Saturday, March 28, 2015

မြန်မာနိုင်ငံသို့ ၃ ရက်ကြာ လာရောက်ခဲ့သည့် အမေရိကန်သမ္မတ အိုဘားမား Nov-2014


မြန်မာနိုင်ငံသို့ ဒုတိယအကြိမ် လာရောက်သည့် အမေရိကန်သမ္မတ အိုဘားမားကို ကြိုဆိုသည့် အနေဖြင့် ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ Excel Tower ရှေ့တွင် ဂရက်ဖတီဆွဲထားသည်ကို နိုဝင်ဘာ ၁၄ရက် နံနက်က တွေ့ရစဉ်။ (ဓာတ်ပုံ- ဟိန်းထက်၊ မဇ္ဈိမ) သမ္မတ အိုဘားမားက ရန်ကုန်မြို့သို့ ဒုတိယအကြိမ် လာရောက်ခြင်းဖြစ်ပြီး ယနေ့ (နိုဝင်ဘာ ၁၄ရက်) ညပိုင်းတွင် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာကာ သြစတြေးလျနိုင်ငံသို့ သွားမည်ဖြစ်သည်။ 
ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းပေါ် ရွှေဂုံတိုင် ကုန်းကျော်တံတားအဆင်း Excel Tower ရှေ့တွင် အိုဘားမားအား ဂရက်ဖတီရေးဆွဲ ကြိုဆိုထားသည်ကို နိုဝင်ဘာ ၁၄ ရက် နံနက်ပိုင်းတွင် မိုးကာစဖြင့် ဖုံးကာလိုက်ပြီဖြစ်သည်။ 


အမေရိကန်သမ္မတ ဘားရက်အိုဘားမားက နိုဝင်ဘာ ၁၄ရက် ၁၀နာရီ ၄၅မိနစ်တွင် ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာပြီဖြစ်သည်။ ၎င်းက နေပြည်တော်မှ နံနက် ၁၀နာရီတွင် ထွက်ခွာခဲ့သည်။
ရန်ကုန်လေဆိပ်မှ စတင်၍ အိုဘားမား လာမည့် လမ်းတစ်လျောက်တွင် လုံခြုံရေးများ အပြည့်ချထားပြီး ရန်ကုန်မြို့တွင်း နေရာအတော်များများ၌လည်း လုံခြုံရေး ယူထားသည်ကို တွေ့ရသည်။ ၎င်းကို ကြိုဆိုသူများမှာ ၂၀၁၂ခုနှစ်က လာစဉ်ကကဲ့သို့ မများပေ။

 

ရန်ကုန်သို့ နိုဝင်ဘာ ၁၄ ရက်က လာရောက်နေသည့် အမေရိကန် သမ္မတ အိုဘားမားသည် ရန်ကုန်အတွင်းဝန် ရုံးဟောင်းအတွင်း လှည့်လည်ကြည့်ရှုရာ မြန်မာသမိုင်းပညာရှင် ဦးသန့်မြင့်ဦးက ရှင်းပြနေစဉ်။ (ဓါတ်ပုံ - အေအက်ဖ်ပီ) အမေရိကန် သမ္မတအိုဘားမားက ရန်ကုန်သို့ နိုဝင်ဘာ ၁၄ရက်က နံနက် ၁၀နာရီ ၄၅မိနစ်က ရောက်ရှိလာပြီး ရန်ကုန်အတွင်း ဝန်ရုံးဟောင်းသို့ ဦးစွာ သွားရောက်၍ ရုံးအတွင်း လှည့်လည်ကြည့်ရှုခဲ့ခြင်းဖြစ်ပြီး ယင်းနောက် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ သွားရောက်ကာ တွေ့ဆုံဆွေးနွေးနေသည်။

သမ္မတ အိုဘားမားနှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်၌ နိုဝင်ဘာ ၁၄ ရက် နံနက် ၁၁ နာရီ ခွဲခန့်မှ စ၍ တစ်နာရီခန့် တွေ့ဆုံခဲ့ပြီးနောက် ၁၂ နာရီခွဲတွင် ပြည်တွင်း ပြည်ပ မီဒီယာများနှင့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေပြီဖြစ်သည်။


