Sunday, May 26, 2013

သမ္မတ ဦးသိန်းစိန်နှင့် သမ္မတအိုဘားမားတို့ အိမ်ဖြူတော်၌ သမိုင်းဝင် တွေ့ဆုံ

20-May-2013
လောလောဆယ်တော့ ကမ္ဘာ့စီးပွားရေး၊နိုင်ငံရေး၊ပညာရေးနဲ့ဒီမိုကရေစီရေးတွေမှာ အမေရိကန်က နံပါတ်(၁) ဖြစ်ပါတယ်။ တရုပ်ပြည်ကြီး စီးပွားဖွင့်ဝါဒကို အမေရိကန်ထောက်ခံအားပေးမှုကြောင့် ကမ္ဘာနံပါတ်၂အဆင့်ကို တရုပ်ပြည်ရောက်လာပါတယ်။ အထူးသဖြင့် တရုပ်ကုန်ပစ္စည်းများကို အမေရိကန်က အခွန်လျှော့ပေးခြင်းအားဖြင့် တရုပ်စီးပွားရေးပို့ကုန်များ နေရာရခဲ့ပါတယ်။ အခုလည်း မြန်မာ့စီးပွားရေးပို့ကုန်များအတွက် အမေရိကန်မှာရှိတဲ့မြန်မာအဖွဲ့အစည်းများ မြန်မာထွက်ကုန်အမေရိကားပို့ရေးအတွက် ပူးပေါင်းလုပ်ဆောင်ဖို့ အရေးကြီးပါတယ်။ နိုင်ငံတကာကို ပြိုင်ဖို့ တစ်ဦးချင်းကြိတ်လုပ်လို့ မရတော့ပါ။ စုပေါင်းလုပ်ဆောင်မှ ရမှာပါတယ်။
အစိုးရနဲ့ဆက်စပ်တဲ့ အဖွဲ့၊ကုမဏီတွေချည်း အသားစီးရနေတာ သဘာဝကျပါတယ်။ မြန်မာနိုင်ငံမှာ ခြစားမှု၊ အာဏာသုံးမှုတွေ နယ်ပယ်များစွာမှာ နည်းပါးစေဖို့ ခြစားဗိုလ်ကြီးများခေါင်းဆောင်လုပ်ရတာ အလွန်ခက်ပါတယ်။ စစ်ဗိုလ်ချုပ်ဟောင်းကြီး သမ္မတဦးသိန်းစိန်ကို ကန့်ကွက်ရှုံချနေသူများတော့ ရှိနေမှာဖြစ်ပါတယ်။ သူ့မှာမလွန်ဆန်နိုင်တဲ့ ယခင်အာဏာရှင်ဟောင်းကြီးများ ရှိပေမဲ့၊ နိုင်ငံအတွက် လွန်ဆန်နိုင်ဖို့ရာ သူ့ကို ထောက်ခံအားပေးဖို့လိုပါတယ်။ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်တို့ ပူးပေါင်းမှုနဲ့ မြန်မာ-ကချင် လက်နက်ကိုင်တိုက်ပွဲကို သူတို့ကိုယ်တိုင်၊ လက်ဆွဲနှုတ်ဆက်ပြီး မေတ္တာပြ၊ အမြန်ဆုံးရှင်းပေးဖို့ အရေးကြီးလှပါတယ်။ မြန်မာလူငယ်များ အမေရိကန်သို့ စကောလားရှစ်၊ပညာသင်ထောက်ပံကြေးများကို အမေရိကန်ရောက်မြန်မာများ ဆက်လက်ဝိုင်းဝန်းကူညီစေလိုပါတယ်။  အင်ဂွန်ဂျာဝါ(၂)
References:  The Nations,  Eleven Media, Ngunjawa

No comments:

Post a Comment