Sunday, July 4, 2021

 Living in US and Cultural Orientation


အမေရိကန်နိုင်ငံကို ရောက်နေပြီးတဲ့ သူတွေကော၊ လာဖို့ပြင်ဆင်နေတဲ့သူတွေကော မည်သည့်လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ် ဆောင်ရန် ရှောင်ရန် သတိပြုဆင်ခြင်ရမယ့် အမေရိကန်နိုင်ငံရဲ့ယဉ်ကျေးမှုတချို့ကို ဝေမျှပေးလိုက်ပါတယ်။ သိထားပြီးသူတွေအတွက် မရည်ရွယ်ပါဘူး။


အထူး မှာကြားအသိပေးလိုတာကတော့ အမေရိကန်နိုင်ငံကို အခြေချရောက်ရှိနေထိုင်ကြတဲ့ မြန်မာလူမျိုးအများစုဟာ ကိုယ့်နိုင်ငံလိုပဲ သဘောထားကြပြီဖြစ်တော့ စည်းလုံးတာ မစည်းလုံးတာကို စိတ်ထဲမထားကြဖို့ လူသစ်တွေကို ကြိုပြီးအသိပေးထားပါရစေ။ ဘာဖြစ်လို့လဲဆိုရင် လူသစ်တွေအနေနဲ့ အမေရိကန်နိုင်ငံမှာ အခြေချရောက်ရှိနေထိုင်ပြီးဖြစ်ကြတဲ့ မြန်မာလူမျိုးတွေရဲ့ ဆက်ဆံရေးအနေအထားတွေအပေါ် နားမလည်နိုင်၊ အထင်အမြင်လွဲမှားပြီး စိတ်အားငယ်နေတတ်ကြမှာဖြစ်တယ်။ 


⚠️နောက်တချက်က တော်တော်များများဟာ US ကိုလာပါလာပါလို့ခေါ်တဲ့စာတွေချည်းရေး၊ ကောင်းကြောင်းတွေချည်းရေးကြပေမယ့်လို့ ခက်ခဲမှုတွေလည်းရှိနေပြီး၊ စိတ်ပိုင်းဆိုင်ရာ အားနည်းချက် စိတ်ဓာတ်ကျစရာတွေလည်းရှိနေတတ်တာကို ကြိုတင်ပြင်ဆင်ထားဖို့ ရေးသားကြတဲ့သူ အတော့်ကို နည်းပါတယ်။ ဥပမာ မြန်မာပြည်မှာတုန်းကလို ကိုယ့်ဇနီး၊သားသမီးနဲ့ချွေးမတွေကို ရိုက်နှက်ဆူပူကြိမ်းမောင်းလို့ရတယ်ထင်ပြီး US မှာပါ ထလုပ်ကြတော့ ရဲစခန်းရောက်၊ တရားရုံးရောက်၊ အချုပ်ရောက်၊ ထောင်ရောက်ဖြစ်တတ်ကြပါတယ်။ သားသမီးမြေးတွေဟာလည်း သူ့ချစ်သူရည်းစားတွေနဲ့ မိဘရှေ့တင် ကြူနေကြတာတင်မကပဲ အိပ်ခန်းထဲထိပါ တက်ကြူနေတတ်ကြတော့ မိဘဘိုးဘွားတွေမှာ သတ်မယ်ဖြတ်မယ်ဖြစ်ပြီး သားသမီးမြေးတွေရဲ့ရဲစခန်းမှာ ပြန်အတိုင်ခံရတော့ ကြီးမားတဲ့ စိတ်ပိုင်းဆိုင်ရာ အားနည်းချက်တွေ စိတ်ဓာတ်ကျစရာတွေလည်းရှိနေတတ်ကြပါတယ်။ Criminal Record ရှိထားပြီဆိုတာနဲ့ Green Card လျှောက်တာ၊ Citizenship လျှောက်တာ၊ အလုပ်လျှောက်တာ၊ အိမ်ငှားတာတွေအတွက် တောက်လျှောက်ကို ခက်ခဲပြီး စိတ်ဓာတ်ကျစရာတွေဖြစ်နေတတ်ပါမယ်။ ဒါတွေကို နားလည်လက်ခံထားနိုင်ကြဖို့ ကျနော့်အနေနဲ့ ခုလိုကြိုတင်မီးမောင်းထိုးပြ ရေးသားဝေမျှခြင်းဖြစ်ပါတယ်။


