Sunday, December 25, 2016

အမေရိကန်-မြန်မာ ဒေါ်အောင်ဆန်းစုကြည်နှင့်အိုဘားမား ဝါရှင်တန်တွင်တွေ့ဆုံ

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဗြိတိန်နိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုသို့ သွားရောက်ခဲ့သော ခရီးစဉ်နှင့်စပ်လျဉ်းသည့်
သတင်းကြေညာချက်
၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် (၇၁) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံသို့ တက်ရောက်ရန် နယူးယောက်မြို့သို့ (၁၆-၉-၂ဝ၁၆) ရက် နေ့မှ (၂၄-၉-၂ဝ၁၆) ရက်နေ့အထိ သွားရောက်ခဲ့ပြီး ယနေ့ (၂၅-၉-၂ဝ၁၆) ရက်နေ့ ည (ဝ၉း၅ဝ) နာရီတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက် ရှိခဲ့ပါသည်။
၂။ နယူးယောက်မြို့တွင် ရောက်ရှိနေစဉ်ကာလအတွင်း (၁၇-၉-၂ဝ၁၆) ရက်နေ့၌ နယူးယောက်မြို့ရှိ မြန်မာအသိုက်အဝန်းများနှင့် တွေ့ဆုံခဲ့ပြီး ယင်းနေ့တွင်ပင် ဘော့စတွန်မြို့ရှိ ဟားဗတ်တက္ကသိုလ် မှ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အားချီးမြှင့်သည့် 2016 Humanitarian of the Year Award ကို လက်ခံရယူခဲ့ပါသည်။
၃။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် (၁၈-၉-၂ဝ၁၆) ရက်နေ့ တွင် နယူးယောက်မြို့ရှိ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးမှ ဝန်ထမ်းမိသားစုများနှင့်လည်းကောင်း၊ (၇၁)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်လျက်ရှိသည့် မြန်မာကိုယ်စားလှယ် အဖွဲ့နှင့်လည်းကောင်း၊ (၁၉-၉-၂ဝ၁၆) ရက်နေ့တွင် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုဆိုင်ရာအဖွဲ့အစည်း (UNESCO) ၏ ညွှန်ကြားရေးမှူးချုပ် Ms. Irina Bokova ၊ ဒိန်းမတ်နိုင်ငံဝန်ကြီးချုပ် H.E. Mr. Lars Lokke Rasmussen ၊ မက္ကဆီကိုသမ္မတ H.E. Mr. Enrique Pena Nieto ၊ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် H.E. Ms. Sheikh Hasina တို့နှင့်လည်းကောင်း သီးခြားစီတွေ့ဆုံခဲ့ပါသည်။(၂ဝ-၉-၂ဝ၁၆) ရက်နေ့တွင် “Together for the 2030 Agenda: Partnering for Women, Children and Adolescents, to Thrive and Transform the World ” အဆင့်မြင့် အစည်းအဝေး၌ တက်ရောက်၍ Panelist အဖြစ် ပါဝင်တက်ရောက်ဆွေးနွေးပြောကြားခဲ့ပြီး အစ္စလာမ္မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ၏ အတွင်းရေးမှူးချုပ် H.E. Mr. Lyad Ameen Madani အား လက်ခံတွေ့ဆုံခဲ့ပါသည်။
၎။ (၂၁-၉-၂ဝ၁၆) ရက်နေ့တွင် (၇၁)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ၌ အထွေထွေမူဝါဒရေးရာ မိန့်ခွန်းတစ်ရပ် ကို ပြောကြားခဲ့ပါသည်။ ယင်းနေ့တွင်ပင် နျူကလီးယားလက်နက်စမ်းသပ်ဖောက်ခွဲမှု အလုံးစုံတားဆီးပိတ်ပင်ရေးစာချုပ် (Comprehensive Nuclear-Test-Ban Treaty- CTBT) သို့ အတည်ပြုပါဝင်သည့် စာချွန်လွှာပေးအပ်ပွဲသို့ တက်ရောက်ပေးအပ်ခဲ့ပြီး Asia Society က စီစဉ်ကျင်းပသည့် လူထုဟောပြောပွဲအခမ်းအနားတွင် မိန့်ခွန်းပြောကြားခဲ့ပါသည်။
၅။ (၂၂-၉-၂ဝ၁၆) ရက်နေ့တွင် မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ ရုံး၌ CNN သတင်းဌာနမှ တွေ့ဆုံမေးမြန်းမှုကိုလက်ခံဖြေကြားခဲ့ပြီး ကမ္ဘာ့စီးပွားရေးဖိုရမ် ဥက္ကဋ္ဌ Prof. Klaus Schwab? Open Society Foundation တည်ထောင်သူနှင့်ဥက္ကဋ္ဌ Mr. George Soros ၊ ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာမဟာမင်းကြီး H.E. Mr. ZeidRa’ad Al Hussein တို့အားသီးခြားစီ လက်ခံတွေ့ဆုံခဲ့ပါသည်။ ယင်းနေ့ညနေပိုင်းတွင် New York Public Library ၌ Academy of Achievement အဖွဲ့မှ နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် အား ပေးအပ်ချီးမြှင့်သည့် Academy’s Golden Plate Award ကိုတက်ရောက်လက်ခံခဲ့ပါသည်။
၆။ နယူးယောက်မြို့သို့ မသွားရောက်မီ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ဗြိတိန်နိုင်ငံ လန်ဒန်မြို့သို့ (၁ဝ-၉-၂ဝ၁၆) ရက်နေ့မှ (၁၃- ၉-၂ဝ၁၆) ရက်နေ့အထိ သွားရောက်ကာ လန်ဒန်မြို့ရှိ မြန်မာသံရုံး၌ ဥရောပဒေသ၊ အရှေ့အလယ်ပိုင်းနှင့် အာဖရိကဒေသတို့မှ မြန်မာသံအမတ်ကြီး ၁၂ ဦးနှင့်တွေ့ဆုံခဲ့ပြီး ဗြိတိန်နိုင်ငံအကြီးအကဲများနှင့် လည်း တွေ့ဆုံဆွေးနွေး ခဲ့ပါသည်။ ထို့အပြင် အမေရိကန်ပြည်ထောင်စု အစိုးရ၏ ဖိတ်ကြားချက်အရ ဝါရှင်တန်မြို့သို့ (၁၃-၉-၂ဝ၁၆) ရက်နေ့မှ (၁၆-၉-၂ဝ၁၆) ရက်နေ့အထိ တရားဝင်ခရီးစဉ်သွားရောက်ကာ အမေရိကန် သမ္မတ မစ္စတာ ဘာရက်ခ်အိုဘားမားအပါအဝင် အစိုးရအဖွဲ့အကြီးအကဲများ၊ လွှတ်တော်အမတ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
၂ဝ၁၆ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်









