်သန်ကြီးထွားခွင့်ရှိတဲ့ နိုင်ငံတွေမှာ နေစေချင်တယ်။  ပြည်သူတွေကျတော့ ခေတ်မီ ဆေးဝါးကုသခွင့်တွေ မရဘူး။ သူတို့ကတော့ မတရားရထားတဲ့ ငွေတွေနဲ့ နိုင်ငံခြားမှာ ဆေးသွားကုမယ်။ သူတို့သားသမီးတွေကျတော့ နောက်ဆုံးပေါ် ဆေးဝါးကရိယာ ပြည့်စုံတဲ့ နိ်ုင်ငံတွေမှာ ထားတယ်။  သူတို့သားသမီးတွေက သုံးမကုန်စည်းစိမ်တွေနဲ့ နိ်ုင်ငံတကာမှာ ပျော်ပါးနေချိန်မှာ သူတို့ကတော့ ဆင်းရဲတဲ့ မိန်းခလေးတချို့ကို ဖျားယောင်းပြီး သူတို့ကိုပြုစုခိုင်းမယ်။ အမြင်နည်းနည်းကျယ်တဲ့ ချောချောလှလှ မိန်းကလေးတချို့ကို ငွေပုံပေးပြီး အပျော်မယားထားမယ်။ ပြည်သူတွေကျတော့ ထမင်းဟင်းဝအောင်မစားရဘူး။ သူတို့ကျတော့ အကောင်းဆုံးစားသောက်ဆိုင်တွေကို လှည့်လည်စားသောက်တယ်။ နိုင်ငံခြားက အစားအစာကို သီးသန့်မှာပြီးစားမယ်။  ပြည်သူတွေက တရုတ်တို့ ထိုင်းတို့လို နိ်ုင်ငံတွေကလာတဲ့ အပေါစားနိုင်လွန်အဝတ်အစားတွေကို ကြိုးစားပမ်းစား ဝယ်ဝတ်နေရချိန်မှာ သူတို့က အီတလီနဲ့ အမေရိက လာတဲ့ ချည်ထည်တွေ သိုးမွေးထည်တွေ ဝတ်လို့။ သာမာန်ပြည်သူတယောက်က ပြည်တွင်းဖြစ်မိတ်ကပ်၊ ပြည်တွင်းဖြစ် ဖိနပ်၊ ပြည်တွင်းဖြစ် လက်ပွေ့အိပ်တွေ ကိုင်ဆောင်သုံးစွဲနေရချိန်မှာ သူတို့ဇနီးတွေ သမီးတွေက အမေရိကမှာတောင် လူတထောင်တယောက် မသုံးနိုင်တဲ့ ဒေါ်လာထောင်ချီပေးရတဲ့ လက်ပွေ့အိပ်တွေကို မထပ်အောင်သုံးမယ်။  ပြည်သူတွေက ဂျပန်ကားအစုတ်လောက် စီးနိုင်ရင် သူဌေးလို့ ယူဆနေရချိန်မှာ သူတို့က ဂျာမဏီနဲ့ အမေရိကမှာ ထုတ်လုပ်တဲ့ ကားအသစ်တွေကိုစီးကြတယ်။ ပြည်သူတွေက ငွေတသိန်းလောက်ရဖို့ ခက်ခက်ခဲခဲ ရှာနေရချိန်မှာ သူတို့ကတော့ လိုင်စင်တခုအတွက် ဘာမှမလုပ်ပဲ ဒေါ်လာသန်းပေါင်း ထောင်နဲ့ချီ ရရှိနေခဲ့တယ်။ အဲဒီတော့ အဲဒီလိုဘဝမျိုးကို ပြည်သူတွေက ပြန်မသွားချင်ကြတော့တဲ့ အချိန်ကာလတခုမှာ သူတို့က အဲဒီဘဝကို ပြန်ရဖို့ တလောကလုံးကို မျက်နှာပြောင်တိုက်ပြီး ညစ်ပတ်တဲ့နည်းမျိုးစုံနဲ့ နင်မဟုတ်ရင် နင့်အဖေ နင့်အဖိုးပဲဆိုပြီး မရမက ကြိုးစားကြတာ ဘာဆန်းလို့လဲ။  