အမေရိကန် သမ္မတ အိုဘားမားနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တို့ နိုဝင်ဘာ ၁၄ ရက် မွန်းလွဲပိုင်းက တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် ပူးတွဲသတင်းစာ ရှင်းလင်းပွဲ လုပ်ရာ ဒေါ်အောင်ဆန်းစုကြည်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ "အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဆန္ဒကို ပြည်သူတွေက ထောက်ခံတယ်လို့ မြင်တယ်။ ကျွန်မတို့ အနေနဲ့ကတော့ ကျွန်မတို့နဲ့ သဘောမတူတဲ့လူတွေနဲ့လည်း ဒီကိစ္စကို ညှိနှိုင်းဆွေးနွေးဖို့ အဆင်သင့် ရှိပါတယ်။" ဟု ပြောကြားခဲ့သည်


သမ္မတ အိုဘားမားက နိုဝင်ဘာ ၁၄ ရက် နေ့လည်ပိုင်းတွင် ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌ အရှေ့တောင်အာရှ လူငယ်ခေါင်းဆောင်များနှင့် တွေ့ဆုံဟောပြောပွဲကို တက်ရောက်ရန် ရန်ကုန်တက္ကသိုလ်အနီး ကြိုတင် စောင့်ဆိုင်းနေသူများကို တွေ့ရစဉ်။





ရန်ကုန် (မဇ္ဈိမ)။ ။ အမေရိကန် သမ္မတ အိုဘားမားနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ ပုဂ္ဂိုလ် ၁၃ ဦးတို့ ရန်ကုန်မြို့ တက္ကသိုလ် ရိပ်သာလမ်းရှိ အမေရိကန်သံရုံးတွင် နိုဝင်ဘာ ၁၄ ရက် နေ့လည် ၃ နာရီခန့်က တွေ့ဆုံခဲ့သည်။
သမ္မတအိုဘားမားက နံနက်ပိုင်းတွင် ရန်ကုန်မြို့ အတွင်းဝန်ရုံးဟောင်းသို့ သွားရောက်ခဲ့သည်။ ယင်းနောက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ နေအိမ်၌ သွားရောက်တွေ့ဆုံခဲ့သည်။ တစ်နာရီခန့် တွေ့ဆုံမှုအပြီး၌ ၎င်းတို့ နှစ်ဦးက ပူးတွဲ သတင်းစာရှင်းလင်းပွဲ တစ်ရပ်ကို ပြုလုပ်ခဲ့ပြီး အိုဘားမားက သံရုံးသို့ ဆက်လက်ထွက်ခွာခဲ့သည်။
သံရုံးတွင် သမ္မတ အိုဘားမားက နေ့လည်စာ သုံးဆောင်ပြီး နေ့လည် ၃ နာရီကျော်တွင် အရပ်ဘက် အဖွဲ့များနှင့် တွေ့ဆုံခြင်းဖြစ်သည်။ ယင်းနောက်တွင် ရန်ကုန်တက္ကသိုလ်ရှိ စိန်ရတု ခန်းမသို့ သွားရောက်ကာ အရှေ့တောင်အာရှ လူငယ်ခေါင်းဆောင်များနှင့် တွေ့ဆုံ၍ ဟောပြောပွဲ ပြုလုပ်မည် ဖြစ်သည်။
ဥပဒ ကျောင်းသား ကျော်သီဟကို ၏ မြန်မာနိုင်ငံတွင် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ကြုံတွေနေပြီး အခက်အခဲများလည်း ရင်ဆိုင်ရလျက်ရှိရာ အိုဘားမားသာ မြန်မာနိုင်ငံ သမ္မတတစ်ယောက် ဖြစ်ပါက ယင်းအခြေအနေကို ဘာလိုလုပ်ဆောင်မလဲဟု မေးမြန်းမှုကို ....