အမေရိကန်နိုင်ငံမှာ အခြေချရောက်ရှိနေထိုင်ပြီးဖြစ်ကြတဲ့ မြန်မာလူမျိုးတွေဟာ မြန်မာပြည်မှာ နေထိုင်ကြသလို အခြေအနေမျိုးနဲ့ နေသားကျဖြစ်နေလို့ပါပဲ။ မြန်မာပြည်မှာလိုပဲ မည်သည့်လူမျိုးပဲဖြစ်ဖြစ်၊ မည်သည့်တိုင်းရင်းသားပဲဖြစ်ဖြစ်၊ လူဖြူပဲဖြစ်ဖြစ်၊ လူမဲပဲဖြစ်ဖြစ်၊ မက္ကစီကန်ပဲဖြစ်ဖြစ်၊ တရုတ်ပဲဖြစ်ဖြစ်၊ ကုလားပဲဖြစ်ဖြစ် လူကောင်းရှိသလို လူဆိုးလည်းရှိပါတယ်။ ကူညီတတ်တဲ့ စိတ်ထားရှိသလို၊ ကလိမ်ကကျစ် စိတ်ထားလည်းရှိကြပါတယ်။ ဒါဟာ စည်းလုံးတာ မစည်းလုံးတာ မဟုတ်ပဲ၊ နိုင်ငံတခု၊ဒေသတခုမှာ အခြေချနေထိုင်ကြတဲ့ အခြေအနေမျိုးပဲဖြစ်တယ်ဆိုတာကို စကားခံပြောထားပါရစေ။


👨‍🏫Cultural Orientation


🙆‍♂️ပြုမူနေထိုင်ပုံ

လူအများကြားထဲ နှာချီတာ၊ ချောင်းဆိုးတာကို လက်မောင်းနဲ့ကာပြီး/Tissues နဲ့ကာပြီး ကိစ္စရှင်းရပါတယ်။


အဆောက်အဦးတခုခုရဲ့ တံခါးမတွေကနေ ဝင်/ထွက်တဲ့အခါ အရှေ့မှာ အရင်ရောက်နေရင် နောက်လူတွေအတွက် အရင်ဝင်/ထွက်လုပ်နိုင်ဖို့ တံခါးကိုဖွင့်ပေးထားပြီး ဦးစားပေးကူညီရပါတယ်။


🏡🏢အိမ်ငှား/အခန်းငှား

အမေရိကန်နိုင်ငံမှာ များသောအားဖြင့် အိမ်၊အခန်း ငှားနေမယ်ဆိုရင် Social Security Number, State ID, Passport, Bank Account/Credit Card ရှိရပါတယ်။ အိမ်/အခန်း ငှားခကို ငွေသားနဲ့လည်း ပေးချေလို့ရပါတယ်။ ကိုယ်နေချင်တဲ့ အိမ်/အခန်းကိုကြိုပြီးတော့ စာရင်းပေးထားရပါတယ်။ စရံငွေ (Deposit) (၁)လစာ ပေးထားရပါတယ်။ တချို့က လနဲ့ချီပြီးစောင့်ရပါတတ်တယ်။ အိမ်/အခန်း ပြန်အပ်မယ်ဆိုရင် တချို့ (၁)လ ကြိုပြီးတော့ အကြောင်းကြားထားရတယ်။ ကိုယ်နေခဲ့တဲ့ အိမ်/အခန်းပျက်စီးမှုပေါ်မူတည်ပြီးတော့ Deposit ပြန်မရကြတာ များပါတယ်။ တနယ်တကျေးပြောင်းတာပဲဖြစ်ဖြစ်၊ တခြားရပ်ကွက်ကိုပြောင်းတာပဲဖြစ်ဖြစ် လက်ရှိငှားနေတဲ့ အိမ်ခန်းရဲ့လက်ကျန်လစဉ်သက်တမ်းအတွက်ကို ဆက်ပေးနေရမှာဖြစ်တော့ လစဉ်သက်တမ်းပြည့်မယ့်အချိန်နဲ့ကိုက်အောင် စီစဉ်တတ်ဖို့လိုပါလိမ့်မယ်။


