by 7Day News Journal on Friday, November 18, 2011 at 5:54pm
ဆယ်စုနှစ်ပေါင်းများစွာကြာအောင်
ဒါပေမဲ့ ကျွန်တော်တို့ဟာ အမြဲပဲ မြန်မာပြည်သူတွေအပေါ် လေးစားမှုထားရှိခဲ့ပါတယ်။ ပြီးတော့ သူတို့ တိုင်းပြည်ရဲ့အနာဂတ်ကို ပါ လေးစားမှုထားခဲ့ပါတယ်။ (ဒီတိုင်းပြည်က) အရှေ့နဲ့ အနောက် ဆုံစည်းရာမှာတည်ရှိတဲ့ကြွယ်ဝတဲ့
ဒါပေမဲ့ မှောင်အတိနှစ်များစွာပြီးတဲ့နော
တကယ်တမ်းတော့ လုပ်စရာတွေ အများကြီးရှိပါသေးတယ်။ ကျွန်တော်တို့ဟာ မြန်မာနိုင်ငံရဲ့ပိတ် ထားတဲ့နိုင်ငံရေးစနစ်၊ ၄င်းရဲ့ လူနည်းစု(တိုင်းရင်းသား)တွေအပေါ် ဆက်ဆံပုံနဲ့ နိုင်ငံရေးအကျဉ်းသား တွေကို ဆက်လက်ထိန်းသိမ်းထားတာတွေ၊ ၄င်းရဲ့ မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးတွေအပေါ် စိုးရိမ် ပူပန်ဆဲရှိနေပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဟာ တိုးတက်မှုအတွက် သမိုင်းဝင်အခွင့်အရေးတစ်ရပ်ဖြစ် လာနိုင်တဲ့အရာကို ဆုပ်ကိုင်ချင်ပါတယ်။ မြန်မာနိုင်ငံဟာ ဒီမိုကရက်စီပြုပြင်ပြောင်းလဲရေး လမ်း ကြောင်းပေါ် ဆက်လက်လျှောက်သွားမယ်ဆိုရင် ဒီတိုင်းပြည်ဟာ အမေရိကန်ပြည်ထောင်စုနဲ့ ဆက်ဆံရေးအသစ်တစ်ရပ် ပုံသွင်းနိုင်မယ်ဆိုတာလည်း ရှင်းလင်းစွာဖော်ပြချင်ပါတယ်။
မနေ့ညက ကျွန်တော် ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုက်ရိုက်စကားပြောခဲ့ပြီး သူမကလည်း ဒီဖြစ်စဉ် ရှေ့ဆက်တိုးတက်ရေးအတွက် အမေရိကန်ရဲ့ ထိတွေ့ဆက်ဆံမှုကိုထောက်ခံကြောင်း
အဲဒီဖြစ်နိုင်ခြေဟာ မြန်မာအစိုးရက ပိုပြီးလက်တွေ့ကျတဲ့ ဆောင်ရွက်မှုတွေ လုပ်တဲ့အပေါ် မူတည်ပါလိမ့်မယ်။ တကယ်လို့ မြန်မာပြည်ဟာ ပြုပြင်ပြောင်းလဲရေးလမ်းကြောင်း
ဒါပေမဲ့ မြန်မာပြည်ဟာ ဒီအချိန်မှာ (အပြောင်းအလဲကို) ဖမ်းဆုပ်နိုင်ရန် အဲဒီနောက်မှာ အမျိုးသားပြန်လည်စည်းလုံး ညီညွတ်ရေးကို အားကောင်းစေနိုင်ပြီး ပြည်သူသန်းပေါင်းများစွာဟာလည်း ဂုဏ်သိက္ခာရှိမှု၊ ကြွယ်ဝမှုနဲ့ လွတ်လပ်မှုတွေကို ပိုမိုကြီးမားတဲ့ အတိုင်းအတာနဲ့ ရရှိပြီး၊ ရှင်သန်နေထိုင်ဖို့ အခွင့်အရေးရရှိပါလိမ့်မယ်။ ဒါကြောင့် ဒီဖြစ်နိုင်ခြေဟာ မသိကျိုးကျွံပြုလို့ မရအောင် သိပ်အရေးပါလှပါတယ်။
ဒီနေ့ ညနေပိုင်းမှာတော့ ကျွန်တော်ဟာ သမ္မတဦးသိန်းစိန်အပါအ၀င် အာဆီယံနဲ့ အမေရိကန်ရဲ့ တွေ့ဆုံမှုမှာ ဒီသတင်းစကားတွေကို ထပ်မံပြောကြားသွားပါဦးမယ်။ ဒီအတောအတွင်း မစ္စဟီလာရီကလင်တန်ဟာ နေပြည်တော်နဲ့ ရန်ကုန်ကို ခရီးထွက်ရင် သူမဟာလည်း ဒီသတင်း စကားကို ဒေါ်အောင်ဆန်းစုကြည်လို ဒီမိုကရေစီ လှုပ်ရှားသူတွေ၊ အရပ်ဘက်လူ့အဖွဲ့အစည်းနဲ့ (မြန်မာ) အစိုးရကိုပါ ပေးအပ် ဖို့ အခွင့်အရေးရရှိမှာ ဖြစ်ပါတယ်။