နိုင်ငံမှာ ပြပြင်ပြောင်းလဲမှုတွေ ရှိတယ်။ အိုဘားမားသာ မြန်မာသမ္မတဖြစ်ရင် ဘာလုပ်မလဲ?
"စိန်ခေါ်မှုတွေ အများကြီးရှိတာကြောင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ ၂၀၁၅လို ရွေးကောက်ပွဲကို နောက်မကျဘဲ လုပ်သင့်တယ်။ အရပ်သားအစိုးရ လုံးဝဖြစ်လာအောင် လုပ်မယ်။ လိုအပ်တဲ့ ဥပဒေတွေ ပြဋ္ဌာန်းမယ်။ ဥပမာ-သတင်းစာ လွတ်လပ်ခွင့်၊ စီတန်းလှည့်လည်ခွင့်စတဲ့ ဥပဒေတွေ သေချာပြဋ္ဌာန်းမယ်။ ပြီးတော့ ဒီမိုကရေစီ အဆောက်အဦးတွေ ခိုင်မာအောင်လုပ်မယ်။"
ထို့ပြင် လူငယ်များ၏ ပညာရေး အရေးကြီးပုံနှင့် ပတ်သက်၍လည်း "နောက်ထပ် မလွဲမသွေ လုပ်ရမှာကတော့ စီးပွားရေးဖွံ့ဖြိုးအောင်လုပ်မယ်။ အဲဒီ့မှာ
အဓိကလုပ်ရမှာ လူငယ်တွေရဲ့ ပညာရေးကို မဖြစ်မနေ လုပ်ပေရမယ်။ နည်းပညာတိုးတက်အောင် သိပ္ပံနည်းကျဖြစ်လာအောင် ဘယ်လိုလုပ်မလဲ။..."စသဖြင့် ပြန်လည်ဖြေကြားခဲ့သည်။

 နိုင်ငံသားဖြစ်မှုနဲ့ ပတ်သက်သည့် မေးခွန်းကိုမူ သမ္မတ အိုဘားမားက

"ဒီလိုမျိုးလုပ်တဲ့အခါ လူမျိုးစုတစ်ခုတည်းကို ရွေးပြီး ကာကွယ်လို့ မရသလို အားလုံးကို သူတို့ ပြောချင်တာ
ပြောခွင့်ပေးရမယ်။"
၎င်းက အမေရိကန်တွင် ဖြစ်ခဲ့သည့် အခြေအနေကို ဥပမာပေးကာ "အသားအရောင်ပေါင်းစုံ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ
ရှိကြတယ်။ ဒါပေမယ့် ဘာနိုင်ငံသားလဲဆိုရင် အမေရိကန် နိုင်ငံသားလို့ပဲ ဖြေကြမယ်။ အမျိုးသားရေး လက္ခဏာ
ဆောင်ရမယ်။မြန်မာနိုင်ငံမှာလည်း လူမျိုးစုတွေ ရှိကြတယ်။ အမျိုသားရေး လက်က္ခဏာမဆောင်ရင် မကောင်းဘူး။
လူအများစုကလည်း လူနည်းစုကို အဲ့လိုဖြစ်ဖို့ အမိန့်ပေးလို့မရဘူး။ လူနည်းစုကလည်း လူများစု သဘောကို ကြည့်ရတယ်"
ဟု ဖြေကြားခဲ့သည်။

*နေပြည်တော်တွင် ၂၅ကြိမ်မြောက် အားစီယံ ၁၀နိုင်ငံခေါင်းဆောင်များတွေ့ဆုံပွဲ 8-13 Nov 2014 အမေရိကန်သမ္မတအိုဘားမား တက်ရောက်ခဲ့သည်။ 
* အမေရိကန်သမ္မတအိုဘားမား ရန်ကုန်အပြည်ပြည်ဆိုင်လေဆိပ်သို့ရောက်ရှိလာသည်ကို နိုဝင်ဘာ ၁၄ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်ဝန်းကျင်ကတွေ့ရစဉ် (ဓာတ်ပုံ - ကြည်နိုင်)
*အမေရိကန်သမ္မတ အိုဘားမားသည် ရန်ကုန်မြို့ရှိ အတွင်းဝန်ရုံး (၀န်ကြီးများရုံး) သို့ ယနေ့ နံနက်ပိုင်းက သွားရောက်ခဲ့ကြောင်း သိရသည်။ ရန်ကုန်မြို့ အတွင်းဝန်ရုံးရှိ အာဇာနည်ခေါင်းဆောင်ကြီးများ အထိမ်အမှတ် နေရာတွင် တွေ့ရသည့် အမေရိကန်သမ္မတ အိုဘားမား(Photo - AFP)
*အမေရိကန်သမ္မတ အိုဘားမားသည် ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း၊အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့် တို့အပါအ၀င် လွှတ်တော်ကိုယ်စားလှယ်အချို့နှင့် နေပြည်တော်ရှိ နန်းဝတီဟိုတယ်တွင် ယနေ့ တွေ့ဆုံခဲ့ကြောင်း သိရှိပါသည်
*အမေရိကန်သမ္မတ ဘားရက်အိုဘားမားနှင့် အမျိုးသားဒီမိုကရေစီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့သည် ရန်ကုန်မြို့ရှိ ဒေါ်အောင်ဆန်းစုကြည်နေအိမ်၌ နိုဝင်ဘာ ၁၀ရက်နေ့ နံနက် ၁၁ ခွဲမှ ၁၂ နာရီ ခွဲအထိ တစ်နာရီကြာ တွေ့ဆုံဆွေးနွေးခဲ့သည်။ ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးအခြေအနေများ၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊ ငြိမ်းချမ်းရေးနှင့် နှစ်နိုင်ငံဆက်ဆံရေးများအကြောင်းကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ထို့နောက် ၎င်းတို့နှစ်ဦးသည် ပူးတွဲသတင်းစာရှင်းလင်းပွဲတစ်ရပ်ကိုပြုလုပ်ခဲ့ပြီး မီဒီယာများ၏ မေးမြန်းမှုများကို ပြန်လည်ဖြေကြားခဲ့သည်။
*ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌ ပြုလုပ်သည့် အရှေ့တောင်အာရှ လူငယ်ခေါင်းဆောင်များတွေ့ဆုံပွဲသို့ တက်ရောက်လာသည့် အမေရိကန်သမ္မတ အိုဘားမားကို တွေ့ရစဉ်