💵အလုပ်အကိုင်

အမေရိကန်နိုင်ငံကို ရောက်လာတဲ့ မြန်မာလူမျိုးတွေဟာ အလုပ်လုပ်ဖို့အတွက် စိတ်အားထက်သန်ကြတာ အရမ်းကောင်းတဲ့အခြေအနေအခွင့်အလမ်းတခုပဲဖြစ်တယ်။ ဒါမဲ့ အလုပ်မရွေးမိဖို့တော့ လိုမယ်။ မြန်မာပြည်မှာဆိုရင် Computer နဲ့လုပ်စားလာခဲ့တာ၊ စာရင်းကိုင် လုပ်လာခဲ့တာ အစရှိသဖြင့် အရင်ကအခြေအနေတွေနဲ့ အမေရိကန်နိုင်ငံကို ရောက်စမှာ ဘဝင်မြင့်နေလို့မရပါဘူး။ အမြန်ဆုံးရရှိတဲ့ အလုပ်ကိုသာ လက်ခံလိုက်ပါ။ ဘဝသစ် စိတ်သစ်ဆိုပြီး ကိုယ့်ကိုကိုယ် အစပြုတာကို လက်ခံနိုင်ရမယ်။ ကိုယ့်ရဲ့အခြေအနေနဲ့ပညာရေးအခြေအနေပေါ်မူတည်ပြီးတော့ အလုပ်အကိုင် အဆင့်ကွာခြားနေမှာဖြစ်တယ်။ အသေးစားလုပ်ငန်းတွေအနေနဲ့ ကိုယ်ပိုင်လုပ်ငန်းတွေအတွက် အစိုးရကထောက်ပံ့မတည်ငွေတွေ ပေးတယ်ဆိုပေမယ့် ကိုယ်ကအရင်စတင်လုပ်နေရပြီး လုပ်ငန်းရဲ့သက်တမ်း ၊ ဝင်ငွေ၊ အလုပ်သမား အစရှိတဲ့ ထောက်ခံချက် စာရွက်စာတမ်းတွေကို တင်ပြဖို့ လိုပါလိမ့်မယ်။ 


👮‍♀️🚔မတော်တဆ ယာဉ်တိုက်မှု 

မတော်တဆ ယာဉ်တိုက်မှုဖြစ်တဲ့အခါ ကားနှစ်စီးလုံးရဲ့အခြေအနေကို ဓါတ်ပုံရိုက်ထားပါ။ 911 ကို ချက်ချင်းခေါ်ပြီး အကြောင်းကြားအသိပေးပါ။ မြန်မာလူမျိုးအချင်းချင်းမို့ဆိုပြီးလည်း လုံးဝအားမနာပါနဲ့။ ကိုယ်တို့အချင်းချင်းရှင်းကြမယ်၊ ရဲခေါ်စရာမလိုဘူးဆိုတာကို မလိုက်လျော်မိပါစေနဲ့။ အားလုံးဟာ ကိုယ့်ဘေလ်နဲ့ကိုဖြစ်နေကြတော့ ကားပြင်မယ့်စရိတ်ငွေက ထင်တာထက်များနေရင် အဲလောက်များရသလားဆိုပြီး၊ နားလှည့်ပါးရိုက် ရှောင်သခင်လုပ်တတ်ကြပါတယ်။ ကြာလာတော့ ဖုန်းခေါ်ရင်တောင် မကိုင်တော့ဘူးဖြစ်တတ်ပါတယ်။ အဲဒီလိုအချိန်မျိုးဆိုရင် ဘယ်သူကမှ ကူညီပေးလို့မရတော့ပဲ ကိုယ့်ငွေထုတ်ပြီးတော့သာ ပြင်ရပါလိမ့်မယ်။ ကိုယ့်ကား တိုက်ထားတယ်ဆိုတဲ့ မှတ်တမ်းတောင် Carfax မှာစာရင်းဝင်ခံရပါအုံးမယ်။ ကိုယ့်ကား Insurance ဖိုးလည်း ထပ်တက်ခံရပါလိမ့်မယ်။ 


🤬ကလေး ပြောဆိုဆုံးမမှု

အမေရိကန်နိုင်ငံမှာ ကလေးတွေကို ဆုံးမရင် မြန်မာပြည်မှာလို ရိုက်နှက်လို့ မရပါဘူး။ သတ်ပစ်မယ်၊ တခုခုနဲ့ကိုင်ပေါက်လိုက်မယ် အစရှိတဲ့ ခြိမ်းချောက်တဲ့ စကားအသုံးအနှုန်းတွေနဲ့ ဆုံးမလို့ မရပါဘူး။ ကျောင်းကပဲဖြစ်ဖြစ်၊ ပတ်ဝန်းကျင်ကပဲဖြစ်ဖြစ်၊ ကလေးတွေက တိုင်ကြားလို့ပဲဖြစ်ဖြစ် မိဘတွေ၊ အဘိုးအဘွားတွေ၊ ဦးလေးတွေ၊အဒေါ်တွေ တရားရုံးရောက်တတ်သလို၊ ကလေးတွေကို နိုင်ငံတော်က ထိန်းသိမ်းစောင့်ရှောက်ထားတတ်ပါတယ်။ 


🙅‍♂️အပြောအဆိုဆက်ဆံမှု (Discrimination)

မြန်မာပြည်မှာလို တစ်ယောက်နဲ့တစ်ယောက် နောက်ပြောင်ဆက်ဆံပြောဆိုတာတွေဖြစ်တဲ့ ပြောင်ကြီး၊ ထိပ်ပြောင်၊ လောရှည်၊ ဓါတ်တိုင်၊ ဝက်ပုတ်၊ ဝတုတ်၊ဖက်တီး၊ သွားခေါ၊ အသားမဲ၊ မဲလုံး၊ ကွတကွတ၊ ငပိန်၊ ဂျပု၊ ခုချိန်ထိ ရည်းစားမရနိုင်သေးဘူးလား အစရှိတဲ့ပြောဆိုမှုတွေဟာ အမေရိကန်နိုင်ငံမှာ လူတစ်ယောက်ရဲ့ရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာကို ထိခိုက်စေပြီး၊ ခွဲခြားဆက်ဆံမှုဖြစ်တယ်လို့ သတ်မှတ်ထားကြပါတယ်။ အမေရိကန်လူမဲတွေကို မြန်မာပြည်မှာ ပြောနေ ခေါ်နေကြတဲ့အတိုင်း ပြောလို့ ခေါ်လို့မရပါဘူး။ လူမဲလို့ပဲ ပြောကြ ခေါ်ကြပါ။ အဲဒီလို ပြောဆိုဆက်ဆံလိုက်မိတဲ့အတွက် Warning ⚠️ ပေးခံရနိုင်တာ၊ အလုပ်ထုတ်ခံရနိုင်တာ၊ တရားရုံးရောက်ရနိုင်တာ၊ နောက်ဆုံး လူတိုင်းသေနတ်ကိုင်ဆောင်ခွင့်ရထားတဲ့ နိုင်ငံဖြစ်တော့ အပစ်ခံရနိုင်တာတွေ ဖြစ်တတ်ပါတယ်။ 