ကျနော့်ဖေ့စ်ဘွတ်မိတ်ဆွေတွေထဲမှာ ကျနော်နဲ့ အယူအဆ မတူသူတွေအများကြီးရှိတယ်။ အဲဒါကို ကျနော်ကလည်း သဘောကျပါတယ်။ မိမိနဲ့ သဘောမတူသူတွေထံက မိမိမသိသေးတာတွေ သိနိုင်တယ်။ ဆင်ခြင်နိုင်တယ်။ သူ့ကိုလည်း ထောက်ပြနိုင်တယ်။ သူ့ကြောင့် ကိုယ်အကျိုးရှိနိုင်သလို ကိုယ့်ကြောင့် သူလည်း အကျိုးရှိနိုင်တယ်။ ဒါဟာ ယဉ်ကျေးမှုတရပ်ပဲပေါ့။ 

ဒါပေမယ့် ကျနော် လူတချို့ကို ဒီရက်ပိုင်းမှာ ဖေ့စ်ဘွတ်မိတ်ဆွေစာရင်းက ထုတ်လိုက်တယ်။ ဘယ်လိုမှ လက်မခံနိုင်တော့လို့ပါ။  အဲဒီလူတွေထဲမှာ တယောက်က ခင်မင်တာ အနှစ် ၂ဝ လောက်ရှိပြီ။ ကျနော်လေးစားတဲ့ သူ တယောက်ကို သူ စော်ကားနေတာ ကြာပြီ။ တကယ်တော့ သူ့ရဲ့လေ့လာမှုအားက အရက်ဝိုင်းနဲ့ ဖဲဝိုင်းလောက်ကပဲ ရခဲ့တာ။ အရေးကြီးတဲ့ အစည်းအဝေးမျိုးကို ကာရာအိုကေနဲ့ လဲခဲ့သူ။ ၈၈ မှာလှုပ်ရှားမှုတချို့ရှိခဲ့တာနဲ့ပဲ ရဲရဲတောက်တော်လှန်ရေးသမားလို့ ကြွေးကြော်လို့။  ကျနော်နှစ်များစွာ သီးခံနေတယ်။ သူ့အယူအဆနဲ့ သူပေါ့လေ ဆိုပြီး။ ဒါပေမယ့် အခု သီးမခံနိုင်တော့ဘူး။ စိုတဲ့လက်ခြောက်ပစေတော့ဟေ့။ 

နောက်တယောက်ကတော့ အနှစ် ၃ဝ လောက်က သူငယ်ချင်း။ သူက ဘာအလုပ်မှ မလုပ်ပဲ သူ့မိသားစုဝင် စစ်တပ်အရာရှိတဦး ရရှိထားတဲ့ စည်းစိမ်ကို ထိုင်သုံးပြီးလိုလေသေးမရှိ နေနိုင်တဲ့သူ။ ကျနော်နဲ့ အတော်ခင်မင်သူပါ။ ကျနော် မြန်မာပြည်သွားရင် သူ့အတွက် အတိုအထွာလေးတွေ ပါသွားတတ်သလို သူကလည်း လက်ဆောင်တွေ တကူးတက လာပေးလေ့ရှိတယ်။ ဒေါ်လာစား သစ္စာဖေါက်တွေလို့ သူ့ဖဘမှာ ဟိုတလောက သူရေးတယ်။ ကျနော် မသိသလိုနေလိုက်တယ်။ ဒါပေမယ့် ဆရာဝန်ဆိုတာ လူနာတွေကို ကုသပေးရမှာပေါ့ဆိုပြီး ကက်ကက်လန်ရေးတဲ့ သူ့စာတွေကို ဖတ်ရတဲ့အခါ ပါမောက္ခချုပ် ဒါက်တာ ဇော်ဝေစိုး ပြောတဲ့-

 “နိုင်ငံသားတယောက်ကို အချိန်မရွေး ကြက်ငှက်လို ဖမ်းဆီးပြီ ဥပဒေမဲ့တရားစွဲနိုင်တဲ့ နိုင်ငံမဖြစ်စေချင်ဘူး၊ လက်နက်ရှိသူ အနိုင်ရတဲ့နိုင်ငံမျိုးမှာ လူမဖြစ်ချင်ဘူး၊ မျိုးဆက်သစ်တွေကိုလည်း မထားခဲ့နိုင်ဘူး၊  အောက်တန်းကျနေတဲ့ မြန်မာ နိုင်ငံကို လွတ်လပ်မျှတပြီး