အမေရိကန်သမ္မတ အိုဘားမားက “ကျွန်တော့်အနေနဲ့ သမ္မတနဲ့ တွေ့ဆုံခဲ့တဲ့အခါမှာ အမှုတစ်ခုချင်းစီနဲ့ပတ်သက်လို့ သတ်သတ်မှတ်မှတ် မဆွေးနွေးခဲ့ပါဘူး။ ကျွန်တော့်အနေနဲ့ အစောပိုင်းက ပြောခဲ့သလိုပါပဲ။ အခြေခံမူဝါဒများကိုသာ ဆွေးနွေးပြောကြားခဲ့ပါတယ်။ အဲဒါကတော့ လွတ်လပ်တဲ့မီဒီယာဟာ ဒီမိုကရေစီရဲ့ အခြေခံပါပဲ။ အစိုးရရဲ့ လုပ်ဆောင်မှုတွေနဲ့ပတ်သက်လို့ ရှင်းလင်းပြောကြားဖို့အတွက် ကျွန်တော်တို့အနေနဲ့ ဂျာနယ်လစ်တွေအပေါ်မှာ မှီခိုရပါတယ်။ တကယ်လို့များ အစိုးရအနေနဲ့ ဂျာနယ်လစ်တွေကို ထိန်းချုပ်မယ်ဆိုရင် အစိုးရရဲ့တာဝန်ခံမှုကို ဆုပ်ကိုင်ဖို့အတွက် တိုင်းသူပြည်သားတွေအနေနဲ့ အခက်အခဲတွေ ရှိလာပါလိမ့်မယ်။ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ် ဖြစ်ပေါ်နေတယ်ဆိုတာကို ကျွန်တော်အနေနဲ့ အသိအမှတ်ပြုပါတယ်။ ကျွန်တော်ဒီကို နောက်ဆုံးလာရောက်လည်ပတ်တဲ့ အချိန်ကထက်စာရင် အခု ဒါနဲ့ပတ်သက်လို့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးငြင်းခုံမှုတွေ ရှိပါတယ်။ ဂျာနယ်လစ်တွေ ထောင်ချခံရတာ၊ အသတ်ခံရတာ၊ ခြိမ်းခြောက်ခံရတယ်ဆိုတဲ့ သတင်းတွေ ကျွန်တော်တို့ကြားတဲ့အခါမှာ ကျွန်တော်တို့ဟာ အစိုးရတစ်ရပ်အနေနဲ့ ကျင်းထဲကျပ်ထဲရောက်ပြီး ဒုက္ခဖြစ်လာပါလိမ့်မယ်” ဟု Eleven Media ကိုပြောကြားခဲ့သည်။

the Voice 13 Nov 2014 "မြန်မာနိုင်ငံ၏ စီမံခန့်ခွဲခွင့် အာဏာကို ကိုင်စွဲထားသူများ အကြားတွင်လည်း သဘောထား တင်းမာသူ အနည်းငယ်က ထိပ်ပိုင်းတွင် ရှိနေသောကြောင့် သဘောထား ပျော့ပျောင်းသူများရှေ့က လက်ဖြင့် ရေးသွားသည်များကို နောက်ကခြေဖြင့် လိုက်ဖျက်နေသကဲ့သို့ ဖြစ်နေရာ ထိုအခြေအနေကို အိုဘားမားအစိုးရ ကောင်းစွာ ရိပ်စားမိရန် လိုပေမည်။ မည်သို့ပင်ဖြစ်စေ အိုဘားမား၏ ဒုတိယမြောက် ခရီးစဉ်အပြီးတွင် နိုင်ငံရေးပါး မဝသေးသော နိုင်ငံရေးများ၊ လူထုဆက်ဆံရေးနည်းနာ မပါဝင်သော ဆတ်ဆတ်ထိမခံ တုံ့ပြန်မှုများ၊ ကိုယ်ကျိုးစီးပွား အပြင်းအထန် ကာကွယ်မှုများ၊ ပုံစံအဟောင်းမှ ဖောက်မထွက်နိုင်သေးသူများနှင့် သန်း ၆၀ သော ပြည်သူလူထု အကျိုးစီးပွားကို ချိန်ဆနိုင်မည့် မူဝါဒမျိုးဖြင့် ချဉ်းကပ်ဆက်ဆံသင့်ကြောင်း သတိပြုစေလိုရင်း ဖြစ်သည်" ဟု အယ်ဒီတာအာဘော်တွင် ရေးသားတင်ပြထားပါသည်။

ရန်ကုန်တက္ကသိုလ်တွင် လူငယ်များနှင့်တွေ့ဆုံရင်း မေးမြန်းမှုများကို တချက်တည်းဖြေကြားသွားပုံများမှာ တိုးတက်သောနိုင်ငံခေါင်းဆောင်တစ်ဦး၏ လူငယ်များကိုလေးစား၊ အရေးထားခြင်းပုံသက်သေ ပြသခြင်းဖြစ်သည်။ ယခု မြန်မာနိုင်ငံခေါင်းဆောင်သစ်များလည်း သတင်းထောက်များ မေးမြန်းချက်များကို ဖြေကြားနိုင်လာပါသည်။ လူငယ်များ၊ တက္ကသိုလ်ကျောင်းသားများနှင့်လည်း ရန်ကုန်တက္ကသိုလ်တွင် တွေ့ဆုံပွဲများလုပ်မည်ဟု မျှော်လင့်ပါသည်။

သမ္မတဦးသိန်းစိန်၏ ဇနီးသည်ဓါတ်ပုံများကိုလည်း သမ္မတအိုဘားမားနှင့်အတူ တွေ့ရပါသည်။ ပထမဆုံး သမ္မတအိုဘားမား လာစဉ်က ဟီလာရီကလင်တွန်ပါဝင်ခဲ့ပြီး၊ ဒေါ်အောင်ဆန်းစုကြည်ကို နမ်းသွားသောကြောင့် ယဉ်ကျေးမှုနှင့်မဆီလျှော်ဟု ဆိုကြသူများရှိသည်။ အားနည်းသူကို အားပေးခြင်းဖြစ်သည်။ ယခုအခေါက်တွင် ဒေါ်အောင်ဆန်းစုကြည် ဦးအောင်ပြေးနမ်းလိုက်နိုင်ပါသည်။ အားရှိလာသော အစ်မကြီးတစ်ဦး၊ အန်တီတစ်ဦး အဖြစ်သို့ ရောက်ရှိလာပြီဖြစ်သည်။ အာစီယံခေါင်းဆောင်၁၀ဦးတွင် အထူးခြားဆုံးမှာ အင်ဒိုနီးရှားသမ္မတသစ် လူထုခေါင်းဆောင် သမ္မတဂျိုကိုဝီရန်ဒို ဖြစ်ပါသည်။ စစ်အာဏာရှင်အုပ်စုနှင့် အကြိတ်အနယ်ပြိုင်ဆိုင်ပြီး လူထုမဲအသာဖြင့် ၂၀၁၄တွင် အနိုင်ရ၊ အစိုးရခေါင်းဆောင်ဖြစ်လာသူ ဖြစ်သည်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့သည် စင်ကာပူတွင် အလွန်ပါဝါကြီးလှသဖြင့် စင်ကာပူနိုင်ငံသည် အနှစ်၄၀တွင် ထိပ်တန်းရောက်လာရသည်။ အလားတူ ကိုးရီးယားတွင် လုပ်ကြံခံရသူ၊ သမ္မတပတ်ချုံဟီးက ပြုပြင်ပြောင်းလဲမှုကို အစပြုခဲ့သော်လည်း အတိုက်ခံပါတီ အစိုးရရွေးကောက်ပွဲအနိုင်ရရှိပြီးမှ တောင်ကိုးရီးယား High Level အကြီးတန်းအဂတိလိုက်စားမှု တိုက်ဖျက်နိုင်ပြီးနောက်၊ တဟုန်ထိုး တိုးတက်လာခဲ့ပါသည်။ တောင်ကိုးရီးယားနိုင်ငံသားဖြစ်သူ ကုလသမဂ္ဂအကြီးကဲ ဘန်ကီမွန် မြန်မာပြည် အာစီယံအစည်းဝေးသို့ ရောက်ရှိနေပါသည်။