💝ချစ်သူရည်းစားထား

အမေရိကန်နိုင်ငံမှာ အသက် ၁၈နှစ်နဲ့အောက် ဆယ်ကျော်သက်တွေနဲ့ အသက် ၂၅နှစ်ကျော်တွေ တရားဝင် ချစ်သူရည်းစားဖြစ်/အတူနေလို့မရပါဘူး။ ဥပမာ။ မိန်းကလေးက အသက် ၂၅နှစ်ကျော်အရွယ်ဖြစ်ပြီး၊ ယောက်ျားလေးက အသက် ၁၈နှစ်နဲ့အောက်ဖြစ်တဲ့သူနဲ့ အတူနေဖို့ကြိုးစားခဲ့ရင် မိန်းကလေးဟာ မဒိမ်းမှုနဲ့တရားစွဲဆိုခံရနိုင်ပါတယ်။


နောက်မိန်းကလေး/အမျိုးသမီးတွေနဲ့ ရင်းနှီးတယ်ဆိုတိုင်း မြန်မာပြည်မှာနေသလို၊ လက်သရမ်း၊ ပါးစပ်သရမ်းလို့မရပါဘူး။ ပုခုံးဖက်၊ဒူးပုတ်ပေါင်ပုတ်မလုပ်မိပါစေနဲ့၊ ခင်မင်ရင်းနှီးနဲ့အခါ ရချင်ရတတ်ပေမယ့်၊ စိတ်မထင်ရင်မထင်သလို အတိုင်ခံရပြီး တရားရုံးရောက်နိုင်သလို ဒဏ်ရိုက်ခံရနိုင်ပါတယ်။ 


🛍 🛒စျေးဝယ်ထွက်

မြန်မာပြည်မှာလို အပြင်ထွက်စျေးဝယ်/shopping ထွက်ပြီးဆိုတာနဲ့ စိတ်ထဲပေါ်လာတာ၊ မြင်လိုက်တာ၊ သဘောကျလို့ဆိုပြီး စိတ်ကူးရှိရာလျှောက်ဝယ်တတ်တဲ့အကျင့်ကို ဖျောက်ပစ်ပြီး၊ မီးဖိုချောင်အတွက် အဓိကအလိုအပ်ဆုံး၊ ဝတ်စားဆင်ယဉ်ဖို့အတွက် အဓိကအလိုအပ်ဆုံးတွေကို စျေးဝယ်မထွက်မှီ ကြိုတင်စာရင်းပြုစုပါ။ ဒါဟာ အမေရိကန်နိုင်ငံမှာ ငွေကြေးသုံးစွဲမှုစနစ်ကောင်း အကျင့်တခုပဲဖြစ်တယ်။ အဲဒီလို စနစ်ကောင်းအကျင့်ကို မလုပ်ထားရင် နှစ်တွေကြာလာတာနဲ့အမျှ အကြွေးတွေများတထက် များလာပြီး၊ အကြွေးစပ်တဲ့ နှစ်တွေသာဖြစ်လာတတ်ပါတယ်။


🚘ကားဝယ်

Zero Milage အသစ်မှ၊ အကောင်းစားမှ၊ Audi၊ Mercedes၊ BMW မှဆိုပြီးတော့ မလုပ်မိပါစေနဲ့။ ဒီလိုကားတွေဟာ တခုခုချို့ယွင်းတဲ့အခါ ပြင်ပေးခကို အချိန်နဲ့သတ်မှတ်တာဖြစ်လို့ မပြီးဆုံးနိုင်တဲ့ ပန်းချီကားရေးဆွဲသလို၊ ပါလာတာလေးလဲကုန်၊ ရှိထည့် ရှိထည့်ဆိုပြီး နောက်ကျောက ဓါးနဲ့ထိုးခံရတာဖြစ်တတ်ပါတယ်။ ဂျပန်ကားတွေဖြစ်တဲ့ Milages (၅)သောင်းအောက်တွေ ကိုယ်နိုင်သလောက် ချင့်ချိန်ပြီး ရှာဝယ်စီးလို့ရပါတယ်။