ထပ်ပြောချင်တာကတော့ မြန်မာပြည်သူတွေနဲ့ ထိုက်တန်တဲ့ ပြန်လည်စည်းလုံးညီညွတ်ရေးနဲ့ အသစ် တစ်ဖန် ပြန်လည်စတင်ရေး အနာဂတ်ကိုရရှိဖို့ ဆက်လက်လုပ်ဆောင်စရာတွေရှိနေပါေ
ကျေးဇူးအများကြီးတင်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံ ဘာလီတွင် ယနေ့ နေ့လယ် ၁၂ နာရီ ၄၅ မိနစ်က ပြောကြားခဲ့သော အမေရိကန်သမ္မတ၏မိန့်ခွန်းကို 7Day News International Desk မှ ဘာသာပြန်ဆိုသည်။
U.S. President Barack Obama stands with Secretary of State Hillary Rodham Clinton as he announces that she will travel to Myanmar, on the sidelines of the ASEAN and East Asia summit in Nusa Dua, on the island of Bali, Indonesia, Friday, Nov. 18, 2011. (AP Photo/Charles Dharapak) ... အမေရိကားတွင် ဦးနေ၀င်း၏ဆိုရှယ်လစ်အစိုးရခေတ် ပြည်သူပိုင်သိမ်းပြီးနောက် သူကြွယ်၊သူဌေးများစွာ အိန္နိယ၊တိုင်ဝမ်၊ အမေရိကားသို့ ပြောင်းရွှေ့သွားကြသည်။ ထိုသူများသည် ယခုအခါ အမေရိကားတွင် အလွန်ချမ်းသာပါသည်။ မြန်မာ ဒုက္ခသည်များစွာကိုပင် အလုပ်ပေးနိုင်သည့်အထိ ကြွယ်ဝပါသည်။ ၂၀၀၇ သံယာသပိတ်နောက်ပိုင်း တရုပ်သြဇာမှလွတ်ရန်၊ အမေရိကန်ထောက်ခံမှုကို ဦးသန်းရွှေ စတင်ခဲ့ပုံရပါသည်။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမည် သေချာသောအခါ အမေရိကန်သူကြွယ်များ၏ ဒေါ်လာငွေများစွာ မြန်မာပြည်သို့ ၀င်လာခဲ့ပြီး ကျပ်ငွေတန်ဖိုး ခိုင်မာလာခဲ့သည်။ ဒေါ်လာ ကိုင်တွယ်သူများ ဖမ်းဆီးမခံရတော့ပဲ စီးပွားလွတ်လပ်ခွင့်ရခဲ့ပါသည်။ ယခု နိုင်ငံခြားဝန်ကြီး ဟီလာရီကလင်တွန် မြန်မာပြည်လာခြင်းဖြင့် ထိုအမေရိကန်သူကြွယ်များ၏ စီးပွားရေးအာမခံချက်ကို အမေရိကန်က တရားဝင်တောင်းဆိုတော့မည် မျှော်လင့်ရပါသည်။
အမေရိကားမှ မြန်မာသူကြွယ်များ မြန်မာပြည်ပြန်လာချိန်တွင် အမေရိကားသို့ မြန်မာဒုက္ခသည်များ ၀င်လာမဆဲ၊ တသဲသဲ ဖြစ်နေဆဲပင်။ မလေးရှား၊ ထိုင်းနိုင်ငံများတွင် တတိယနိုင်ငံ သွားခွင့်အတွက် သောင်းနှင့်ချီသော မြန်မာ၊တိုင်းရင်းသားများ UN Refugee Program ဖြင့်ထွက်လာဆဲဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ...တရုပ်၊ အာစိယံ ကုမ္ပဏီများထက် အမေရိကန်ကုမ္ပဏီများကို ကျွန်ုပ်ပိုမိုနှစ်သက်ပါသည်။ ဥရောပ သူကြွယ်နိုင်ငံများလည်း လာရောက် ရင်းနှီးမြုတ်နှံရန် အားလုံးစောင့်ကြည့်လျှက်ရှိပါသည်။
၂၀-နိုဝင်ဘာ-၂၀၁၁
No comments:
Post a Comment