မျိုးဆက်သစ်တွေအတွက် အာမခံချက်ရှိတဲ့ နိုင်ငံဖြစ်စေချင်တယ်။ တို့တိုင်းပြည်တို့လူမျိုးတွေ ကောင်းမွန်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ ဒီစနစ်ဆိုးကိုပြောင်းဖို့လိုတယ်၊ အဖေလို့ အဖိုးလို့ အခေါ်ခံထိုက်သူဖြစ်အောင် တာဝန်ကျေပွန်သူဖြစ်အောင် ကြိုးစားကြမယ်၊ ပုဂ္ဂလိက ဆေးရုံဆေးခန်းတွေမှာ လူနာတွေ အခမဲ့ ကုသခွင့်ရအောင် စီစဉ်ကြမယ်၊ CDM လုပ်ဖို့ဆုံးဖြတ်လိ်ုက်ပြီ။” ဆိုတဲ့စကားတွေကို သတိရတယ်။

အဲဒီအခါ ဆရာဝန်တွေကို အပြစ်တင်တဲ့သူ့ကို ကိုယ်ပိုင်လွတ်လပ်ခွင့်လို့ နားလည်နိုင်ပေမယ့်လည်း  သိပ်ပြီး စိတ်ချင်းမတိုက်ဆိုင်ရင် မပေါင်းတာက ကောင်းပါတယ်လို့ ကျနော် ဆုံးဖြတ်လိုက်တယ်။  ဘဝချင်းတွေ ခြားလွန်းသွားခဲ့ပြီ။ 

ကျနော်အမေရိကန်ပြည်ထောင်စုကို ၁၉၉၃ မှာရောက်တယ်။ အမေရိကရောက်မြန်မာတွေ အသဲအသန် နိုင်ငံရေးခိုလှုံခွင့်တောင်းတဲ့ကာလပါ။ နိုင်ငံရေးလှုပ်ရှားမှုရှိခဲ့သူတွေအပြင် ပြည်တွင်းမှာ ဘာလှုပ်ရှားမှုမှာမှ မပါခဲ့ပဲ အမေရိကကို နည်းမျိုးစုံနဲ့ရောက်လာခဲ့ကြတဲ့ ပလာတာ၊ စမူဆာရောင်းတဲ့သူတွေရော ပေါက်စီ၊ အခေါက်ကင် ရောင်းတဲ့သူတွေရော၊ ဗိုလ်ချုပ်တွေရဲ့ သားသမီးတွေရော၊  ဗိုလ်ချုပ်တွေနဲ့ ပေါင်းပြီး ရာထူးကြီးကြီးရခဲ့သူတွေရဲ့ သားသမီးတွေရော မြန်မာပြည်ပြန်ရင် စစ်တပ်က ဖမ်းဆီး သတ်ဖြတ်တာခံရနိုင်ပါတယ်၊ မုဒိမ်းကျင့် ခံရနိုင်ပါတယ်လို့ ထွက်ဆိုရေးသားပြီး ခိုလှုံခွင့်လျှောက်ကြတာတွေ အမြဲလိုလိုကြားရတယ်။ လူငယ်တယောက်ရဲ့ မိဘတွေ မြန်မာပြည်ကလာလည်တယ်။ ဒေါ်လာရာတန်အုပ်လိုက်ကိုင်သုံးတယ်။ မြန်မာပြည်မှာ လူဝင်မှုကြီးကြပ်ရေးက အရာရှိတဲ့။ တရုတ်တယောက် နိုင်ငံသားလုပ်ပေးရင် ဘယ်လောက်ဆိုလား။ ဒီတိုင်းပြည်မှာ လူတွေကို ဇတ်ညွန်းရေးပေး၊ ဆန္ဒပြပွဲတခုခုသွား ဓါတ်ပုံရိုက်ပြီး လျှောက်လွှာနဲ့ ပူးတွဲတင်စသဖြင့် လုပ်စားသူတွေလည်း အများအပြား။ အခုလည်း ဒီဇတ်လမ်းပမာတွေ ရှိနေဆဲ။ မကြာခင်တောင် အာဏာသိမ်းမှုကို အကြောင်းပြပြီး  ပိုမိုခေတ်စားလာနိုင်ပါသေးတယ်။ အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာအရပ်ရပ်က ဘဝသစ်ထူထောင်ချင်လို့ ရောက်လာသူတွေနဲ့ ဖွဲ့စည်းထားတာဖြစ်တဲ့အတွက် မြန်မာတွေ များများရောက်လာတာ ကျနော်အင်မတန်ဝမ်းသာပါတယ်။ ရေရှည်နေထိုင်ဖို့အတွက် နည်းမျိုးစုံနဲ့ ကြိုးစားကြတာလည်း ကျနော်က အားပေးပါတယ်။ ကူညီနိ်ုင်တာရှိရင်လည်း ကူညီလိုက်တာပါပဲ။ မြန်မာတွေ များလေ ကောင်းလေပေါ့။ နောက်ဆုံး မြန်မာလို ဆဲရတာ နားလည်တဲ့သူပိုများလာရင် အရသာပိုရှိတာပဲ။ နောက်ပြီး ဘယ်ပြည်နယ်က လူဝင်မှုကြီးကြပ်ရေးရုံးပဲသွားသွား ခိုလှုံခွင့်လာလျှောက်တဲ့ အဖြူ အမဲ အဝါ အညို မွတ်စလင် ခရစ်ယန် ဗုဒ္ဓဘာသာ ဟိန္ဒူ၊ ဘာသာမဲ့ ကျားမပေါင်းစုံကို ရှေ့နေတွေနဲ့ တွေ့နေရတာပါပဲ။  ကျနော်လည်း ဒီလိုပဲလာရောက်အခြေချခဲ့သူပဲဟာ။  

ဒါပေမယ့် အဲဒီခိုလှုံခွင့်တောင်းတဲ့ မြန်မာပြည်ကလာသူတချို့ဟာ လူဝင်မှုက စစ်ဆေးမေးမြန်းတဲ့အခါ ဒေါ်အောင်ဆန်းစုကြည်ဟာ ကျနော်ကျမတို့ရဲ့ ခေါင်းဆောင်လို့ပြောကြတယ်။ ကွယ်ရာမှာ အဲဒီမိန်းမ၊ စုကြည်လို့ ပြောကြတယ်။ ဒီကောင်မ နေရာရလို့ ဘယ်ဖြစ်မလဲလို့ ပြောကြတယ်။  စစ်ဆေးသူတွေကို စစ်တပ်က ဘယ်လို မုဒိမ်းကျင့်တယ် သတ်ဖြတ်တယ်လို့ပြောကြမယ်။ နောက်ကွယ်မှာတော့ စစ်တပ်က တိုင်းပြည်ကို ဘယ်လိုကယ်တင်ခဲ့တဲ့အကြောင်း။ သူတို့အိမ်မှာ အိမ်ဖေါ်ဘယ်လောက်များတဲ့အကြောင်း။ 

အမေရိကမှာ လူတွေဘယ်လိုနေကြသလဲ။ နည်းနည်းပြောပြမယ်။ မပြောချင်လို့မဟုတ်ဘူး။ စာရှည်မှာစိုးလို့။ အကြမ်းဖျင်းအားဖြင့် ဓါတ်ဆီဆိုင်ဝန်ထမ်း ဒါမှမဟုတ် တခြားကျဘမ်း အလုပ်သမားတယောက် တနာရီကို ၁၂ ဒေါ်လာနဲ့ ၁၅ ဒေါ်လာအကြားရတယ်။  စာရေးစာချီလို ကျွမ်းကျင်မှုအနည်းငယ်နဲ့အလုပ်တွေ၊ အလုပ်သမားကြီးကြပ်သူတွေဆိုရင်တော့ တနာရီကို ၁၅ နဲ့ ၃ဝ လောက်အကြားရတယ်။ တက္ကစီမောင်းသူတွေ တလ ၃ ထောင်လောက်ရတယ်။ တခြား သူနာပြုတို့၊ မန်နေဂျာတို့ ကျနော်တို့လို ပညာတခုခုနဲ့ အသက်မွေးသူတွေတွေအပါအဝင် နှစ်စဉ်လုပ်ခနဲ့ ခန့်အပ်တဲ့ အလုပ်တွေမှာ တနှစ်ကိုလစာငွေ ငါးသောင်းလောက်ကနေ ၁ သိန်းခွဲကျော်လောက်အထိ ယေဘူယျအားဖြင့် ရကြတယ်။ ဆရာဝန်၊ အင်ဂျင်နီယာ၊ ရှေ့နေ၊ ညွန်ကြားရေးမှူး၊ အမှုဆောင်အရာရှိချုပ်ဆိုသူတွေကတော့ သိန်းနဲ့သန်းနဲ့ချီ ရကြတယ်။ (သမ္မတ ဘိုင်ဒင် ကတော့ တနှစ် ၄ သိန်းပဲရပါတယ်။) အလုပ်သမားတွေမှာ လစာအပြင် တခြားအခွင့်အရေးတွေ ရှိပါသေးတယ်။ ဥပမာ 401K တို့ 301B တို့လို Retirement Plan (အငြိမ်းစားယူတဲ့အခါသုံးဖို့ စုဆောင်းငွေအစီအစဉ်၊ အလုပ်သမားရဲ့ လခတချို့ကို အလုပ်ရှင်က ထပ်ဖြည့်ငွေနဲ့ ပေါင်းပြီး ပုံမှန်စုသွားတဲ့ငွေကြေးအစီအစဉ်) ရှိတယ်။ အသက်အာမခံ နဲ့ ကျန်းမာရေးအာမခံတွေရတယ်။  လူမှုဖူလုံရေးရှိတယ်။ အစိုးရဝန်ထမ်းတွေဆိုရင် အငြိမ်းစားစုငွေအစီအစဉ်အပြင် အငြိမ်းစားလစာ(ပင်စင်) ရတယ်။  ဒါ့အပြင် တချို့ဌာနတွေမှာ မီးရထားခ ကားခစတဲ့ လစဉ်ထောက်ပံ့ကြေးတွေ ရသေးတယ်။  နိုင်ငံခြားသွားရတဲ့အခါ နေ့စဉ်သုံးငွေတို့ အရေးပေါ်ကျန်းမာရေးအာမခံအစီအစဉ် (လိုအပ်ရင် ကိုယ့်ဝန်ထမ်းရဲ့ အသက်ဘေးအတွက် ကမ္ဘာတခုလုံး ဘယ်နေရာမှာရောက်နေပါစေ။ လေယာဉ်ပျံတွေ ရဟတ်ယာဉ်တွေနဲ့ ကယ်ထုတ်တဲ့အစီအစဉ်) ဆိုတာမျိုးတွေ ရှိသေးတယ်။ တချို့ကော်ပိုရေးရှင်းတွေမှာ အိမ်တွေ ကားတွေ စသဖြင့် တခြားအခွင့်အရေး မျိုးစုံရပါသေးတယ်။ ဒါက အမေရိကမှာရတဲ့ အခွင့်အရေးတချို့မျှသာပါ။ 

အဲဒီတော့ အလွယ်ပြောရင် အနည်းဆုံး တနာရီ ၁၂ ကျပ်ရတယ်ဆိုပါတော့။ တနေ့ ၈ နာရီနဲ့ တပတ်ကို ၅ ရက်ပဲလုပ်မယ်။ တလကို (၁၂ x ၈ x ၂၂) ဒေါ်လာ ၂၁ဝဝ ကျော်ရမယ်။ ဒီတိုင်းပြည်မှာ လူတိုင်းအလုပ်လုပ်တယ်။ ကလေးမွေးကာစ အမျိုးသမီးကလွဲလို့။ သားသမီးတွေလည်း အထက်တန်းကျောင်းတက်ရင်းနဲ့ အချိန်ပိုင်းလုပ်ကြတယ်။ အဲဒီတော့ အိမ်ထောင်စုတခုမှာ လူ ၂ ယောက် အလုပ်လုပ်ရင် ဝင်ငွေ ၄ဝဝဝ ရှိတယ်ထား။ အိမ်လခ ယေဘူယျ ၁ဝဝဝ နဲ့ ၂ဝဝဝ အကြား။ စားစရိတ်က ကိုယ့်ဖာသာချက်စားရင် လူတယောက်တလကို ၅ဝ နဲ့ ၁ဝဝ အကြားကုန်မယ်။ ကျန်းမာရေးအာမခံဝယ်ပြီး အဝတ်အစားတွေ ကောင်းကောင်းဝတ်၊ ကားကောင်းကောင်းစီးနိုင်ဖို့ လုံလောက်တယ်။ ပိုလွယ်အောင် ပြောရရင် တကိုယ်တည်းသမား သာမန်အလုပ်သမားဆိုပါတော့။ တလဝင်ငွေ ၂ဝဝဝ ပဲထား။  ကျနော်နေတဲ့မြို့နယ်မှာ အိမ်ခန်းခက သူများအိမ်မှာသွားနေရင် ၅ဝဝ ကနေ ၈ဝဝ လောက်ပဲကုန်မယ်။ (သီးခြားတိုက်ခန်းတခုဆိုရင်တော့ ၁၅ဝဝ လောက်ကုန်နိုင်ပါတယ်။) စားစရိတ်ကို ၂ဝဝ ထားလိုက်။  ကိုယ့်ဖာသာချက်စားမယ်။ တပတ်တခါလောက် ဝယ်စားမယ်ဆိုရင်ပေါ့။ (တကယ်တော့ မိသားစု ၄ ယောက်လောက်ဆိုရင် တလကို တယောက် ဒေါ်လာ ၅ဝ လောက်နဲ့စားလို့ရပါတယ်။)  နည်းနည်းပါးပါးသောက်တတ်လား။ အရက်ဖိုး ၁ဝဝ သုံးချင်သုံးပေါ့။  ဘီယာတလုံး ၁ ဒေါ်လာ၊ ဝိုင်တလုံး ( ၄ ဒေါ်လာနဲ့ ရနိုင်တယ်။ အတော်အသင့်ဆိုရင် ၇ ဒေါ်လာကနေ ဒေါ်လာ ၅ဝ လောက်ထက်မပိုပါ)။ ဂျော်နီလမ်းလျှောက် ဘလက်လေဘယ် ပုလင်းကြီး (၁.၇၅ လီတာ) ၅၅ ဒေါ်လာ။ အဲဒီတော့ တယောက်တည်း သမားတဦးအနေနဲ့ အ်ိမ်လခနဲ့ စားစရိတ်အပြင်ကျန်းမာရေးအာမခံပါပေါင်းဦး တလကို ၅ဝဝ လောက်အပိုရှိသေးတယ်။ ဒါက အနည်းဆုံးပြောတာပါ။ လူအများအပြားဟာ တလ ဒေါ်လာ ၁ဝဝဝ လောက်အပိုသုံးနိုင်ပါတယ်။ ဘာလုပ်ချင်လဲ ၅ နှစ်ပေးအရစ်ကျနဲ့ ကားဝယ်စီးလေ။ ကိုရိုလာ တလ ၃ဝဝ၊ Camry ၅ဝဝ လောက်ပေးရမယ်။ BMW လား ၃ စီးရီးဆိုရင် တလ ၇ဝဝ မကျော်ပါဘူး။ အမေရိကန်ကားတွေလား Ford Explorer ကိုတလ ၄ဝဝ ပေးရင်ရပါတယ်။ ကားအားလုံး အသစ်ချပ်ချွတ်။ 

ကျန်းမာရေးဆိုလို့ ပြောပါရစေ။ ကျန်းမာရေးအာမခံတလကို ဒေါ်လာ ၃ဝဝ လောက်ပေးရတယ်ထား။  ဆးခန်းပြရင် အိပ်က ၂ဝ လောက်စိုက်ရတယ်။  ဆေးရုံတက်ရရင်တော့ ကိုယ်က ၁၅ဝ လောက်စိုက်။   ကျန်တာအကုန်ဆေးရုံက စိုက်တာပဲ။ တချို့ခွဲစိတ်ကုသရတဲ့ လူနာတွေဆို ကုန်ကျစရိတ် သိန်းနဲ့ချီကုန်တာပဲ။ ဒါပေမယ့်လူနာကပေးစရာမလို။ အာမခံက ပေးတယ်လေ။ အာမခံလုံးဝ မရှိဘူးလား။ လူမှုဖူလုံရေးတို့၊ တလ ၅ဝ လောက်ပေးရတဲ့ အကြွေးစနစ်တို့ရှိပါသေးတယ်။ မြန်မာပြည်မှာလို ဆေးရုံဆေးခန်းမသွားနိ်ုင်လို့ သေရတဲ့လူနာ မရှိပါဘူး။ လမ်းဘေးမှာလူတယောက်လဲနေရင် မိနစ်ပိုင်းအတွင်း ဆေးရုံကားနဲ့ လာခေါ်သွားတာပဲ။ ကျနော့်မိသားစုတွေ တခါမက အရေးပေါ်ဗိုက်နာဗိုက်အောင့် မူးဝေတာမျိုးတွေဖြစ်ဖူးပါတယ်။ ဖုန်းကနေ ၉၁၁ ကိုဆက်လိုက်တယ်။ ၁ဝ မိနစ်အတွင်း လူနာတင်ကားနဲ့ သူနာပြုတွေရောက်လာတာပဲ။ ရဲကားနဲ့ မီးသတ်ကားတွေတောင် အဆစ်ပါလာသေးတယ်။ (၉၁၁ နံပါတ်က ရဲ၊ မီးသတ် နဲ့ ဆေးရုံတွဲထားတာ။)  အဲဒီလို အရေးပေါ်အခြေအနေမျိုးမှာ ကျန်းမာရေးအာမခံဝယ်ထားရဲ့လားလို့ ဘယ်သူကမှ မမေးပါဘူး။ အဲဒါတွေ နောက်မှရှင်း လိုအပ်သလို လမ်းမှာပြုစုရင်း ဆေးရုံချက်ခြင်းပို့။ အဝေးပြေးလမ်းမတွေမှာ ယဉ်တိုက်မှုဖြစ်တယ်၊ ဒါမှမဟုတ်ကားနဲ့အလွယ်တကူလူနာကိုသယ်ဖို့ မလွယ်ဖူးဆိုပါတော့။ ရဟတ်ယဉ်နဲ့ သွားသယ်တာပဲ။ ကျနော် အရင်ကနေတဲ့ရပ်ကွက်က ဆေးရုံနဲ့နီးတယ်။ ဆေးရုံခေါင်မိုးပေါ်ကို မကြာခဏ လူနာသယ်လာတဲ့ ရဟတ်ယာဉ်ဆင်းတာမြင်ရလေ့ရှိတယ်။ အဲဒီလူနာဟာ သူတောင်းစား အိမ်မဲ့ယာမဲ့ဖြစ်နိုင်ပါတယ်။ မြန်မာပြည်မှာ သေဖို့များတဲ့ လူနာတွေ ဒီတိုင်းပြည်မှာမသေတော့ပါဘူး။ သွေးကျောကျဉ်းလို့ ကုသပေးတာမျိုးဟာ ရိုးနေပါပြီ။  အသဲ ကျောက်ကပ် အစားထိုးတာမျိုးတွေလည်း ဆင်းရဲချမ်းသာမရွေး ရရှိနေတာပါ။ ဒါတွေကို ဒေါက်တာဇော်ဝေစိုးလို ပုဂ္ဂိုလ်တွေက ကောင်းကောင်းသိလို့ ပြောတာပေါ့ဗျာ။  တကယ်တော့ သူ့လိုလူမျိုးကို ကျန်းမာရေးကဏ္ဍတခုလုံး ထိုးအပ်လိုက်ရမှာ။ 

အဲဒီတော့ ဗိ်ုလ်ချုပ်တွေရဲ့သား သမီးတွေက အမေရိကမှာလာပြီး ပညာသင်ကြတယ်။ ဒေါ်လာသန်းနဲ့ချီတဲ့ အိမ်တွေလက်ငင်းပေးဝယ်ကြတယ်၊ ကားအကောင်းစားတွေ စီးကြတယ်၊ အလုပ်မလုပ်ပဲ ဂေါက်သီးရိုက်နေကြတယ်။ ဒီအချိန်မှာ ပြည်တွင်းမှာလူတွေက အလုပ်အကိုင်မရှိ၊ စားစရာမဖူလုံ၊ နေစရာအိမ်မရှိ၊ ဘတ်စကားတိုးစီးနေကြ၊ နေမကောင်းလုိ့ မကုနိုင်ရင်သေကြ၊ ကုသနိုင်လည်း ဆေးဝါးကရိယာ မပြည့်စုံလို့ သေကြ၊ မိန်းကလေး အများအပြားက ငွေထုတ်ပိုက်နေတွေကို ဖျော်ဖြေနေရ။ လစာနဲ့ပိုင်ဆိုင်မှု ဘယ်လိုမှ ဆက်စပ်လို့မရတဲ့ လူတွေက သားစဉ်မျိုးဆက်စားမကုန်တဲ့ စည်းစိမ်တွေနဲ့ ဇိမ်ခံနေချိန်မှာ ပြည်သူအများစုက အနာဂတ်မဲ့။ လူငယ်တွေက အခုမှ ခေတ်မီပညာရေးနဲ့ မိတ်ဆက်ယုံရှိသေး။ သူတို့မှာ အနာဂတ်ကို ခတ်မှိန်မှိန်မြင်ရယုံရှိသေး။ စစ်တပ်က အာဏာသိမ်းပြန်ပြီတဲ့။ 