💪ယာဉ်မောင်းတတ်ဖို့လို

​အမေရိကန်နိုင်ငံမှာ အသက် ၁၈နှစ်နဲ့အထက် ယောကျာ်းကော၊မိန်းမကော ကားမောင်းနိုင်ရပါမယ်။ အားလုံးကိုယ့်ဒူးကိုယ်ချွန် လုပ်နိုင်ရပါမယ်။ မိသားစုအတွင်း လိုအပ်တဲ့အချိန် တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်အကူအညီပေးနိုင်ဖို့ ကားမောင်းတတ်ထားဖို့လိုပါတယ်။


🏦Bank Accounts 

အမေရိကန်နိုင်ငံမှာ ဖြစ်နိုင်ရင် အသက် ၁၈နှစ်နဲ့အထက် လူတိုင်း Bank Account နဲ့ Saving Account တခုစီ ရှိထားတာ ဖြစ်သင့်ပါတယ်။ ဒါဟာ မိမိရဲ့ငွေသား ခိုးယူ/ပျောက်ဆုံးမှုမဖြစ်အောင် ကာကွယ်ခြင်းလည်းဖြစ်ပါတယ်။ နောက် Credit Card တခုခုလည်း ရှိထားသင့်ပါတယ်။ ကိုယ့်ရဲ့လိုအပ်တဲ့ငွေကြေးသုံးစွဲမှုကို ကိုယ့်ဘာသာ ချင့်ချိန်တတ်တဲ့ အကျင့်ရှိထားရပါတယ်။ ဥပမာ။ အကြောင်းအမျိုးမျိုးကြောင့် ခင်ပွန်းသည်က Credit (Credit အကြောင်း သိခြားရေးပါအုံးမယ်)ပျက်ခဲ့ရင် ဇနီးဖြစ်သူရဲ့နာမည်နဲ့ ဆက်လက်ရပ်တည်ပြီး မိသားစုဝင်ငွေ/စီးပွားရေးကို လည်ပတ်နေလို့ရမှာ ဖြစ်တယ်။


🗽အခွန်ဆောင်

အမေရိကန်နိုင်ငံဟာ အခွန်ငွေတွေနဲ့တိုင်းပြည်ကိုတည်ဆောက်တာဖြစ်လို့ လူတိုင်းအခွန်ဆောင်ဖို့ အထူးလိုအပ်ပါတယ်။ အခွန်ဆောင်ခြင်းဟာ ကိုယ်အလုပ်မလုပ်နိုင်တဲ့ အချိန်/အလုပ်ရှာနေလို့ အလုပ်မရသေးခင်အချိန်၊ မသန်မစွမ်း၊ ပင်စင် အစရှိတာတွေအတွက် နိုင်ငံတော်အစိုးရကနေ အခွန်တွေနဲ့ စားရေး၊ ပညာရေး၊ ကျန်းမာရေး၊ ငွေသား အစရှိတဲ့ ပြန်လည်ထောက်ပံ့တာတွေ ဆောင်ရွက်ပေးရတာဖြစ်တယ်။ 


🏩ကျန်းမာရေးစောင့်ရှောက်မှု

အမေရိကန်နိုင်ငံမှာ လူတိုင်း ကျန်းမာရေးစောင့်ရှေက်မှုအနေနဲ့ မိသားစုဆရာဝန်တစ်ယောက်ကို ဆေးခန်းတခုခုမှာ နာမည်စာရင်းသွင်းပြီး အပ်ထားရပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ကုန်ကျမဲ့ငွေတွေကို တာဝန်ယူပေးဖို့ ကျန်းမာရေးဝန်ဆောင်တဲ့ Medical Insurance အကျိုးဆောင်လုပ်ငန်းတွေ အများကြီးရှိနေပါတယ်။ အဲဒီအထဲက ကိုယ့်ရဲ့ဝင်ငွေပေါ်မူတည်ပြီးတော့ ကိုယ့်ကျန်းမာရေးအတွက်လိုအပ်တဲ့ ကိုယ်လက်အင်္ဂါအစိတ်အပိုင်းတွေနဲ့ပတ်သက်ပြီး ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ ဝင်ငွေအရ