၂၀၁၅ ဒီဇင်ဘာ မြန်မာနိုင်ငံရွေးကောက်ပွဲ
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် မြန်မာနိုင်ငံနှင့် လိုက်လျောညီထွေရှိစေမည့် ရွေးကောက်ပွဲစနစ် လေ့လာသုံးသပ်ရေးဆိုင်ရာကော်မရှင်မှ တင်သွင်းသည့် ရွေးကောက်ပွဲစနစ် ၈ မျိုးအား ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီမညီ စိစစ်ပေးပါရန် ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးသို့ အကြံပြုချက်တောင်းခံခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးက FPTP စနစ်ကို အခြေခံကာ PR စနစ် ကျင့်သုံးခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကိုက်ညီမှုမရှိကြောင်း လွှတ်တော်သို့အကြောင်း ပြန်ကြားခဲ့သည်။ လွှတ်တော်ဆန္ဒရယူဆုံးဖြတ်ခဲ့ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအားလုံးက ကျင့်သုံးရန်မသင့်ကြောင်း ဆုံးဖြတ်ခဲ့သဖြင့် PR စနစ်အား ရွေးကောက်ပွဲစနစ်တွင် ကျင့်သုံးတော့မည်မဟုတ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာခဲ့သည်။

.
ပြည်တွင်းပြည်ပ၊ လက်ဝါးအုပ်အရင်းရှင်၊ ဝိသမစီးပွားသမားများ ကိုယ်ကျိုးရှာမှုကို ရပ်ဆိုင်းနိုင်လာအောင် လုပ်မည် မျှော်လင့်သည်။ အိုဘားမားမြန်မာပြည် ၂၀၁၄ ဒုတိယခရီးစဉ်၊ အမေရိကန်၊ အာစီယံမှ စံပြခေါင်းဆောင်များဖြစ်သော စင်ကာပူ၊ အင်ဒိုနီးရှားတို့နှင့်အတူ ရောက်လာသော ကုလသမဂ္ဂအကြီးကဲ ကိုးရီးယားလူမျိုး ဘန်ကီမွန်တို့အား ကြိုဆိုကျေးဇူးတင်ပါသည်။
 ပြည်သူ့လွှတ်တော် ခေါင်းဆောင်များနှင့်အိုဘားများ (နေပြည်တော်)

 Eleven Media သတင်းစာမျက်နှာဖုံး

the Voice သတင်းစာ မျက်နှာဖုံး


အိုဘားမား၊ ဦးသိန်းစိန် နှင့် ဇနီးသည်


ရန်ကုန်တက္ကသိုလ်တွင် မြန်မာ၊ အာစီယံလူငယ်များနှင့် တွေ့ဆုံ၊ မေး-ဖြေ စကားပြောခြင်း



ရန်ကုန် (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံသို့ ၃ ရက်ကြာ လာရောက်ခဲ့သည့် အမေရိကန်သမ္မတ အိုဘားမား၏ Air Force One လေယာဉ်သည် နိုဝင်ဘာ ၁၄ရက် ညနေ ၅ နာရီ ၃၀ မိနစ်တွင် ထွက်ခွာသွားပြီ ဖြစ်သည်။

No comments:

Post a Comment