US pledges to remove sanctions on Myanmar despite concerns over military, human rights





The U.S. has declared its commitment to removing all sanctions on Myanmar, marking yet another milestone for the former pariah state as it gets further integrated into the global economy. But some are questioning the move's timing amid worries about the military's dominance and human rights violations.
Lifting sanctions "is the right thing to do in order to assure that the people of Burma see rewards from a new way of doing business and a new government," President Barack Obama announced on Wednesday.

မြန်မာနိုင်ငံ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၂၀၁၅ ရွေးကောက်ပွဲမှာ အပြတ်သတ်အနိုင်ရရှိပြီး သမ္မတဦးသိန်းစိန်အစိုးရက အာဏာလွှဲပေးခဲ့ပါတယ်။ သမိုင်းဝင် ငြိမ်းချမ်းစွာ နိုင်ငံတော်အာဏာ လွှဲခြင်းပါ။ ဒါပေမဲ့ အစိုးရသစ်အဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်က ၂၅% လွှတ်တော်ကိုယ်စားလှယ်များနဲ့ အစိုးရအဖွဲ့သစ်မှာလည်း ဝန်ကြီး၃ဦး (ကာကွယ်ရေး၊ နယ်စပ်၊ ပြည်တဲရေ) တွေကိုရယူထားပါတယ်။
.
၂၀၁၆ စက်တင်ဘာလမှာ သမိုင်းဝင် နိုင်ငံခေါင်းဆောင်ဖြစ်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်  ဗြိတိန်၊ အမေရိကန် ခရီးစဉ်မှာ ကမ္ဘာ့ကုလသမဂ္ဂမှာ မိန့်ခွန်းပြောခဲ့ပါတယ်။ 
စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ အပါအဝင် စီးပွားရေးခရိုနီများစွာကို သမ္မတအိုဘားမား အစိုးရက အမေရိကန်ပိတ်ပင်တားမြစ်ခြင်းများက လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ပါတယ်။ ဒါကြောင့် အဲဒီ လူများနဲ့သူတို့မိသားစုများ ပိုင်ဆိုင်မှုနဲ့စီးပွားလုပ်ငန်းများကို လွတ်လပ်စွာလုပ်ကိုင်ခွင့်ရရှိသွားပါတယ်။ 
မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးကို အမေရိကန် စင်ကာပူ နဲ့ ဂျပန်၊ ဥရောပနိုင်ငံများ နဲ့အတူ တုရုပ်၊ ထိုင်းနိုင်ငံများနဲ့ ဘယ်လိုလုပ်ဆောင်သွားမယ် ဆိုတာ အလွန်စိတ်ဝင်စားစရာ ဖြစ်ပါတယ်။ 
၂၅ ဒီဇင်ဘာ ၂၀၁၆
ခရစ်စမတ်နေ့....

No comments:

Post a Comment