မ်းနည်းတဲ့ သူတွေအတွက် နိုင်ငံတော်အစိုးရကနေ Medicaid ဆိုပြီး တာဝန်ယူထားပေးပါတယ်။

(Healthcare နဲ့ပတ်သက်လို့ သီးခြားရေးပါအုံးမယ်)


💰အရမ်းခက်ခဲကြပ်တည်းနေတဲ့ သူတွေအတွက် 

နိုင်ငံတော်အစိုးကနေ Government Assistance Program ဆိုပြီး ကူညီစောင့်ရှောက်ဖို့ စီမံထားပေးပါတယ်။ 


Cash Assistance Programs ဆိုပြီးတော့ အလုပ်မရခင် ငွေကြေးဆိုင်ရာနဲ့ ယာယီကူညီထောက်ပံ့ပါတယ်။ အလုပ်ကို အမြန်ဆုံးရရှိဖို့ ကြိုးစားရပါမယ်။

For people who are having difficulty finding a job, two programs provide temporary financial assistance: Temporary Assistance to Needy Families (TANF) for parents with children and Refugee Cash Assistance (RCA) for single and married refugees without children.


Supplemental Nutrition Assistance Program (SNAP)/ Food Stamps ဆိုပြီးတော့  စားသောက်ကုန်ဆိုင်ရာတွေနဲ့ ယာယီကူညီထောက်ပံ့ပါတယ်။

This federal program provides assistance to low-income people in the United States to buy food. A person in this program is given a debit card that can be used to buy a certain amount of food each month. Refugees may apply for food assistance at a local government office. The amount of assistance is different in every state and based on family size and income.


Supplemental Security Income (SSI) ဆိုပြီးတော့ မသန်မစွမ်းသူတွေနဲ့ အသက် (၆၅) နဲ့အထက် သက်ကြီးရွယ်အိုတွေအတွက် ငွေကြေးဆိုင်ရာနဲ့ ကူညီထောက်ပံ့ပါတယ်။ Green Card ကိုသာ ရရှိကိုင်ဆောင်ထားပြီး၊ နိုင်ငံသားမဖြစ်သေးတဲ့သူကိုတော့ US မှာ နေထိုင်စဉ် (၇)နှစ်အထိပဲ အဲဒီအခွင့်အရေးကို ခံစားရပြီး၊ နိုင်ငံသားမဖြစ်သေးသ၍ အဲဒီခံစားခွင့်ကို ရပ်တန့်ထားမှာဖြစ်တယ်။


This is a federal cash assistance program for people who are disabled or over the age of 65 and have little or no income.


Child Care Assistance Programs ဆိုပြီးတော့ ဝင်ငွေနည်းတဲ့ မိဘတွေအတွက် ကလေးတွေကို ကူညီထောက်ပံ့ပါတယ်။

Some communities provide free or low-cost child care for low-income people so they can work or look for work.


ခုလက်ရှိ အမေရိကန်နိုင်ငံရဲ့ President Joe Biden လက်ထက်မှာတော့ 

$15 တစ်နာရီအခြေခံလုပ်အားခ 

$400 အလုပ်လက်မဲ့ထောက်ပံ့ကြေး လစဉ်

$600 အိမ်ခန်းခထောက်ပံ့ကြေး လစဉ်

$300 အသက် ၆နှစ် ကလေးထောက်ပံ့ကြေး လစဉ်

$250 အသက် ၁၇နှစ် ကလေးထောက်ပံ့ကြေး လစဉ် အစရှိသဖြင့် အမေရိကန်ပြည်သူတွေကို ထောက်ပံ့ကြည့်ရှုစောင့်ရှောက်ပေးနေပါတယ်။


#JamesMirror


#Reference

https://corenav.org/en/programs/cultural-orientation/?fbclid=IwAR2pyG_Xd_GQ7RY6qRqTMXnUb6ILzABjh5w-oymAG23eq-SAhwpTR3QGWpE


No comments:

Post a Comment